**အပ္ပတိဿာ** ။ ။ပတိရှေးရှိသော သုဓာတ် အပစ္စည်းဖြင့် ပြီးကြောင်းကို ပြလို၍ “အပ္ပတိဿဝါ” ဟု ဖွင့်သည်၊ “ပတိဿဝနံ ပတိဿဝေါ၊ နတ္ထိ ပတိဿဝေါ ယေသံတိ အပ္ပတိဿဝါ” ဟု ပြု၊ ပတိရှေးရှိသော သိဓာတ် အပစ္စည်းဖြင့် တစ်နည်း-ပြီးပုံကို ပြလိုသော ကြောင့် “အပ္ပတိဿယာဝါ” ဟု တစ်နည်း ဖွင့်သည်၊ “ပတိဿယဏံ + ပတိဿော၊ နတ္ထိ+ ပတိဿောဧတေသန္တိ အပ္ပတိဿာ” ဟု ပြု။ပဌမပဒံ၊ သည်။
ပဒမေဝ၊ ပဒသာ မည်၏။
ဒုတိယံ (ပဒံ)၊ ဒုတိယပဒသည်။
အနုပဒံ၊ မည်၏။
ဣတိ ဧဝံ၊ သို့။
ဧတ္ထ၊ ဤအက္ခရ, အနုဗျဉ္ဇနပဒ, အနုပဒ၌။
နာနာကရဏံ၊ အသီး အခြားပြုတတ်သော အထူးကို။
ဝေဒိတဗ္ဗံ၊ ၏။
ပဒံ ၊ပေ၊ ပစ္ဆာဗျဉ္ဇနံ
။ ရိုးရာအားဖြင့် ဝိဘတျန္တပုဒ်ကို ပဒဟုခေါ်ရိုးရှိသော်လည်း ဤနေရာ၌ ထိုပဒကို မယူဘဲ ဂါထာ၏ ရှေ့ပါဒကို ပဒဟု ယူစေလိုသောကြောင့် “ပဒန္တိ ဧကော ဂါထာပါဒေါ" ဟု မိန့်သည်၊ ပဒအရ ရှေ့ဂါထာပါဒကို ယူပြီးဖြစ်၍ အနုပဒ၌ ပဒအရ ဒုတိယဂါထာပါဒကို ယူရမည်ဟု သိစေလိုသောကြောင့် "အနုပဒန္တိ ဒုတိယပါဒေါ" ဟု မိန့် သည်၊ အနုပဒံ၌ အနုသဒ္ဒါသည် ပစ္ဆာအနက်ဟော၊ အနွက္ခရံ၌ အနုသဒ္ဒါသည် ဝိစ္ဆာအနက် ဟောဟု သိစေလို၍ “အနွက္ခရန္တိ ဧကေကမက္ခရံ” ဟု မိန့်သည်၊ “အက္ခရံ အက္ခရံ အနု အနွက္ခရံ” ဟု ပြု၊ အနုဗျဉ္ဇန၌ ဗျဉ္ဇနသဒ္ဒါသည် ဝိဘတျန္တပုဒ်ဟူသော ဗျဉ္ဇနကို 'ဟော၏၊ အနုသဒ္ဒါကား ပစ္ဆာအနက်ဟောတည်း၊ (ယောဇနာ၌ကား သဒိသအနက်ဟောဟု ဆို၏၊) ထိုနောက်ပုဒ်ဗျည်းဟူသည် ရှေ့ပုဒ်ဗျည်းနှင့် တူသော နောက်ပုဒ်ဗျည်းတည်းဟု သိစေလို၍ “ပုရိမဗျဉ္ဇနေန သဒိသံ ပစ္ဆာဗျဉ္ဇနံ” ဟု ဖွင့်သည်။
ယံကိဉ္စိဝါ၊ ပေ၊ ဝေဒိတဗ္ဗံ ။ ။ပဌမနည်း၌ ပဒ အနုပဒတို့အရ ဂါထာပါဒတို့ကိုသာ ယူထားသောကြောင့်လည်းကောင်း, စုဏ္ဏိယ၌ အချို့ ပဒ အနုပဒတို့ ကျန်နေသောကြောင့် လည်းကောင်း အနုဗျဉ္ဇနအရလည်း ရှေ့ပုဒ်ဗျည်းနှင့် တူသော နောက်ပုဒ်ဗျည်းကိုသာ မယူဘဲ ဂါထာစုဏ္ဏိယ အားလုံးပါဝင်သော နည်းကို ပြလို၍ "ယံကိဉ္စိဝါ” စသည် မိန့်၊ ပု-ရိ-သော ဟူသော ပုဒ်၌ ပုသည် အနွက္ခရ, ဝိဘတျန္တ မဟုတ်သော ပု-ရိဟု ၂ လုံးဖြစ်သောအခါ အနု ဗျဉ္ဇန, ပုရိသောဟု ဝိဘတျန္တဖြစ်သောအခါ ပဒ ဖြစ်၏၊ ပုရိသော ဂစ္ဆတိ၌ ပုရိသောသည် ပဒ, ဂစ္ဆတိသည် အနုပဒ ဖြစ်၏။
**ရန္တိ ၊ပေ၊ ပါစိတ္တိယာ** ။ ။ပါဠိတော်၌ ရူပန္တိနေရာဝယ် ရူတိဟု အချို့ စာရှိ၏၊ ဝါစာသိလိဋ္ဌအကျိုးငှာ နိဂ္ဂဟိတ်လာ၍ “သံယောဂေ ပရေ ရဿတ္တံ” အရ ရူ၌ ရဿပြု၍ “ရုံတိ” ဟု ပါဌ်မှန် ရှိရမည်၊ နိဂ္ဂဟိတ်ကို နပြု၍ ရုန္တိဟုလည်း ရှိ၏၊ ရန္တိ ဩပါတေတီတိ ဧတ္ထ အနုနာသိကော အာဂမဝသေန ဝုတ္တော၊ သံယောဂပုဗ္ဗဿ ရဿတ္တံ ကတန္တိ ဝေဒိတဗ္ဗံ၊ - ဋီကာ၊ ရူပံ အနိစ္စံဟု ဆရာက ပို့ချရာ၌ တပည့်က ရူဟု သံပြိုင်ရွတ်၍ ရပ်နေ၏၊ ဤသို့ဖြစ်လျှင် ဆရာမှာ အက္ခရာအရေအတွက်ဖြင့် ပါစိတ်အာပတ် သင့်၏။သာဝကဘာသိတောတိ၊ ကား။
စတုပရိသပရိယာပန္နေဟိ၊ ပရိသတ် ၄ ပါး၌ အကျုံးဝင်ကုန်သော။
ရူပံ ဘိက္ခဝေ ၊ပေ၊ ဝါစံ နိစ္ဆာရေတိ
။ ။[ဤဝါကျ၌ “ဝါစယမာနော”ဟု ရှိ၏၊ ထေရေနနှင့် အရတူဖြစ်သောကြောင့် ဝါစယမာနေနဟု ရှိရမည်၊ “ဝုစ္စမာနော” နေရာ၌လည်း “ဝုစ္စမာနေ” ဟု အနာဒရိယလက္ခဏ ရှိရမည်။] ဆရာက “ရူပံ ဘိက္ခဝေ အနိစ္စံ, ဝေဒနာ အနိစ္စာ” ဟု နှုတ်ခပ်လေးလေးဖြင့် ပို့ချနေသည်ကို လိုက်၍ ဆိုသော သာမဏေက “ရူပံ ဘိက္ခဝေ အနိစ္စံ” ဟု ဆိုလိုက်လျှင်ပင် "ဝေဒနာ အနိစ္စာ" ကိုပါ လှမ်း၍ မြင်လောက်အောင် လျင်သော ဉာဏ်ရှိရကား “ဝေဒနာ အနိစ္စာ” ဟု အနိစ္စချင်း ဆရာနှင့် သံပြိုင်ရွတ်မိ၏၊ ထိုသို့ရွတ်မိလျှင် ဆရာမှာ ပါစိတ်အာပတ် သင့်၏။
အယံ ပနေတ္ထ သင်္ခေပေါ ။ ။ဤအကျဉ်းမှတ်ချက်ကို ကြည့်၍ ဆရာနှင့် တပည့် သံပြိုင်ရွတ်ရာ၌ တစ်လုံးချင်းဖြစ်စေ, တစ်ပုဒ်ချင်းဖြစ်စေ, တစ်ပါဒချင်းဖြစ်စေ ရှေ့ပုဒ်ဗျည်းနှင့် တူသော နောက်ပုဒ်ဗျည်းဖြစ်စေ သံပြိုင်ရွတ်မိလျှင် အာပတ် သင့်နိုင်၏၊ ရှေးခေတ်က စာအုပ် များ မရှိကြသေး၊ ဆရာက နှုတ်တက်ချပေးရ၏၊ ထို့ကြောင့် ဆရာနှင့် တပည့် သံပြိုင် ရွတ်မိ တတ်၏၊ ယခုခေတ်၌ကား စာအုပ်များ ရှိပြီးဖြစ်၍ ဆရာက ရှေ့က ချပြီးမှ တပည့်က နောက်မှ လိုက်ဆိုလျှင် အာပတ်မှ လွတ်နိုင်၏။
[ပရိသတ် ၄ ပါးကား ဘိက္ခု, ဘိက္ခုနီ, ဥပါသကာ, ဥပါသိကာတို့တည်း။] သာဝကေဟိ၊ သာဝကတို့သည်။ ဘာသိတော၊ ဟောအပ်သော။ အနင်္ဂဏ၊ပေ၊ မဟာဝေဒလ္လာဒိကော၊ အနင်္ဂဏ သုတ်၊ပေ၊ မဟာဝေဒလ္လသုတ် အစရှိသော တရားတော်တည်း။ [အနင်္ဂဏ, သမ္မာ ဒိဋ္ဌိ, မဟာဝေဒလ္လသုတ်တို့ကို အရှင်သာရိပုတ္တရာ ဟောတော်မူသည်၊ အနုမာန သုတ်ကို အရှင်မဟာမောဂ္ဂလ္လာန် ဟောတော်မူသည်။ စူဠဝေဒလ္လသုတ်ကို ဓမ္မဒိန္နာ မည်သော ဘိက္ခုနီ ဟောတော်မူသည်။|**အဋ္ဌကထာနိဿိတော** ။ ။“အတ္ထူပသဉှိတ-အနက်နှင့် စပ်ယှဉ်သော တရား" ဟူသည် ပါဠိတော်၏ အနက်ကို ဖွင့်ပြသော အဋ္ဌကထာတည်း၊ ထို့ကြောင့် “အတ္ထူပသဉှိ တောတိ အဋ္ဌကထာနိဿိတော” ဟု ဖွင့်သည်၊ ပါဠိတော်သည် ပထမသင်္ဂါယနာတင်တုန်းက ပါဠိတော်တည်း၊ ထို့ကြောင့် အဋ္ဌကထာဟူသည်လည်း ပထမသင်္ဂါယနာ တင်တုန်းက မဂဓ ဘာသာဖြင့် ပါဠိတော်ကို ဖွင့်ဆိုသော အဋ္ဌကထာတည်းဟု သိသာ၏၊ သို့သော် ယခုအခါ၌ တွေ့မြင်အပ်သော အဋ္ဌကထာစကားကိုလည်း အဋ္ဌကထာနိဿိတ၌ သွင်းယူရမည်ဟု ဆိုကြ ၏။ [အဋ္ဌကထာနိဿိတောတိ ပုဗ္ဗေ မဂဓဘာသာယ ဝုတ္တံ ဓမ္မသင်္ဂဟာရုဠှံ အဋ္ဌကထံ သန္ဓာယ ဝဒတိ၊ ဣဒါနိပိ “ယထာပိဒီပိကောနာမ, နိလီယိတွာ ဂဏှတေ မိဂေ"တိ ဧဝမာဒိကံ အဋ္ဌကထာဝစနံ ဂဟေတဗ္ဗန္တိ ဝဒန္တိ။]တံ၊ ထိုပဂုဏဂန္ထကို။
ဩပါတေန္တဿ၊ အပြီးအဆုံးသို့ ရောက်စေသော ရဟန်း၏။
ဧဝံ၊ ဤသို့။
ဘဏာဟိ၊ ရွတ်ဆိုလော့။
ဣတိ၊ ဤသို့ပြော၍။
သဒ္ဓိံ
။ ။ ဥဒ္ဒိသာပေန္တိ၌ “ဥ+ဒိသ+ဏာပေ” ဟု ကာရိတ်ပစ္စည်း ဝင်နေ၏၊ ထို့ကြောင့် စာအုပ်မရှိသေးသော ရှေးခေတ်၌ သာမဏေနှင့် ရဟန်းဟူသော တပည့် နှစ်ဦးတို့သည် စာတက်လိုလျှင် ဆရာကို တပည့်များက ရွတ်စေရ ရွတ်ပြပါဘုရားဟု တောင်း ပန်ရ၏၊ ထိုအခါ ဆရာက “တေန ခေါ ပန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ" စသည်ဖြင့် ချွတ်ပြရ၏။ ထိုသို့ရွတ်ပြသော စာကို သာမဏေနှင့် အတူ စာတက်သော ရဟန်း တို့သည် လိုက်၍ ဆိုကြရ၏၊ ထိုသို့လိုက်၍ ဆိုသဖြင့် သာမဏေနှင့် အတူ သံပြိုင်ရွတ်မိသော် လည်း စာတက်ဘက် ရဟန်းမှာ အာပတ် မသင့်၊ ဘာ့ကြောင့်နည်း- ဝါစေယျအရ ပို့ချခြင်း မဟုတ်သောကြောင့်တည်း။
သြပါတေန္တဿ ။ ။ဩပါတေန္တဿကို “ဧဝံ ဘဏာဟီတိ ဧကတောပိ ဘဏန္တ ဿ” ဟု ဖွင့်သည်၊ ထိုအဖွင့်၌ “ဧဝံ ဘဏာဟိ” ဖြင့် မကျေသေးသော အပိုဒ်ကို ထောက်ပေး ကြောင်း သိသာ၏၊ ထို့ကြောင့် မကျေသေးသော အပိုဒ်ကို ထောက်ပေးရင်း သံပြိုင် ရွတ်မိသော်လည်း အာပတ်မသင့်၊ ဧကတောပိ ဘဏန္တဿ၌ ပိကား သမ္ဘာဝနာ၊ သံပြိုင်ရွတ်မိသော်မှ အနာပတ် ဖြစ်သေး၏၊ သံပြိုင် မရွတ်သော် အနာပတ်ဟုပင် ဆိုဖွယ် မလို-ဟူလို။
ဧကတောပိ၊ တစ်ပြိုင်နက်လည်း။ ဘဏန္တဿ၊ ရွတ်ဆိုလတ်သော်။ အနာ ပတ္တိ (ဟောတိ။)**ကရိယသမုဋ္ဌာနတ္တာ** ။ ။“သံပြိုင် မရွတ်ရ” ဟု ပညတ်ထားပါလျက် သာမဏေ နှင့်အတူ ရွတ်ရကား “ငါနှင့် အတူ မဆိုနှင့်” ဟု တားသော်လည်း အတူဆိုမိလျှင် ကိရိယပင် (မပြုထိုက်သော သံပြိုင်ရွတ်မှုကို ပြုခြင်းပင်) ဖြစ်တော့၏၊ “ထို့ကြောင့် မဟာပစ္စရီစကားမျိုး၏ မဟာအဋ္ဌကထာ၌ မရှိခြင်းသည်သာ သင့်မြတ်၏" ဟူလို။