ဒုတိယပါဋိဒေသနီယံ၊
အပသာဒေ ၊ပေ၊ ဒဿနံ။ ။ အပပုဗ္ဗ, သဒဓာတ်, ဏေပစ္စည်းဖြင့် "တားမြစ်" ဟု အနက်ပေးခဲ့၏၊ "ခြိမ်းခြောက် မောင်းမဲ" ဟုလည်း ပေးကြ၏၊ သို့သော် မဟာဝါ, န သမ္မာဝတ္တနာဒိကထာ၌ "ပဏာမေတဗ္ဗောတိ အပသာဒေတဗ္ဗာ" ဟု ဖွင့်သောကြောင့် ပဏာမန (နှင်ထုတ်ခြင်း) အနက်သာ "အပသက္ကတာဝ ဘဂိနိ" စသော နှင်ထုတ်ပုံပြ စကားနှင့်လျော်သည်၊ ထို့ကြောင့် သဒဓာတ်၏ ဂတိအနက်ကို ယူ၍ "အပသာဒေ-ဖဲသွားစေ" ဟု သဒ္ဒတ္ထ, "နှင်ထုတ်" ဟု အဓိပ္ပာယတ္ထသာ သင့်သည်။ ["အပသာဒေတဗ္ဗာကာရ" ၌ အပသာဒနာကာရ ဖဲသွားစေပုံအခြင်းအရာ" ဟု ရှိလျှင် ကောင်း၏။]
ဒေန္တိယာ ပန။ ။ ရှေ့သိက္ခာပုဒ်သည် မိမိပစ္စည်းကို ပေးခြင်းကြောင့် အာပတ်သင့်၏၊ ဤသိက္ခာပုဒ်ကား သူတစ်ပါး ပစ္စည်းကို ပေးစေခြင်းကြောင့် သင့်၏၊ ဤဘိက္ခုနီမသည် သူတစ်ပါးပစ္စည်းကို အပေးမခိုင်းဘဲ ကိုယ်တိုင်ပေးခြင်းကြောင့် ဤသိက္ခာပုဒ်ဖြင့်လည်း အာပတ်မသင့်၊ ရှေ့သိက္ခာပုဒ်ဖြင့်လည်း အာပတ်မသင့်။