Issues
ဗားရှင်းရွေးချယ်ပါ
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Mahāvaggo
(SN)Mahāvaggo

8. Dutiyamahāsamuddasuttaṃ

စာရေးဆရာ: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ ကား။ မဟာသမုဒ္ဒေ၊ မဟာသမုဒြာ၌။ ဥဒကံ၊ ရေသည်။ ဒွေ ဝါ တီဏိ ဝါ ဥဒကဖုသီတာနိ၊ ၂-ပေါက်, ၃-ပေါက်သော ရေပေါက်တို့ကို။ ဌပေတွာ၊ ချန်ထား၍။ ပရိက္ခယံ၊ ကုန်ခြင်းသို့။ ပရိယာဒါနံ၊ ခန်းခြင်းသို့။ ဂစ္ဆေယျ၊ ရောက်ရာ၏။
(တံ ကိံ မညထ ဘိက္ခဝေ ပေးမြဲ။) ပရိက္ခိဏံ၊ ကုန်ပြီးသော။ ပရိယာဒိန္နံ၊ ခန်းပြီးသော။ မဟာသမုဒ္ဒေ၊ ၌။ ယံ ဝါ ဥဒကံ၊ အကြင်ရေသည်။ (အတ္ထိ၊ ၏။) အဝသိဋ္ဌာနိ၊ ကြွင်းကျန်ကုန်သော။ ယာနိ ဒွေ ဝါ တီဏိ ဝါ ဥဒကဖုသိတာနိ၊ အကြင် ၂-ပေါက်, ၃-ပေါက်သော ရေပေါက်တို့သည်။ (သန္တိ၊ ကုန်၏။ တေသု၊ ထိုရေတို့တွင်။) ကတမံ၊ အဘယ်ရေသည်။ ဗဟုတရံ နု ခေါ၊ သာ၍များသနည်း။ ဣတိ၊ ဤသို့ မေးတော်မူ၏။
ဘန္တေ၊ မြတ်စွာဘုရား။ ပရိက္ခိဏံ၊ သော။ ပရိယာဒိန္နံ၊ သော။ မဟာသမုဒ္ဒေ၊ ၌။ ယဒိဒံ ဥဒကံ၊ အကြင်ရေသည်။ (အတ္ထိ၊ ၏။) ဧတဒေဝ၊ ဤရေသည်သာလျှင်။ ဗဟုတရံ၊ သာ၍များပါ၏။
အဝသိဋ္ဌာနိ၊ ကြွင်းကျန်ကုန်သော။ ဒွေ ဝါ တီဏိ ဝါ ဥဒကဖုသိတာနိ၊ ၂-ပေါက်, ၃-ပေါက်သော ရေပေါက်တို့သည်။ အပ္ပမတ္တကာနိ၊ အနည်းငယ်ရှိကုန်၏။
အဝသိဋ္ဌာနိ၊ ကုန်သော။ ဒွေ ဝါ တီဏိ ဝါ ဥဒကဖုသိတာနိ၊ တို့သည်။ ပရိက္ခီဏံ၊ သော။ ပရိယာဒိန္နံ၊ သော။ မဟာသမုဒ္ဒေ၊ ၌။ ဥဒကံ၊ ကို။ ဥပနိဓာယ၊ သော်။ သင်္ခမ္ပိ၊ ရေတွက်အပ်သည်၏ အဖြစ်သို့လည်း။ န ဥပေန္တိ၊ မရောက်ကုန်။ ဥပနိဓမ္မိ၊ ထောက်ဆအပ်သည်၏ အဖြစ်သို့လည်း။ န ဥပေန္တိ၊ ကုန်။ ကလဘာဂမ္ပိ၊ တစိတ်အဖို့လည်း။ န ဥပေန္တိ၊ ကုန်။ ဣတိ၊ ဤသို့ လျှောက်ကုန်၏။ (အကြွင်းပေးမြဲ။)။
အဋ္ဌမံ၊ ရှစ်ခုမြောက်သောသုတ်တည်း။