(ဤသုတ်မှစ၍ ထူးရာမျှကိုသာ ပေးပေအံ့။ရှေးသုတ်များအတိုင်း အကျယ်ချဲ့၍ သမ္ဗန်လေ။)
မတ္တေယျာ၊ အမိ၏ အစီးအပွါးကို ဆောင်သူတို့ဖြစ်ကုန်၏။
ဝါ၊ အမိ၌ ကောင်းစွာ ကျင့်ကုန်၏။
မာတု ဟိတာ မတ္တေယျာ။(မာတု+ဏေယျ။ ဏေယျပစ္စည်း ဟိတ အနက်ဟော။) မာတု၊ အမိ၏။ ဟိတာ၊ အစီးအပွါးကိုဆောင်သူတို့တည်း။ မတ္တေယျာ၊ အပိ၏အစီးအပွါးကိုဆောင်သူတို့။အမိ၌ ကောင်းမွန်စွာ ကျင့်သူများကို ကောက်။ ပေတ္တေယျာ (ပိတု ဟိတာ)၌လည်း ဤနည်း။န မတ္တေယျာ အမတ္တေယျာ-ဟု တွဲ။အပေတ္တေယျာ၌သည်း ဤနည်းတွဲ။ ဋ္ဌ။ အမတ္တေယျာ၊ အမိ၏ အစီးအပွါးကို ဆောင်သူတို့မဟုတ်ကုန်။
ဝါ၊ အမိ၌ ကောင်းစွာမကျင့် ကုန်။
ဆဋ္ဌံ၊ ခြောက်ခုမြောက်သောသုတ်တည်း။