ဘိက္ခဝေ၊ တို့။
သေယျထာပိ၊ ကား။
ယတ္ထ၊ အကြင်အရပ်၌။
ဣမာ မဟာနဒိယော၊ ဤမြစ်ကြီးတို့သည်။
သံသန္ဒန္တိ၊ ရောနှောမိကုန်၏။
သမေန္တိ၊ ပေါင်းဆုံမိကုန်၏။
ဣဒံ၊ ဤမြစ်ကြီးတို့သည်။
သေယျထာ၊ အဘယ်တို့နည်း။
ဂင်္ဂါ၊ ဂင်္ဂါမြစ်၎င်း။
ယမုနာ၊ ယမုနာမြစ်၎င်း။
အစိရဝတီ၊ အစိရဝတီမြစ်၎င်း။
သရဘူ၊ သရဘူဖြစ်၎င်း။
မဟီ၊ မဟီမြစ်၎င်းတည်း။
တထော၊ ထို အရပ်မှ။
ပရိသော၊ ယောက်ျားသည်။
ဒွေ ဝါ တီဏိ ဝါ ဥဒကဖုသိတာနိ၊ နှစ်ပေါက်သုံးပေါက်သော ရေပေါက်တို့ကို။
ဥဒ္ဓရေယျ၊ ထုတ်ဆယ်ရာ၏။
(တံ ကိံ မညထ ဘိက္ခဝေ ပေးမြဲ။)
ဥဗ္ဘတာနိ၊ ထုတ်ဆယ်အပ်ကုန်သော။
ယာနိ ဒွေ ဝါ တီဏိ ဝါ ဥဒကဖုသိတာနိ၊ အကြင် နှစ်ပေါက်သုံးပေါက် သော ရေပေါက်တို့သည်လည်း။
(သန္တိ၊ ရှိကုန်၏။)
ယံ ဝါ သံဘေဇ္ဇဥဒကံ၊ အကြင်ရောနှောအပ်သော (မြစ်ကြီးငါးစင်းမှ) ရေသည်လည်း။
(အတ္ထိ၊ ရှိ၏။
တေသု၊ ထိုဆယ်ထားသော ရေ နှစ်ပေါက် သုံးပေါက်နှင့် မြစ်ကြီးငါးစင်းမှ ရောနှောသော ရေတို့တွင်။)
ကတမံ၊ အဘယ်သည်။
ဗဟုတရံ နု ခေါ၊ သာ၍ များသနည်း။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ ရား။
ယဒိဒံ သံဘေဇ္ဇဥဒကံ၊ အကြင် ရောနှောအပ်သော ရေသည်။
(အတ္ထိ၊ ၏။)
ဧတဒေဝ၊ ဤရေသည် သာလျှင်။
ဗဟုတရံ၊ သာ၍များပါ၏။
ဥဗ္ဘတာနိ၊ ထုတ်ဆယ်အပ်ကုန်သော။
ဒွေ ဝါ တီဏိဝါ ဥဒကဖုသိတာနိ၊ နှစ်ပေါက် သုံးပေါက်သော ရေပေါက်တို့သည်။
အပ္ပမတ္တကာနိ၊ အနည်းငယ် မျှသာ ရှိကုန်၏။
ဥဗ္ဘတာနိ၊ ကုန်သော။
ဒွေ ဝါ တီဏိ ဝါ ဥဒကဖုသိတာနိ၊ တို့သည်။
သံသေဇ္ဇဥဒကံ၊ ရောနှောတပ်သောရေကို။
ဥပနိယ၊ သော်။
သင်္ခမ္ပိ၊ သို့လည်း။
န ဥပေန္တိ၊ မရောက်ကုန်။
ဥပနိဓမ္မိ၊ သို့လည်း။
န ဥပေန္တိ၊ မရောက်ကုန်။
ကလဘာဂမ္ပိ၊ သို့လည်း။
န ဥပေန္တိ၊ မရောက်ကုန်။
ဣတိ၊ ဤသို့ လျှောက်ကုန်၏။
(အကြွင်း ပေးမြဲ။)
တတိယံ၊ သုံးခုမြောက်သောသုတ်တည်း။