ဧဝံ၊ ဤအတူ။
မောဟက္ခယာ၊ မောဟအားလုံး ကုန်ခန်းခြင့်ဖြင့်။
ဝါ၊ မောဟအားလုံးကို ပယ်ရှားပြီးဖြစ်သောကြောင့်။
ဘိက္ခူ၊ အကုသိုလ်အားလုံး ပယ်ပြီးဖြစ်သော ရဟန်းသည်။
ပဗ္ဗတော၊ ကျောက်အတိပြီးသော တစ်ခဲနက်သော တောင်သည်။
ပကတိ ဝါတေဟိ၊ ပကတိလေတို့ကြောင့်။
န ဝေဓတိ ဣဝ၊ မတုန်လှုပ်သကဲ့သို့။
လောက-ဓမ္မေဟိ၊ လောကဓမ်တရားတို့ဖြင့်။
န ဝေဓတိ-နကမ္ပတိ၊ မတုန်လှုပ်။
ဤအလို ပရိသည် ပရိဂ္ဂဟအနက်ဟော။ဓုခသည် နိုယျာန အနက်ဟော၊သတိသည် ဥပဋ္ဌာန အနက်ဟော၊သိုအဖွင့်အားလျော်စွာ"ပရိမုခံ သတိံ ဥပဋ္ဌပေတွာ၊ထက်ဝန်းကျင် သိမ်းယူအပ်သော သတိဖြင့် သက်ဝင်အပ်သော ထွက်မြောက်ခြင်းအာရုံကို သတိပြု၍။ ဝါ-အာရုံကို သတိကပ်ထားခြင်းကို ပြု၍"ဟု အကျဉ်းချုပ် ယောဇနာလေ။
သတီတိ ဝါ သတိသီသေန ဈာနံ ဝုတ္တံ "ယေ ကာယဂတာသတိံ ပရိဘုဉ္ဇန္တိ"အာဒီသု ဝိယ၊ကတမံ ပန တံ ဈာနန္တိ? ရဓပါဝစရစတုတ္ထဇ္ဈာနံ ပါဒကံကတွာ သဟပန္နံ အရဟတ္တစတုတ္ထဇ္ဈာနံဟူသော ဋ္ဌ၊ ၁၇၀-နှင့်အညီ သတိ-အရ သတိသက်သက် မကောက်ယူမူ၍ ရူပါဝစရစတုတ္ထဈာန်ကို အခြေခံ၍။ဝါ ပါဒကဇ္ဈာန်ပြု၍ ဝင်စားအပ်သော အရဟတ္တစတုတ္ထဈာန်ကို အခြေခံ၍။ဝါ ပါဒကဇ္ဈာန်ပြု၍ ဝင်စားအပ်သော သတိ အမှူးရှိသော အရဟတ္တစတုတ္ထဈာန် သမာပတ်ကို အရကောက်ယူလေ။
"သတိံ ဥပဋ္ဌပေတွာ"ဟု သတိကိုသာ ဟောထားပါလျက် ဘာကြောင့် သတိအမှူးရှိသော အရဟတ္တစတုတ္ထဈာန်သမာပတ်ကို ကောက်ယူရမည်ဟု ဖွင့်ဆိုသနည်း ဟူမူ ဥဒါန်းဂါထာ၌ မည်သည့် လောကဓံနှင့် တွေ့ကြုံစေကာမူ တုန်လှုပ်ခြင်းမရှိသည်ကို ကျောက်တောင်ဖြင့် နှိုင်း၍ ဟောတော်မူသည်ကို ထောက်၍ သိနိုင်သည်။