ဇာတိသံသာရော၊ ခန္ဓာ အာယတန ဇာတိစသော သံသရာသည်။
ဝိက္ခီဏော၊ ကုန်ခန်းပြီ။
သော၊ ထိုရဟန်း သည်။
ဝါ၊ ထိုရဟန္တာသည်။
မာရဗန္ဓနာ၊ အလုံးစုံသော မာရ်မင်း၏ အနှောင့်အဖွဲ့မှ။
မုတ္တော၊ မုချကိန်းသေလွတ်မြောက်တော်မူလေပြီ။
ငြိမ်းချမ်းသော စိတ်ဟူသည်
သမာပတ်ရှစ်ပါး၏ ဝိက္ခမ္ဘနပဟာနသတ္တိဖြင့် ငြှိမ်းသတ်အပ်သော စိတ်သည် ဥပသန္တ-စိတ်ကား ဟုတ်၏။သို့သော် အနေကန် ငြိမ်းအေးခြင်း ဖြစ်၍ ဥပသန္တသန္တ-စိတ်ဟု မဆိုအပ်။မဆိုနိုင်။ ဤရဟန္တာ၏ စိတ်ကိုသာ အရဟတ္တမဂ်၏ သမုစ္ဆေဒပဟာနသတ္တိဖြင့် ကိလေသာအပူတို့ကို ငြှိမ်းသတ်အပ်ထားသောကြောင့် ဥပသန္တသန္တ-စိတ်ဟု ဆိုအပ်ဆိုနိုင်၏။တစ်နည်း-ဥပသန္တသည် ဥပသမဝါစကတည်း။ထိုဥပသမဝါစက ဥပသန္တပုဒ်ဖြင့် အထူးပြုလိုက်သဖြင့် သန္တစိတ္တ၏ အစ္စန္တူသမအဖြစ်ကို သိသာစေ၏။ထို့ကြောင့် သန္တစိတ္တဿ-ဟုသာ မဟောဘဲ ဥပသန္တသန္တစိတ္တဿ-ဟု ဟောတော်မူသည်။(ဋ္ဌ၊ ၂၄၇)-၌ တစ်နည်း ရှိသေး၏။ရှုလေ။