Issues
ဗားရှင်းရွေးချယ်ပါ
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Mahāvaggo
(SN)Mahāvaggo

4. Celasuttaṃ

စာရေးဆရာ: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ စေလေ ဝါ၊ ပုဆိုးကို၎င်း။ သီသေ ဝါ၊ ဦးခေါင်းကို၎င်း။ အာဒိတ္တေ၊ မီးလောင်အပ်သည် ရှိသော်။ ကိံ၊ အဘယ်အမှုကို။ ကရဏီယံ၊ ပြုထိုက်သည်။ အဿ၊ ဖြစ်ရာသနည်း။ ဣတိ၊ ဤသို့ မေးတော်မူ၏။
ဘန္တေ၊ မြတ်စွာဘုရား။ စေလေ ဝါ၊ ပုဆိုးကို၎င်း။ သီသေ ဝါ၊ ဦးခေါင်းကို၎င်း။ အာဒိတ္တေ၊ မီးလောင်အပ်သည် ရှိသော်။ တဿေဝ စေလဿ ဝါ၊ ထို ပုဆိုးကိုလောင်သော မီးကို၎င်း။ တဿေ၀ သီသဿ ဝါ၊ ထို ဦးခေါင်းကို လောင်သော မီးကို၎င်း။ “တဿေဝ စေလဿ ဝါ သီသဿ ဝါ"တို့၌ စေလ သီသတို့နှင့် လောင်သောမီး မကွဲပြား တသားတည်းပြု၍ ဟောတော်မူသည်။ထိုကြောင့် ဤ၌ လောင်သောမီး တိုင်အောင် ဆွဲဆောင်၍ ပေးလိုက်သည်။ နိဗ္ဗာပနာယ၊ ငြိမ်စေခြင်းငှါ။ အဓိမတ္တော၊ လွန်ကဲသော။ ဆန္ဒော စ၊ ဆန္ဒကို၎င်း။ ဝါယာမော စ၊ လုံ့လကို၎င်း။ ဥဿာဟော စ၊ အားထုတ်ခြင်းကို၎င်း။ ဥဿာဋီ စ၊ စွန့်စားခြင်း ကို၎င်း။ အပ္ပဋိဝါနီ စ၊ မဆုတ်နစ်ခြင်းကို၎င်း။ သတိ စ၊ မမေ့မလျော့ခြင်းသတိကို၎င်း။ သမ္ပဇညဉ္စ၊ ဆင်ခြင်ခြင်းပညာကို၎င်း။ ကရဏီယံ၊ ပြုထိုက်၏။ ဣတိ၊ ဤသို့ လျှောက်ကုန်၏။
ဘိက္ခဝေ၊ တို့။ အာဒိတ္တံ၊ မီးလောင်အပ်သော။ စေလံ ဝါ၊ ပုဆိုးကို၎င်း။ သီသံ ဝါ၊ ဦးခေါင်းကို၎င်း။ အဇ္ဈုပေက္ခိတွာ၊ လျစ်လျူရှု၍။(မငြိမ်းပဲ ပစ်ထား၍ ဟူလို။) အမနသိကရိက္ခာ၊ နှလုံးမသွင်းမူ၍။ အနဘိသမေတာနံ၊ ထိုးထွင်း၍ မသိသေးကုန်သော။ စတုန္နံ၊ ၄-ပါးကုန်သော။ အရိယသစ္စာနံ၊ တို့ကို။ ယထာဘူတံ၊ အတိုင်း။ အဘိသမယာယ၊ ထိုးထွင်း၍ သိခြင်းငှါ။ အဓိမတ္တော၊ လွန်ကဲသော။ ဆန္ဒော စ၊ ဆန္ဒကို၎င်း။ ဝါယာမော စ၊ လုံ့လကို၎င်း။ ဥဿာဟော စ၊ အားထုတ်ခြင်းကို၎င်း။ ဥဿောဠှီစ၊ စွန့်စားခြင်းကို၎င်း။ အပ္ပဋိဝါနီ စ၊ မဆုတ်နစ်ခြင်းကို၎င်း။ သတိ စ၊ မမေ့မလျော့ခြင်း သတိကို၎င်း။ သမ္ပဇညဉ္စ၊ ဆင်ခြင်ခြင်း ပညာကို၎င်း။ ကရဏီယံ၊ ပြုထိုက်၏။
ကတမေသံ စတုန္နံ၊ အဘယ် ၄-ပါးတို့ကိုနည်း။
ဒုက္ခဿ အရိယသစ္စာ၊ ကို၎င်း။ ပ။ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အရိယသစ္စဿ၊ ကို၎င်းတည်း။
(တသ္မာတိဟ စသည် ပေးမြဲ။)
စတုတ္ထံ၊ လေးခုမြောက်သောသုတ်တည်း။