ထေယျသတ္ထသိက္ခာပဒံ ဆဋ္ဌံ၊
ပဋိယာလောကံ။ ။ "အာလောက" အရ မီးရောင်စသည်ကို မယူဘဲ နေရောင်ကိုယူစေလို၍ "သူရိယာလောကဿ" ဟုဖွင့်သည်၊ နေထွက်လာသောအခါ နေရောင်သည် အရှေ့အရပ်မှ အနောက်အရပ်သို့ ရှေ့ရှုလင်း၏၊ ထို့ကြောင့် "အာလောကဿ + ပဋိမုခံ ပဋိယာလောကံ" ဟု ပြု၍ အနောက်အရပ်သို့ အရကောက်ရသည်။
မှတ်ချက်။ ။ ယောဇနာ၌ "အာလောကသဒ္ဒေန သူရိယော ဝုတ္တော ဥပစာရေန" ဟု ဖွင့်၏၊ "အရောင်၏ အာလောကအမည်ကို နေ၌ တင်စား၍ ဌာနူပစာရအားဖြင့် နေကို အာလောကခေါ်သည်" ဟု ဆိုလိုဟန်တူသည်၊ ထိုစကားကို "စတ္တာရော မေ ဘိက္ခဝေ အာလောကာ" စသော စတုတ္ထအင်္ဂုတ္ထရာ, အာသာဝဂ်ပါဠိတော်ဖြင့် စဉ်းစားပါ။
ရာဇာနံဝါ ၊ ပေ၊ ဂစ္ဆန္တိ။ ။ ထေယျံကို "ထေနေတွာ" ဟု ဖွင့်သောကြောင့် ကြိယာဝိသေသနဟု သိစေ၏၊ "ထေနေတွာ" အရလည်း ပစ္စည်းကို ခိုးခြင်းမဟုတ်, လှည့်ပတ်ခြင်းဟု သိစေလို၍ "ပဉ္စေတွာ" ဟုဖွင့်သည်၊ ရညော၊ ပေ၊ န ဒဿာမီတိကား လှည့်ပတ်ပုံကို ပြသော အာကာရစကားတည်း။