**မုနိနော** ။ ။ယော မုနာတိ ၊ပေ၊ ပဝုစ္စတိတိကို ကြည့်၍ မုနဓာတ် ကိယာဒိ နာ ပစ္စည်း, ဓာတွန်ချေ၍ “မုနာတိ”ဟု ဖြစ်၏၊ “မုနာတီတိ မုနိ” ဟု ပြု၊ “မောနံ ဝုစ္စတိ ဉာဏံ" ကို ကြည့်၍ “မောနံ အဿ အတ္တီတိ မောနီ” ဟု ပြု၍ မော၌ ဩကို ဝိပရိတ် ဥပြု, နီ၌ ဤကိုလည်း ဣရဿပြု၍ “မုနိ” ဟု ပြီး၏။
ဧဝရူပဿ၊ သော။
မုနိနော၊ ရဟန္တာပုဂ္ဂိုလ်၏ (သန္တာန်၌။)
သောကာ၊ တို့သည်။
န ဘဝန္တိ၊ မဖြစ်တော့ကုန်။
ဣတိ အယံ၊ ဤဆိုအပ်ပြီးကား။
ဧတ္ထ၊ ဤသောကာ န ပါဌ်၌။
အတ္ထော။စင်္ကမတိပိ တိဋ္ဌတိပီတိ၊ ကား။
တာသံ ဘိက္ခုနီ နံ၊ တို့၏။
ကထံ၊ ကို။
သုတွာ၊ ၍။
ဣမာ ဘိက္ခုနိယော၊ တို့သည်။
မံ၊ ကို။
အယံ၊ ဤအရှင်စူဠပန်သည်။
ဧတ္တကမေဝ၊ ဤမျှလောက်ကိုသာ။
ဇာနာတိ၊ ၏။
ဣတိ၊ သို့။
အဝမညန္တိ၊ အထင်သေးကြကုန်၏။
ဟန္ဒ၊ ကိုင်း။
ဒါနိ၊ ယခုအခါ၌။
(ဒီတစ်ခါ တော့။)
ဧတာသံ၊ ဤဘိက္ခုနီတို့အား။
အတ္တနော၊ ၏။
အာနုဘာဝံ၊ ကို။
ဒဿေမိ၊ ပြလိုက်ရဦးတော့အံ့။
ဣတိ၊ ဤသို့ကြံ၍။
ဓမ္မဗဟုမာနံ၊ တရား၌ များစွာ မြတ်နိုး ခြင်းကို။
ဥပ္ပာဒေတွာ၊ ဖြစ်စေ၍။
[ဤစကားဖြင့် မိမိအပေါ် အထင်သေးမှုကို မခံချင်သောကြောင့် တန်ခိုးပြခြင်း မဟုတ်ဟု သိစေသည်။]
အဘိညာပါဒကံ၊ အဘိဉာဉ်၏အခြေခံဖြစ်သော။
တာဒိနော
။ ။ပဌမနည်းအလို တာဒီကို “သော ဝိယ ဒိဿတီတိ တာဒီ" ဟု ပြု။ ထိုရဟန္တာပုဂ္ဂိုလ်ကဲ့သို့ ရှူအပ်သော ပုဂ္ဂိုလ်အထဝါတက်သော ဒုတိယနည်းအလို “တံ ဝိယ ပဿတီတိ ကာဒီ” ဟု ပြု။ ထိုအနိဋ္ဌကို ဣဋ္ဌကိုကဲ့သို့, ထိုဣဋ္ဌကို အနိဋ္ဌကိုကဲ့သို့ ရတတ်သော ရဟန္တာပုဂ္ဂိုလ်။.
အန္တလိက္ခသင်္ခါတေ အာကာသေ ။ ။“အန္တရေန- အထက်မိုးနှင့် မြေကြီး၏ အကြား၏ အဖြစ်ဖြင့် + ဣက္ခိယတေ- ရှုအပ်၏၊ ဣတိ အန္တရိက္ခံ" ဟု ဆိုလိုလျက် ရကို လပြု၍ အန္တ လိက္ခံဟု ဖြစ်သည်၊ အဘိဓာန်၌ “အန္တလိက္ခံ” ဟု နပုံလိန်ရှိသည်၊ “အန္တလိက္ခသင်္ခါတေ ဟူသော ဤဝိသေသနဖြင့် ကသိါဋိမာကာသကိုလည်းကောင်း, ကလာပပရိစ္ဆေဒရုပ်ဖြစ် သော အာကာသဓာတ်ကိုလည်းကောင်း တားမြစ်သည်ဟု ပြလို၍ “န ကသိဏုဂ္ဃါဋိမေ န ပန ရူပပရိစ္ဆေဒေ"ဟု အဋ္ဌကထာ ထည့်သည်။ [ဤအာကာသ ၄ ပါးရှိကြောင်းနှင့် ထို ၄ ပါး အကျယ်ကို သင်္ဂြိုဟ်ဘာသာဋီကာ ပရိစ္ဆေဒရုပ်အဖွင့်မှာ ကြည့်ပါ။] န ကဿတိ- မရေးခြစ်အပ် (ရေးခြစ်လို့ မရ၊) ဣတိ အကာသော၊ အကာသောယေဝ + အာကာသော။ သွတ္ထ၌ ဏပစ္စည်း သက်။
စတုတ္ထဇ္ဈာနံ၊ ကို။ သမာပဇ္ဇိတွာ၊ ဝင်စားပြီး၍။ ဝုဋ္ဌာယ၊ စတုတ္ထဈာန်မှ ထ၍။ အန္တလိက္ခေ၊ ဆီးတားမထင်, ကြားအပင်၏ အဖြစ်ဖြင့် ရှုမြင်အပ်သည်ဟု ဆိုအပ်သော။ ဣတိ၊ သို့။ ဧဝရူပံ၊ သော။ ဣဒ္ဓိပါဋိဟာရိယံ၊ တန်ခိုးပြာဋိဟာကို။ ဒဿေသိ၊ ပြပြီ။ပဒ္မံ၊ ပေ၊ အန္တလိက္ခေတိ၊ ဟူသော။ ဣမံ ဂါထံ၊ ဤ ဂါထာကို။ ဥဒ္ဒိသာပေတွာ၊ ရွတ်ပြစေ၍။ ဝါ၊ သင်ယူ၍။ စတ္တာရောမာသေ၊ ၄ လ တို့ပတ်လုံး။ သဇ္ဈယိ၊ သရဇ္ဈာယ်ပြီ။ “စာကျက်သလို ကျေအောင် အံနေသည်” ဟူလို။ [စာအုပ် မရှိသေးသော ရှေးခေတ်၌ စာချဆရာက ရွတ်ပြပေး၍, တပည့်က လိုက်၍ ဆိုသည်ကို “သင်ယူ” ဟု ခေါ်သည်။]
ဂါထာအနက် ။ ။ ပါတော၊ နံနက်စောစော၌။ သုဂန္ဓံ၊ ကောင်းသောအနံ့ ရှိသော။ ကောကနဒံ၊ စက္က၀က်ငှက်တို့ကို တွန်မြူးစေတတ်သည်၏ အဖြစ်ကြောင့် ကောကနမည်သော။ ပဒ္ဓံ (ပဒုမံ)၊ အထပ်တစ်ရာ, ချပ်လွှာတင့်ဆန်း, ပဒုမ္မာကြာနီ ပန်းသည်။ ဖုလ္လံ၊ ကားကားစွင့်စွင့် ပွင့်သည်။ အဝီတဂန္ဓံ၊ မကင်းသော ရနံ့ရှိသည်။ (ဟုတွာ၊ ၍။) ဝိရောစမာနံ၊ တင့်တယ်သည်။ (သိယာ) ယထာ၊ ဖြစ်ရာသကဲ့သို့။ (တထာ၊ တူ။) သုဂန္ဓံ၊ ကိုယ်တော်ရနံ့, ဂုဏ်ရနံ့တို့ဖြင့်, သင်းပျံ့မွှေးထုံ, အနံ့ပေါင်း စုံတော်မူသော။ အန္တလိက္ခေ၊ ဆီးတားမထင်, ကြားအပင်၏ အဖြစ်ဖြင့် ရှုမြင် အပ်သော ကောင်းကင်၌။ တပ္ပန္တံ (တပန္တံ)= တောက်ပသော။ အာဒိစ္စံ ဣဝ၊ နေမင်း ကဲ့သို့။ အင်္ဂီရသံ၊ ကိုယ်အင်္ဂါတော် အစိတ်စိတ်မှ တဖိတ်ဖိတ်ထွက်သော အရောင် ရှိတော်မူသော။ (သမ္မာသမ္ဗုဒ္ဓံ၊ ကို။) ပဿ၊ ဉာဏ်စက္ခုဖြင့်, စေ့ငုထင်ထင်, ဖူးမြင် စမ်းပါလော။ [ကောကန် စကြဝါကန် နဒတိ နာဒယတီတိ ကောကနဒေါ၊- ထောမ နိဓိ။]
**ပိလောတိကခဏ္ဍံ ဒတွာ** ။ ။ရှင်စူဠပန်သည် ရှေးရှင်ဘုရင်ဘဝတုန်းက မြို့တော်ကို လက်ယာရစ် လှည့်လည်စဉ် နဖူးမှ ကျလာသော ချွေးကို စင်ကြယ်သော ပုဝါကလေးဖြင့် သုတ်လိုက်ပြီ၊ ထိုအခါ ညစ်နွမ်းသွားသော ပုဝါကလေးကို ကြည့်၍ “ဤမျှလောက် ဖြူစင်သော ပုဝါကလေးသည် ဤကိုယ်ကို အကြောင်းပြု၍ ညစ်နွမ်းရပေသည်တကား" ဟု အနိစ္စသညာနှင့် အသုဘသညာ ဖြစ်လေသည်၊ ထိုစဉ်က သံဝေဂဉာဏ်သည် ဓာတ်ခံအဖြစ်ဖြင့် ပါလာသော ကြောင့် ဘုရားရှင်သည် ထိုဉာဏ်ကို ထပ်မံဖော်ထုတ်ဖို့ရန် ပုဝါဖြူကလေးကို ဖန်ဆင်းတော်မူ၍ “ဤပုဝါကလေးကို ဆုပ်နယ်ရင်း ရဇောဟရဏံ ရဇောဟရဏံဟု အဖန်ဖန် ရွတ်ဆိုလော” ဟု မိန့်တော်သည်၊ [ရဇံ-မြူမှုန်ကို+ဟရတိ-ပယ်ရှားတတ်၏၊ ဣတိ ရဇောဟရဏံ။]
အဘာသိ၊ ဟောတော်မူပြီ။