သိက္ခိတသိက္ခေန၊ မဂ် ၄ ဆင့်ဖြင့် ကျင့်အပ်ပြီးသော သိက္ခာ ၃ ပါးရှိတော်မူသော။
ဝါ၊ သိက္ခာ ၃ ပါးကို မဂ်လေးဆင့်ဖြင့် ကျင့်တော်မူပြီးသော။
တာဒိနာ၊ ကောင်းဆိုး ၂ တန်, လောကဓံကြောင့်, ဖောက်ပြန်မတုန်, တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်။
ဝါ၊ ထိုဣဋ္ဌကိုကဲ့သို့, အနိဋ္ဌကို ရှုတော်မူတတ်, ထိုအနိဋ္ဌကိုကဲ့သို့ ဣဋ္ဌကိုလည်း ရှုတော်မူတတ်သော မြတ်စွာဘုရားသည်။
ယာနိ၊ အကြင်သိက္ခာပုဒ်တို့ကို။
ဒါနိ၊ ပါဋိဒေသနီယတို့ကို ဖွင့်ပြီးရာ ယခုအခါ၌။
တေသမ္ပိ၊ ထိုသေခိယသိက္ခာပုဒ်တို့၏လည်း။
အယံ ဝဏ္ဏနာက္ကမော၊ ဤဖွင့်ကြောင်း ဖွင့်ရာအဋ္ဌကထာအစဉ်သည်။
ဘဝတိ၊ ဖြစ်၏။
ဝါ၊ ဖြစ်တော့လတံ့။
သိက္ခိတသိတွေန။ ။ သိက္ခိယိံသူတိ သိက္ခိတာ၊ သိက္ခိတဗ္ဗာတိ သိက္ခယော၊ သိက္ခိတာ + သိက္ခယော ယေနာတိ သိက္ခိတသိက္ခော- မဂ်လေးပါးတို့ဖြင့် သိက္ခာ ၃ ပါးတို့ကို ကျင့်တော်မူပြီးသော မြတ်စွာဘုရား၊ သိက္ခာ ၃ ပါးကား အဓိသီလ အဓိစိတ္တ အဓိပညာတို့တည်း။ [စတူဟိ မဂ္ဂေဟိ တိဿော သိက္ခာ သိက္ခိတွာ ဌိတေန၊ သဗ္ဗသော ပရိနိဋ္ဌိတကိစ္စေနာတိ ဝုတ္တံ ဟောတိ။ - ဋီကာ]
တာဒိနာ။ ။ ပဌဓနည်းအလို အကမ္မနတ္ထဝါစီ ရုဠှီအနိပ္ဖန္နပါဋိပဒိကပုဒ်တည်း၊ [တာဒိနာတိ အဋ္ဌဟိ လောကဓမ္မေဟိ အကမ္ပိယဋ္ဌေန တာဒိနာ။ - ဋီကာ။] ဒုတိယနည်းအလို- တမိဝ ပဿတီတိ တာဒီ၊ ဣယတမကိ စသော သုတ်ဖြင့် စီရင်၊ တံ ဣဝ ထိုဣဋ္ဌကိုကဲ့သို့၊ ပဿတိ- အနိဋ္ဌကိုလည်း ရှုတော်မူတတ်၏၊ တံ ဣဝ- ထိုအနိဋ္ဌကိုကဲ့သို့၊ ပဿတိ ဣဋ္ဌကိုလည်း ရှုတော်မူတတ်၏၊ ဣတိ အာဒိ မည်တော်မူ၏။
သေခိယာနိ။ ။ သိက္ခိတဗ္ဗာနီတိ သေခိယာနိ၊ ယာနိ- အကြင်သိက္ခာပုဒ်တို့ကို၊ သိက္ခိတဗ္ဗာနိ မသိလျှင် သိအောင် သင်ယူထိုက်ကုန်, သိသည့်အတိုင်းလည်း ကျင့်ထိုက်ကုန်၏၊ ဣတိ သေခိယာနိ၊ သိက္ခဓာတ်, ဏျပစ္စည်း, ဣအာဂုံ (သွာခါတောကဲ့သို့) ကကိုချေ, ဝုဒ္ဓိပြု၍ "သေခိယ" ဟု ပြီး၏။
တေသမ္ပိ။ ။ တေသမ္ပိ၌ ပိဖြင့် ပါဋိဒေသနီယ သိက္ခာပုဒ်တို့ကို ပေါင်း၊ တစ်နည်း- "တေသံ- တို့၏၊ အယံ ဝဏ္ဏနာက္ကမောပိ- သည်လည်း၊ ဘဝတိ" ပေး၊ ဤအလို ပိဖြင့် ပါဋိဒေသနီယအဖွင့်ကို ပေါင်း။
အမှာ။ ။ ဤသေခိယသိက္ခာပုဒ်များ၌ "စတ္တာရော ပါရာဇိကာ ဓမ္မာ" စသည်ကဲ့သို့ အရေအတွက်သင်္ချာ မပြခြင်း, "ယော ပန ဘိက္ခု ဩလမ္ဗေန္တော နိဝါသေယျ၊ ဒုက္ကဋံ" စသည်ဖြင့် အာပတ်နာမည် တပ်၍ မပြခြင်း၏ အကြောင်းကို ဋီကာမှ ယူ၍ ပါတိမောက်ဘာသာဋီကာ၌ ပြထားပြီ။
**ဟတ္ထိသောဏ္ဍက စသည်**။ ။ [ဟတ္ထိသောဏ္ဍ ဆင်၏ နှာမောင်း + က- တူသည်၊ ] ရှေ့ဘတ်၌ ခေါက်ထားအပ်သော သင်းပိုင်ဝယ် ချက်နား၌ အပြားကြီး၍ ခြေသလုံးလောက်ရောက်သည်အထိ အောက်သို့ တစ်ဖြေးဖြေး သေးသွားသော ဆင်နှာမောင်းနှင့် တူသောပုံသဏ္ဍာန်ရှိအောင် ဝတ်ခြင်းကို ဟတ္ထိသောဏ္ဍဟု ခေါ်သည်၊ သင်းပိုင်၏ အစ ၂ ခုလုံးကို အောက်သို့ချ၍ ဝဲဘက်၌ အစတစ်ခု အစွန်းထွက်အောင်, ယာဘက်၌ အစတစ်ခု အစွန်းထွက်အောင် ဝတ်သောအခါ ငါးကြင်းမြီးပုံသဏ္ဍာန်နှင့် တူနေ၏၊ ထိုသို့ဝတ်ခြင်းကို မစ္ဆဝါလကဟု ခေါ်သည်၊ [မစ္ဆဝါလ- ငါးကြင်းမြီး + က- တူသည်၊ "မစ္ဆဝါလေန+သဒိသံ မစ္ဆဝါလကံ" ဟုပြု၊] ချက်နား၌ သင်းပိုင်၏ အနားစွန်း ၂ခု, အောက်ဒူးဆစ်နား၌ သင်းပိုင်၏ အနားစွန်း ၂ခု, ဤသို့အားဖြင့် အနားစွန်း ၄ ခုပေါ်အောင် ဝတ်ခြင်းကို "စတုက္ကဏ္ဏက" ဟု ခေါ်သည်၊ ထန်းရွက်ယပ်ဝန်းကဲ့သို့ ဝိုင်းနေအောင် ဝတ်ခြင်းကို "တာလဝဏ္ဋက" ဟု ခေါ်သည်၊ ရှည်သောအဝတ်ကို အတွန့်ပေါင်းများစွာ တွန့်၍ ဝတ်ခြင်းကို "သတဝလိက" ဟု ခေါ်၏။ [အဓိပ္ပာယ်အကျယ်ကို ကင်္ခါဘာသာဋီကာ၌ ပြထားပြီ။]
ဝုတ္တနယေန၊ ဆိုအပ်ပြီးသော နည်းဖြင့်။
(ဥဒ္ဓံ နာဘိမဏ္ဍလံ အဓော ဇာဏုမဏ္ဍလံ ပဋိစ္ဆာဒေန္တေန စသော ဆိုအပ်ပြီးသော နည်းဖြင့်။)
ပရိမဏ္ဍလံ၊ ဝန်းဝိုင်းစွာ။
နိဝါသေန္တဿ၊ ဝတ်သော ရဟန်း၏ (သန္တာန်၌။)
န ဟောန္တိ၊ မဖြစ်ကုန်။**အဇာနန္တဿ**။ ။ အဇာနန္တနှင့် စပ်၍ မဟာအဋ္ဌကထာဝါဒ, ကုရုန္ဒီအဋ္ဌကထာဝါဒဟု ၂ ဝါဒ ဖွင့်ထား၏၊ မဟာအဋ္ဌကထာအလို အထက်သို့ တက်နေသည်ကိုလည်းကောင်း, အောက်သို့ ကျနေသည်ကို လည်းကောင်း မသိသူကို "အဇာနန္တ" ဟုဆို၏၊ ဝတ်ပုံ ဝတ်နည်းမသိခြင်းကို အဇာနန္တဟု မဆိုလို၊ ကုရုန္ဒီ၌ ဝတ်ပုံဝတ်နည်း မသိသူကိုပင် "အဇာနန္တ" ဟု ဆိုသည်။
သဉ္စိစ္စ၊ သညာနှင့်တကွ မသင်ယူလိုသော စေတနာဖြင့်စေ့ဆော်၍။
အနုဂ္ဂဏှန္တဿ၊ မသင်ယူသော ရဟန်း၏။
(အတွက်။)
ယုဇ္ဇတိ၊ သင့်မြတ်၏။
တသ္မာ၊ ကြောင့်။
ယော၊ သည်။
ဥဂ္ဂဟိတဝတ္တော၊ သင်ယူအပ်ပြီးသော နိဝါသနဝတ်ရှိသည်။
ဝါ၊ နိဝါသနဝတ်ကို သင်ယူပြီးသည်။
(သမာနောပိ၊ ဖြစ်ပါသော်လည်း။)
ဩရဠှဘာဝံဝါ၊ အောက်သို့ သက်နေသည်၏ အဖြစ်ကိုလည်းကောင်း။
န ဇာနာတိ၊ မသိ။
တဿ၊ ၏။
အနာပတ္တိ၊
(ဟောတိ။)အာပဒါသူတိ၊ ကား။
ဝါဠမိဂါဝါ၊ ခြင်္သေ့ သစ်ကျားစသော ရဲရင့်သော သားကောင်းတို့သည်သော်လည်းကောင်း။
စောရာဝါ၊ တောပုန်း ဓားပြတို့သည်သော်လည်းကောင်း။
အနုဗန္ဓန္တိ၊ လိုက်ကုန်အံ့။
ဧဝရူပါသု၊ ဤသို့ သဘောရှိကုန်သော။
အာပဒါသု၊ ဘေးရန်တို့ကြောင့်။
(အပရိမဏ္ဍလံ၊ ထက်ဝန်းကျင်မဝန်းဝိုင်းဘဲ။
နိဝါသေန္တဿ၊ ဝတ်သော ရဟန်း၏။
အနာပတ္တိ၊
(ဟောတိ။)
အနုဂ္ဂဟဏ ၊ပေ၊ အနာဒရိယံ။ ။ "မသိလျှင် အနာပတ်" ဟူသော ဤစကားကိုအားကိုး၍ မသိအောင် မနေရ၊ မသိ, သိအောင် ဝတ်ပုံဝတ်နည်းကို ဆရာ့အထံ၌ သင်ရမည်၊ ထိုသို့မံသင်လျှင် အနာဒရိယ ဖြစ်၏၊ ထိုအနာဒရိယကို အကြောင်းပြု၍ မညီမညွတ် ဝတ်မိပြန်လျှင်လည်း ဒုက္ကဋ်အာပတ် သင့်ပြန်၏၊ ထို့ကြောင့် "ယော အနာဒရိယံ ပဋိစ္စ ပုရတောဝါ ပစ္ဆတောဝါ ဩလမ္ဗေန္တော နိဝါသေတိ၊ အာပတ္တိ ဒုက္ကဋဿ" ဟု ပါဠိတော်၌ မိန့်တော်မူသည်။
သစိတ္ထကံ။ ။ "မိမိဝတ်နေခြင်းသည် မညီမညွတ်" ဟု ဝတ္ထုကို သိသောစိတ်နှင့်တကွဖြစ်သောကြောင့် သစိတ္တကတည်း၊ တစ်နည်း "ဤသို့ မညီမညွတ် ဝတ်လျှင် အာပတ်သင့်၏" ဟု သိက္ခာပုဒ်ပညတ်တော်ကို သိသောစိတ်နှင့်တကွဖြစ်သောကြောင့် သစိတ္တကတည်း။ [သစိတ္တကန္တိ ဝတ္ထုဝိဇာနနစိတ္တေန ပဏ္ဏတ္တိဝိဇာနနစိတ္တေန စ သစိတ္တကံ အနာဒရိယံ ပဋိစ္စာတိ ဝုတ္တတ္တာ။- ဋီကာ။]
**လောဝပဇ္ဇံ ၊ပေ၊ ဒုက္ခဝေဒနံ**။ ။ သိက္ခာပုဒ်ကို မရိုမသေ မလေးစားသော အနာဒရိယစိတ်သည် အကုသိုလ်စိတ်သည် အကုသိုလ်ဒေါသမူစိတ်တည်း၊ ထိုစိတ်သည် လောက၌ပင် သူတော်စင်တို့ကဲ့ရဲ့ထိုက်၏၊ ထို့ကြောင့် "လောဝဇ္ဇံ, အကုသလစိတ္တံ, ဒုက္ခဝေဒနံ" ဟု ဆိုသည်။ [ယသ္မာ အနာဒရိယဝသေနေဝ အာပဇ္ဇိတဗ္ဗတ္ထာ ကေဝလံ အကုသလမေဝ၊ တဉ္စ ပကတိယာ ဝဇ္ဇံ၊ သဉ္စိစ္စ ဝီတိက္ကမနဉ္စ ဒေါမနဿိတဿေဝ ဟောတိ၊ တသ္မာ လောကဝဇ္ဇံ အကုသလစိတ္တံ ဒုက္ခဝေဒနန္တိ အာဟ။ - ဋီကာ။]ဒုတိယသိက္ခာပဒေ၊ ၌။
(နိသီဒနသိက္ခာပုဒ်၌။)
ဂလဝါဋကတော၊ လည်မျိုတွင်းငယ်မှ။
ဝါ၊ လည်ချိုင့်မှ။
ပဋ္ဌာယ၊ စ၍။
သီသံ၊ ကိုလည်းကောင်း။
မဏိဗန္ဓတော၊ လက်ကောက်ဝတ်မှ။
ပဋ္ဌာယ၊ ၍။
ဟတ္ထေ၊ အပြင်လက်တို့ကိုလည်းကောင်း။
ပိဏ္ဍိမံသတော၊ ခြေသလုံးကြွက်သားမှ။
ပဋ္ဌာယ၊ ၍။
ပါဒေစ၊ တို့ကိုလည်းကောင်း။
ဝိဝရိတွာ၊ ၍။
နိသီဒိတဗ္ဗံ၊ ထိုင်ရာ၏။
ဇတ္တုံ။ ။ "ခန္ဓော တဿန္ဓိ ဇတ္တုကံ" ဟု အဘိဓာန် ၂၆၄ ၌ ပခုံး၏ အစပ်ကို "ဇတ္တု" ဟု ခေါ်၏၊ ထိုပခုံးအစပ်ကို "ပခုံးစွန်း" ဟုလည်းကောင်း, "ညှပ်ရိုး" ဟုလည်းကောင်း အဘိဓာန်နိဿယသစ်၌ မိန့်သည်။
န သသီသံ ပါရုတေန။ ။ "ကောင်းစွာ ဖုံးအုပ်လျက် သွားရမည်" ဟု ဆိုသောကြောင့် ဦးခေါင်းနှင့်တကွ တစ်ကိုယ်လုံးခြုံ၍ သွားရမည်လားဟု ယုံမှားဖွယ်ရှိရကား" နသသီသံ ပါရုတေန" အပိုထည့်သည်၊ တစ်ကိုယ်လုံးခြုံ၍ သွားရမည် မဟုတ်၊ "ရှေးဦးစွာအနားပတ်သီး တက်၍ အပေါ်အလျားအနားပတ်စွန်းဖြင့် လည်ပင်းကို ဖုံးပြီးမှ သင်္ကန်းအနားနှစ်စကို လိပ်၍ လက်ကောက်ဝတ်ကို ဖုံးလျက် သွားရမည်" ဟူလို။
မှတ်ချက်။ ။ အထခေါစသော အနွယဝါကျသည် သင်္ကန်းရုံပုံ အစီအစဉ်ကိုပြသော ဝါကျတည်း၊ ထိုဝါကျ၌ အလျားအနားပတ်အစွန်းဖြင့် လည်ပင်းကို ဖုံးထားပြီးမှ လက်လိပ် လိပ်ရမည်ဟု အစီအစဉ်ကို ပြ၏၊ လည်ပင်းကို ဖုံးရာ၌လည်း "အလျားအနားပတ်အပြားဖြင့် ဖုံးထားရမည်" ဟု ဆို၏၊ ယခုခေတ်၌ကား သင်္ကန်းက အထက်အောက် ရှည်လျားလွန်းသောကြောင့် သင်္ကန်းကို လိပ်ပြီးလျှင် အထက်သို့ ဆွဲမြှောက်၍ ခေါက်ပြီးမှ လည်ပင်းကို ဖုံးကြရတော့သည်။
ဂလဝါဋကတော ၊ပေ၊ နိသီဒိတဗ္ဗံ။ ။ "လည်မျို၏ လည်ချိုင့်မှ အထက်ဦးခေါင်းကိုဖွင့်ရမည်" ဟု ဆိုရာ၌ ဩဂုဏ္ဌိတသိက္ခာပုဒ်ဖြင့် အပြစ်မရှိအောင် ဆိုခြင်းဖြစ်သည်၊ ထိုင်သောအခါ လက်ကောက်ဝတ်မှ စ၍ အပြင်ထွက်နေသော လက်တို့ကိုကား ရုံထားသော သင်္ကန်းဖြင့်ဖုံး၍ မဖြစ်နိုင်သောကြောင့်လည်းကောင်း, ခြေသလုံးကြွက်သားမှ အောက်ဖြစ်သော ခြေတို့ကိုဖုံးဖို့ရန် သင်္ကန်းက မမှီသောကြောင့်လည်းကောင်း ဆိုခြင်းဖြစ်သည်၊ ထိုင်သောအခါ ထိုအပြင်လက်နှင့် အောက်ဘက်ခြေတို့ကို ဖုံးမိမည့်အတွက်ကား အခြားသိက္ခာပုဒ်ဖြင့် အပြစ်ရှိစရာမရှိပါ။ [ဂလ + အာဝါဋ- ဂလဝါဋ။]
**အာယောဂပလ္လတ္ထိကာယ**။ ။ ဖင်ချ၍ ထိုင်သောအခါ ဒူး ၂ ဘက်ထောင်နေ၏၊ ထိုထောင်နေသော ဒူး ၂ ဘက်ကို လက် ၂ ဖက်ဖြင့် ရစ်ပတ်ထားခြင်းသည် ဟတ္ထပလ္လတ္တိကာမည်၏၊ ထောင်နေသော ဒူး ၂ ဘက်ကို သင်္ကန်းဖြင့် ရစ်ပတ်ထားခြင်သည် ဒုဿပလ္လတ္ထိကာမည်၏၊ ရက်ကန်း၌ ရက်ထားအပ်သော အဝတ်ပြားကြီး တစ်မျိုးရှိသေးသည်၊ ထိုအဝတ်ပြားကြီးဖြင့် ထောင်နေသော ဒူး ၂ ဖက်ကို ခါးပိုင်းနှင့်တကွ ရစ်ပတ်ခြင်းသည် အာယောဂပလ္လတ္တိကာမည်၏၊ ထိုအာယောဂပလ္လတ္ထိကာသည် ပါဠိတော်၌ တိုက်ရိုက်မလာ၊ ထို့ကြောင့် ဒုဿပလ္လတ္ထိကာ၌ သွင်းယူစေလိုရကား "အာယောဂပလ္လတ္ထိကာပိ ဒုဿပလ္လတ္ထိကာဧဝ" ဟု မိန့်သည်။**ဩလောဏိ ၊ပေ၊ ရသာဒီနံ**။ ။ ဩလောဏီတိ- ဧကာ ဗျဉ္ဇနဝိကတိ (ဟင်းလျာအထူးတည်း၊) ယောကောစိ သုဒ္ဓေါ ကဉ္စိကတက္ကာဒိရသောတိ ကေစိ၊ (အချို့က "ပုန်းရည်သန့်သန့်, ရက်တက်ရည်သန့်သန့်" စသည်ကို "ဩလောဏီ" ဟု ဆိုကြ၏၊) သာကသူပေယျဂ္ဂဟဏေန ယာကာစိ သူပေယျသာကေဟိ ကတာ ဗျဉ္ဇနဝိကတီတိ ဝုတ္တာ၊ (ဟင်းရည်ချက်နိုင်သော ဟင်းရွက်တို့ဖြင့် ပြုအပ်သော ဟင်းလျာအထူကို "သာကသူပေယျ" ဟု ခေါ်၏၊) ["သူပဿ + ဟိတံ သူပေယျံ-ဟင်းရည်၏ စီးပွားဖြစ်သော ဟင်းရည်ချက်ကောင်းသော + သာက- ဟင်းရွက်။] ထိုအားလုံး၏ အရည်ကို "ရသာနံ+ရသော၊ အရသာရှိသော ဟင်းတို့၏+အရည်" ဟု ခေါ်၏၊ ရာသာဒီနိ၌ အာဒိဖြင့် ကြွင်းသော အားလုံးသော ဟင်းလျာတို့၏ အရည်ကို ယူပါ။
ကတော၊ ပြုအပ်သော ဆွမ်းတည်း။
ထူပီကတောနာမ၊ မည်၏။
ပတ္တေ၊ ၌။
ပက္ခိတ္တော၊ ထည့်အပ်သော။
ရစိတော၊ စီထားအပ်သော။
ပူရိတော၊ ပြည့်စေအပ်သော ဆွမ်းတည်း။
ဣတိ အတ္ထော၊ အနက်။ပဉ္စမော ဝဂ္ဂေါ၊
ပိဏ္ဍုက္ခေပကံ။ ။ ပိဏ္ဍံ + ဥက္ခိပိတွာ ဥက္ခိပိတွာတိ ပိဏ္ဍုက္ခေပကံ၊ "ပိဏ္ဍ + ဥက္ခေပက" ဟု ခွဲ၊ ဥက္ခေပကကို "ဥက္ခိပိတွာ ဥက္ခိပိတွာ" ဟု ဖွင့်သည်၊ ဥပုဗ္ဗ, ခိပဓာတ်, အာဘိက္ခည (အထပ်ထပ် ဖြစ်ခြင်း) အနက်၌ ဏွုသက်၊ သမာသ်ပြီးသောအခါ သမာသ်သည်ပင် အာဘိက္ခညအနက်ကို ဟောသောကြောင့် "ဥက္ခေပကံ ဥက္ခေပကံ" ဟု ဒွိရုပ် မပြုရ၊ ဒုတိယာဝိဘတ်ကိုလည်း ကြိယာဝိသေသန အနက်၌ သက်စေရသည်။ [သမာသေန သဒ္ဒသတ္တိယာ ဝိစ္ဆာဘိက္ခညာနံ ဝုတ္တတ္တာ န ဒွိဗ္ဗစနံ။ - မောဂ္ဂလ္လာန် ခါဒိကဏ္ဍ, ၆၃- သုတ်အဖွင့်။]
ယောဇနာ။ ။ ပိဏ္ဍက္ခေပကံ၌ ကသည် ဝိစ္ဆာအနက်၌ သက်သော ကပစ္စည်းတည်း၊ ဒုတိယာဝိဘတ်ကား ကြိယာဝိသေသနတည်း၊ ထို့ကြောင့် ဥက္ခေပကံကို "ဥက္ခိပိတွာ ဥက္ခိပိတွာ" ဟု ဖွင့်သည်၊ နောက်ဝိစ္ဆာဝိသေသန ဖွင့်ရာ၌ ဤနည်းချည်းတည်းဟု ယောဇနာဆို၏။ ["ဥက္ခိပိတွာ ဥက္ခိပိတွာ" ၂ ပုဒ်သည် အနက်များစွာကို ပြနိုင်သော မိစ္ဆာပုဒ်, မဟုတ်, အထပ်ထပ်ဖြစ်ခြင်းဟူသော အာဘိက္ခုညသာတည်း။]
သိတ္တာဝကာရကံ။ ။ အဝသဒ္ဒါသည် "ရှုံ့ချအပ်" ဟူသော အနက်, "စက်ဆုပ်ဖွယ်" ဟူသောအနက်ကို ဟော၏၊ ဆွမ်းလုံးတို့ကို ဟိုဖြန့် ဒီဖြန့်နှင့် ဖြန့်ကြဲ၍ စားခြင်းသည် အဝကာရက (စပ်ဆုပ်ဖွယ် ပြုလုပ်ခြင်း) ပင်တည်း၊ ထို့ကြောင့် "အဝကိရိတွာ အဝိကိရိတွာ" ဟု အဓိပ္ပာယ်ဖွင့်သည်၊ ယောဇနာ၌ ကား "အဝကာရက" ဝယ် ကရဓာတ် မဟုတ်, သဒ္ဒတ္ထသာ။ [စပု စပုနှင့် စပ်၍ မှတ်ဖွယ်ကို ကင်္ခါဘာသာဋီကာ၌ ပြထားပြီ။]
**ကိံ ဗုဒ္ဓေါ ၊ပေ၊ န ကာတဗ္ဗံ**။ ။ သိလကဗုဒ္ဓေါတိ သိလာယ ကတော သိလာယ + နိယုတ္တောဝါ သိလကော၊ အပ္ပဋိဝိဒ္ဓေါ ဗုဒ္ဓေါ၊ [စာအုပ်တို့၌ "ပဋိဗုဒ္ဓေါ" ဟု ရှိ၏၊] ဂေါဓမ္မောတိ ဂုန္နံ ဓမ္မော၊ အဇဓမ္မောတိ အဇာနံ ဓမ္မော၊ မိဂသံဃောတိ မိဂါနံ သံဃော၊ ပသုသံဃောတိ ပသုနံ သံဃော၊ - ယောဇနာ ဤစကားကို ထောက်၍ ရတနာ ၃ ပါးနှင့် စပ်ရာဝယ် ပျက်ရယ်ပြောင်လှောင်ကြောင်း စကားကို မပြောဆိုမိဖို့ရာ သတိပြုပါ။
န နိလ္လေဟိတဗ္ဗော၊ မလျက်ထိုက်။
ပန၊ အနွယကား။
ဩဋ္ဌမံသေဟိ ဧဝ၊ နှုတ်ခမ်းသားတို့ဖြင့်သာလျှင်။
ဂဟေတွာ၊ ဆွမ်းစသည်ကို ယူ၍။
အန္တော၊ သို့။
ပဝေသေတုံ၊ ငှာ။
ဝဋ္ဋတိ၊ ၏။**ဧကပဏ္ဏစ္ဆတ္တံ**။ ။ ဧကံ + ပဏ္ဏံ ယဿာတိ ဧကပဏ္ဏံ၊ ဧကပဏ္ဏံ စ + တံ + ဆတ္တံစာတိ ဧကပဏ္ဏစ္ဆတ္တံ-ထန်းလက်ရိုးတံနှင့် တကွ ထီးလုပ်၍ ဆောင်းအပ်သောနွားကျောင်းသားဆောင်း ထီးတည်း၊ [တတ္ထဇာတကဒဏ္ဍကေန ကတန္တိ တာလပဏ္ဏံ သဟ ဒဏ္ဍကေန ဆိန္ဒိတွာ တမေဝ (ထန်းလက်၏ ရိုးတန်းကိုပင်) ဆတ္တဒဏ္ဍံ ကရောန္တိ၊ ဂေါပါလကာ ဒယော ဝိယ၊ တံ သန္ဓာယေတံ ဝုတ္တံ၊ ဋီကာ။]
ဆတ္တပါဏိနာမ၊ မည်သည်။
န ဟောတိ၊ မဖြစ်တော့။စ ပန၊ ထပ်၍ ဆက်ဦးအံ့။
ပတိတွာ၊ ကျပြီး၍။
ဥဘိန္နမ္ပိ၊ မင်းနှင့် ပုဏ္ဏား ၂ ဦးသားတို့၏လည်း။
ပုရတော၊ ရှေ့၌။
ယတြ ဟိ နာမ။ ။ "ယတြ၌ တြပစ္စည်းသည် ပဌမာအနက်၌ သက်သည်" ဟု သိစေလို၍ "ယော ဟိ နာမ" ဟု ဖွင့်သည်၊ တစ်ချို့စာ၌ "ယော နာမ" ဟုလည်း ဟိ မပါဘဲရှိ၏၊ ထိုအလို ဟိကို အနက်မဲ့ဟု ကြံ၊ ဟိသည် ဟိ (ယသ္မာ) ဟု ဟိတ်အနက်၌ ဖြစ်သင့်ရကား ဟိပါသော စာလည်း သင့်ပါ၏။
သဗ္ဗမိဒံ စရိမံ ကတံ။ ။ ယံ- အကြင်အမှုကို၊ အမှေဟိ- သုံးယောက်သော ငါတို့သည်၊ ကတံ- ပြုအပ်ပြီ၊ သဗ္ဗံ- သော၊ ဣဒံ- ဤအမှုသည်၊ စရိမံ- အောက်ကျသေးနုပ်, ယုတ်ညံ့သော အမှုတည်း၊ သူ့နေရာနှင့် သူ စည်းကမ်းသတ်မှတ်ချက် မရှိသောကြောင့် "ယုတ်ညံ့သည်" ဟု ပြလို၍ "နိမ္မရိယာဒေါ" ဟု ဖွင့်သည်၊ [သဗ္ဗမိဒံ စရိမံ ကတန္တိ ယံ အမှေဟိ တီဟိ ဇနေဟိ တကံ၊ သဗ္ဗမိဒံ ကိစ္စံ လာမကံ နိမ္မရိယာဒံ အဓမ္မိကံ။ - ဋီကာ။] ဤအဖွင့်အတိုင်း ပါဠိတော်၌ အနက်ပေးပါ၊ အဋ္ဌကထာကား အဓိပ္ပာယ်သာ ဖွင့်သည်။
ဌတွာ၊ ရပ်၍။ ဣမံ ဂါထံ၊ ကို။ အဘာသိ၊ ရွတ်ဆိုပြီ။ (ကိံ၊ နည်း။)**သုစိမံသူပသေစနော**။ ။ [သုစိပရိသုဒ္ဓံ + မံသံ သုစိမံသံ၊ ယောဇနာ၊ ] သုစိမံသံ + ဥပသေစနံ ယဿာတိ သုစိမံသူပသေစနော၊ "သုစိမံသံ" ဟု ဝိဂြိုဟ်တွင်း၌ ရှိစေ၊ ဥပသေစနံကို "မိဿိကရဏံ" ဟု ထပ်ဖွင့်သည်၊ သလေးထမင်း၌ အသားများ ရောထားသည် ဟူလို၊ ယခုခေတ် ဒန်ပေါက်ထမင်းမျိုးတည်း၊ ထိုထမင်းထည်း၌ ကရဝေး ဇီယာ မဆလာ စသော ဟင်းမွှေးများ ထည့်ခတ်ထားသည်ကို "နာနပ္ပကာရဝိကတိသမ္ပာဒိတံ" ဟု ဆိုသည်၊ ဇာတ်တော်၌ သုစိံ တစ်ပုဒ်, ဥပသေစနံ တစ်ပုဒ်ဟု ၂ ပုဒ်ခွဲထားသည်၊ "သုစိန္တိ ပဏ္ဍရံ ပရိသုဒ္ဓံ" ဟု ဩဒနံ၏ ဝိသေသနအဖြစ်ဖြင့် ဖွင့်သည်၊ ဤ၌ကား မံသံ၏ ဝိသေသနအဖြစ်ဖြင့် ဖွင့်သည်။
လာဘာစ၊ လာဘ်တို့ကိုလည်း။
လဒ္ဓါ၊ ရအပ်ပါကုန်ပြီ။
တသ္မာ၊ ထို့ကြောင့်။
ဓမ္မေ၊ တရား၌။
ဟုတွာ၊ ဖြစ်၍။
ဝါ၊ ဖြစ်ခြင်းကြောင့်။
န ဝတ္တာမိ၊ မဖြစ်နိုင်ပါ။
ဝါ၊ မကျင့်နိုင်ပါ။
ဓမ္မံ၊ ကို။
အဇာနန္တော၊ နားမလည်သည်။
(ဟုတွာ၊ ၍။)
န ဝတ္တာမိ၊ မကျင့်သည်ကား။
န၊ မဟုတ်ပါ။**န ဌိတော နိသိန္နဿ**။ ။ တရားဟောခြင်းကိစ္စ၌ ရပ်နေသူက ထိုင်နေသူအား မဟောကောင်းသောကြောင့် ရပ်ခြင်း ထိုင်ခြင်း ၂ ပါးတွင် ရပ်ခြင်းက ပို၍ လေးစားသောဣရိယာပုထ်ဟု ထင်ဖွယ်ရှိ၏၊ အမှန်မှာ- ရပ်ခြင်းက ပို၍ လေးစားသော ဣရိယာပုထ်မဟုတ်ပါ၊ ရပ်ခြင်းဣရိယာပုထ်က မသက်သာဘဲ ထိုင်ခြင်းဣရိယာပုထ်က သက်သာသောကြောင့် "သက်သာသော ဣရိယာပုထ်ဖြင့် နေသူအား မသက်သာသော ဣရိယာပုထ်ဖြင့်နေသူက တရား မဟောကောင်း" ဟု ပညတ်တော်မူရပါသည်၊ အရိုအသေ ပြုရာ၌ကား ထိုင်ခြင်းက ရပ်ခြင်းထက် ရိုသေရာ ရောက်ပါသည်။
အာသနေ၊ နေရာ၌။
နိသိန္နော၊ ထိုင်နေသော။
မဟာထေရော၊ သည်။
ပဉှံ၊ ပြဿနာကို။
သစေပိ ပုစ္ဆတိ၊ အကယ်၍မူလည်း မေးအံ့။
(ဧဝံသတိ။)
န ကထေတဗ္ဗံ၊ မဖြေဆိုရာ။
(ပါဠိအဋ္ဌကထာစကားဖြင့် မဖြေဆိုရာ။)**အဋ္ဌကထာ**။ ။ အာစရိယေ ဌိတတေ ပုစ္ဆန္တေ သစေ တေ ဘိက္ခူ နိသီဒန္တိ၊ သတ္ထရိဂါရဝံ ကတံ ဟောတိ၊ အာစရိယေ အဂါရဝံ သစေ ဥဋ္ဌဟန္တိ၊ အာစရိယေ ဂါရဝံ ကတံ ဟောတိ၊ သတ္ထရိ အဂါရဝံ ဆရာက ရပ်, ဘုရားရှင်က ထိုင်နေတော်မူရာဝယ် တပည့်တို့က ထိုင်နေကြလျှင် (ထိုင်ခြင်းတူသော) ဘုရားရှင်ကို ရိုသေရာရောက်၍ ဆရာကို ရိုသေရာမရောက်၊ တပည့်တို့က ရပ်နေကြလျှင် (ရပ်ခြင်းတူသော) ဆရာကို ရိုသေရာ ရောက်၍, ထိုင်တော်မူနေသော ဘုရားရှင်အား မရိုမသေရာ ရောက်သည်၊ [ခန္ဓဝဂ္ဂသံယုတ်, ခဇ္ဇနီယဝဂ်။]
သမဓုရံ၊ ညီမျှသော ထမ်းပိုး ထမ်းနည်းနှင့်တူစွာ။
ဝါ၊ ရင်ပေါင်တန်း။
သစေ ဂစ္ဆန္တိ၊ အကယ်၍ သွားကုန်အံ့။
(ဧဝံသန္တေ။)
(ကထေတုံ၊ ငှာ။)
ဝဋ္ဋတိ၊ အပ်၏။