ဗဒရာ ပဋိယတ္တာတိ (ဣဒံ ဝစနံ)၊ ကို။
ဥပစာရဝသေန၊ လောကပြောရိုးဆိုစဉ်၏ အစွမ်းဖြင့်။
ယေန ၊ပေ၊ ဉာယတိ
။ ။ယထာကို “ယေန နိယာမေန”ဟု ဖွင့်သည်၊ ထိုယေန ကြောင့်၊ တေနဟု နိယမထည့်ပေးရသည်၊ တေနသည် ဉာပကဟိတ်ဖြစ်၍ စပ်ပုဒ်လည်း တိုက်ရိုက် မပါသောကြောင့် “ဉာယတိ”ဟု ကြိယာထည့်၍ ဖွင့်သည်။
ဥပစာရဝသေန ။ ။ဆီးသီးသာမက အခြားသော ခဲဖွယ်ဘောဇဉ်များကိုလည်း စီစဉ်ထားပြီး ဖြစ်၏၊ သို့သော် ပြောရိုးအတိုင်း ဆီးသီးကို မှတ်သား၍ ဥပလက္ခဏနည်းအားဖြင့်“ဗဒရာ ပဋိယတ္တာ”ဟု လျှောက်သည်။ [ဥပစာရဝသေနာတိ ဝေါဟာရဝသေန၊ ဥပလက္ခဏဝသေန, ပဓာနဝသေနဝါတိ အတ္ထော။-ယောဇနာ။]
ဝဒတိ၊ လျှောက်၏။မဟာဥပါသကော၊ ဥပါသကာကြီးသည်။
[သား မယား ညီစသူတို့၏ အကြီး အကဲဖြစ်သောကြောင့် “မဟာ”ဟု ဝိသေသနပြုသည်။]
ဘိက္ခုံ၊ ကို။
နိမန္တေတိ၊ ပင့်ဖိတ်အံ့။
(အကပ္ပိယနိမန္တနဖြင့် ပင့်ဖိတ်အံ့။)
ကုလံ၊ အိမ်သို့။
ဥပဂတဿ၊ ချဉ်း ကပ်လာသော။
တဿ၊ ထိုရဟန်း၏။
(ပတ္တေ၌ စပ်။)
ဥပါသကောပိ၊ သည်လည်း ကောင်း။
တဿ၊ ထိုဥပါသကာ၏။
ပုတ္တ ။ ပေ။ အာဒယောပိ၊
သား မယား ညီ နှမ အစရှိသူတို့သည်လည်းကောင်း။
အတ္တနော အတ္တနော၊ မိမိ မိမိ၏။
ကောဋ္ဌာသံ၊ အဖို့ကို။
အာဟရိတွာ၊ ဆောင်ယူ၍။
ပတ္တေ၊ ၌။
ပက္ခိပန္တိ၊ ထည့်ကုန်အံ့။
ဥပါသကေန၊ သည်။
ပဌမံ၊ စွာ။
ဒိန္နံ၊ ပေးလှူအပ်သော ဘတ်ကို။
အဘုဉ္ဇိတွာ၊ ၍။
ပစ္ဆာ၊ နောက်မှ။
လဒ္ဓံ၊ ရအပ်သော ဘတ်ကို။
ဘုဉ္ဇန္တဿ, အာပတ္တိ။
ဣတိ, မဟာအဋ္ဌကထာယံ ဝုတ္တံ။
ယောဇနာ
။ ။“ပါယသ”ဟု ယာ၌ ဒီဃဖြင့် တွေ့ ရသော ပါဌ်ကို ယူ၍ ပဝါရဏာ သိက္ခာပုဒ် ယောဇနာ၌ “ပါတဗ္ဗဿ စ အသိတဗ္ဗဿစ ဒွိန္နံ ဗျူပ္ပတ္တိနိမိတ္တာနံ သမ္ဘဝတောဝါ ပါယသောတိ ဝုစ္စတိ”ဟု တစ်နည်း ဖွင့်၏၊ ထိုအလို “ပါတဗ္ဗောတိ ပါယော၊ အသိတဗ္ဗောတိ အာသော၊ ပါယောစ + သော + အာသောစာတိ ပါယာသော- သောက်လည်း သောက်နိုင်, လက်ဖြင့် ကော်ယူ၍လည်း စားနိုင်သော ထမင်း"ဟု ပြုရသည်၊ ထိုအကြံကို စဉ်းစားသင့်၏၊ ဘာ့ကြောင့်နည်း- ထိုအကြံအတိုင်းဆိုလျှင် နို့ရည်ဟူသော အနက်သည် သဒ္ဒါအတွင်း၌ မပါ တော့ရကား “နို့ဃနာ”ဟု မဖြစ်နိုင်သောကြောင့်လည်းကောင်း, ဘုရားအလောင်းတော်အား သုဇာတာ ကပ်လှူအပ်သော နို့ဃနာဆွမ်း၌ သောက်၍ မဖြစ်, ၄၉- လုတ် ဆွမ်းလုတ်ပြု၍ ဘုဉ်းပေးရသော ဃနာဆွမ်းသာ ဖြစ်သောကြောင့်လည်းကောင်းတည်း၊ သပ္ပပါယာသေပီတိ သပ္ပနာစ ပါယာသေနာစ ကတေ ဘတ္တေပိ" ဟု ယောဇနာ ဖွင့်သည်ကိုလည်း စဉ်းစားပါ၊ “သပ္ပိနာ + သင်္ခါတော ပါယာသော သပ္ပိပါယာသော”ဟုသာ ပြုသင့်သည်။ [ဃန-တစ်ခဲနက် ပြစ်နေသော ထမင်းကို “ယနာ”ဟု ဆိုသည်။]
အာပတ္တီတိ ၊ပေ၊ ဝဋ္ဋတိ ။ “ဘုဉ္ဇန္တဿ အာပတ္တိ” နေရာဝယ် စားအုပ်များ၌ “ဘုဉ္ဇန္တဿ အနာပတ္တိ”ဟု ရှိ၏၊ ထိုပါဌ်သည် “မဟာအဋ္ဌကထာယံ အာပတ္တီတိ ဝစနေန ကုရုန္ဒိယံ ဝဋ္ဋတီတိ ဝစနံ ဝိရုဒ္ဓံ ဝိယ ဒိဿတိ"ဟူသော သာရတ္ထဋီကာနှင့် မညီ၊ ထိုကြောင့် အာပတ္တိဟုသာ ရှိပါစေ။
**မဟာပစ္စရိယံ** ။ ။မဟာအဋ္ဌကထာ၏ “အာပတ္တိ"ဟူသော စကားနှင့် ကုရုန္ဒီ အဋ္ဌ ကထာဝယ် “ဝဋ္ဋတိ”ဟူသော စကားသည် ဆန့်ကျင်သကဲ့သို့ ဖြစ်၏၊ ထို့ကြောင့် မဟာပစ္စရိယံ သစေ" စသည်ဖြင့် မဆန့်ကျင်အောင် ညှိ၍ ပြသည်၊ မှန်၏- မဟာပစ္စရီ၌ ပါစိတ္တိယံဟူသော စကားသည် မဟာအဋ္ဌကထာ၏ အာပတ္တိဟူသော စကားနှင့် သဘောတူ၏၊ “ယဒိ ပန၊ပေ၊ န ဟောတိ”ဟူသော စကားသည် ကုရုန္ဒီအဋ္ဌကထာ၏ “ဝဋ္ဋတိ”ဟူသော စကားနှင့် သဘော တူ၏။**သစေ သော ဘိက္ခု ၊ပေ၊ အာပတ္တိ** ။ ။မိမိဘာသာ ဆွမ်းခံ၍ ရအပ်ပြီးသော ပဌမ ဆွမ်းပင်ဖြစ်သော်လည်း ထိုဆွမ်းသည် အကပ္ပိယနိမန္တနကြောင့် ရအပ်သော ဆွမ်း မဟုတ်၊ ယခုအခါ အကပ္ပိယနိမန္တနဘတ် ရှိနေသောကြောင့် ထိုဆွမ်းခံ၍ ရအပ်ပြီးသော ဆွမ်းကိုပင် မစားကောင်းတော့။