**ဂဒ္ဓဗာဓိပုဗ္ဗဿ**။ ။ သက္ကထ၌ ဂြိမြသည် ပါဠိ၌ "ဂိဒ္ဓ" ဟု ဖြစ်၏၊ ကုဏဝေဂိဇ္ဈန္တီတိ ဂိဒ္ဓါ၊ ဂိဓဓာတ်, တပစ္စည်း၊ ဂိ၌ ဣကို (အ) ပြု၊ ဗာဓယိံသူတိ ဗာဓိနော-ညှင်းဆဲသတ်ဖြတ်တတ်သော ရှေးရှေးယောကျာ်းတို့၊ ဂဒ္ဓေ + ဗာဓိနော၊ ဂဒ္ဓဗာဓိနော + ပုဗ္ဗာ- ရှေးယောကျ်ားတို့သည်၊ ဧတ္ထာတိ ဂဒ္ဓဗာဓိပုဗ္ဗော။ ["ဂဒ္ဓ" ဟု တချို့စာ၌ ရှိသော်လည်း ကျမ်းရင်း၌မရှိ။]သဉ္စိစ္စ၊ သညာနှင့်တကွ စေ့ဆော်၍။
အာပန္နာ၊ သင့်ရောက်အပ်ကုန်သော။
အာပတ္တိယော၊ တို့သည်။
အာဏာဝီတိက္ကမန္တရာယိကာနာမ၊ တို့မည်၏။
(မြတ်စွာဘုရား၏ ဝိနည်းပညတ်တော်ဟူသော အမိန့်အာဏာတော်ကို ကျူးလွန်ကျော်နင်းကြောင်း အကုသိုလ်စိတ္တုပ္ပါဒ်ဟူသော အန္တရာယိကဓမ္မတို့မည်၏။)
ဥပဝါဒန္တရာယိက။ ။ အရိယာကို ဂုဏ်ပျက်အောင် စွပ်စွဲမိ၍ မတောင်းပန်မိက ထိုသူ့သန္တာန်၌ သတ္တိရှိနေသော်လည်း ကန်တော့တောင်းပန်၍ ကုသိုလ်စေတနာ ဖြစ်သောအခါ ထိုအကုသိုလ်၏ သတ္တိသည် ပျက်ပြယ်တော့ရကား အန္တရာယ်ကို မပြုနိုင်တော့။
အာဏာဝီတိက္ကမန္တရာယိကာ။ ။ ဤ၌လည်း မြတ်စွာဘုရား၏ အာဏာတော်ကို ကျူးလွန်ကျော်နင်းသော အကုသိုလ်စိတ္တုပ္ပါဒ်၏ ကမ္မပစ္စယသတ္တိသည် လူဝတ်လဲမှု စသည်ကို ပြုလိုက်သောအခါ မြတ်စွာဘုရားကို ကန်တော့တောင်းပန်ရာ ရောက်သောကြောင့် ထိုသတ္တိများ ပြယ်လေတော့၏၊ သို့သော် လောကဝဇ္ဇဖြစ်သော သိက္ခာပုဒ်များ၌ကား လောကထုံးစံအတိုင်း ဖြစ်ရသော အကုသိုလ်စိတ်များ၏ သတ္တိသည် ပြယ်လိမ့်မည် မဟုတ်၊ ဥပမာ- သူတစ်ပါးမယားကို ခိုး၍ ပဌမရာဇိကအမှုကို ကျူးလွန်ခြင်း, သူတစ်ပါးဥစ္စာကို ခိုး၍ ဒုတိယပါရာဇိကအမှုကို ကျူးလွန်ခြင်း, လူ၏ အသက်ကို သတ်၍ တတိယပါရာဇိကအမှုကို ကျူးလွန်ခြင်း, အကျိုးပျက်အောင် လိမ်လည်လှည့်ပတ်၍ မုသာဝါဒအမှုကို ကျူးလွန်ခြင်း, တိရစ္ဆာန်ကိုသတ်၍ သဉ္စိစ္စပါဏသိက္ခာပုဒ်ကို ကျူးလွန်ခြင်း စသော လောကဝဇ္ဇများသည် လူဝတ်လဲ၍သော်လည်းကောင်း, ဒေသနာပြော၍သော်လည်းကောင်း မြတ်စွာဘုရား၏ အာဏာတော်ကို ကျူးကျော်မှု ဝီတိက္ကမန္တရာယိကသာ ပြေပျောက်၏၊ သူ့မယား ခိုးမှု, သူ့အသက် သတ်မှုစသော ကာမေသုမိစ္ဆာစာရ, ပါဏာတိပါတ စေတနာတို့၏ သတ္တိကား ပျက်သွားလိမ့်မည် မဟုတ်။
တာပိ၊ ထိုအာဏာဝီတိက္ကမန္တရာယိကဟူသော အာပတ်တို့သည်လည်း။ ယာဝ၊ အကြင်မျှလောက်။ ဘိက္ခုဘာဝံ၊ ရဟန်း၏အဖြစ်ကို။ ပဋိဇာနာတိဝါ၊ ဝန်ခံမူလည်းဝန်ခံသေး၏။ (ပါရာဇိကအာပတ်သင့်သူအတွက်။) န ဝုဋ္ဌာတိဝါ၊ အာပတ်မှမူလည်းမထသေး။ (သံဃာဒိသေသ်အာပတ်သင့်သူအတွက်။) န ဒေသေတိဝါ၊ ဒေသနာမူလည်း မပြောသေး။ (အောက်အာပတ် ၅ ပုံ သင့်သူအတွက်။) န ဒေသေတိဝါ၊ ထိုမျှလောက်သော ကာလပတ်လုံးသာလျှင်။ (အန္တရာယိကာ, ဟောန္တိ။) န တတော ပရံ၊ [ပါရာဇိကအာပတ်သင့်သူအတွက် လူထွက်ပြီးနောက်, သံဃာဒိသေသ်အာပတ်သင့်သူအတွက် ဝုဋ္ဌာနကံပြုပြီးနောက်, နောက်အာပတ် ၅ ပုံ သင့်သူအတွက် ဒေသနာပြောပြီးနောက် အန္တရာယ် မပြုတော့-ဟူလို။]ဧဝံ၊ သို့။
ရသေန၊ အပြစ်မရှိသော ပစ္စည်း ၄ ပါးကို သုံးဆောင်ခြင်းကြောင့်ဖြစ်သော အရသာဖြင့်။
ရသံ၊ အပြစ်ရှိသော ကာမဂုဏ်ကို သုံးဆောင်ခြင်းကြောင့်ဖြစ်သော အရသာကို။
သံသန္ဒိတွာ၊ ရောနှော၍။
သစ္ဆန္ဒရာဂပရိဘောဂဉ္စ၊ ဆန္ဒရာဂနှင့်တကွဖြစ်သော သုံးစွဲခြင်းကိုလည်းကောင်း။
နိစ္ဆန္ဒရာဂပရိဘောဂဉ္စ၊ ဆန္ဒရာဂမရှိသော သုံးစွဲခြင်းကိုလည်းကောင်း။
ဧကံ၊ တစ်မျိုးတည်းကို။
ကတွာ၊ ပြု၍။
ထူလဝါကေဟိ၊ ထူသော လျှော်တို့နှင့်။
ဝါ၊ တုတ်သော လျှော်တို့နှင့်။
သဒ္ဓိံ၊ တကွ။
အတိသုခုမသုတ္တံ၊ အလွန်သိမ်မွေ့သေးငယ်သော ချည်ကို။
ဃဋေန္တောဝိယ၊ ဆက်သကဲ့သို့လည်းကောင်း။
သာသပေန၊ မုန်ညင်းစေ့နှင့်။
သဒ္ဓိံ, သိနေရုံ၊ မြင်းမိုရ်တောင်ကို။
ဥပသံဟရန္တော ဝိယ၊ အတူဆောင်သကဲ့သို့လည်းကောင်း။
[ဥပသံဟရန္တောဝိယာတိ သဒိသတံ ဥပသံဟရန္တော ဝိယ ဧကန္တသာဝဇ္ဇေ အနဝဇ္ဇဘာဝပေက္ခနတော။]
ပါပကံ၊ ယုတ်မာသော။
ဝါ၊ အပါယ်သို့ ကျရောက်စေတတ်သော။
ဒိဋ္ဌိဂတံ၊ မိစ္ဆာအယူကို။
ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။
ဘဂဝတာ၊ ဘုန်းတော်ကြီးဘုရားသည်။
မဟာသမုဒ္ဒံ၊ မဟာသမုဒ္ဒရာကို။
ဗန္ဓန္တေန ဝိယ၊ ကံသင်းဖွဲ့သကဲ့သို့။
မဟတာ၊ ကြီးစွာသော။
ဥဿဟေန၊ အားထုတ်ခြင်းဖြင့်။
ပဌမပါရာဇိကံ၊ ကို။
ကိံ၊ အဘယ့်ကြောင့်။
ပညတ္တံ၊ ပညတ်တော်မူအပ်ပါလိမ့်မည်နည်း။
ဧတ္ထ၊ ဤမေထုန်အမှု၌။
ဒေါသော၊ အပြစ်သည်။
နတ္ထိ၊ မရှိပါ။
(ပဌမပါရာဇိကပညတ်လောက်အောင် မကြီးပါ-ဟူလို။)
ဣတိ၊ ဤသို့။
သဗ္ဗညုတညာဏေန၊ သဗ္ဗုညုတဉာဏ်တော်နှင့်။
သဒ္ဓိံ၊ တကွ။
ပဋိဝိရုဇ္ဈန္တော၊ ဆန့်ကျင်လျက်။
သစ္စန္ဒ ၊ပေ၊ ဧကံ ကတွာ။ ။ "ဆန္ဒ" ဟူသည် ကာမဂုဏ်ကို လိုလားသော တဏှာတည်း၊ ရာဂူဟူသည်လည်း ထိုကာမဂုဏ်ကို စွဲမက်သော ရာဂပင်တည်း၊ သဒ္ဒါ ၂ ခုအတွက်အလွန်တပ်မက်သော တဏှာရာဂကို ယူပါ၊ ပစ္စည်း ၄ ပါးကို သုံးဆောင်ရာ၌ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ပရိယတ် ပဋိပတ်အားထုတ်ဖို့ရန် သုံးလျှင် တဏှာလောဘ မဖြစ်သောကြောင့် နိစ္ဆန္ဒရာဂပရိဘောဂ ဖြစ်၏၊ ကာမဂုဏ်ကို ခံစားရာ၌ကား ထိုကဲ့သို့ ပစ္စဝေက္ခဏာ ဆင်ခြင်၍မဖြစ်, တဏှာရာဂဖြင့် ပြင်းပြစွာဖြင့် ခံစားရကား ကြမ်းတမ်းတုတ်ခိုင်သော လျှော်ချည်နှင့် သိမ်မွေ့သော အပ်ချည်ကို ဆက်ပုံနှင့်လည်းကောင်း, မြင်းမိုရ်တောင်နှင့် မုန်ညင်းစေ့ကို အတူထား၍ ရှုစားသူနှင့်လည်းကောင်း တူနေလေသည်။
သဗ္ဗညုတ ၊ပေ၊ ပဋိဝိဇ္ဈန္တော**။ ။ ဗုဒ္ဓမြတ်စွာသည် ပဌမပါရာဇိကအမှုကို အလွန်ကြီးကျယ်သော အပြစ်ဟု မြင်တော်မူ၏၊ အရိဋ္ဌကား ဘာမျှ ကြီးကျယ်သော အပြစ်မရှိဟု ယူဆလေ၏၊ ဤသို့ ယူဆသည့်အတွက် ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတဉာဏ်တော်ကို ဆန့်ကျင်ဘက်အပြိုင်ပြုရာရောက်သည်၊ [သဗ္ဗညုတဉာဏေန သဒ္ဓိံ ပဋိဝိရုဇ္ဈန္တောတိ သာဝဇ္ဇံတိ ဒိဋ္ဌံ အနဝဇ္ဇန္တိ ဂဟဏေန တေန သဟ ပဋိဝိရုဇ္ဈန္တော။]
ဘဗ္ဗပုဂ္ဂလာနံ၊ သစ္စာ ၄ ပါးကို သိထိုက်သော ပုဂ္ဂိုလ်တို့၏။ အာသံ၊ ကြင့်ကြံလိုသော အာသာကို။ ဆိန္ဒန္တော၊ ဖြတ်တောက်လျက်။ ဇိနဿ၊ မြတ်စွာဘုရား၏။ အာဏာစက္ကေ၊ အာဏာတော်ဟူသော စက်ဘီး၌။ ပဟာရံ၊ ပုတ်ခတ်ခြင်းကို။ အဒါသိ၊ ပေးပြီ။ [အာဏာစက္ကေတိ ပဌမပါရာဇိကသိက္ခာပဒသင်္ခါတေ, "အဗြဟ္မစရိယံ ပဟာယာ" တိ အာဒိ ဒေသနာသင်္ခါတေစ အာဏာစက္ကေ။]ယာစိတကူပမာ၊ ငှားရမ်းယူငင်ပွဲသဘင်၌, ဝတ်ဆင်ခဏ, သုံးဆောင်ရသော ဥစ္စာဟူသော ဥပမာရှိကြကုန်၏။
တိဏုက္ကူပမာ။ ။ မြက်ဆုပ်ကို မီးရှိ့၍ ညဉ်မှောင်တုန်းဝယ် လေးဘက်သို့ လှည့်ကာ မီးရှုးမီးတိုင် လုပ်၍ ယူသွားသူ၏ လက်ကို ထိုမြက်မီးရှုးက လောင်သကဲ့သို့ ကာမဂုဏ်မီးတိုင်ကို ကိုင်ထားသူအားလည်း ထိုကာမဂုဏ်က လောင်တတ်လေရကား ကာမဂုဏ်တို့သည် မြက်မီးရှူးနှင့် တူလှကုန်၏။
အင်္ဂါရကာသူပမာ။ ။ [မဟာဘိတာပနဋ္ဌေနာတိ အနဝဋ္ဌိတသဘာဝတာယ။] သက်မဲ့ပစ္စည်းဖြစ်စေ, သက်ရှိ သား, လင်, ခင်ပွန်း, ဇနီးဖြစ်စေ မိမိအထံ၌ အမြဲအတည်၍ တစ်ခြားလက်သို့ ရောက်သွားလျှင် သို့မဟုတ် သေကျေပျက်စီးသွားလျှင် အလွန်အမင်း သောကဖြစ်ကြရသောကြောင့် ကာမဂုဏ်အာရုံတို့သည် အလွန်ပူသော မီးကျီးတွင်းနှင့်တူကြလေ၏။
သုပိနကူပမာ။ ။ [ဣတ္တရသဒ္ဒါသည် (မုဟုတ္တ ( တစ်မုဟုတ်, တစ်ခဏ) အနက်ကိုဟော၏။] အိပ်မက်မက်ရာ၌ တကယ်ပင် စားရ ဝတ်ရ မြင်ရ တွေ့ရသည်ဟု မြင်မက်သော်လည်း အိပ်ရာမှနိုးလာသောအခါ ဘာမျှ မဟုတ်တော့၊ ထို့အတူ ကာမဂုဏ်တို့သည် ကြည့်တုန်း, ကြားတုန်း, ခံစားတုန်း, ခဏကလေးမျှ မက်လိုက်ရသော်လည်း ပြီးလျှင် ဘာမျှမရှိတော့၊ ထို့ကြောင့် ကာမဂုဏ်တို့သည် အိပ်မက်နှင့် တူကြကုန်၏။
ယာစိတကူပမာ။ ။ လူတစ်ယောက်သည် သူတစ်ပါး၏ ယာဉ်ရထား မော်တော်ကားကို ငှား၍, ငှားရမ်းထားသော လက်ဝတ်တန်ဆာတို့ကို ဆင်ပြင်ကာ ပွဲသဘင်သို့ ထွက်လာရာ၏၊ ဘေးကမြင်သူ လူအများကလည်း တကယ်ချမ်းသာသော စည်းစိမ်ရှင်ကြီးဟု ထင်မှားကုန်ရာ၏၊ ထိုကဲ့သို့ သူတစ်ပါး အထင်မှားအောင် ဝါကြွားနေ၍ နေစဉ် ဥစ္စာရှင်တို့သည် သူတို့၏ ဥစ္စာကိုပြန်၍ယူသောအခါ ထိုအငှားဖြင့် ကြွားနေသူအတွက် အလွန် စိတ်မကောင်းဖြစ်ရသကဲ့သို့ ကာမဂုဏ်အာရုံများလည်း ကိုယ်ပိုင် အစစ် မဟုတ်ကြ, ရန်သူအမျိုးမျိုးကြောင့် ပျက်စီးတတ်ရကား ငှားရမ်းထားသော ပစ္စည်းများနှင့် အလားတူကြကုန်၏၊ [တာဝကာလိကဋ္ဌေန ပရေဟိ အဘိဘဝနိယတာယ- ရေ မီး မင်းစသူတို့က လွှမ်းမိုးသဖြင့် ငှားရမ်းအပ်သော ပစ္စည်းကဲ့သို့ ဖြစ်၏။]
သာသင်္ကသပ္ပဋိဘယဋ္ဌေန၊ ရွံ့ရှားဖွယ်နှင့်တကွ, ဘေးရန်နှင့်တကွ ဖြစ်သည်၏ အဖြစ်ဟူသော အနက်သဘောကြောင့် အဆိပ်ထန်သော မြွေ၏ဦးခေါင််းဟူသော ဥပမာရှိကြကုန်၏။
ဣတိအယံ၊ ဤဆိုအပ်ပြီးကား။
ဧတ္ထ၊ ဤသမန္တပါသာဒိကာမည်သော ဝိနည်းအဋ္ဌကထာ၌။
သင်္ခေပေါ၊ အကျဉ်းချုပ်တည်း။
သဗ္ဗင်္ဂ ၊ပေ၊ နဋ္ဌေန။ ။ ဆေဒနဘေဒနာဒိ အဓိကရဏဘာဝေန- ဖြတ်ခြင်း, ခွဲခြင်းစသည်တို့၏ တည်ရာအဖြစ်ဖြင့် (အဖြတ်ခံရ, အခွဲခံရခြင်း စသည်ဖြင့်၊) သဗ္ဗင်္ဂပစ္စင်္ဂပလိဘဉ္ဇန- အလုံးစုံသော အင်္ဂါကြီးငယ်တို့ကို ဖျက်ချိုးကြောင်းဖြစ်သည်။
ရုက္ခဖလူပပမာ။ ။ အသီးရှိသော သစ်ပင်ကို ရုက္ခဖလဟု ခေါ်၏၊ လူတစ်ယောက်သည် အသီးကိုလို၍ အပင်ပေါ်သို့ တက်နေစဉ်, အခြားတစ်ယောက်လည်း ဓားမကြီးကိုကိုင်၍ ထိုအပင်အောက်သို့ ရောက်လာ၏၊ ထိုသူသည် အပင်ပေါ်သို့ မတက်နိုင်ရကားအမြစ်က ခုတ်လှဲနေ၏၊ ထိုအချိန်၌ အထက်ကလူသည် မြန်မြန်ဆင်းလျှင် ဆင်းရော့, မဆင်းလျှင် သစ်ပင်လှဲသောအခါ လက်ခြေအင်္ဂါတို ကျိုးပျက်ကုန်ရာသကဲ့သို့ ကာမဂုဏ်တို့လည်း သူတစ်ပါးက လိုလားသည့်အတွက် ဥစ္စာရှင်မှာ ပျက်စီးစရာများရကား အသီးရှိသောသစ်ပင်နှင့် တူလှကုန်၏။
အသိသူနူပမာ။ ။ ကာမဂုဏ်အာရုံတို့သည် (အသားတင်၍ ခုတ်စင်းရာ) စင်းတီတုံးနှင့် တူကုန်၏၊ ကိလေသာတို့ကား သန်လျက်နှင့် တူကုန်၏၊ ကာမဂုဏ်အာရုံပေါ်၌ ကိလေသာကို ခံစားရကား ကာမဂုဏ်အာရုံတို့သည် သန်လျက်ဖြင့် ခုတ်စင်းရာ စင်းတီတုံးနှင့်တူကြလေသည်။
သတ္တိသူလူပမာ။ ။ လှံတံကျင်သည် အနာမရှိသော အရပ်ကို အနာပေါက်ဖြစ်အောင် ပြုလျက် အထည်းသို့ စိုက်ဝင်သကဲ့သို့ ကာမဂုဏ်အာရုံတို့လည်း ဒုက္မမရှိသူကို ဒုက္ခဖြစ်အောင် ပြုလျက် သောကပရိဒေဝ စသည်တိုင်အောင် အတွင်းစိုက်သောကြောင့် လှံတံကျင်နှင့် ဥပမာတူကြလေသည်။
သပ္ပသိရူပမာ။ ။ မြွေပွေး မြွေဟောက်တို့၏ တစ်ကိုယ်လုံးတွင် ဦးခေါင်းသည်ကြောက်ရွံ့ စရာ အကောင်းဆုံးဖြစ်၏၊ ကာမဂုဏ်အာရုံတို့သည် ဒုက္ခအမျိုးမျိုးကို ပေးတတ်ရကား ပညာရှိသူတော်စင်တို့၏ အမြင်အားဖြင့် မြွေပွေး မြွေဟောက်တို့၏ ဦးခေါင်းပမာအလွန် ရွံ့စရာ ကြောက်စရာ ဖြစ်ကြလေသည်။ [အဇ္ဈိမပံ, ဂဃပတိဝဂ္ဂ, ပေါတလိသုတ် စသည်မှ ယူသည်။]