ဘိက္ခဝေ၊ တို့။
သောတာပတ္တိယင်္ဂါနိ၊ သောတာပန်ဖြစ်ကြောင်း အင်္ဂါတို့သည်။
ဣမာနိ စတ္တာရိ၊ ဤ ၄-မျိုးတို့တည်း။
ကတမာနိ စတ္တာရိ၊ အဘယ် ၄-မျိုးတို့နည်း။
သပ္ပုရိသသံသေဝေါ၊ ဘုရားအစရှိသော သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း၎င်း။
သဒ္ဓမ္မဿဝနံ၊ သူတော် ကောင်းတရား (မဂ် ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း တရား)ကို နာခြင်း၎င်း။
ယောနိသောမနသိကာရော၊ ကုသိုလ်ဖြစ်ရန် သင့်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း၎င်း။
ဓမ္မာနုဓမ္မပဋိပတ္တိ၊ မဂ် ဖိုလ် နိဗ္ဗာန် လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်ခြင်း၎င်းတည်း။
ဘိက္ခဝေ၊ တို့။
သောတာပတ္တိယင်္ဂါနိ၊ သောတာပန်ဖြစ်ကြောင်း အင်္ဂါတို့သည်။
ဣမာနိ ခေါ စတ္တာရိ၊ ဤ ၄-မျိုးတို့တည်း။
ဣတိ၊ ဤသို့ မိန့်တော်မူ၏။
ဒသမံ၊ ဆယ်ခုမြောက်သောသုတ်တည်း။
ပဉ္စမော၊ ၅-ဝဂ်မြောက်ဖြစ်သော။
သဂါထကပုညာဘိသန္ဒဝဂ္ဂေါ၊ တည်း။
တဿ၊ ထိုသဂါထကပုညာဘိသန္ဒဝဂ်၏။
ဥဒ္ဒါနံ၊ ကား-
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်သော။
တယော၊ ၃-သုတ်ကုန်သော။
အဘိသန္ဒာ၊ ပဌမ အဘိသန္ဒသုတ်, ဒုတိယအဘိသန္ဒသုတ် တတိယအဘိသန္ဒသုတ်တို့၎င်း။
မဟဒ္ဓနေန စ၊ မဟဒ္ဓနသဒ္ဒါဖြင့်။
ဝုတ္တာ၊ ကုန်သော။
ဒုဝေ၊ ပဌမမဟဒ္ဓနသုတ်, ဒုတိယမဟဒ္ဓနသုတ် ၂-သုတ်တို့၎င်း။
သုဒ္ဓံ၊ သုဒ္ဓကသုတ်၎င်း။
နန္ဒိယံ၊ နန္ဒိယသုတ်၎င်း။
ဘဒ္ဒိယံ၊ ဘဒ္ဒိယသုတ်၎င်း။
မဟာနာမံ၊ မဟာနာမသုတ်၎င်း။
အင်္ဂေန၊ အင်္ဂသုတ်၎င်းတည်း။
ဣတိ၊ ဤသို့။
တေ၊ ထိုသုတ် တို့သည်။
ဒသ၊ ၁၀-သုတ်တို့တည်း။
ဣတိ၊ ဤသည်တည်း။