ခုဒ္ဒကာနံ၊ ဂရုကသိက္ခာပုတို့ကို ထောက်၍ ငယ်ကုန်သော။
ဝါ၊ များစွာကုန်သော။
ယေသံ၊ အကြင် ၉၂ပါးသော သိက္ခာပုဒ်တို့၏။
ဝါ၊ တို့က်ု။
နဝဟိ၊ ၉ပါးကုန်သော။
ဝဂ္ဂေဟိ၊ ဝဂ်တို့ဖြင့်။
သင်္ဂဟော သိမ်းယူရခြင်းသည်။
ဝါ၊ သိမ်းယူရာသိမ်းယူကြောင်းဖြစ်သော ပါဠိရပ်သည်။
သုပ္ပတိဋ္ဌိတော၊ ကောင်းစွာတည်ပြီ။
ဒါနိ၊ ယခုအခါ၌။
တေသံ၊ ထို ၉၂ ပါးသော ခုဒ္ဒကသိက္ခာပုဒ်တို့၏။
အဟံ ဝဏ္ဏနာ၊ ဤဖွင့်ကြောင့် ဖွင့်ရာ အဋ္ဌကထာသည်။
ဘဝတိ၊ ဖြစ်၏။
ဝါ၊ ဖြစ်တော့လတံ့။
ခုဒ္ဒကာနံ။ ။ခုဒ္ဒကသဒ္ဒါသည် အသေးအငယ်ကို ဟောရိုးဖြစ်သော်လည်း ဤ နေရာ၌ ဗဟုသဒ္ဒါ၏ ပရိယာယ်ဟု ဋီကာဆို၏၊[ ခုဒ္ဒကာနန္တိ ဧတ္ထ ခုဒ္ဒကသဒ္ဒေါ ဗဟုသဒ္ဒ ပရိယာယော၊-ဋီကာ။ ]သို့သော် ပါရာဇိက သံဃာဒိသေသ်ဟူသော ဂရုကသိက္ခာပုဒ်တို့ကို ထောက်လျှင် ငယ်သည်ပင်ဖြစ်သောကြောင့် နိဿယ၌ အနက် ၂ မျိုး ပေးထားသည်၊ ရှေး နိဿယ၌ ပါဋိ ဒေသနီယနှင့်တကွ ၉၆-ပါးဟု သင်္ချာတပ်ထားသော်လည်း ပါဋိဒေသနီယ အတွက် နိဒါန်းအချီဂါထာ သီးခြား လာလတံ့ဖြစ်သောကြောင့် ပါဋိဒေသနီယကို မထည့်ဘဲ ၉၂ ပါးဟု ဆိုသည်၊ ဤခုဒ္ဒကာနံ ယေသံပုဒ်တို့ကို သင်္ဂဟော၌ စပ်။
သင်္ဂဟော ။ ။“သင်္ဂဟဏံ + သင်္ဂဟော” ဟု ဘာဝသာဓန ပြု၊ ဤသို့ ဘာဝ သာဓန ပြုလျှင် “ဘာဝသာဓန, နောက်ပုဒ်ပြ, ကမ္မတ္ထဆဋ္ဌီ” နှင့်အညီ, ယေသံကို ဆဋ္ဌီကံဟု မှတ်ပါ၊ သင်္ဂယှန္တိ ဧတ္ထ ဧတေန ဝါတိ သင်္ဂဟော၊ ပါဠိပဒေသော-ပါစိတ်ပါဠိတော်ဟူသော ပါဠိရပ်၊ ဤသို့ ကရဏ အဓိကရဏသာဓ် ပြုလျှင် ယေသံ၌ သမ္ဗန်အနက်, ကံအနက် ၂ ချက်သင့်ဟု မှတ်ပါ၊ သမ္ဗန်ပေးခိုက် “ရာ, ကြောင်း" ဟူသော ပစ္စည်းအနက်၌ စပ်၍, ကံအနက် ပေးခိုက် "သိမ်းယူ” ဟူသော ဓာတ်အနက်၌ စပ်ပါ။
ဘဝတိ ။ ။ဘဝတိကိုလည်း အနာဂတသမီပ ဝတ္တမာန်ဟု မှတ်ပါ၊ “ဆိုဖို့ရန် နီးကပ်နေပြီ" ဟူလို၊ ယောဇနာ၌ကား - “တိသဒ္ဒါသည် ဧကံသအနက်၌ ဖြစ်သော အနာဂတ် ဟောဟုလည်းကောင်း, အဝဿံဘာဝီ-မချွတ် ဖြစ်တော့မည် အနာဂတ်အနက်ဟော” ဟုလည်း ကောင်း ဖွင့်လေသည်။ [ဘဝတီတိ ဧတ္ထ တိသဒ္ဒေါ ဧကံသတ္တေ အနာဂတကာလိကော ဟောတိ အထဝါ အဝဿံဘာဝိယတ္ထ အနာဂတကာလဝါစကော ဟောတိ-ယောဇနာ။]
ယတြ ယတြ၊ အကြင်အကြင်အရပ်၌။
ဝါဒေါ၊ ပြောဆိုဖွယ်သည်။
တတ္ထ
။ ။နောက်၌ မုသာဝါဒဝဂ္ဂဿဟူသော အစိတ်အစိတ်ဝဂ်, ပဌမသိက္ခာပဒေ ဟူသော အစိတ်အစိတ် သိက္ခာပုဒ်တို့ကို ရှု၍ “တတ္ထ-ထို ၉ ပါးသော ဝဂ်တို့တွင်၊ တစ်နည်း တတ္ထ-ထို ၉၂ ပါးသော သိက္ခာပုဒ်တို့တွင်" ဟု နိဒ္ဓါရဏသမုဒါယအဖြစ်ဖြင့် စွဲရသည်။
နိယာမ် ။ ။ တတ္ထအစွဲ, စိတ်မရဲမှု, နောက်လွှဲအစု, အစိတ်ရှု, ရောယူ ပေါင်း၍စွဲ။
ဝါဒက္ခိတ္တော ။ ။ဝဒန္တိ ဧတေနာတိ ဝါဒေါ-ပြောဆိုကြောင်းကို “ဝါဒ” ဟုခေါ်၏၊ ဤနေရာ၌ မည်ကဲ့သို့ ပြောဆိုမည်ဟု စောစောက ကြံစည်ထားအပ်သော အယူအဆကို “ဝါဒ” ဟု ယူပါ၊ ဝါဒေန + ခိတ္တော ဝါဒက္ခိတ္တော၊ ခိတ္တောကို ပက္ခိတ္တောဟု သဒ္ဒတ္ထ ဖွင့်၏၊ ပဟိတော ပေသိတောတို့ကား အဓိပ္ပာယတ္ထတည်း၊ သူကြံစည်ထားအပ်သော ဝါဒက ပစ်ပို့အပ် စေလွှအပ်သည်ဖြစ်၍ အရှင်ဟတ္ထကသည် ပရဝါဒီတို့ အထံသို့ ရောက်၍ ရောက်၍ နေ၏၊ “ပရဝါဒီတို့ မကြာ မကြာ သွားသည်” ဟူလို။
(ဟောတိ၊ ရှိ၏။) တတြ တတြေဝ၊ ထိုထိုအရပ်၌ပင်။ သန္ဒိဿတိ၊ ထင်ရှား၏။ (ပါဝင်၏။) ဣတိပိ၊ ဤအနက်ကြောင့်လည်း။ ဝါဒက္ခိတ္တော၊ ဝါဒက္ခိတ္တ မည်၏။အဝဇာနိတွာ ပဋိဇာနာတီတိ၊ ကား။
အတ္တနော၊ မိမိ၏။
ဝါဒေ၊ အယူဝါဒ၌။
ကဉ္စိ၊ တစ်စုံတစ်ခုသော။
ဒေါသံ၊ အပြစ်ကို။
သလ္လက္ခေန္တော၊ မှတ်ထင်လတ်သော်။
အယံ၊ ဤဟာသည်။
မမ၊ ငါ၏။
န ဝါဒေါ၊ အယူဝါဒ မဟုတ်။
ဣတိ၊ သို့။
အဝဇာနိတွာ၊ ပယ်ပြီး၍။ (ပယ်ပြီးမှ။)
ပုန၊ တစ်ဖန်။
ကထေန္တော ကထေန္တော၊ ပြောစဉ် ပြောစဉ်။ (ပြောရင်း ပြောရင်း။)
`နိဒ္ဒေါသတံ၊ အပြစ် မရှိသည်၏ အဖြစ်ကို။
ဝါဒမှိဝါ ၊ ပေ၊ ခိတ္တော။
ဤနည်း၌ “ဝါဒမှိ + ခိတ္တော ဝါဒက္ခိတ္တော" ဟု သတ္တမီ တပ္ပုရိသ် သမာသ်ပြု၊ မိမိစိတ်က ဝါဒအတွင်းသို့ ပစ်သွင်း ပို့ထားအပ်သည် ဖြစ်၍ “အရှင် ဟတ္ထကဟာ ပြိုင်ဖို့ရာ ဝါဒထည်းမှာချည်း စိတ်ရောက်နေသည်၊ ပြိုင်ဖို့ရာ ဝါဒကိုသာ စိတ်ကူး နေသည်" ဟု ဆိုလိုသည်။
ယတြ၊ပေ၊ ဣတိပိ ။ ။ရှေ့နည်းသည် ပေါင်းဖို့ရန် “ဣတိပိ” ဟု သမ္ပိဏ္ဍနတ္ထပိသဒ္ဒါဖြင့် ဆိုသောကြောင့် ဤယတြ စသည်ကို “ဝါဒမှိ + ခိတ္တော" ဝိဂြိုဟ်အတွက် အဓိပ္ပာယ်တစ်နည်း ဖွင့်ပြချက်ဟု မှတ်ပါအကြင်အကြင်အရပ်၌ ဝါဒပြိုင်ပွဲ ဖြစ်၏၊ ထိုထိုအရပ်၌အရှင်ဟတ္ထကကို တွေ့ရမြင်ရသည်၊ “ဝါဒပြိုင်ပွဲဟူသမျှ၌ ပါဝင်နေသည်သာ ဖြစ်လောက်အောင် အရှင်ဟတ္ထကကို မိမိစိတ်က ဝါဒထည်း၌ သွင်းထားအပ်သည်” ဟူလို။
မှတ်ချက် ။ ။ယောဇနာ၌ “ယတြ ယတြာတိ ယဿံ ယဿံ ဒိဋ္ဌိယံ" ဟု ဖွင့်၍ “ပဝတ္တတီတိ သမ္ဗန္ဓော” ဟု ပဝတ္တတိကြိယာ ထည့်ပါဌ်၌ စပ်ဖို့ရန် ဖွင့်သည်ကို စဉ်းစားပါ၊ ဘာ့ကြောင့်နည်း - “ယတြ ယတြ” အရ “ယဿံ ယဿံ ဒိဋ္ဌိယံ” ဟု ဖွင့်လျှင် ဝါဒေါအရလည်း ပြောဆိုကြောင်းအယူပင် ရသဖြင့် ယတြနှင့် ဝါဒေါတို့ အရမပြားဘဲ ရှိရာသောကြောင့်လည်း ကောင်း, တိုက်ရိုက် မပါသော ကြိယာကို ထည့်လိုလျှင် “ဟောတိ, အတ္ထိ” စသည်ကိုသာ ထည့်ရိုးရှိသောကြောင့်လည်းကောင်းတည်း။
အဝစာနိတွာ ။ ။ရူပသိဒ္ဓိ-နာမ် ဥပသာရတို့၏ အနက်တို့ကို ပြရာ၌ အဝ၏ အဓောဘာဝ (အောက်၌ ဖြစ်ခြင်း, အောက်ချခြင်း) အနက်၏ ပုံစံကို “အဝဇာနနံ” ဟု ထုတ်၏၊ ထို့ကြောင့် မိမိပြောအပ်သော စကား၌ (အယူ၌) အပြစ်မြင်၍ “ငါ့ဝါဒ မဟုတ်” ဟု ပယ်ချ ခြင်းသည် အဓောဘာဝ (အောက်ချခြင်း) ဟူသော အဝဇာနနပင် ဖြစ်၏၊ ထို့ကြောင့် အဝသည် အဓောဘာဝအနက်ဟောသာ ဖြစ်သင့်၏၊ ယောဇနာ၌ကား - ဝိယောဂအနက်ကို ယူ၍ “ပဋိဿဝေန ဝိယောဂံ ကတွာ-ဝန်ခံခြင်းနှင့် ကင်းအောင်ပြု၍” ဟု ဖွင့်လေ၏၊ ထို့ပြင် “အပဇာနိတွာ” ဟု မူကွဲလည်း ပြလေသည်၊ ထိုယောဇနာအဖွင့်ကို စဉ်းစားပါ။
ကထေန္တော ကထေန္တော ။ ပါဠိတော်၌ “သော ၊ပေအဝဇာနိတွာ ပဋိဇာနာတိ" ဟု ရှိ၏၊ “သော” ဟူသော ကတ္တားနှင့် ကထေန္တောသည် အရတူသောကြောင့် အန္တသည် ကတ္တုသာဓနနှင့်တကွ လက္ခဏအနက်ဟောတည်း၊ ထိုသို့ ကတ္တားပုဒ်နှင့် အရတူသောကြောင့်တစ်ဝါကျတည်း၌ ဝိဘတ်တူအောင် ထားရသည်၊ “ထိုအရှင်ဟတ္ထကသည် ပြောလတ်သော်ပြောလတ်သော် (ပြောစဉ် ပြောစဉ်, ပြောရင်း ပြောရင်း) အပြစ် မရှိဟု ထင်၍ ဝန်ခံပြန်သည်” ဟူလို။
သလ္လက္ခေတွာ၊ မှတ်ထင်ပြန်၍။ အယံ၊ ဤဟာသည်။ မမ၊ ၏။ ဝါဒေါဧဝ၊ ဝါဒပင် တည်း။ ဣတိ၊ သို့။ ပဋိဇာနာတိ၊ ဝန်ခံပြန်၏။ ပဋိဇာနိတွာ အဝဇာနာတီတိ၊ ကား။ ကိသ္မိဉ္စိဒေဝ၊ တစ်စုံတစ်ခုပင်လျှင်ဖြစ်သော။ စဝနေ၊ စကား၌။ အာနိသံသံ၊ အကျိုး ကို။ သလ္လက္ခေန္တော၊ မှတ်ထင်လတ်သော်။ အယံ၊ သည်။ မမ၊ ၏။ ဝါဒေါ၊ တည်း။အညေနညံ ပဋိစရတီတိ၊ ကား။
အညေန၊ အခြားသော။
ကာရဏေန၊ နောက် အကြောင်းဖြင့်။
အညံ၊ အခြားသော။
ကာရဏံ၊ ရှေ့အကြောင်းကို။
ပဋိစရတိ ပဋိစ္ဆာ ဒေတိ၊ ဖုံး၏။
အဇ္ဈောတ္ထရတိ၊ လွှမ်း၏။
ရုပံ၊ ရုပ်သည်။
အနိစ္စံ၊ အနိစ္စတည်း။
(ကသ္မာ၊ အဘယ့်ကြောင့်နည်း။)
ဇာနိတဗ္ဗတော၊ သိထိုက်သည်၏ အဖြစ်ကြောင့်တည်း။
ဣတိ၊ သို့။
ဝတွာ၊ ပြောပြီး၍။
ပုန၊ တစ်ဖန်။
ဇာတိဓမ္မတော၊ ဖြစ်ခြင်းသဘော ရှိသည်၏ အဖြစ်ကြောင့်တည်း။
ဣတိ အာဒီနိ၊ ဤသို့ အစရှိသော စကားတို့ကို။
ယောဇနာ
။ ။“ကထေန္တော၌ အန္တသည် မာနသဒ္ဒါ၏ အပြု (ကာရိယ) တည်း”ဟု ဆို၍ “ကထီယမာနော-ပြောအပ်သော်”ဟု ကံအနက် ဖွင့်၏၊ ထိုသို့ဖွင့်သည်ကို တစ်ဝါကျတည်း၌ ကတ္တားဟောနှင့် ကံဟောပုဒ်တို့ ဝိဘတ်တူ မရှိကောင်းသောကြောင့် စဉ်းစားကြပါလေ။
ပဋိစရတိ ။ ။“ပဋိပုဗ္ဗ စရဓာတ်သည် ပဋိစ္ဆာဒနအနက်ဟော" ဟု သိစေလို၍ ပဋိစ္ဆာ ဒေတိဟု ဖွင့်၏၊ ပဋိစ္ဆာဒေတိကို အဇ္ဈောတ္ထရတိဟု ထပ်ဖွင့်သည်၊ ပဋိစ္ဆာဒန (ပစ္စည်း တစ်စုံ တစ်ခုကို ဖုံးခြင်း) ဟူသည် ထိုပစ္စည်းအပေါ်၌ အဇ္ဈောတ္ထရဏ (အဝတ်စသည်ဖြင့် လွှမ်း ထားခြင်း မိုးထားခြင်း) တည်း၊ ဤနေရာ၌လည်း မိမိ မလိုလားအပ်သော အကြောင်းတစ်ခုကို မိမိလိုလားအပ်သော အကြောင်းတစ်ခုဖြင့် ဖုံးထားခြင်း လွှမ်းမိုးထားခြင်းဖြစ်သည်၊ ထို့ကြောင့် “ပဋိစ္ဆာဒေတိ” ကိုပင် “အဇ္ဈောတ္ထရတိ” ဟု ထပ်၍ ဖွင့်သည်။
ရူပံ ၊ပေ၊ ဝဒတိ ။ ။နောက်အကြောင်းတစ်ခုဖြင့် ရှေ့အကြောင်းတစ်ခု ဖုံးလွှမ်းပုံကို ထင်ရှားပြလို၍ “ရူပံ ၊ပေ၊ ဝဒတိ” ဟု မိန့်သည်၊ “ရုပ်သည် နိစ္စလော, အနိစ္စလော” ဟု ပြဿနာဖြစ်ရာ၌ “ရုပ်သည် အနိစ္စတည်း” ဟု ဖြေပြီးလျှင် ဘာ့ကြောင့်လဲဟု အကြောင်းကို မေးသောအခါ “ဇာနိတဗ္ဗတော-သိထိုက်သောကြောင့်” ဟု အကြောင်းပြ၏၊ ထိုအခါ တစ်ဖက် ပုဂ္ဂိုလ်က “သိထိုက်သောကြောင့် အနိစ္စဖြစ်တမ်းဆိုလျှင် နိဗ္ဗာန်လည်း သိထိုက်သော တရား ဖြစ်ရကား အနိစ္စပေါ့” ဟု ပြောသောအခါ ဇာနိတဗ္ဗတောဟူသော အကြောင်းကို ဖုံးကွယ်လို၍“ဇာတိဓမ္မတော-ဖြစ်ခြင်းသဘောရှိသောကြောင့်" ဟု နောက်အကြောင်း တစ်မျိုးကို ပြပြန် သည်၊ ငါက “ဇာနိတဗ္ဗတော” ဟု မပြောပါဘူး, အသင်က အကြားလွဲလို့ပါ၊ “ဇာတိဓမ္မတောဟု ပြောပါသည်-ဟူလို၊ ဤ၌ ဇာတိဓမ္မတောဟူသော နောက်အကြောင်းဖြင့် ဇာနိတဗ္ဗတောဟူသော ရှေ့အကြောင်းကို ဖုံးလွှမ်းခြင်းဖြစ်သည်။
ဝဒတိ၊ ပြော၏။ပုန၊ တစ်ဖန်။
မဟာအဋ္ဌကထာယံ၊ ၌။
(ဝုတ္တံ၌ စပ်။)
စ ဆက်။
အဝဇာနိတွာ၊ ပယ်ပြီး၍။
ပဋိဇာနန္တော၊ ဝန်ခံသော။
ပဋိဇာနိတွာ၊ ဝန်ခံပြီး၍။
အဝဇာနန္တောဧဝ၊ ပယ်သူသည်ပင်။
အညေနညံ ပဋိစရတိ၊ အညေနညံ ပဋိစရတိ မည်၏။
ဣတိ၊ သို့။
ဝုတ္တံ၊ ဆိုအပ်ပြီ။
ဧတဿ၊ပေ၊ ကထေတိ
။ ။ဧတဿကို ယောဇနာ၌ “ရူပံ အနိစ္စံ ဇာနိတဗ္ဗ တောတိ ဝစနဿ” ဟု ဖွင့်၏၊ သင့်မည် မထင်၊ သီဟိုဠ်မူ၌ “ဧကဿ” ဟု သင်္ချာဝါစကပုဒ် ရှိ၏၊ “ဗဟုံ ကထေတိ” ကို ထောက်၍ သင်္ချာဝါစက ဧကဿပါဌ်က ကောင်းသကဲ့သို့ ထင်၏၊ အဝဇာနနကို ဖြစ်စေ, ပဋိဇာနနကို ဖြစ်စေ တစ်ခုကို ဖုံးဖို့ရန် များစွာသော စကားတွေကို ဆိုသည်-ဟူလို။
တတြာယံ၊ ပေ၊ ဘာသတီတိ ။ ။ဤကား ဗဟုံ ကထေတိအရ အများအပြား စကားပြောပုံကို ပြသော တပ္ပါကဋီကရဏဝါကျတည်း၊ ဝန်ခံအပ်ပြီးသော ပဋိဇာနနကို ဖြစ်စေ, ပယ်အပ်ပြီးသော အဝဇာနနကို ဖြစ်စေ ဖုံးလွှမ်းဖို့ရန် “ကော အာဟ, ကိံ အာဟ, ကိသ္မိံ အာဟ” စသည်ဖြင့် များစွာသော ဖုံးလွှမ်းကြောင်း စကားတွေကို ပြောသည်-ဟူလို။[ဘာ သတီတိဟု ဣတိသဒ္ဒါ ပါစေ။]
ပုန မဟာအဋ္ဌကထာယံ ။ ။“အညေန ကာရဏေန ၊ပေ၊ အာဒီနိ ဝဒတိ" ဟူသော 'မူလံအဖွင့်လည်း မဟာအဋ္ဌကထာမှ ယူအပ်သော အဖွင့်ပင်တည်း၊ မဟာအဋ္ဌ ကထာ၌ ထိုအဖွင့်အပြင် ထပ်၍ “အဝဇာနိတွာ ၊ပေ၊ ပဋိစရတိ" ဟု ဆိုပြန်သည်ဟု ပြလို၍ ပုန ၊ပေ၊ ဝုတ္တံ ” ဟု ပုနသဒ္ဒါဖြင့် မိန့်သည်၊ ပယ်အပ်ပြီးသော ဝါဒကို ပြန်၍ ဝန်ခံသောဝန်ခံအပ်ပြီးသော ဝါဒကို ပြန်၍ ပယ်သော ပုဂ္ဂိုလ်ကိုပင် “အညေနညံ ပဋိစရတိ-နောက်ဝါဒတစ်မျိုးဖြင့် ရှေ့ဝါဒတစ်မျိုးကို ဖုံးလွှမ်းသူဟု ဆိုရသည်“ ဟူလို၊ ဧဝဖြင့် “နောက်အကြောင်းဖြင့်ရှေ့အကြောင်းကို ဖုံးသူလည်း အခြားသူ မဟုတ်, ပယ်ပြီး၍ ဝန်ခံသူ, ဝန်ခံပြီး၍ ပယ်သူပင်ဖြစ်သည်” ဟု ပြသည်။
၂။
သမ္ပဇာနမုသာဝါဒေတိ၊ ကား။
ဇာနိတွာ၊ သိပြီး၍လည်းကောင်း။ (မုသား မပြောမီ ရှေ့အဖို့၌ ငါ မုသားပြောမည်ဟု သိပြီး၍လည်းကောင်း။)
ဇာနန္တဿစ၊ သိလျက်လည်းကောင်း။ (မုသား ပြောဆဲခဏ၌ ငါ မုသားပြောနေသည်ဟု သိလျက်လည်းကောင်း။)
မုသာ၊ မဟုတ် မမှန်သော စကားကို။
ဘဏနေ၊ ပြောဆို ခြင်းကြောင့်။ (ပါဠိတော် ပါစိတ္တိယံ ဟောတိ၌ စပ်။)
ဇာနန္တော
။ ။သမ္ပဇာနကို ဇာနန္တောဟု ဖွင့်သောကြောင့် သမ္ပဇာနန္တပုဒ်မှ န္တကို သိမှိ ဂစ္ဆန္တာဒီနံ န္တသဒ္ဒါ အံသုတ်ဖြင့် အံပြု၍ သမ္ပဇာနံဟု , ဖြစ်သင့်လျက် နိဂ္ဂဟိတ်ကို ချေ၍ သမ္ပဇာနဖြစ်သည်ဟု သိစေ၏၊ သံ + ပ ဥပသာရတို့အတွက် ဤနေရာ၌ အထူးမပြ သော်လည်း နောက်၌ ဇာနိတွာ, ဇာနန္တဿတို့ဖြင့် ပြလတံ့ဖြစ်၍ သံ + ပ ဥပသာရတို့ကို အနက်ရှိဟု ကြံပါ။ [သမ္ပဇာနံ မုသာ ဘာသတီတိ ဝတ္တဗ္ဗေ အနုနာသိကလောပေန နိဒ္ဒေသော၊ ဋီကာ။]
သမ္ပစာနမုသာဝါဒေ ။ ။ဝါဒေကို ဘဏနေဟု ဖွင့်သောကြောင့် “ဝဒနံ + ဝါဒေါ”ဟုဘာဝသာဓ် ပြု၊ ထိုဘာပသာဓနကြောင့် “ယော ပန ဘိက္ခု” နေရာဝယ် “ဘိက္ခုနော” ဟု သမ္ဗန်ထည့်ရသည်၊ သမ္ပဇာနလည်း ဘိက္ခုနောနှင့် အရတူသောကြောင့် “သမ္ပဇာနန္တဿ + မုသာဝါဒေါ သမ္ပဇာနမုသာဝါဒေါ်” ဟု ဆဋ္ဌီတပ္ပုရိသ်သမာသ် ပြု၍ န္တကို ချေ၊ ဇာနိတွာ ဇာနန္တဿတို့ဖြင့် “သံ-ပ-ကောင်းစွာ အပြားအားဖြင့်” သိပုံကို ပြသည်၊ ထိုတွင် ဇာနိတွာ ဟူသော ပုဗ္ဗကာလကြိယာ ဝိသေသနဖြင့် မုသား မပြောမီ ရှေ့အဖို့၌ သိပုံကို ပြ၏၊ ပစ္စုပ္ပန် အနက်ဟော အန္တနှင့်တကွ ဆိုအပ်သော ဇာနန္တဿဖြင့် ပြောဆဲခဏ၌ (ငါဟာ မုသားပြောနေ ပါတကားဟု) သိပုံကို ပြသည်။ [ပုဗ္ဗဘာဂေပိ ဇာနိတွာ, ဝစနက္ခဏေပိ ဇာနန္တဿ၊-ဋီကာ၊ ဤသို့ “ဋီကာ” ဟု တွေ့ သမျှ၌ “သာရတ္ထ-တေရသကဏ်ဋီကာ" ဟု မှတ်ပါ။]
ပဘေဒဂတာ၊ ကွဲပြားသည်၏ အဖြစ်သို့ ရောက်သော။
ဝါစာဧ၀၊ စကားသံကိုပင်။
ဝိသံဝါဒနစိတ္တံ့
။ ။သံဝါဒေတိ ဧတေနာတိ သံဝါဒနံ-မှန်ကန်စွာ ဆိုစေကြောင်း စိတ်၊ “န + သံဝါဒနံ ဝိသံဝါဒနံ" ဟု ပြု၍မှန်ကန်စွာ ဆိုစေကြောင်းစိတ်၏ ဆန့်ကျင်ဘက် (လိမ်လည်ပြောဆိုစေတတ်သော) စိတ်တည်း၊ “ပုရေက္ခာရ-ရှေ့၌ ပြု” ဟူသည် မပြောဆိုမီ ရှေ့အဖို့၌ လိမ်လိုသော စိတ်ကို ဖြစ်စေခြင်းတည်း။
ဝိသံ ၊ပေ၊ ဝဒန္တဿ ။ ။ပုရတော ကတွာ ဝဒန္တဿ၌ ဝဒန္တဿကား ပုရေက္ခာရဿဟူသော ပါဠိတော်၌ သိခါပတ္တ (အပြီးရောက်) အနက်ပြ စကားတည်း၊ ရှေ့သွားပြုရုံဖြင့် မုသာဝါဒ မဖြစ်, ပြောမှ ဖြစ်သည်-ဟူလို။
ဝါစာ, ဂိရာ ။ ။“ဝစတိ ဧတာယာတိ ဝါစာ” ဟု ပြ၍ ပြောဆိုကြောင်း စေတနာကိုဝါစာဟု ယူပါ၊ “ဂိ-သဒ္ဒေ" နှင့်အညီ “ဂီယတေ သဒ္ဒီယတေတိ ဂိရာ” ဟု ပြု၍ စေတနာ အရင်းခံ၍ ပြောဆိုအပ်သော အသံကို ဂိရာဟု ယူပါ။
ဗျတ္ထသော ။ ။ဝါစာဝေ၌ ဧဝဖြင့် အဝဓာရဏကမ္မဓာနည်းကို ပြ၏၊ ဝါစာဧ၀ စကားသံသည်ပင် + ပထော-ဒိဋ္ဌာနုဂတိ လိုက်သူတို့၏ လမ်းကြောင်းတည်း၊ ဝါစာပထော စကားလမ်းကြောင်း၊ “ဝါစာယ ဗျော ပထေ” ဟူသော သဒ္ဒနီတိ သန္ဓိ (၁၇၂) သုတ်ဖြင့် ပထ နှောင်းရာ၌ ဝါစာကို ဗျပြု။
ဝစီဘေဒေါ ။ ။ဝစိယာ-စကားလုံး၏ + ဘေဒေါ-(တစ်လုံးနှင့် တစ်လုံး မတူအောင်) ကွဲပြားခြားနားခြင်းတည်း၊ ဝစီဘေဒေါ-ခြင်း၊ ဤဝိဂြိုဟ်အလိုအားဖြင့် ကွဲပြားခြင်းကြိယာကို ရသော်လည်း အမှန်အားဖြင့် ထိုကြိယာ၏ တည်ရာ စကားလုံးကိုသာ ဌာနျူပစာရအားဖြင့် ယူပါဟု သိစေလို၍ “ပဘေဒဂတာ'ဝါစာဧဝ ဧဝံ ဝုစ္စကိ" ဟု မိန့်သည်။
ဧဝံ၊ ဤသို့ဝစီဘေဒဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။တတ္ထ၊ ထိုအဒိဋ္ဌံ ဒိဋ္ဌံ မေ အစရှိသော စကားရပ်၌။
အဒိဋ္ဌံ၊ စက္ခုဒွါရဖြင့် မမြင်အပ်ဖူးသော ရူပါရုံကို။
မေ၊ ငါသည်။
ဒိဋ္ဌံ၊ မြင်အပ်ပြီ။
ဣတိ ဧဝံ၊ ဤသို့။
ဝဒတော၊ ပြောဆိုသော ပုဂ္ဂိုလ်၏။
ဝစနံ၊ စကားသည်။
ဝါ၊ တစ်နည်း။
တံ သမုဋ္ဌာပိကာ၊ ထို စကားကို ဖြစ်စေတတ်သော။
စေတနာ၊ စေတနာသည်။
ဧကော၊ ၁ ပါးသော။
အနရိယဝေါဟာရော၊ အနရိယဝေါဟာရတည်း။
ဣတိ ဣမိနာ နယေန၊ ဤနည်းဖြင့်။
ဧဝံ ပဌမပဒေနု ၊ပေ၊ ဝေဒိတဗ္ဗာ
။ ။ဝါစာ ဂိရာ စသော ၅ ပုဒ်သည် မုသာဝါဒ၏ အဖွင့်ဖြစ်သောကြောင့် ထိုအဖွင့်ဖြင့် စေတနာ, ဝိညတ်, အသံ ၃ ပါး စုံမှ မုသာဝါဒ ဖြစ်သည်၊ စေတနာချည်းလည်းကောင်း, ဝိညတ်ချည်းလည်းကောင်း, အသံချည်းလည်းကောင်း ၂ ပါးစီ စုံရုံဖြင့်လည်းကောင်း မုသာဝါဒ မဖြစ်ဟု သိစေတော်မူသည်။
ဧဝံ ၊ပေ၊ အာဒိမာဟ ။ ။ဤကျမ်းတက်၌ “အန္တေ ဝုတ္တာနံ သမ္ပဇာနမုသာဝါဒ သင်္ခါတာနံ အနရိယဝေါဟာရာနံ" ဟူသော စကားကို ထောက်၍ ပါဠိတော်၌ အဋ္ဌအနရိယ ဝေါဟာရလည်း သမ္ပဇာနမုသာဝါဒေါ၏ အဖွင့်တည်းဟု သိသာ၏၊ ထို့ကြောင့် ပါဠိတော်ဝယ် အဋ္ဌအနရိယဝေါဟာရာ၏ နောက်၌ ပိုဒ်ရှိရမည်၊ ထို့သို့ဖွင့်ပြီးနောက်မှ အနရိယဝေါဟာရ၏ အမှတ်လက္ခဏာဖြစ်သော ၈ ပါးသရုပ်ကို ပြတော်မူလိုသောကြောင့် “အဒိဋ္ဌံ ဒိဋ္ဌံ မေ" အစရှိသော စကားကို မိန့်တော်မူသည်။
အတ္တော၊ ကို။ ဝေဒိတဗ္ဗော၊ သိထိုက်၏။စ၊ ဆက်။
ဒိဋ္ဌာဒီသု၊ ဒိဋ္ဌ အစရှိသည်တို့တွင်။
အတ္တနာပိ၊ မိမိသည်လည်းကောင်း။
အပိစေတ္ထ
။ ။အပိစကို အချို့နေရာ၌ အပရော နယောဟု အနက်ဆိုရသော်လည်း ဤနေရာ၌ကား ရှေ့အဖွင့်ကို ပေါင်းသော သမ္ပိဏ္ဍနတ္ထသာ ဖြစ်သင့်၏၊ ရှေ့အဖွင့်သာ မက ဤနောက်အဖွင့်လည်း ရှိပါသေးသည်-ဟူလို။
စက္ခုဝသေန ။ ။စက္ခုပသာဒ၏ အစွမ်းဟူသည် စက္ခုဝိညာဉ်အား ဝတ္ထုပုရေဇာတ နိဿယသတ္တိဖြင့် ကျေးဇူးပြုနိုင်သော သတ္တိတည်း၊ ထိုစက္ခုပသာဒ၏ သတ္တိဖြင့် စက္ခုဝိညာဉ် သည် မယူအပ် (မသိအပ်) သော ရူပါရုံကို “အဒိဋ္ဌံ” ဟု ဆိုသည်။
ဃာနာဒိ ၊ပေ၊ ပတွာ ။ ။ဃာနာဒိဝသေန မုနိတွာ အဂ္ဂဟိတံသည် မုတံပုဒ်၏ မူလအဖွင့်တည်း၊ “မု-ဗန္ဓနေ" နှင့်အညီ မုနိတွာကို အနက်ပေးရသည်၊ “တီဟိ ၊ပေ၊ ပတွာ" ကား မုဓာတ်၏ ဗန္ဓနအနက်နှင့်တကွ ထိုဃာနဇိဝှါကာယ ပသာဒိန္ဒြေ ၃ ပါး၏ သမ္ပတ္တဂ္ဂါဟက (ထိရောက်သော အာရုံကို ယူတတ်သော) ရုပ်များဖြစ်ကြောင်းကို ပြသော စကားတည်း၊ မှန်၏ ဃာနပသာဒသည် ဂန္ဓာရုံက မိမိနှင့် တစ်ဆက်တည်း စပ်နေသကဲ့သို့ ရောက်လာမှ ထိုအာရုံကို ယူနိုင်၏၊ ဇိဝှါ ကာယတို့လည်း နည်းတူ။
သြဠာရိကေနေဝ ။ ။ဤအဋ္ဌကထာ၌ အဒိဋ္ဌကို “စက္ခုဝသေန အဂ္ဂဟိတာရမဏံ" စသည်ဖြင့် စက္ခုဝိညာဉ်၏ ယူခြင်းတိုင်အောင် ဖွင့်ခြင်း (အသုတ စသည်ကိုလည်း ဤအတူ ဖွင့်ခြင်း) သည်အမှန်ဖြစ်လျှင် ပါဠိတော်၌ ဤသို့ မဖွင့်ဘဲ “အဒိဋ္ဌံနာမ စက္ခုနာ န ဒိဋ္ဌံ" ဟု စက္ခုပသာဒကို (အလားတူ သောတပသာဒ စသည်ကို ရအောင် အဘယ်နည်းဖြင့် ဒေသနာတော်ကို ပြုထားပါသနည်းဟု မေးဖွယ်ရှိသောကြောင့် “သြဠာရိကေနေဝ နယေန” ဟု မိန့် သည်၊ လေး၌ တည်သော မြားဖြင့် ပစ်ခြင်းကို “ဓနုနာ ဝိဇ္ဈတိ-လေးဖြင့် ပစ်၏” ဟု ဌာနူပစာရ (ကာရဏူပစာရ) အားဖြင့် လောက၌ ပြောရိုးရှိသကဲ့သို့ စက္ခု၌မှီသော စက္ခုဝိညာဉ်ဖြင့် မြင်ခြင်း ကိုလည်း “မျက်စိဖြင့် မြင်၏” ဟု ပြောရိုးရှိသောကြောင့် ပြောရိုးထင်ရှားသော နည်းဖြင့် ဟောတော်မူသည်-ဟူလို။
ပရေနပိ၊ သူတစ်ပါးသည်လည်းကောင်း။ ဒိဋ္ဌံ၊ မြင်အပ်သော ရူပါရုံသည်။ ဒိဋ္ဌမေဝ၊ ဒိဋ္ဌသာတည်း။ [ဧဝဖြင့် နောက်နည်း၌ကဲ့သို့ သုတအဖြစ် မရှိဟု ကန့်သည်။]**အပရော ပန** ။ ။ရှေ့နည်း၌ ရူပါရုံမှန်လျှင် ကိုယ်တိုင်မြင်အပ်သည်ဖြစ်စေ, သူတစ် ပါး မြင်အပ်သည်ဖြစ်စေ ဒိဋ္ဌချည်းသာတည်း၊ ထို့ကြောင့် ရှေ့နည်းသည် ပရမတ္ထသဘော အတိုင်း ဖွင့်အပ်သော နည်းတည်း၊ ဤနောက်နည်း၌ကား မိမိကိုယ်တိုင် မြင်အပ် ကြားအပ် သိအပ်မှ ဒိဋ္ဌ သုတ မုတ ဝိညာတမည်၏၊ ရူပါရုံဖြစ်စေကာမူ “မည်သည့်အရပ်၌ မည်သည့် ရူပါရုံဟာ သိပ်လှတာဘဲ" ဟု မြင်ခဲ့သူက တစ်ဆင့်ပြောမှ သိရလျှင် ထိုရူပါရုံသည်ပင် သုတ ဖြစ်တော့၏၊ သဒ္ဒ ဂန္ဓ ရသစသော အာရုံများလည်း တစ်ဆင့်ကြား ဖြစ်လျှင် သုတချည်း မည်၏၊ ထို့ကြောင့် ဤနောက်နည်းသည် လောကပြောရိုးအတိုင်း ဖွင့်အပ်သော နည်းတည်း။ [ရှေ့ဝါကျမှ ပရိယာယသဒ္ဒါ လိုက်ရမည်ဖြစ်သောကြောင့် “အပရော နယော” ဟု အချို့စာရှိ သည်ကား မကောင်း၊ “အပရော ပန” ဟု ရှိသော သီဟိုဠ်မူသာ ကောင်းသည်။]
ဝေဒိတဗ္ဗော၊ သိထိုက်၏။