**ဋီကာ** ။ ။ရုက္ခဋ္ဌကဒိဗ္ဗဝိမာနေဟိ စ သာခဋ္ဌကဝိမာနံ သန္ဓာယ ဝုတ္တံ၊ ရုက္ခဿ ဥပရိ နိဗ္ဗတ္တံ ဟိ ဝိမာနံ ရုက္ခပဋိဗဒ္ဓတ္တာ “ရုက္ခဋ္ဌကဝိမာန”န္တိ ဝုစ္စတိ၊ သာခဋ္ဌကဝိမာနံ ပန သဗ္ဗသာခါ သန္နိဿိတံ ဟုတွာ တိဋ္ဌတိ၊ တတ္ထ ယံ ရုက္ခဋ္ဌကဝိမာနံ ဟောတိ၊ တံ ယာဝ ရုက္ခဿ မူလမတ္တမ္ပိ တိဋ္ဌတိ၊ တာဝ န နဿတိ၊ သာခဋ္ဌကဝိမာနံ ပန သာခါသု ဘိဇ္ဇမာနာသု တတ္ထ တတ္ထေဝ ဘိဇ္ဇိတွာ သဗ္ဗသာခါသု ဘိန္နာသု သဗ္ဗံ ဘိဇ္ဇတိ၊ ဣဒမ္ပိစ ဝိမာနံ သာခဋ္ဌကံ၊ တသ္မာ ရုက္ခေ ဆိန္နေ တံ ဝိမာနံ သဗ္ဗသော ဝိနဋ္ဌံ၊ တေနေဝ သာ ဒေဝတာ ဘဂဝတော သန္တိကာ လဒ္ဓေ အညသ္မိံ ဝိမာနေ ဝသိ၊ ဗာဟု ထနမူလေယေဝ ဆိန္ဒီတိ အံသေန သဒ္ဓိံ ဗာဟံ ဆိန္ဒိ၊ ဣမိနာစ (ဤစကားဖြင့်လည်း) ရုက္ခဒေဝတာနံ ဂတ္တာနိ ဆိဇ္ဇန္တိ၊ (ရုက္ခဇိုဝ်းတို့၏ ခန္ဓာကိုယ်တို့ကို ခုတ်ဖြတ်အပ် ခုတ်ဖြတ်နိုင်ကုန်၏၊) န စာတုမဟာရာဇိကာဒီနံ ဝိယ အစ္ဆေဇ္ဇာနီတိ ဒဋ္ဌဗ္ဗံ။
မနောပဒေါသဿ၊ စိတ်၏ ပျက်စီးခြင်းကို။
(ဒေါသကို။)
အကရဏံ၊ မပြုခြင်းတည်း။
[ရုက္ခဿ- သစ်ပင်၏ + ဓမ္မော- သဘောတည်း၊ ရုက္ခဓမ္မော- သဘော၊ တစ်စုံတစ် ယောက်က ဖြတ်သောအခါ သစ်ပင်သည် စိတ်မဆိုးသကဲ့သို့ စိတ်မဆိုးခြင်း သဘော။]**မဟေသက္ခ, အပ္ပေသက္ခ** ။ ။ဤသတိ-အစိုးရ၏၊ ဣတိ ဤသော၊ မဟန္တော + ဤသော မဟေသော၊ (အစိုးရသူအကြီးစား၊) မဟေသော ဣတိ + အက္ခာယတိတိ မဟေ သက္ခာ (ဒေဝတာ) ကြီးသော အစိုးရသူဟု ဆိုအပ်သော နတ်၊ “အပ္ပော + ဤသော အပ္ပေ သော” စသည်ပြု။ နိဿယအနက်မှာ အများသုံး အဓိပ္ပာယ်နက်သာ ဖြစ်သည်။ဧတံ၊ ဤဗီဇဇာတာနိဟူသော သဒ္ဒါသည်။
ရုက္ခာဒီနံ၊ တို့ကို။
အဓိဝစနံ၊ ဟောသော သဒ္ဒါတည်း။
ဧဝံသန္တေပိ ၊ပေ၊ ဝေဒိတဗ္ဗာ
။ ။ရှေးအဌကထာတို့က “ပဉ္စဗီဇဇာတာနိ” အရမျိုးစေ့ကို ရအောင် ဖွင့်ကြသော်လည်း ထိုအဖွင့်စကားသည် “ယာနိဝါ ပနညာနိပိ” စသော မညီ၊ ပါဠိတော်၌ “မူလေ ဇာယန္တိ” အရ မျိုးစေ့ကို မရဘဲ အမြစ်ပေါ်၌ ပေါက် ပါဠိတော်နှင့် သော သစ်ပင်ကိုသာ ရသောကြောင့်လည်းကောင်း, ဗီဇဇာတာနိ၌လည်း ဇာယန္တိကဲ့သို့ ဇန ဓာတ်ဖြင့် ဆိုထားသောကြောင့်လည်းကောင်း ထိုရှေးအဋ္ဌကထာတို့၏ စကားသည် ပါဠိတော်နှင့် မညီ-ဟူလို။
မှတ်ချက် ။ ။စာအုပ်တို့၌ “အာဒီနိ န သမေန္တိ" ဟု တွေ့ရ၏၊ ထိုအတိုင်းဆိုလျှင် “ပါဠိတော်စကားတို့က အဋ္ဌကထာစကားနှင့် မညီကြ” ဟု အဓိပ္ပာယ်ရ၍ ပါဠိတော်ကို အပြစ် တင်ရာရောက်သည်၊ အမှန်ကား - “အဋ္ဌကထာစကားက ပါဠိတော်နှင့် မညီ" ဟု ရှေးအဋ္ဌ ကထာကိုသာ အပြစ်တင်လိုရင်း ဖြစ်သည်၊ ထို့ကြောင့် “အာဒိနာ န သမေတိ" ဟု ပါဠိရှိစေ ရမည်၊ န သမေတိ၏ ကတ္တားကို “တံ ဝစနံ” ဟု ထည့်ပါ။
နိဒ္ဒေ သေ၊ ၌။
(မူလဗီဇံနာမ ဟလိဒ္ဒိ, သိင်္ဂိဝေရံ စသော နိဒ္ဒေသ၌။)
ယာနိ ။
ပေ။
သဉ္ဇာ ယန္တီတိ ဧတ္ထ၊ ဟူသော ဤပါဠိရပ်၌။
ဗီဇတော၊ ကြောင့်။
နိဗ္ဗတ္တေန၊ ဖြစ်သောသစ်ပင်ဖြင့်။ာ
အပရော နယော
။ ။ပဌမနည်း၌ “ဗီဇေဟိ + ဇာတာနိ ဗီဇဇာတာနိ” ဟု တပ္ပုရိသ်သမာသ်ပြုသောအခါ ချင်းစသော သစ်ပင်များကို မရသောကြောင့် “အပရော နယော” ဟု တစ်နည်း တက်ရပြန်သည်၊ ဤနည်း၌ကား “ဗီဇာနိစ + တာနိ + ဝိဇာတာနိ စာတိ ဗီဇဇာတာနိ” ဟု ကမ္မဓာရည်းသမာသ်ပြုသောကြောင့် ချင်းစသော သစ်ပင်များကို သိမ်းယူနိုင်သည်၊ မှန်၏-ချင်းတက်သည် အပင်ပေါက်ဖို့ရာ မျိုးစေ့လည်း ဟုတ်၏။ အရွက် အမြစ် ထွက်သောအခါ အပင်လည်း ဟုတ်၏။
ဆက်ဦးအံ့ ။ ။ဗီဇဇာတာနိ၌ ဇာတဝယ် ဝိသဒ္ဒါ ကျေနေသည်ဟု ပြလိုသော ကြောင့် “တာနိ ဝိဇာတာနိ" ဟု ဝိဂြိုဟ်ပြုသည်၊ ဝိဇာတသဒ္ဒါ၏ သားသမီး ပေါက်ဖွားခြင်း အနက်ကို သိစေလိုသောကြောင့် “ပသုတာနိ” ဟု ဖွင့်သည်၊ ထိုပသုတာနိအရ (သက်ရှိများ၏ မွေးခြင်းအနက်ကို ယူမည်စိုး၍) “နိဗ္ဗတ္တပဏ္ဏမူလာနိ" ဟု ထပ်၍ ဖွင့်သည်၊ ယောဇနာ၌ “ဧတေနာတိ ဗီဇတောတိ အာဒိနာ” ဟုအဖွင့် တွေ့ရ၏၊ ပါဌ်ပျက်ဟန် တူသည်။
ဗီစတော ၊ပေ၊ ဒဿိတံ ။ ။မူလဗီဇံနာမ ဟလိဒ္ဒိ, သိင်္ဂီဝေရံ စသည်ဖြင့် မျိုးစေ့ကို စ၍ တည်ခဲ့၏၊ အတ္ထိ မူလေ ဇာယန္တိ စသော ယာနိဝါ ပန စကား၌ကား အမြစ်၌ ပေါက်သော သစ်ပင်ကို ရနေ၏၊ ဤသို့မူလ စတည်သော စကားနှင့် ယာနိ ပါ ပနုညာနိပိ စသော စကားသည် ရှေ့နောက် မညီသကဲ့သို့ ရှိ၏၊ ထို့ကြောင့် ရှေ့နောက်ညီအောင် မျိုးစေ့ကြောင့် ဖြစ်သော အကျိုးသစ်ပင်ဖြင့် အကြောင်းမျိုးစေ့ကို ဖလူပစာရနည်းအရ ပြထားသည်-ဟူသော အနက်ကို မှတ်ပါ-ဟူလို။ [ဗီဇတော နိဗ္ဗတ္တေန ဗီဇံ ဒဿိတန္တိ ကာရိယောပစာရေန ကာရဏံ ဒဿိတန္တိ ဒီပေတိ၊-(ဋီကာ၊) ယောဇနာ၌ကား “ကာရဏူပစာရံ ဒီပေတိ" ဟု တွေ့ရ၏၊ စဉ်းစားပါ။]
ဗီဇံ၊ ကို။ ဒဿိတံ၊ ပြီ။ တသ္မာ၊ ကြောင့်။ ဧဝံ၊ ဤဆိုအပ်လတံ့သော နည်းဖြင့်။ ဧတ္ထ၊ ဤယာနိဝါ ပနညာနိပိ အစရှိသော ပါဠိရပ်၌။ အတ္တော ဒဋ္ဌဗ္ဗော။ ဝါပန၊ သည်သာ မကသေး။ အညာနိပိ၊ အခြားလည်း ဖြစ်ကုန်သော။ ယာနိ ဂစ္ဆဝလ္လိ ရုက္ခာဒီနိ၊ အကြင်ချုံနွယ်သစ်ပင် အစရှိသည်တို့သည်။ အတ္ထိ၊ ရှိကုန်၏။ တာနိ ဂစ္ဆ ဝလ္လိရုက္ခာဒီနိ၊ တို့သည်။ အာလုဝ၊ ပြိန်းပင်။ ကသေရု၊ ဝက်မြေအုပင်။ ကမလုပ္ပလ၊ ကြာနီကြာညို။ ပုဏ္ဍရိက၊ ကြာပုဏ္ဍရိုက်။ ကုဝလယ၊ ကြာဖြူပင်။ ကုန္ဒ၊ သင်းခွေပင်။ ပါဋလိမူလာဒိဘေဒေ၊ သခွတ်ပင် အမြစ် အစရှိသော အပြားရှိသော။ မူလေ၊ အမြစ်၌။ ဇာယန္တိ၊ ပေါက်ကုန်၏။ သဉ္ဇာယန္တိ၊ ကောင်းစွာ ဖြစ်ထွန်းကြီးပွားကုန်၏။ တာနိ (ဂစ္ဆဝလ္လိရုက္ခာဒီနိ)၊ တို့သည်။ ယမှိ မူလေ၊ အကြင်အမြစ်၌။ ဇာယန္တိ စေဝ၊ ပေါက်လည်း ပေါက်ကုန်၏။ သဉ္ဇာယန္တိစ၊ ကောင်းစွာလည်း ဖြစ်ထွန်းကြီးပွားကုန်၏။ တံစ မူလံ၊ ထိုပြိန်းပင် အစရှိသည်တို့၏ အမြစ်သည်လည်းကောင်း။ ပါဠိယံ၊ ၌။ ဝုတ္တံ၊ တိုက်ရိုက် ဟောတော်မူအပ်သော။ ဟလိဒ္ဒါဒိစ၊ နနွင်း အစရှိသည်သည်လည်း ကောင်း။ သဗ္ဗမ္ပိ၊ အလုံးစုံလည်း ဖြစ်သော။ ဧတံ၊ ဤအမြစ်သည်။ မူလဗီဇံနာမ၊ မည်၏။ ဝါ၊ အမြစ်ဟူသော မျိုးစေ့မည်၏။ (ဣတိ အတ္ထော ဒဋ္ဌဗ္ဗော) ။ပန၊ ဆက်။
ဧတ္ထ (ဧတေသု ခန္ဓဗီဇာဒီသု)၊ ဤခန္ဓဗီဇ အစရှိသည်တို့တွင်။
ယေဝါ ပနက ခန္ဓဗီဇာဒီသု၊ ယေဝါ ပနကသဒ္ဒါဖြင့် ဟောအပ်ကုန်သော ခန္ဓဗီဇ အစရှိသည်တို့တွင်။
အမ္ဗာဋက၊ အိမ်ဂွေး။
ဣန္ဓသာလ၊ နပဲ။
နုဟီ၊ ရှားစောင်းကြီး။
ယာနိဝါ ပေ၊ သဉ္စာယန္တိ
။ ယာနိဝါ ပနညာနိပိသည် အတ္ထိ၌ အဆုံးသတ်၏၊ ထို့ကြောင့် ဇာယန္တိ သဉ္ဇာယန္တိတို့၏ ကတ္တားကို တာနိဟု ထည့်၍ “ဂစ္ဆဝလ္လိရုက္ခာဒီနိ”နှင့် တွဲပေးရသည်၊ ဇာယန္တိအရ ပဌမပေါက်ဖွားခြင်းကို ယူ၍ သဉ္ဇာယန္တိအရ ကောင်းစွာ ဖြစ်ထွန်း ကြီးပွားခြင်းကို ယူပါ၊ ထိုသို့ အရကွဲအောင် ယူမှ “ဇာယန္တိစေ၀ သဉ္ဇာယန္တိ" ဟု စေ၀သဒ္ဒါ စသဒ္ဒါပါသော အဋ္ဌကထာနှင့် ညီမည်။
ယေဝါပနက ၊ပေ၊ ပနေတ္ထ ။ ။ယေဝါပနေနု + ကီယန္တိ ကထီယန္တိတိ ယေဝါပန ကာ-ယေဝါပနသဒ္ဒါဖြင့် ဟောအပ်ကုန်သော ခန္ဓဗီဇ စသည်တို့၊ ပါဠိတော်၌ ယာနိဝါ ပနုညာနိဟု ရှိသော်လည်း ယေဝါပနကနာမည်က ထင်ရှားနေသောကြောင့် “ယေဝါပနက" ဟု ဆိုသည်၊ ပနေတ္ထ၌ ဧတ္ထကား ခန္ဓဗီဇာဒီသုကို ပြန်၍စွဲသော နိဒ္ဓါရဏသမုဒါယတည်း၊ ထိုအနက် ထည်း၌ ယေဝါပနက ဟုတ် မဟုတ်သော ဗီဇအားလုံး ပါဝင်သည်၊ ထို့ကြောင့် ထိုဗီဇအားလုံးမှယေဝါပနက ဗီဇတို့ကို ထုတ်ပြလို၍ “ယေဝါပနက ခန္ဓဗီဇာဒီသု” ဟု မိန့်သည်၊ ထိုယေဝါ ကနက ခန္ဓဗီဇာဒိအရ၌ “ယေဝါပနက ခန္ဓဗီဇ, ယေဝါပနက ဖဠုဗီဇ, ယေဝါပနက အဂ္ဂဗီဇ, ယေဝါပနက ဗီဇဗီဇ” တို့သာ ပါဝင်သည်၊ ထို့ကြောင့် ထိုခန္ဓဗီဇ စသည်ကို အစိတ်အစိတ် ထုတ်ပြလတံ့၊ ဤအဓိပ္ပာယ်အတိုင်းဆိုလျှင် “ယေဝါပနက ခန္ဓဗီဇာဒီသု” ဟု ရှိရမည်၊ ယခု စာအုပ်တို့၌ကား “ယေဝါပနက ခန္ဓဗီဇေသု” ဟု ရှိ၏၊ စဉ်းစားကြပါလေ။
ပါဠိဘဒ္ဒ၊ ပင်လယ်ကသစ်။ ကဏိကာရာဒီနိ၊ မဟာလှေခါး အစရှိသည်တို့သည်။ ခန္ဓဗီဇာနိ၊ ပင်စည်မျိုးစေ့တို့တည်း။ အမူလဝလ္လိ၊ ဇီးဆောက်နွယ်။ စတုရဿဝလ္လိ၊ ကြာဟင်းနွယ်။ ကဏဝိရာဒီနိ၊ ကုလားဇလပ် အစရှိသည်တို့သည်။ ဖဠုဗီဇာနိ၊ အဆစ်မျိုးစေ့တို့တည်း။ မကစိ၊ သင်ပန်းလျော်။ သုမန၊ မြတ်လေး။ ဇယသုမနာဒီနိ၊ လယ်ခေါင်ရန်း အစရှိသည်တို့သည်။ အဂ္ဂဗီဇာနိ၊ အညွန့်မျိုးစေ့တို့တည်း။ အမ္ဗဇမ္ဗု ပနသဋ္ဌိအာဒီနိ၊ သရက်စေ့, သပြေသီးစေ့, ပိန္နဲစေ့ အစရှိသည်တို့သည်။ ဗီဇဗီဇာနိ၊ အစေ့မျိုးစေ့တို့တည်း။ ဣတိ ဒဋ္ဌဗ္ဗာနိ။**ယထာ ၊ပေ၊ ဂေဒိတဗ္ဗော** ။ ။သာလီနံအရ သလေးစပါး ရ၏၊ ထမင်းချက်သော အခါ စပါးကို မချက်နိုင်၊ ဆန်ကိုသာ ချက်နိုင်၏၊ ထို့ကြောင့် အကြောင်းစပါး၏ သာလိ အမည်ကို အကျိုးဆန်၌ တင်စားသကဲ့သို့ ပါစိတ်အာပတ် သင့်ရာ၌လည်း မျိုးစေ့ကို ဖျက်ဆီး၍ အာပတ် မသင့်၊ သစ်ပင်ကို ဖျက်ဆီးမှ သင့်၏၊ ထို့ကြောင့် “ဗီဇေ ဗီဇသည်" ဝယ် ဗီဇအရ အကြောင်းမျိုးစေ့ဖြင့် အကျိုးသစ်ပင်ကို ကာရဏူပစာရအားဖြင့် ပြသည်။ [ဗီဇေ ဗီဇသညီတိ ဧတ္ထ ကာရဏူပစာရေန ကာရိယံ ဝုတ္တန္တိ ဒဿေန္တော “တတ္ထ ယထာ”တိ အာဒိမာဟ၊-ဋီကာ၊ ယောဇနာ၌ ဖလူပစာရဟု ဆို၏၊ စဉ်းစားပါ။]**အထဝါ ပေ၊ ဝေဒိတဗ္ဗော** ။ ။သိက္ခာပုဒ်ကို အကျယ်ဝေဖန်ဖို့ရာ စတည်သော အခါ “ဘူတဂါမောနာမ” ဟု တွေ့ရ၏၊ ဤပုဒ်နှင့် တွဲဖက်၍ အနက်အဓိပ္ပာယ် ယူပါ၊ ထို့ ကြောင့် “ဗီဇေ-ဘူတဂါမ်ဖြစ်သော မျိုးစေ့၌၊ ဗီဇသညီ-ဘူတဂါမ်မျိုးစေ့ဟု အမှတ်ရှိသည်(ဟုတွာ-ဖြစ်၍၊)” ဟု အနက်ပေးပါ၊ ရှေးနည်း၌ ဗီဇအရ သစ်ပင်ကို ကာရကူပစာရအားဖြင့် အရကောက်ရ၏၊ အထဝါတက်သော ဤဒုတိယနည်း၌ကား ဘူတဂါမောနာမနှင့် အနက်အားဖြင့် တွဲထားသောကြောင့် ဗီဇအရ ဘူတဂါမ်အဖြစ်သို့ ရောက်နေသော မျိုးစေ့ကိုပင် အရကောက် ရသည်-ဟု မှတ်ပါ။ [ဤအထဝါ တက်သော နည်းသည် ရှေး၌ “အပရော နယော” ဟု ့ဆိုခဲ့ သော “ဗီဇေ ဗီဇသညီ” ဟူသော အနက်ကိုပင် ယူ၍ ဖွင့်သောနည်း ဖြစ်ဟန်တူသည်။]**သာသပမတ္တိက တိလဗိဗကာဒိဘေဒါ** ။ သာသပဿ+ မတ္တံ ပမာဏံ အဿ သေဝါ လဿာတိ သာသပမတ္တိကော၊ (သေဝါလော၊) တိလဿ + ဗီဇံပ္ပမာဏံ အဿ သေဝါလ ဿာတိ တိလဗီဇကော၊ (သေဝါလော၊) ပမာဏတ္ထေ ကော၊ အာဒိသဒ္ဒေန သင်္ခပဏကာဒယော သေဝါလေ သင်္ဂဏှာတိ၊ တတ္ထ တိလဗီဇပ္ပမာဏော ဇလသဏ္ဌိတော နီလာဒိဝဏ္ဏယုတ္တော သေဝါလော တိလဗီဇံနာမ၊ သပတ္တော အပ္ပကဏ္ဍော ဥက္ခလိပိဓာနာဒိပ္ပမာဏော သမူလော ဧကော သေဝါလဝိသေသော သင်္ခေါနာမ၊ ဘမရသဏ္ဌာနော နိလဝဏ္ဏော ဧကော သေဝါလ ဝိသေသော ပဏကောနာမ၊-(ယောဇနာ၊) “ပဏကန္တိ ပစ္ဆိလံ ဥဒကမလံ (ပျစ်ချွဲသော ရေ၏ အညစ်အကြေး၊ ဝါ-ရေညှိ”) ဟု မူလဋီကာ ဖွင့်၏၊ ဒုဗ္ဗစသိက္ခာပုဒ်အဋ္ဌကထာ၌လည်း တစ်မျိုး ဖွင့်ခဲ့သည်။**သဉ္စိစ္စ** ။ ။သဉ္စိစ္စ ဥက္ခိပိတုံ န ဝဋ္ဋတီတိ ဧတ္ထ သစေပိ သရီရေ လဂ္ဂဘာဝံ ဇာနန္တောဝ ဥဒကတော ဥဋ္ဌာတိ၊ “တံ ဥဒ္ဓရိဿာမီ”တိ သညာယ အဘာဝတာ ဝဋ္ဋတိ။ [သံ + စိစ္စ၊ သံ-ရေမှ ခွဲ၍ မြှောက်ယူနေ၏ဟူသော အမှတ်သညာနှင့်တကွ + စိစ္စ-မြှောက်ယူကြောင်း စေတနာဖြင့် စေ့ဆော်၍။]အသမ္ပုဏ္ဏဘူတဂါမောနာမ၊ မပြည့်စုံသော ဘူတဂါမ်မည်သော။
ဥပ္ပလိနီ, ပဒုမိနီ
။ `။ဥပ္ပလကြာဟူသည်-ကြာညို, ကြာဖြူ ကြာနီတည်း၊ ပဒုမ္မာကြာ ဟူသည်ကား အထပ်တစ်ရာရှိသော ကြာနီတစ်မျိုးတည်း၊ ဥပ္ပလာနိ + ဧတ္ထ သန္တီတိ ဥပ္ပလိနီ အဿတို့အနက်၌ ဥပ္ပလနောင် ဤပစ္စည်း, ထို့နောင် ဣတ္ထိဇောတက ဣနီပစ္စည်းသက်၊ ဥပ္ပလကြာမျိုးရှိရာ ကြာရုံ ကြာချုံတည်း၊ ပဒုမိနီ၌လည်း နည်းတူ၊ ယောဇနာ၌ကား ဥပ္ပလနောင် ဣနုပစ္စည်း, ဣတ္ထိဇောတက ဤပစ္စည်းသက်လေသည်။
အနန္တက ။ အနန္တကဂ္ဂဟဏေန သာသပမတ္တိကာ ဂဟိတာ၊ နာမံ ဟေတံ သေဝါလ ဇာတိယာ၊-(ဋီကာ၊) ယောဇနာ၌ကား “သော ဟိ နတ္ထိ အတ္တတော အန္တောလာမကော သေဝါ လော ဧတဿာတိ ကတွာ အနန္တကောတိ ဝုစ္စတိ" ဟု ဆိုလေသည်၊ “မိမိတည်းဟူသော မှော်အောက် ယုတ်ညံ့သော သေးငယ်သော မှော် မရှိတော့၊ မှော်အသေးငယ်ဆုံး ဖြစ်သည်”ဟု ဆိုလိုသတတ်၊ သို့သော် ထိုမှော်သည် အထက်၌ အရွက်ရှိသေးသောကြောင့် အရွက်မျှ မထင် ရှားသော မှော်ကလေးများလောက် မသေးငယ်သေး။
တတိယော၊ သုံးခုမြောက်ဖြစ် သော။ ကောဋ္ဌာသော၊ အဖို့အစုသည်။ (ဗီဇဂါမ်သည် တစ်ဖို့ ဘူတဂါမ်သည် တစ်ဖို့ ထို ၂ ဖို့ကို ထောက်၍ သုံးခုမြောက်အဖို့သည်။) ပါဠိယံ၊ ပါဠိတော်၌။ နေဝ အာ ဂတော၊ မလာ။ အဋ္ဌကထာသု၊ ရှေးအဋ္ဌကထာတို့၌။ န အာဂတော။ (“တသ္မာ န သမေတိ” ဟု ပြန်လှည့်။) [မူလပဏ္ဏာနံ အသမ္ပုဏ္ဏတ္တာ “အသမ္ပုဏ္ဏဘူတဂါမော နာမာ”တိ ဝုတ္တံ။]အပိစ၊ သည်သာမကသေး။
ဂရုကလဟုကေသု၊ ဂရုက, လဟုကအရာတို့တွင်။
ဂရုကေ၊ ဂရုကအရာ၌။
ဌာတဗ္ဗံ၊ တည်ရာ၏။
(ဘူတဂါမ်၌ သွင်းမှ ပါစိတ်အာပတ်၏ အကြောင်းဖြစ်၍ ဂရုကဖြစ်သည်။)
ဣတိ၊ ဤသို့သော။
ဧတံ၊ ဤလက္ခဏာသည်။
ဝိနယလက္ခဏံ၊ ဝိနည်း၏ လက္ခဏာတည်း။
ဗီဇဂါမ် ၃ မျိုး
။ ။အဘူတဂါမမူလတ္တာ တာဒိသဿ ဗီဇဂါမဿာတိ ဂါမောတိဝိဓော ဟောတိ၊ (၁) ယော သယံ ဘူတဂါမတော ဟုတွာ အညမ္ပိ ဘူတဂါမီ ဇနေတိ၊ အမ္ဗဋ္ဌိအာဒိကော၊ (၂) ယော ပန သယံ ဘူတဂါမတော ဟုတွာ အညံ ပန ဘူတဂါမံ န ဇနေတိ၊ တာလနာဠိကေရာဒိ ခါဏု၊ (၃) ယော ပန သယမ္ပိ ဘူတဂါမတော အဟုတွာ အညမ္ပိ ဘူတဂါမံ န ဇနေတိ၊ ပါနီယယဋာဒီနံ ဗဟိ သေဝါလောတိ၊
ဘူတဂါမ် ၄ မျိုး ။ ။ဘူတဂါမော ပန- စတုဗ္ဗိဓော ဟောတိ၊ (၁) ယော သယံ ဗီဇဂါမတော ဟုတွာ အညမ္ပိ ဗီဇဂါမံ ဇနေတိ၊ ဧတရဟိ အမ္ဗရုက္ခာဒိကော၊ (၂) ယော ပန သယံဗီဇဂါမတော အဟုတွာဝ အညံ ဗီဇဂါမံ ဇနေတိ၊ အာဒိကပ္ပကာလေ အမ္ဗရုက္ခာဒိကော၊ (၃) ယော ပန သယံ ဗီဇဂါမဟော ဟုတွာ အညံ ပန ဗီဇဂါမံ န ဇနေတိ၊ နီလဝဏ္ဏော ဖလိတကဒလိရုက္ခာဒိကော၊ (၄) ယော ပန သယမ္ပိ ပီဇဂါမတော အဟုတွာ အညမ္ပိ ဗီဇဂါမီ န ဇနေတိ၊ ဣဓ ဝုတ္တော အနန္တကသေဝါလာဒိကောတိ။
တတ္ထ စတုတ္ထဘူတဂါမံ သန္ဓာယ ဝုတ္တံ အဘူတဂါမမူလတ္တာ တာဒိသဿ ဗီဇဂါမ ဿာတိ၊ အယံ ပန တတိယဗီဇဂါမဿစ စတုတ္ထဘူတဂါမဿစ ဝိသေသော၊ တတိယ ဗီဇဂါမေ မူလပဏ္ဏာနိ န ပညာယန္တိ၊ စတုတ္ထဘူတဂါမေ တာနိ ပညာ ယန္တီတိ မူလပဏ္ဏာနံ အပညာယနတ္တာ ဗီဇဂါမောတိ ဝုတ္တော၊ တေသံ ပညာယနတ္တာ ဘူတ ဂါမောတိ ဝုတ္တော၊ ဣတရထာ ဟိ ဝိရောဓော ဘဝေယျာတိ။
[ဥဒကဋ္ဌကို ပြပြီး၍ ထလဋ္ဌကို ပြလိုသောကြောင့် “ထလဋ္ဌေ" စသည်ကို မိန့်။]ဟတ္ထကုက္ကုစ္စေန၊ လက်၏ စက်ဆုပ်အပ်စွာ ပြုအပ်သော အမှုဖြင့်။
ဝါ၊ လက်ဆော့သဖြင့်။
မုဒုကေသု၊ နုညံ့ ကုန်သော။
ဣန္ဒသာလနုဟီခန္ဓာဒီသုဝါ၊ နပဲပင် ပင်စည်, ရှားစောင်းကြီး ပင်စည် အစရှိသည်တို့၌သော်လည်းကောင်း။
တတ္ထဇာတကတာလပဏ္ဏာဒီသုဝါ၊ ထိုထန်း ပင်၌ ဖြစ်သော ထန်းရွက် အစရှိသည်တို့၌သော်လည်းကောင်း။
အက္ခရံ၊ အက္ခရာ ကို။
ဆိဒ္နန္တဿာပိ၊ ဖြတ်ထွင်းသော (ရေးသော) ရဟန်း၏လည်း။
ဧသေဝနယော၊ ပင်တည်း။
ရုက္ခတော ၊ပေ၊ ဌိတံ
။ ။တမာစေး စသော အစေးသည် သစ်ပင်မှ ထွက်လာပြီး နောက် အရင်းပိုင်းမှာသာ သစ်ပင်နှင့် ထိ၍ အလယ်ပိုင်း အဖျားပိုင်းမှာ သစ်ပင်နှင့် ကွာနေ တတ်၏၊ ထိုအစေးကို “နိယျာသံပိ ရုက္ခတော မုစ္စိတွာ ဌိတံ” ဟု ဆိုသည်။
ဟတ္ထကုက္ကုစ္စေန ။ ကုစ္ဆိတံ-စက်ဆုပ်အပ်စွာ + ကတံ-ပြုအပ်သော အမှုတည်း၊ကုကတံ-စက်ဆုပ်အပ်စွာ ပြုအပ်သော အမှု၊ ကုကတမေဝ-စက်ဆုပ်အပ်စွာ ပြုအပ်သော အမှုသည်ပင် + ကုက္ကုစ္စံ-မည်၏၊ သွတ္တ၌ ဏျပစ္စည်းသက်၍ တျကို စပြု, ဒွေဘော်လာ, ကတ၌ က၏ အကို ဥပြု၊ ဟတ္ထဿ-၏ + ကုက္ကုစ္စံ-စက်ဆုပ်အပ်စွာ ပြုအပ်သော အမှုတည်း၊ ဟတ္ထကုက္ကုစ္စံ-မှု၊ နပဲပင် ရှားစောင်းကြီးပင် စသည်တို့၏ ပင်လုံး၌လည်းကောင်း, ထန်းပင်၌ တည်သော ထန်းရွက်၌လည်းကောင်း စာရေးမှုပြုသော ရဟန်းသည် သက်သက် လက်ဆော့ရာ ရောက်၏၊ ထိလက်ဆော့မှုကို “ဟတ္ထကုက္ကုစ္စ” ဟု ခေါ်သည်။
**တေဟိ ၊ပေ၊ န ဝါသေတဗ္ဗံ** ။ ။နဂိုနှိမ်ပေးတုန်းက မိမိအတွက် နှိမ်ပေးသော ကြောင့် ထိုပန်းတို့ဖြင့် သောက်ရေကို မွှေးအောင် မထုံစေထိုက်၊ နဂိုကပင် မိမိအတွက် မဟုတ်ဘဲ သာမဏေအတွက် နှိမ်ပေးလျှင်ကား သာမဏေအထံမှ ရအပ်သော ထိုပန်းတို့ဖြင့် သောက်ရေကို ထုံစေကောင်း၏။ [ပါနီယံ န ဝါသေတဗ္ဗန္တိ ဣဒံ အတ္တနော အတ္ထာယ နာမိတံ သန္ဓာယ ဝုတ္တံ၊ ကေဝလံ အနုပသမ္ပန္နဿ အတ္ထာယ နာမိတေ ပန ပစ္ဆာ တတော လဘိတွာ န ဝါသေတဗ္ဗန္တိ နတ္ထိ၊-ဋီကာ။]
(ဧဝံသတိ။)
ဥပရိဘာဂေ၊ ၌။
ဆိန္ဒိတုံ ဝဋ္ဋတိ။**ဘူတဂါမပရိမောစနံ ကတံ** ။ ။“ဣမံ မူလဘေသဇ္ဇံ ဇာန” စသည်ဖြင့် ရဟန်းက ပြောအပ်သော ဝစီပယောဂကြောင့် လူသာမဏေက နုတ်ခြင်း, ခုတ်ခြင်း စသည်ကို ပြုလျှင် ရဟန်းတို့မှာ အာပတ်မသင့်တော့၊ ထိုသို့ အာပတ်မသင့်အောင် ပြောခြင်းကိုပင် “ဘူတ ဂါမပရိမောစနံ ကတံ" ဟု ဆိုသည်။တတ္ထ၊ ထို ၅ ပါးတို့တွင်။
အဂ္ဂိပရိဇိတန္တိ ပဒဿ၊ အဂ္ဂိပရိဇိတံဟူသော ပုဒ်၏။
အဂ္ဂိနာ၊ ဖြင့်။
(ကပ္ပိယကာရကေန၊ အပ်အောင်ပြုတတ်သူသည်။)
ဣမိနာ သုတ္တာနုသာရေနံ
။ ။ပါဠိတော်၌ ကပ္ပိအပ်သော အသီးတို့ကိုသာ တိုက် ရိုက် ပြ၏၊ ကပ္ပိပုံကို တိုက်ရိုက် မပြ၊ ဤသို့ကပ္ပိပုံကို တိုက်ရိုက် မပြသော်လည်း ပါဠိတော်ကို အစဉ်လိုက်၍ ကြည့်က မီးဖြင့် ကပ္ပိရကြောင်း, ဓား, လက်သည်းတို့ဖြင့် ကပ္ပိရကြောင်းကို လည်းကောင်း, နုသော အစေ့ရှိသော အသီး စားသောအခါ အစေ့ကို ထုတ်၍ ပစ်ရသော အသီးများ၏ အလိုလို ကပ္ပိပြီးဖြစ်ကြောင်းကိုလည်းကောင်း သိနိုင်သည်၊ ထို့ကြောင့် “ဣမိနာ သုတ္တေန” ဟု မဆိုဘဲ “ဣမိနာ သုတ္တာနုသာရေန” ဟု ဆိုသည်။
ပဉ္စဟိ သမဏကပ္ပေတိ ။ ။အဘိဓာန်၌.ကပ္ပသဒ္ဒါ၏ အနက်များစွာတို့တွင် သမဏ ဝေါဟာရ (ရဟန်းတို့၏ -အသုံးအနှုန်း) ဟူသော အနက်တစ်မျိုး ပါရှိ၏၊ သစ်သီးကို မီးဖြင့် တို့ရုံမျှဖြင့် ထိုမျိုးစေ့ ပျက်မသွားနိုင်၊ သို့သော် ဤကဲ့သို့ မီးဖြင့်တို့လိုက်လျှင် (ကပ္ပိလိုက်လျှင်) ရဟန်းတို့အား သုံးစားကောင်း၏ဟူသော အခေါ်အဝေါ် တစ်မျိုးဖြစ်၏၊ ထိုအခေါ် အဝေါ် ကိုပင် “သမဏကပ္ပ” ဟု ခေါ်သည်။
ဋီကာ ။ ။ပဉ္စဟိ သမဏကပ္ပေဟီတိ ပဉ္စဟိ သမဏဝေါဟာရေဟိ၊ ကိဉ္စာပိ ဟိ ဗီဇာနံ အဂ္ဂိနာ ဖုဋ္ဌမတ္တေန, နခါဒီဟိ ပိလိခနမတ္တေနစ အဝိရုဠှီဓမ္မတာ န ဟောတိ၊ တထာပိ ဧဝံကတေယေဝ သမဏာနံ ကပ္ပတီတိ အဂ္ဂိပရိဇိတာဒယော သမဏဝေါဟာရာနာမ ဇာတာ၊ တသ္မာ တေဟိ သမဏဝေါဟာရေဟိ ကရဏဘူတေဟိ (ကရိုဏ်းအနက်ဖြစ်သော ထိုသမဏ ဝေါဟာရတို့ဖြင့်) ဖလံ ပရိဘုဉ္စိတုံ အနုဇာနာမီတိ အဓိပ္ပာယော၊ အဗီဇာနိဗ္ဗဋ္ဋဗီဇာနိပိ သမဏာနံ ကပ္ပန္တီတိ ပညတ္တပဏ္ဏိဘာဝတော သမဏဝေါဟာရာ ဣစ္စေဝ သင်္ခံ ဂတာနိ။
ပရိဇိတံ ။ ။ဇိတံ၌ ဟိံသာအနက်ဟော ဇိရိဓာတ် ကြံပါ၊ ပရိဇိရီယိတ္ထ-ထက်ဝန်းကျင် ညှဉ်းဆဲအပ်ပြီ၊ ဣတိ ပရိဇိတံ၊ အဘိဘူတံသည် ပရိဇိတံ၏ သဒ္ဓတ္ထဖွင့်တည်း၊ ဒဍ္ဎံ ဆိန္နံ ဝိဒ္ဓံတို့ကား အဓိပ္ပာယ်ဖွင့်တည်း။
ပရိဇိတံ၊ ထက်ဝန်းကျင် ညှဉ်းဆဲအပ်သော။ အဓိဘူတံ၊ လွှမ်းမိုး အပ်သော။ (အဂ္ဂိနာ၊ သည်။) ဒဍ္ဎံ၊ လောင်အပ်သော။ ဖုဋ္ဌံ၊ ထိအပ်သော အသီးတည်း။ ဣတိ အတ္တော၊ ကို။ (ဒဋ္ဌဗ္ဗော။)သတ္ထေန၊ ဓားစသော လက်နက်ဖြင့်။
(ကပ္ပိယံ၊ ကို။)
ကရောန္တေန၊ ပြုသော ပုဂ္ဂိုလ်သည်။
ယဿကဿစိ၊ အမှတ်မရှိ တစ်စုံတစ်ခုသော။
လောဟမယသတ္ထဿ၊ ကြေး, သံဖြင့် ပြုအပ်သော လက်နက်၏။
အန္တမသော၊ အောက်ထစ်ဆုံးအားဖြင့်။
သူစိနခစ္ဆေဒနာနမ္ပိ၊ အပ်, လက်သည်းလှီးဓားငယ်တို့၏လည်း။
တုဏ္ဍေနဝါ၊ အဦးဖြင့်သော်လည်းကောင်း။
ကပ္ပိယန္တိ ဝတွာဝ
။ ။ဤဝါကျ၌ ရဟန်းက “ကပ္ပိယံ ကရောဟိ” ဟု ဆိုရမည်ဟု မပါ၊ သို့သော် အထက်၌ “ပရိဘုဉ္ဇန္တေန ၊ပေ၊ ကပ္ပိယံ ကာရေတဗ္ဗံ" ဟု ဆိုရမည်ဟု ရဟန်း၏ ပြုရမည့်လုပ်ငန်းကို ပြထားသောကြောင့် ကပ္ပိခါနီး၌ ရဟန်းက “ကပ္ပိယံ ကရောဟိ” ဟု ဆိုရဦးမည်၊ ထို “ကပ္ပိယံ ကရောဟိ, ကပ္ပိယံ ဘန္တေ” ဟူသော စကားကို ပါဠိဘာသာဖြင့် ဖြစ်စေ, မြန်မာဘာသာ စသော အခြားဘာသာဖြင့်ဖြစ်စေ ဆို၍ ကပ္ပိနိုင်သည်။
ဋီကာ ။ ။“ကပ္ပိယ”န္တိ ဝတွာဝ ကာတဗ္ဗန္တိ ယော (လူသာမဏေသည်) ကပ္ပိယံ ကရောတိ၊ တေန ကတ္တဗ္ဗာကာရသေဝ ဝုတ္တတ္တာ ဘိက္ခုနာ အဝုတ္တေပိ ကာတုံ ဝဋ္ဋတီတိ န ဂဟေတဗ္ဗံ၊ “ပုန ကပ္ပိယံ ကာရေတဗ္ဗန္တိ ကာရာပနဿ ပဌမမေဝ ကထိတတ္တာ ဘိက္ခုနာ “ကပ္ပိယံ ကရောဟီ” တိ ဝုတ္တေယေဝ အနုပသမ္ပန္နေန “ကပ္ပိယံ” ဝတွာ အဂ္ဂိပရိဇိတာဒိ ကာတဗ္ဗန္တိ ဂဟေတဗ္ဗံ၊ “ကပ္ပယ”န္တိ ဝစနံ ပန ယာယကာယစိ ဘာသာယ ဝတ္ထုံ ဝဋ္ဋတီတိ ၀ဒန္တိ၊ “ကပ္ပိယ”န္တိ ဝတွာဝ ကာတဗ္ဗန္တိ ဝစနတော ပဌမံ ကပ္ပယန္တိ ဝတွာ ပစ္ဆာ အဂ္ဂိအာဒိနာ ဖုသနာဒိ ကာတဗ္ဗန္တိ ဝေဒိတဗ္ဗံ၊ ပဌမံ အဂ္ဂိံ နိက္ခိပိတွာ နခါဒိနာဝါ ဝိဇ္ဈိတွာ တံ အနုဒ္ဓရိတွာဝ ကပ္ပိယန္တိ ဝတ္တုမ္ပိ ဝဋ္ဋတီတိ ဝဒန္တိ။
ဓာရာယဝါ၊ အသွားဖြင့်သော်လည်းကောင်း။ ဆေဒံဝါ၊ ဖြတ်ခြင်းကိုသော်လည်း ကောင်း။ ဝါ၊ ဖြတ်အပ်ရာကိုလည်းကောင်း။ ဝေဓံဝါ၊ ထိုးဖောက်ခြင်းကိုသော်လည်း ကောင်း။ ဝါ၊ ထိုးဖောက်အပ်ရာကိုသော်လည်းကောင်း။ ဒဿန္တေန၊ ပြလျက်။ ကပ္ပိယန္တိ၊ ဟူ၍။ ဝတွာဝ၊ သာလျှင်။ ကာတဗ္ဗံ၊ ပြုရာ၏။**ဆေဒံဝါ ဝေဓံဝါ** ။ ။[ကပ္ပိယံ ကရောဟိ၏ အဓိပ္ပာယ်ကို ပါတိမောက် ဘာသာ ဋီကာ၌ ပြထားပြီ။]ထိုသို့ကပ္ပိရာ၌ ဓားစသည်ဖြင့် ကပ္ပိလျှင် ဖြတ်အပ်သော အရာကို အပ် စသည်ဖြင့် ကပ္ပိလျှင် ဖောက်အပ်သော အရာကို ထင်ရှားစေရမည်၊ ဝိမတိ၌ "တဉ္စ ဒွိဓာ အကတွာ (၂ ပိုင်း ပြတ်သွားအောင် မပြုဘဲ) ဆေဒန ဘေဒနမေဝ (ဖြတ်ရာ ထိုးဖောက်ရာ ကိုသာ) ဒဿေတဗ္ဗံ” ဟု ဆို၏၊ ကြံစသည်ကို ဓားဖြင့် ကပ္ပိရာ၌ ၂ ပိုင်း ပြတ်သွားခြင်းကြောင့် အပြစ်ရှိမည် မထင်ပါ။
ဆိန္ဒိတွာ၊ ၍။
ဧကာဗဒ္ဓံ၊ တစ်စပ်တည်း ဖွဲ့အပ်သည်ကို။
ကတွာဝါ၊ သော်လည်း ကောင်း။
ဥစ္ဆူနံ၊ ကြံတို့၏။
မဟာဘာရော၊ ကြီးစွာသော ဝန်ထုပ်, ဝန်ပိုးသည်။
ဝါ၊ ကို။
ဗန္ဓိတွာဝါ၊ ဖွဲ့၍သော်လည်းကောင်း။
ထပိတော၊ ထားအပ်သည်။
သစေပိ ဟောတိ၊ အကယ်၍မူလည်း ဖြစ်စေဦးတော့။
(ဧဝံသတိပိ၊ ဤသို့ပင်ဖြစ်ပါသော် လည်း။)
ဧကသ္မိံ၊ တစ်ခုသော။
ဗီဇေဝါ၊ မျိုးစေ့ကိုသော်လည်းကောင်း။
(ဗီဇာနံ ပဗ္ဗတ မတ္တောကို ရည်ရွယ်သည်။)
(ဧကိဿံ၊ တစ်ခုသော။)
ရုက္ခသာခါယဝါ၊ သစ်ကိုင်းကို သော်လည်းကောင်း။
(ရုက္ခသဟဿံ၊ ပေ၊ ကတွာကို ရည်ရွယ်သည်။)
(ဧကသ္မိံ၊ တစ်ချောင်းသော။)
ဥစ္ဆုမှိဝါ၊ ကြံကိုသော်လည်းကောင်း။
ကပ္ပိယေ၊ ကပ္ပိအပ်သည်ကို။
ကတေ၊ ပြုအပ်ပြီးသော်။
သဗ္ဗံ၊ အလုံးစုံသည်။
ဝါ၊ ကို။
ကတံ၊ ပြုအပ်ပြီးသည်။
ဟောတိ၊ ၏။**ဧကသ္မိံ ဗီစေ ပေ၊ ကတံ ဟောတိ** ။ ။ထိုသို့ကပ္ပိရာ၌ သစ်သီးစသော ဝတ္ထုက ရဟန်း၏ လက်ထည်း၌ ရှိနေမှ မဟုတ်, ထောင်ပုံရာပုံ ပုံထားသော အကပ်မခံရသေးသော သစ်သီးပုံ ကြံစည်းတို့ကိုလည်း ရဟန်းက လက်နှင့် မထိ မကိုင်ဘဲ “ကပ္ပိယံ ကရောဟိ" ဟု ဆိုလိုက်သောအခါ လူသာမဏေက တစ်စပ်တည်းနေသော သစ်သီးတစ်လုံးကို (ကြံတစ်ချောင်း ကို) “ကပ္ပိယံ ဘန္တေ” ဟု ဆို၍ ထိုးလိုက် ခုတ်လိုက်လျှင် အားလုံးကိုပင် ကပ္ပိပြီးဖြစ်တော့၏၊ တစ်ကြိမ်ကပို့ပြီးသော သစ်သီးများကို (အကပ်မခံရသေးလျှင်) နောက်နောက်ရက်များ၌လည်း ထပ်၍ မကပ္ပိတော့ဘဲ စားနိုင်သည်။
ဟောတိ။**မရီစပက္ကာဒီဟိ** ။ ။ထမင်းသုတ်စသည် လုပ်သောအခါ ငရုပ်သီးမှည့် အစေ့ ပါလာလျှင် ကပ္ပိရမည်၊ ထိုသို့ကပ္ပိရာ၌ ငရုပ်သီးမှည့်စေ့ကို မထိုးမိဘဲ ဆွမ်းတစ်လုံးတို့ကို ထိုး၍ ကပ္ပိ လိုက်လျှင် အပ်တော့၏၊ လှော်ပြီး မဟုတ်သော နှမ်းစိမ်းပါလျှင်လည်း ကပ္ပိရမည်။ [မရီစပက္ကာဒီဟိ မိဿေတွာတိ ဧတ္ထ ဘတ္တသိတ္ထေ သမ္ဗန္ဓဝသေန ဧကာဗဒ္ဓတာ ဝေဒိတဗ္ဗာ၊ န ဖလာနံယေဝ အညမညံ သမ္ဗန္ဓဝသေန။]**ပဋဂ္ဂိံ** ။ ။အဝေးမှ လောင်လာသော မီးသည် လောင်စာရှိသမျှ လိုက်၍ လောင်မည် သာ၊ တောကျောင်းအနီးမှ တောကို ကြိုတင်၍ မီးရှို့ထားလျှင် လောင်စာ မရှိသောကြောင့် ကျောင်းထိအောင် မလောင်နိုင်တော့၊ ထိုသို့တောမီး၏ ကျောင်းထိအောင် လောင်၍ မလာဖို့ရာ ဆန့်ကျင်ဘက်အနေအားဖြင့် ကြိုတင်၍ ရွှံ့အပ်သော မီးကို “ပဋိ + အဂ္ဂိ” ဟု ခေါ်သည်။