Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Udānapāḷi
Udānapāḷi

7. Papañcakhayasuttaṃ

Author: miuthi-မိုးထိ @ IAPT

မေ၊ သည်။ ဧတံ၊ ဤပပဉ္စက္ခယသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။ ဘဂဝါ၊ သည်။ သာဝတ္ထိယံ၊ ၌။ အနာထပိဏ္ဍိကဿ၊ အနာထပိဏ်သူဋ္ဌေး၏။ အာရာမေ၊ အာရာမ်၌။ ဇေတဝနေ၊ ၌။ ဝိဟရတိ၊ နေတော်မူ၏။
တေန ခေါ ပန သမယေန၊ ၌။ ဘဂဝါ၊ သည်။ အတ္တနော၊ မိမိ၏။ ပပဉ္စသညာ သင်္ခါပဟာနံ၊ သံသရာချဲ့တတ်သော လောဘ ဒေါသ မောဟ တဏှာ မာန ဒိဋ္ဌိတည်းဟူသော ပပဉ္စတရားတို့နှင့် တကွဖြစ်သော သညာအဖို့အစုတို့ကို ပယ်ခြင်းကို။ ပစ္စဝေက္ခမာနော၊ ဆင်ခြင်လျက်။ နိသိန္နော၊ ထိုင်နေသည်ကို။ ဟောတိ၊ ၏။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ အတ္တနော၊ ၏။ ပပဉ္စသညာသင်္ခါပဟာနံ၊ သံသရာကို ချဲ့တတ်သော လောဘ ဒေါသ မောဟ တဏှာ မာန ဒိဋ္ဌိတည်းဟူသော ပပဉ္စတရားနှင့်တကွဖြစ်သော သညာအစုကို ပယ်ခြင်းကို။ ဝိဒိတွာ၊ သိတော်မူ၍။ တာယံ ဝေလာယံ၊ ထိုသိရာအခါ၌။ ဣမံ ဥဒါနံ၊ ဤဥဒါန်းစကားကို။ ဥဒါနေသိ၊ ဝမ်းမြောက်ဝမ်းသာ ပီတိဖြာလျက် မိန့်မြွက်ကျူးရင့်တော်မူပြီ။
"ယဿ ပပဉ္စာ ဌိတိ စ နတ္ထိ။လ။နာဝဇာနာတိ သဒေဝကောပိ လောကော"တိ၊ လောကောဟူသော။ ယဿ၊ အထွတ်အထိပ်ဖြစ်သော အကြင်ပုဂ္ဂိုလ်၏။ ပပဉ္စာ၊ သံသရာကို ချဲ့တတ်သော လောဘ ဒေါသ မောဟ တဏှာ မာန ဒိဋ္ဌိတည်းဟူသော ပပဉ္စတရားတို့သည်လည်းကောင်း။ ဌိတ စ၊ ပပဉ္စတရားတို့သည် ပြုလုပ်အပ်သည်ဖြစ်၍ သံသရာ၌ တည်ခြင်းလည်းကောင်း။ နတ္ထိ၊ မရှိ။ ပပဉ္စသညာသင်္ခါရပဟာနံ။ ။ ရာဂပပဉ္စ၏ အကြောင်းနိမိတ်ကား သုဘသညာ၊ဒေါသပပဉ္စ၏ အကြောင်းနိမိတ်ကား အာဃာတဝတ္ထု၊ မောဟ ပပဉ္စ၏အကြောင်းနိမိတ်ကား အာသာဝ၊တဏှာပပဉ္စ၏အကြောင်းနိမိတ်ကား ဝေဒနာ၊ဒိဋ္ဌိပပဉ္စ၏ အကြောင်းနိမိတ်ကား သညာ၊မာနပပဉ္စ၏ အကြောင်းနိမိတ်ကား ဝိတက်တည်း။ဤ၌ ဘုရားရှင် ပယ်ခြင်းသည် ပပဉ္စတရား ၇-ပါးကိုသာ ပယ်သည်မဟုတ်၊ ပပဉ္စ ၇-ပါး၏ အကြောင်းနိမိတ်ဖြစ်သော သုဘသညာစသည်ကိုးပါး။ဝါ၊ အကြောင်းသညာရော အကျိုးပပဉ္စတရား ၇-ပါးရော နှစ်မျိုးလုံးကို ပယ်ခြင်းကို ဆင်ခြင်တော်မူသည်၏ အဖြစ်ကို သိစေလို၍ ပပဉ္စသညာ သင်္ခါယ ပဟာနံ ပစ္စဝေက္ခမာနော-ဟု ဟောတော်မမူဘဲ ပပဉ္စသညာ သင်္ခါပဟာနံ ပစ္စဝေက္ခ-မာနော-ဟု ဟောတော်မူသည်။သညာနိဒါနံ ဟိ ပပဉ္စသင်္ခါတိ ဟူသော ခု-၁ ၄၁၄-ကိုလည်း သတိပြု။
သန္ဒါနံ၊ တဏှာ ဒိဋ္ဌိဟူသော နှောင်ဖွဲ့တတ်သော ကြိုးကိုလည်းကောင်း။ ပလိဃဉ္စ၊ နိဗ္ဗာန် ရွှေပြည်ဝင်ဖို့ရာတားမြစ်တတ်သောကြောင့် အဝိဇ္ဇာတည်းဟူသော တံခါးကျည်ကို လည်းကောင်း။ ဝီတိဝတ္တော၊ လွန်မြောက်တော်မူပြီ။
နိတ္တဏှံ၊ တဏှာမရှိသည်ဖြစ်၍။ စရန္တံ၊ လှည့်လည်ကြွမြန်းနေသော။ တံ မုနိံ၊ ထိုရဟန်းတော်အရှင်မြတ်ကို။
သဒေဝကော၊ နတ်နှင့်တကွသော။ လောကောပိ၊ သည်လည်း။ နာဝဇာနာတိ၊ အထင်မသေး။ ဝါ၊ မကဲ့ရဲ့, မရှုတ်ချ (ဘဂဝါ အတ္တာနမေဝ ပရံ ဝိယ ကတွာ နိဒ္ဒိသတိ။ ဋ္ဌ၊ ၃၃၈)။
သတ္တမံ။ ။