**ဟတ္ထိကုစ္ဆိယံ ပေ၊ ခနိံသု** ။ ။ဟတ္ထိကဋ္ဌိအရပ်ဝယ် တစ်တောင်းစာလောက် မြေကို ယူ၍ ရေစကျင်းထည်း၌ ရေဆေးကြည့်သောအခါ မြေမှုန်တွေက ရေထည်း၌ မျော သွား၍ ကျောက်စရစ်တွေသာ ကျန်သည်၊ ထိုကျန်သော ကျောက်စရစ်တွေသည် မျောသွား သော မြေထက် များသောကြောင့် ယေဘုယျေန သက္ခရပထဝီဖြစ်ကြောင်း သိသာ၏၊ ထို့ ကြောင့် အဇာတပထဝီတွင် ပါဝင်ရကား ထိုဟတ္ထိကုစ္ဆိအရပ်၌ ရဟန်းများ ကိုယ်တိုင် ရေကန် တူးကြသတတ်၊ ဤဝတ္ထုကို ထောက်၍ "ယခုကာလ ကျောက်တောင်များကိုလည်း ကိုယ်တိုင် တူးနိုင်သည်” ဟု မှတ်ပါ။
ယေဘုယျေန ပါသာဏာဒိ ပဉ္စကမေဝ၊ ယေဘုယျေန ပါသာဏ အစရှိသော ၅ ပါး အပေါင်းသို့သာ။
ပဝိသန္တိ၊ ဝင်ကုန်၏။
ဟိ၊ မှန်။
ဧတံ၊ ဤယေဘုယျေန ပါသာဏ အစရှိသော ၅ ပါး အပေါင်းသည်။
ဒွိန္နံ၊ အပ္ပပံသု အပ္ပမတ္တိကအားဖြင့် ၂ ပါးကုန် သော။
တေသံယေဝ၊ ထိုပုဒ်တို့၏သာ။
ပဘေဒဒဿနံ၊ အထူးအပြားကို ပြကြောင်း ဖြစ်သော ၅ ပါး အပေါင်းတည်း။
[အပ္ပဂံသုဆိုလျှင် ယေဘုယျေန ပါသာဏသော် လည်း ဖြစ်, ယေဘုယျေန သက္ခရသော်လည်း ဖြစ်, ယေဘုယျေန ကထလသော် လည်း ဖြစ်, ယေဘုယျေန မရုမ္ဗသော်လည်း ဖြစ်, ယေဘုယျေန ဝါလိကာသော် လည်း ဖြစ်ရမည်။ အပ္ပမတ္တိကာဟူသည်လည်း ထို ၅ ပါးထည်းက တစ်မျိုးမျိုးပင် ဖြစ်မည်-ဟူလို။]ပန၊ ဆက်။
(ဂေါကဏ္ဍကော၊ နွားခွာဖြင့် ဖြတ်အပ် သော ဆူးသည်။)
ဟေဋ္ဌိမတလေန၊ အောက်အပြင်အားဖြင့်။
ဘူမိသမ္ဗန္ဓော၊ မြေ ကြီးနှင့် ဆက်စပ်နေသည်။
သစေ ဟောတိ၊ အံ့။
(ဧဝံသတိ။)
ဧကဒိဝသမ္ပိ၊ တစ်ရက် မျှရှိသော ဂေါကဏ္ဍကကိုလည်း။
(ဝိကောပေတုံ။)
န ဝဋ္ဋတိ။
[ဧကဒိဝသမြို့၌ ပိဖြင့်ဩမကစာတုမာသကို သမ္ဘာဝနာပြု။ လေးလအောက် ယုတ်လျော့သည်ကို မဆို ထားဘိ။ တစ်ရက်မျှရှိသေးသော ဂေါကဏ္ဍကကိုတောင် မဖျက်ဆီးကောင်း-ဟူလို။]
အကတပဗ္ဘာရေ
။ ။မည်သူမျှ မသုံးစွဲဘဲ ပစ်ထားအပ်သော တောင်ဝှမ်းကို အကတ ပဗ္ဘာရဟု ခေါ်သည်၊ သုံးစွဲဖို့ရန် တံမြက်လှည်းခြင်း စသည် မပြုအပ်သောကြောင့် “အကတ” ဟု ဝိသေသနပြုထားသည်၊ ထိုတောင်ဝှမ်းမျိုး၌ တောင်ပို့ ပေါက်တတ်သောကြောင့် “အကတ ပဗ္ဘာရ” ကို ညွှန်ပြထားသည်၊ အမှန်အားဖြင့်ကား မည်သို့သော တောင်ဝှမ်း တောင်ခေါင်း၌ မဆို တောင်ပို့ပေါက်လျှင် မိုးမစွပ်အပ်သောကြောင့် ဖျက်ဆီးကောင်းပါ၏။
ဂေါကဏ္ဍက ။ ။နွားခွာဖြင့် နင်း၍ အပေါ်သို့ တက်လာသော ညွန်သည် ဆူး ကဲ့သို့ စူးတတ်သောကြောင့် “ဂေါကဏ္ဍက” မည်၏၊ ထိုဂေါကဏ္ဍကသည် ၂ မျိုးရှိ၏၊ နင်းလိုက် သောအခါ အောက်မြေနှင့် မဆက်မစပ် ပြတ်ထွက်သွားသော ခပ်မာမာ ညွန်တစ်မျိုး ပြတ်ထွက် မသွားဘဲ အောက်ကမြေနှင့် ဆက်စပ်နေသော ညွန်တစ်မျိုးတည်းထိုတွင် မြေနှင့် စပ်နေသော ဂေါကဏ္ဍကကို မဖျက်ဆီးကောင်း။
ဧကဒိဝသံပိ ။ ။"သြဝဋ္ဌ ဧကဒိဝသာတိက္ကန္တောပိ-မိုးစွပ်အပ်ပြီး၍ တစ်ရက်လွန်မျှ ဖြစ်သော ညွန်ကိုလည်း" ဟု ဖွင့်၏၊ မိမိကား “နွားခွာဖြင့် ဖြတ်ပြီးနောက် တစ်ရက်ရှိသော် လည်း” ဟု ဆိုလိုမည် ထင်သည်၊ မူလဇာတပထဝီနှင့် အဆက်မပြတ်သောကြောင့် လုံးလုံး မဖျက်ကောင်းဟု ဆိုလိုသည်အချို့ကား အပေါ်ပိုင်းမှာ ဇာတပထဝီ မဟုတ်သောကြောင့် ဖြတ်၍ ယူကောင်း၏ဟု ဆိုကြသေးသတတ်၊-ဋီကာ။
**အတိရေကစာတုမာသသြ၀ဋ္ဌံ** ။ ။ဤပုဒ်၌ အတိရေကစာတုမာသံဟု ဩဝဋ္ဌံနှင့် သမာသ် မတွဲဘဲ စာအုပ်များ၌ ရှိ၏၊ မိမိကား-မာသဇာတောပုဒ်ကဲ့သို့ “အတိရေကစာတုမာသံ+ ဩဝဋ္ဌဿ + ယဿာတိ အတိရေကစာတုမာသဩဝဋ္ဌံ” ဟု သမာသ်ရှိသင့်မည် ထင်သည်၊ မိုးစွပ်အပ်ပြီး၍ လေးလထက် ပိုလွန်သော ကာလရှိသော ကျောင်းဟောင်း-ဟူလို၊ ရှေ့ “ဩမက စာတုမာသံ ဩဝဋ္ဌောယေဝ” ၌လည်း “ဩမကစာတုမာသဩဝဋ္ဌာယေဝ” ဟု သမာသ်ပင် ရှိစေလိုသည်။
တိန္တော၊ မိုးစွပ်အပ်သည်။
သစေ (ဟောတိ)၊ အံ့။
(ဧဝံသတိ။)
စာတုမာသစ္စယေန၊ ၌။
ဇာတပထဝီယေဝ၊ ပင်တည်း။စ၊ ဆက်။
ဒဍ္ဎပထဝိယာ၊ မီးလောင် အပ်ပြီးသော မြေ၏။
ယတ္တကံ ဌာနံ၊ အကြင်မျှလောက်သော အရပ်ကို။
ဥသုမာယ၊ မီး၏ အငွေ့သည်။ (မီး၏ အရှိန်သည်။)
အဝိသယတ္တာ အနာပတ္တိ
။ ။သုက္ခခါဏု စသည်တို့က မြေပေါ်မှာ အတော်ရှည်လျားသည်ဖြစ်၍ အထက်ပိုင်းကိုသာ ရှိပြီးလျှင် မြေကြီးသို့ မရောက်မီ ငြိမ်းအံ့ဟု ကြံ၍ မီးရှို့ခြင်းငှာ အပ်၏၊ ရှို့ရင်း ရှို့ရင်း မီးက အားကောင်းလာသဖြင့် မြေကြီး မရောက်မီ ငြိမ်း ခြင်းငှာ မစွမ်းနိုင်လျှင်လည်း အဝိသယဖြစ်သောကြောင့် (တတ်နိုင်သော အရာ မဟုတ်သော ကြောင့်) အနာပတ်တည်း။
ဋီကာ ။ ။ဋီကာ၌ “နဂိုက မြေကြီး မရောက်မီ ငြိမ်းအံ့”ဟု သုဒ္ဓစိတ်ဖြင့် မီးရှို့လျှင် နောင်အခါ ငြိမ်းနိုင်စေကာမူ မငြိမ်းတော့ဘဲ မြေကြီးပါလောင်ချင် လောင်ပစေတော့ဟု သဘောထားသော်လည်း အနာပတ်ဟုပင် ဆို၏၊ ထိုအဆိုသည် သင့်သည်သာ၊ ဘာ့ကြောင့် နည်း- မီးရှို့မှု ကာယပယောဂပြုစဉ်က သုဒ္ဓစိတ်ဖြစ်သောကြောင့်တည်း၊ လောင်ချင် လောင် ပစေတော့ဟု နောက်မှဖြစ်သော စိတ်မှာ ကာယပာဂ ဝစီပယောဂ မဖက် စိတ်သက်သက် သာ ဖြစ်၏၊ ထို့ကြောင့် “မနောဒွါရေ အနာပတ္တိ” အရ အနာပတ်ဖြစ်နိုင်သည်။
အနုဂတံ၊ အစဉ်လိုက်အပ်ပြီ။ သဗ္ဗံ၊ အလုံးစုံ သော ထိုအရပ်ကို။ ဝိကောပေတုံ ဝဋ္ဋတိ။ ဣတိ၊ သို့။ တတ္ထေဝ၊ ထိုမဟာပစ္စရီ အဋ္ဌကထာ၌ပင်။ ဝုတ္တံ၊ ပြီ။**အာဝါဋံ ဇာန စသည်** ။ ။တွင်းတူးလိုလျှင် “တွင်းတူးလော” ဟု မခိုင်းရ၊ “တွင်း ကို သိလော, တိုင်စိုက်ဖို့ရာ တွင်း အလိုရှိ၏။ တွင်းကို ကပ္ပိစမ်း" ဟု ခိုင်းရမည်၊ ထုသ မတ္တိကာဟူသည် ဖွဲတို့ဖြင့် ရော၍ နယ်အပ်သော မြေညက်တည်း၊ ထိုကဲ့သို့ မြေညက်လုပ်ဖို့ရာ မြေတူးခိုင်းခြင်းကို “ထုသမတ္တိကံ ဇာန” ဟု ဆိုသည်၊ ဤ၌လည်း “သိလော, ကပ္ပိလော, ဆောင်ယူခဲ့လော” ဟု ခိုင်းရမည်။