ပန၊ ဆက်။
ပကတိယာ၊ ပင်ကိုယ်အားဖြင့်။
တေ၊ ထိုရဟန်းတို့သည်။
ဘဂဝတိ၊ မြတ်စွာဘုရား၌။
ဂါရဝေနစ၊ လေးစားကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း။
မုဋ္ဌဿတိ
။ ။မုဋ္ဌာ + သတိ ဧတေသန္တိ မုဋ္ဌဿတိနော၊ “သမ္မာ + ပကာရေန ဇာနန္တီတိ သမ္ပဇာနာန + သမ္ပဇာနာ အသမ္ပဇာနာ” ဟု ပြု၊ ယောဇနာ၌ကား “နတ္ထိ သမ္ပဇာနံ ဧတေသန္တိ အသမ္ပဇာနာ" ဟု ပြုလေသည်။
ဝိကူဖမာနာ ။ ဋီကာ၌ “ဝိကူဇမာနာတိ နိတ္ထုနန္တာ” ဟု ဖွင့်၏၊ “ညီးတွားကုန် လျက်” ဟု ပေး၊“ပလာပ-စပါးဖျင်း" ဟူသကဲ့သို့ ဝိရှေး ပရှေးရှိသော ဤလပဓာတ်လည်း အနက်အဓိပ္ပာယ်ကင်းသော စကားဖျင်းအနက်ဟောတည်း၊ “အည်း . . အဲ” စသည်ဖြင့် ညီးတွားသောအခါ အသံထွက်သော်လည်း အနက်အဓိပ္ပာယ် မရှိ။
ကာကစ္ဆမာနာ ။ ။ကာတစ်ပုဒ်, ကစ္ဆတစ်ပုဒ်ဟု ကြံ၊ ကာ-စက်ဆုပ်ဖွယ် အသံ ကို + ကစ္ဆမာနာ-ပြောဆိုကုန်လျက်၊ “ကထာယ ကစ္ဆမာနာယ” ဟု ဥပရိပံဋ္ဌ-ဗာလပဏ္ဍိတ သုတ်၌ ရှိ၏၊ ကစ္ဆမာနာယကို “ကထီယမာနာယ” ဟု ဋီကာဖွင့်၏၊ ရှေးက “ကျီးသံကဲ့သို့ အသံပြုကြကုန်သည်" ဟု ပေးသည်မှာ သဒ္ဒတ္ထ မဟုတ်ပါ။
[ဂရုနံ+ဘာဝေါ ဂါရဝံဟု ပြု။] အာယသ္မတော’ ရာဟုလဿ၊ အရှင်ရာဟုလာ၏။ သိက္ခာကာမတာယစ၊ သိက္ခာ တို့ကို လိုလားသူ၏ အဖြစ်ကြောင့်လည်းကောင်း။ ဝသနဌာနံ၊ မိမိတို့နေရာ အရပ် သို့။ အာဂတဿ၊ ရောက်လာသော။ တဿ အာယသ္မတော၊ ထိုအရှင် ရာဟုအား။ စူဠမဉ္စကံဝါ၊ ညောင်စောင်းငယ်ကိုသော်လည်းကောင်း။ အပဿေနံဝါ၊ တကဲမှီ ပျဉ်ချပ်ကိုသော်လည်းကောင်း။ (ပညပေတွာ၌ စပ်။) ယံ၊ အကြင်ခင်းစရာသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုခင်းစရာကို။ ပညပေတွာ၊ ခင်းပေးပြီး၍။ စီဝရံ၊ သင်္ကန်းကြီးကို သော်လည်းကောင်း။ ဥတ္တရာသင်္ဂံဝါ၊ ဧကသီကိုသော်လည်းကောင်း။ ဥဿီသုကရ ဏတ္ထာယ၊ ခေါင်းအုံးပြုခြင်း အကျိုးငှာ။ ဒေန္တိ၊ ပေးကြကုန်၏။ [ဤသို့ သားတော်ဖြစ် သော ရှင်ရာဟုလာကို ဂရုစိုက်ကြခြင်းသည် ခမည်းတော်ဖြစ်သော ဘုရားရှင် အပေါ်၌လည်း ရိုသေရာ ရောက်သောကြောင့် “ဘဂဝတိစ ဂါရဝေန”ဟု မိန့်ခဲ့ သည်။]**သိက္ခာကာမတံ ၊ပေ၊ အဂန္တွာ** ။ ။“လူသာမဏေနှင့် အတူ မအိပ်ရ” ဟူသော ပညတ် တော်သိက္ခာပုဒ်ကို လေးလေးစားစား ကူညီအားပေးသောအားဖြင့် ရဟန်းတော်တို့နှင့် အတူ မအိပ်ဘဲ ဝစ္စကုဋိ၌ အိပ်ခြင်းကိုပင် “တံယေဝ သိက္ခာကာမတံ အနုဗြူဟန္တော” ဟု ဆိုသည်၊ အဂန္တွာကား အခြားရဟန်းတော်များမှာ အတူအိပ်မှု မအပ်လျှင် အရှင်သာရိပုတ္တရာ စသော ထေရ်ကြီးများလည်း အပ်မည် မဟုတ်ဟု သိ၍ ထိုထေရ်ကြီးများထံ မသွားခြင်းတည်း။
န ယုတ္တံ၊ မသင့်။
ဣတိ၊ ကြောင့်။
(တိရတ္တံ ပရိဟာရံ အဒါသိ။)**ပရိဟာရံ အဒါသိ** ။ ။ပရိဟရတိ ဧတေနာတိ ပရိဟာရော၊ ဧတေန-ဤခွင့်ပြုခြင်း ဖြင့်၊ ပရိဟရတိ- ၃ ညဉ့်ပတ်လုံး အိပ်ခြင်းကြောင့် သင့်ရောက်အပ်သော အာပတ်ကို ရှောင် လွှဲနိုင်၏၊ ဣတိ-ကြောင့်၊ ပရိဟာရော-မည်၏၊ “ပရိဟာရံ-အပြစ်ကို ရှောင်လွှဲကြောင်းဖြစ်သော ခွင့်ပြုချက်ကို" ဟု သဒ္ဒတ္ထ ပေး။
ဂဟေတွာ၊ ယူ၍။
ဝါစုဂ္ဂတဝသေန၊ နှုတ်တက်သော စကား၏ အစွမ်းဖြင့်။
သဗ္ဗစ္ဆန္နာနာမ၊ပေ၊ ဆန္ဒာတိ၊ ဟူ၍။
ဝုတ္တံ၊ ပြီ။
[ရှေးအဋ္ဌကထာတို့၌ သဗ္ဗစ္ဆန္နအရ အမိုး ၅ မျိုးသာ ဆိုထား၏၊ ထိုသို့ ဆိုခြင်းသည် ထိုအခါက ပြောရိုး ဆိုစဉ်ဖြစ်၍ နှုတ်တက်သော စကား၏ အစွမ်းဖြင့် ဆိုခြင်းသာ ဖြစ်သည်၊ ပျဉ်ချပ် စသော အမိုးကိုလည်း ယူနိုင်ပါ၏-ဟူလို။]**ဘူမိတော ပဋ္ဌာယ** ။ ။“ဘူမိတော ပဋ္ဌာယ ယာဝဆဒနံ" ဟု ဆိုသောကြောင့် အပေါ်က ချထားအပ်သော ကဲလား စသည်များကို အကာ မမြောက်ဟု ဆိုကြ၏၊ ထိုအဆို သည် မသင့်၊ ဘာ့ကြောင့်နည်း-ကြမ်းပြင်မှ စ၍ အမိုးအထိ, အမိုးမှ စ၍ ကြမ်းပြင်အထိ ကာရံခြင်း စသည်များသည် လိုရင်း မဟုတ်၊ ဘယ်နည်းဖြင့် ကာကာ သဗ္ဗပရိစ္ဆိန္နဖြစ်မှုကိုသာ လိုရင်းဖြစ်သောကြောင့်တည်း။
ပါကာရာဒိနာ၊ တံတိုင်း အစရှိသည်ဖြင့်။
ပရိက္ခိတ္တာပိ၊ ကာရံအပ်သော သေယျာသည်လည်း။
သဗ္ဗပရိစ္ဆိန္နာယေဝ၊ သဗ္ဗပရိ စ္ဆိန္နာပင်တည်း။
ဣတိ၊ သို့။
ကုရုန္ဒဋ္ဌကထာယံ၊ ၌။
ဝုတ္တံ၊ ပြီ။ဟိ၊ မှန်။
ဣမိနာ လက္ခ ဏေန၊ နှင့်။
သမန္နာဂတော၊ ပြည့်စုံသော ကျောင်းသည်။
(“ဧကူပစာရော ဟောတိ” ၌ စပ်။)
သတ္တဘူမကော၊ ဘုံ ၇ ဆင့်ရှိသော။
ပါသာဒေါ၊ သည်။
သစေပိ ဟောတိ၊ အကယ်၍မူလည်း ဖြစ်စေဦးတော့။
(ဧဝံသတိပိ၊ သော်လည်း။)
ဧကူပစာရော၊ တူသော ဥပစာရှိသည်။
ဟောတိ၊ ဖြစ်၏။
သတဂဗ္ဘံ၊ အခန်းတစ်ရာ ရှိသော။
ဆဒနံ အနာဟစ္စ ၊ပေ၊ ဝုတ္တံ
။ ။ဤကုရုန္ဒီ အဋ္ဌကထာအလို အမိုးထိအောင် မကာရံအပ်စေကာမူ သဟသေယျအဖြစ်မှ မလွတ်ဟု သိသာ၏၊ ဤကုရုန္ဒီဝါဒကိုပင် အဋ္ဌ ကထာ၌ နောက်ထား၍ ပြသဖြင့် လိုရင်းပမာဏ ဖြစ်သည်ဟု မှတ်၊ ပါကာရာဒိနာ၌ အာဒိဖြင့် နံရံ တံခါးရွက် စသည်ကို ယူ။ [ပဋိစ္ဆန္နံနာမ အာသနံ ကုဋ္ဋေနဝါ ကဝါဋေနဝါ ကိလဉ္ဇေနဝါ သာဏီပါကာရေနဝါ ရုက္ခေနဝါ ထမ္ဘေနဝါ ကောတ္ထဠိယာဝါ ယေနကေနစိ ပဋိစ္ဆန္နံ ဟောတိ၊- (ပဌမ အနိယတပါဠိတော်။)]
သဗ္ဗပရိစ္ဆန္နယေဝ ။ ။စာအုပ်များ၌ ပရိစ္ဆန္နာဟု ဆဒဓာတ်ဖြင့် ရှိ၏၊ ထိုဆဒဓာတ် သည် အမိုး အကာဟူသော အနက်ကို ဟော၏၊ သို့သော် ဤသဟသေယျအခန်း၌ ဟိုဘက် အခန်းနှင့် သည်ဘက်အခန်း ပိုင်းခြားကြောင်းဖြစ်သော အကာလည်း ပါဝင်ရကား ပရိစ္ဆန္န ဆိဒဓာတ်ဖြင့် ရှိသင့်မည် ထင်သည်၊ ပရိ-အခန်း၏ ပတ်ဝန်းကျင်၌ + ဆိန္န-ပိုင်းခြားကြောင်း ဖြစ်သော အကာ၊ ပဋိစ္ဆန္နေ အာသနေ စသည်တို့၌ကား ပတိ ဥပသာရအစွမ်းကြောင့် “ဆန္န” ဟု ရှိရသည်။
ဧကူပစာရော ။ ။ဧကော ဥပစာရော ယဿ ပါသာဒဿာတိ ဧကူပစာရော-၁ ခုတည်းသော ဥပစာရှိသော ပြာသာဒ်၊ ဧကူပစာရော ဟောတိနောက်၌ “သတဂဗ္ဘံဝါ စတုဿာလံဝါ” ဟု ဝါ ၂ ခု ရှိသည်ကား မကောင်း၊ ကင်္ခါ၌ "သတဂဗ္ဘံဝါ စတုဿာလံ" ဟု ရှိ၏၊ ဧကူပစာရော ဟောတိကိုပင် လှည့်စပ်ရမည်ဖြစ်၍ စတုဿာလံနောက်၌ ပါသော “ဧကသေယျာ ဣစ္စေဝ သင်္ချံ ဂစ္ဆတိ" လည်း အပို ဖြစ်ဟန် တူ၏။ [ဤဝါကျမျိုး ကင်္ခါ၌လည်း ပါသည်။]
စတုဿာလံဝါ၊ လေးဘက်ပတ်လည် တန်းလျားရှည် ကျောင်းသည်မူလည်း။ (သစေပိ ဟောတိ၊ ဦးတော့။ ဧဝံသတိပိ၊ သော်လည်း။ ဧကူပစာရော ဟောတိ။) [စာအုပ်များ၌ “ဧကသေယျာ ဣစ္စေဝ သင်္ချံ ဂစ္ဆတိ၊ တစ်မိုးတစ်ရံတည်းသော ကျောင်းအိပ်ရာနေရာဟူ၍သာ ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့ ရောက်၏” ဟု ရှိ၏။]**ဧကူပစာရဖြစ်ပုံ** ။ ။တစ်ခုသော လမ်းဖြင့် ဝင်၍ (အမိုး မရှိသော) လွင်ပြင်သို့ မသက်ရောက်ဘဲ အလုံးစုံသော အခန်းတို့၌ လှည့်လည်ခြင်းငှာ လျောက်ပတ်သော ကျောင်း သည် ဧကူပစာရမည်၏၊ အခန်းတိုင်းမှာ တံခါးအများ တပ်ထားသော်လည်း ဧကူပစာရပင် တည်း၊ ထိုသတဂဗ္ဘကျောင်းမျိုး၌ အခန်းတို့ကို နံရံဖြင့် ကန့်လျက် ကိုယ့်တံခါးနှင့် ကိုယ် တပ်ထားလျှင် နာနူပစာရတည်း၊ နံရံတို့ဖြင့် ကန့်ရုံသာ ကန့်၍ တံခါး သီးခြား မတပ်လျှင်ကား တံခါးတစ်ပေါက်တည်းဖြင့် အခန်းအားလုံးသို့ သွားနိုင်သောကြောင့် ဧကူပစာရပင်။ [ဧကူ ပစာရော ဧကေန မဂ္ဂေန ပဝိသိတွာ အဗ္ဘောကာသံ အနောက္ကမိတွာ သဗ္ဗတ္ထ အနုပရိဂမန ယောဂ္ဂေါ၊ ဧတံ (စတုဿာလံ) ဗဟုဒွါရံပိ ဧကူပစာရမေဝ၊ ယတ္ထ ပနကုဋ္ဋာဒီဟိ ရုန္ဓိတွာ ဝိသုံ ဒွါရံ ယောဇေန္တိ၊ နာနူပစာရော ဟောတိ၊ သစေ ပန ရုန္ဓတိဧဝ၊ ဝိသုံ ဒွါရံ န ယောဇေန္တိ၊ ဧတံပိ ဧကူပစာရမေဝ၊-ဝိမတိ။]**သဘာသင်္ခေပေန** ။ ။ဈေးရုံကို သဘာဟု ခေါ်၍ ထိုဈေးရုံအမျိုးအစား၌ ထည့်၍ ယူနိုင်သော ထိုဈေးရုံကဲ့သို့ ဆောက်လုပ်အပ်သော ကျောင်းမျိုးကို “သဘာသင်္ခေပေန” ဟု ဆိုသည်၊ သံခိပီယတိ-ထည့်သွင်းအပ်၏၊ ဣတိ သင်္ခေပေါ၊ သဘာယံ + သေင်္ခပေါ သဘာ သင်္ခေပေါ-သဘာအမျိုးအစား၌ သွင်းယူနိုင်သော ကျောင်း။
(အာပတ္တိယေဝ, အနာပတ္တိတို့၌ စပ်။)
ဝါဠသင်္ဃာတာဒီသု၊ သားရဲရုပ် တပ်အပ် သော ထုတ် လျောက် အစရှိသည်တို့၌။
(ထုတ်လျောက် စသည်တို့၏ အပေါ်၌။)
ကပေါတာဒယော၊ ခို အစရှိသော သတ္တဝါတို့သည်။
ပဝိသိတွာ၊ ဝင်၍။
သယန္တိ၊ အိပ်ကုန်အံ့။
အာပတ္တိယော၊ ပင်တည်း။ပရိမဏ္ဍလံဝါ၊ အဝိုင်းကျောင်းသည်သော်လည်းကောင်း။
စတုရဿံဝါ၊ လေး ထောင့်ကျောင်းသည်သော်လည်းကောင်း။
ဧကစ္ဆဒနာယ၊ တစ်ခုသော အမိုးရှိသော။
ဂဗ္ဘမာလာယ၊ အခန်းအစဉ်ဖြင့်။
သုတဂဗ္ဘံ၊ အခန်းတစ်ရာရှိသော။
သေနာသနံ၊ သည်။
စေပိ ဟောတိ၊ အကယ်၍မူလည်း ဖြစ်စေဦးတော့။
တတြ၊ ထိုကျောင်း၌။
ဧကေန၊ တစ်ပေါက်သော။
သာဓာရဏဒွါရေန၊ အများနှင့် ဆက်ဆံသော တံခါး ပေါက်ဖြင့်။
ပဝိသိတွာ၊ ၍။
ဝိသုံ၊ သီးခြား။
ပါကာရေန၊ အကာဖြင့်။
အပရိစ္ဆိန္နဂဗ္ဘူ ပစာရေ၊ မပိုင်းဖြတ်အပ်သော အခန်းဥပစာရှိကုန်သော။
သဗ္ဗဂဗ္ဘေ၊ အလုံးစုံသော အခန်းတို့သို့။
စေ ပဝိသန္တိ၊ အကယ်၍ ဝင်နိုင်ကုန်အံ့။
(ဧဝံသတိ။)
ဧကဂဗ္ဘေပိ၊ တစ်ခုသော အခန်း၌လည်း။
အနုပသမ္ပန္နေ၊ လူသာမဏေသည်။
နိပန္နေ၊ အိပ်လတ် သော်။
သဗ္ဗဂဗ္ဘေသု၊ အလုံးစုံသော အခန်းတို့၌။
နိပန္နာနံ၊ အိပ်ကုန်သော ရဟန်းတို့၏။
အဍ္ဎဋ္ဋကသေနာသနေ
။ ။နံရံ ၄ ဘက် မကာဘဲ ၃ ဘက်သာ ကာအပ်သော ၃ ကျောင်းကို “အဍ္ဎကုဋ္ဋသေနာသန” ဟု ခေါ်သည်၊ တစ်နည်း- ကျောဘက်၌သာ နံရံအပြည့် ထောင်၍ ထိပ် ၂ ဘက်၌ နံရံတစ်ဝက်သာ ရှိသော (ရှေ့မျက်နှာက အကာ မရှိသော) ကျောင်းကို “အဍ္ဎကုဋ္ဋကသေနာသန" ဟု ခေါ်၏၊ ဂဏ္ဌိပုဒ်၌ကား နံရံအပြည့် ထောင်မထားဘဲ ဘေးပတ်ပတ်လည် တစ်ဝက်စီသာ နံရံထောင်ထားသော ကျောင်းကို “အဍ္ဎကုဋ္ဋကသေနာသန” ဟု ဆိုသည်။
ဝါဠသင်္ဃာတေ ။ ။တိုင်တို့၏ အထက်၌ ခြင်္သေ့ရုပ် စသည်တို့ရှိသော ထုတ် လျောက်ကို "ဝါဠသင်္ဃာတ" ဟု ခေါ်သည်၊ ထိုထုတ်လျောက် စသည်တို့၏ အပေါ်၌ သဟ သေယျလောက်သော ခိုစသော သတ္တဝါတို့ ဝင်၍ အိပ်အံ့၊ အာပတ်ပင်တည်း၊ ဘာ့ကြောင့်နည်း ဧကူပစာရဖြစ်သောကြောင့်တည်း။ [“အပဒါနံ အဟီမစ္ဆာ ဒွိပဒါနဉ္စ ကုက္ကုဋီ” စသည်ဖြင့် ပါရာဇိက၌ ပြခဲ့သည်အတိုင်း ကြက်နှင့်အလားတူ ခိုစသော သတ္တဝါတို့ကို “ကပေါတာဒယော" ဟု ဆိုသည်။].
ဝိသံ ပရိစ္ဆိန္နဂဗ္ဘူပစာရေ ။ ။ အပိုင်းဖြစ်စေ လေးထောင့်ဖြစ်စေ အလည်၌ ဟာလာ ဟင်းလင်း ထား၍ ဘေးပတ်လည်၌ အခန်းများစွာ စဉ်တန်းလျက် ရှိသော ကျောင်းငယ် အခန်းတို့၏ ရှေ့၌ ဥပစာရှိ၏၊ ထိုဥပစာ၌ တစ်နေရာနှင့် တစ်နေရာ မကူးနိုင်အောင် ပိုင်းခြား ထားသော အကာ မရှိ။ [ယခုအခါ အမြန်မီးရထား၌ တွဲတိုင်းသို့ပင် အမိုးအကာရှိသော လမ်းဖြင့် လျှောက်သွားနိုင်ရကား ဤအသွားနှင့် သဘောတူသောကြောင့် ထိုအတွဲအားလုံး ဧကူပစာရ ဖြစ်၏။]
အာပတ္တိ။ (ဟောတိ။)**ဂဗ္ဘ ၊ပေ၊ က္ခေပေါယေဝ** ။ ။ဤစကားသည် ပရိမဏ္ဍလ, စတုရဿကျောင်း၏ အဆက်တည်း၊ ထို့ကြောင့် အခန်း၏ အဦးစမုခ်တွေမှာ အမိုးဆက်လျက် ရှိနေလျှင် အခန်း၏ ကျောဘက် အကာသည် စမုခ်၏ အကာလည်း ဖြစ်သည်- ဟု ဆိုသည်။ [ဤစကားကို ထောက်၍ ယခုခေတ် ဆောင်မရှေ့က စာမြင် (စမြင်) ပါနေသော ကျောင်းများသည် ရှေ့တည့် တည့်မှာ အကာမပါသော်လည်း ထိပ် ၂ ဘက်မှာ အကာပါလျှင် ဆောင်မကျောဘက် အကာ သည် စမြင်၏ အကာဖြစ်နေရကား များစွာအကာရှိသော နေရာဖြစ်သည်-ဟု မှတ်ပါ။]
ဧကစ္ဆဒနာ၊ တူသော အမိုးရှိကုန်သော။
(တစ်ခန်းနှင့် တစ်ခန်း အမိုးချင်း ဆက်နေ ကုန်သော။)
ဂဗ္ဘပါဠိယော၊ အခန်းအစဉ်တို့ကို။
(တန်လျားရှည် အခန်းတို့ကို။)
သန္ဓာယ ဝုတ္တံ။**ပါဋေက္ကသန္နိပေသာ** ။ ။အခြားတန်းလျားနှင့် ကပ်၍ ဆက်၍ မထားဘဲ သီးခြား တည်နေသော ဂဗ္ဘပါဠိကို “ပါဋက္ကသန္နိဝေသာ” ဟု ဆိုသည်၊ ထိုတစ်တန်းတည်းရှိသော တိုက်ခန်း၏ အခန်းရှေ့မျက်နှာသာ အဦးစမုခ်သည် “ဇဂတီ” ခေါ် ခုံ ပါပါ, မပါပါ အဘယ်မှာ အကာဖြစ်နိုင်တော့အံ့နည်း။ [“မဟိယံ ဇဂတီ ဝုတ္တာ, မဒ္ဒိရာလိန္ဒဝတ္ထုမှိ”- အဘိဓာန် ၉၉၇၊ အာလိန္ဒဝတ္ထု - ဆင်ဝင်စမုခ်၏ အကြည် (မြေခုံ) ရှေ့၌ ပြခဲ့သော ဥစ္စဝတ္ထုနှင့် ဤဇာတီသည် အတူပင်။]
သုမာဆဒနမဏ္ဍပဿ၊ အင်္ဂတေအမိုးရှိသော မဏ္ဍပ်၏။
[မဏ္ဍပ်ဆို သော်လည်း အကာရှိသည်။]
မဇ္ဈေ၊ ၌။
ပါကာရံ၊ အကာအရံကို။
ကရောန္တိ၊ ပြုကုန်အံ့။
[ထိုအကာ၌ တံခါးပေါက် မရှိသောကြောင့် အဆက်ပြတ်နေသည်။]
ဧကေန ဒွါရေန၊ တစ်ဖက်သော တံခါးဖြင့်။
ပဝိသိတွာ၊ ဝင်၍။
ဧကသ္မိံ ပရိစ္ဆေဒေ၊ တစ်ခုသော အပိုင်းအခြား၌။
အနုပသမ္ပန္နော၊ လူသာမဏေသည်။
သယတိ၊ အိပ်အံ့။
ဧကသ္မိံ (ပရိစ္ဆေဒေ၊ ၌။)
ဘိက္ခု၊ သည်။
(သယတိ၊ အံ့။)
အနာပတ္တိ။**န ဟိ ဆိဒ္ဒေန ၊ပေ၊ ဟောတိ** ။ ။ဖွတ်စသော သတ္တဝါတို့ ၀င်နိုင်ရုံ အပေါက် ဖြစ်လျှင်ကား ထိုအပေါက်ကြောင့် ကျောင်းသည် ဧကူပစာရ မဖြစ်နိုင်၊ သို့သော် အပေါက်က နံရံ၏ အောက်ဖက်မှ တစ်တောင့်ထွာအတွင်း၌ ရှိနေလျှင် ထိုအပေါက်က လူများ တိုးနိုင် လောက်အောင် ကျယ်နေပါမူ ဒွါရပင် ဖြစ်တော့၏၊ ထို့ကြောင့် ဧကူပစာရ ဖြစ်နိုင်သည်၊[ န ဟိ ဆိဒ္ဒေန ဂေဟံ ဧကူပစာရံ န ဟောတီတိ ဧတ္ထ သစေ ဥဗ္ဗေဓေန ဒိယမဍ္ဎဟတ္ထဗ္ဘန္တရေ မနုဿာနံ သဉ္စရဏပ္ပဟောနကံ ဆိဒ္ဒံ ဟောတိ၊ တမ္ပိ ဒွါရမေဝါတိ ဧကူပစာရံ ဟောတိ၊ ဋီကာ။] ဤစကားကို ထောက်၍ လေသောက်ပြူတင်းလည်း ဝင်နိုင် ထွက်နိုင်လောက်အောင် ကျယ်လျှင် ဒွါရဟူ၍ပင် ဆိုထိုက်၏။**ဧဝံ ဒူရမွိ ဂန္တွာ** ။စကားသွားအားဖြင့် ကျယ်ပြန့်သွားသည်ကို “ဧဝံ ဒူရမ္ပိ ဂန္တွာ" ဟု ဆိုသည်၊ စောဒကပုဂ္ဂိုလ်သည် “အယံ ဧကူပစာရနာနူပစာရတာနာမ ဥဒေါသိတ သိက္ခာပဒေ ဝုတ္တာ" ဟု ဆို၍ ဧကူပစာရ နာနူပစာရအသုံးကို သဘောမတူသဖြင့် စောဒနာ နေခြင်း ဖြစ်၏၊ သို့သော် ပရိဟာရပုဂ္ဂိုလ်က ပြန်၍ မေးရာ၌ကား “ကဝါတေန ပရိစ္ဆိန္နော ဥပစာရော" ဟု သူသဘော မကျခဲ့သော ဥပစာကိုပင် ပြန်၍ ဝန်ခံရသည်၊ ထို့ကြောင့် “ပုန ဧကူပစာရနာနူပစာရတံယေဝ ပစ္စာဂမိဿတိ" ဟု ဆိုသည်၊ မိမိပယ်အပ်ခဲ့သော ဧကူပစာရ နာနူပစာရကိုပင် ပြန်၍ လက်ခံရသည်-ဟူလို။
သိက္ခာပဒံ၊ ကို။
ပညတ္တံ၊ ပြီ။
သွေဝ အတ္ထော၊ ထိုအကျိုးသည်ပင်။
ပရိဟာယေယျ၊ ယုတ်လျော့ရာ၏။သဗ္ဗစ္ဆန္နေ၊ သော။
စူဠကပရိစ္ဆိန္နေ၊ အနည်းငယ် ကာအပ် သော ကျောင်း၌။
(အနုပသမ္ပန္နေန သဒ္ဓိံ သယန္တဿ။)
ဒုက္ကဋံ (ဟောတိ။)
ပါဠိယံ၊ ၌။
ဒုက္ကဋေန၊ လာသော ဒုက္ကဋ်နှင့်။
သဟ။
ပဉ္စ၊ ၅ ပါးကုန်သော။
ဒုက္ကဋာနိ, (ဟောန္တိ။)
ဣတိ၊ သို့။
ဝုတ္တံ၊ ပြီ။
ပေ။
အနာပတ္တိ။
ပါဠိယံ ဝုတ္တပါစိတ္တိယေန ၊ပေ၊ ဝုတ္တံ
။ ။ပါဠိတော်၌ သဗ္ဗစ္ဆန္န သဗ္ဗပရိစ္ဆိန္နသေယျာ ဝယ် အိမ်သော ရဟန်းမှာ ပါစိတ်အာပတ်, ယေဘုယျေနစ္ဆန္န ယေဘုယျေနပရိစ္ဆိန္နသေယျာဝယ် အိပ်သော ရဟန်းမှာ ပါစိတ်အာပတ်၊ ဤ ပါစိတ်အာပတ် ၂ ချက်ကို တစ်သဘောတည်း ပါစိတ်အာပတ် တစ်ချက်ဟု ယူ၍ ဆိုခဲ့ပြီးသော ပါစိတ်အာပတ် ၆ ချက်နှင့် ပေါင်းလျှင် ပါစိတ်အာပတ် ၇ ချက်ဖြစ်၏။ [သတ္တပါစိတ္တိယာနီတိ ပါဠိယံ ဝုတ္တပါစိတ္တိယဒ္ဒယံ သာမညတော ဧကတ္တေန ဂဟေတွာ ဝုတ္တံ၊-ဋီကာ။] “အတ္ထင်္ဂတေ သူရိယေ ၊ပေ၊ ဘိက္ခု နိပဇ္ဇတိ အာပတ္တိ ပါစိတ္တိယဿ” စသည်ဖြင့် ပါဠိတော်၌ ပြအပ်သော အာပတ်များကား ကျောင်းအားလုံးနှင့် ဆိုင်သော အာပတ်များတည်း။
ဥပဍ္ဎစ္ဆန္နေ ၊ပေ၊ အနာပတ္တိ ။ ။ ၄ ပုံတွင် ၁ ပုံ မိုးအပ်, ၃ ပုံ မမိုးအပ်လျှင် စူဠ ကစ္ဆန္န၊ ၃ ပုံတွင် ၂ ပုံ မိုးအပ်, ၁ ပုံ မမိုးအပ်လျှင် ယေဘုယျေနစ္ဆန္န၊ ၂ ပုံတွင် ၁ ပုံ မိုးအပ်, ၁ ပုံ မမိုးအပ်လျှင် ဥပဍ္ဎစ္ဆန္နသေနာသနတည်း၊ ဤသို့ဥပဍ္ဎစ္ဆန္န စသည် ခွဲခြားပုံကို သိပါ၊ စူဠကပရိစ္ဆိန္န စသည်တို့၌လည်း ဤနည်း ပင်တည်း။ [စူဠကစ္ဆန္နာဒီနိ စေတ္ထ ဧဝံ ဝေဒိတဗ္ဗာနိ၊ ယဿ စတူသု ဘာဂေသု ဧကော ဆန္နော, သေသာ အစ္ဆန္နာ၊ ဣဒံ စူဠကစ္ဆန္နံ၊ ယဿ တီသု ဘာဂေသု ဒွေ ဆန္နာ၊ ဧကော အစ္ဆန္နော၊ ဣဒံ ယေဘုယျေနစ္တန္နံ၊ ယဿ ဒွီသု ဘာဂေသု ဧကော ဆန္နော၊ ဧကော အစ္ဆန္နော၊ ဣဒံ ဥပဍ္ဎစ္ဆန္နံနာမ သေနာသနံ၊ စူဠကပရိစ္ဆိန္နာနိပိ ဣမိနာဝ နှယေန ဝေဒိတဗ္ဗာနိ၊-ဋီကာ။]
သေသံ၊ပေ၊ တိဝေဒနန္တိ၊
သေနမ္ဗမဏ္ဍပဝဏ္ဏံ
။ ။သီဟိုဠ်ကျွန်း၌ အလုံးစုံမိုး၍ ပတ်ဝန်းကျင် မြေခုံ (အကြည်) ပါရှိသော စည်းဝေးရာ မဏ္ဍပ်တစ်ဆောင် ရှိ၏၊ ထိုမဏ္ဍပ်ကို “သေနမ္ဗ” ဟု နာမည်ခေါ် သတတ်၊ ထိုသေနမ္ဗမဏ္ဍပ်သည် အပရိစ္ဆိန္နဖြစ်၍ အာပတ်ကို မပြုတတ်။ အကယ်၍ ဇဂတိခေါ် မြေခုံ (အကြည်) သည် အကာဖြစ်အံ့၊ ထိုသေနမ္ဗမဏ္ဍပ်သည် အပရိစ္ဆိန္နသေနာသန မဖြစ်နိုင်ရာ၊ အမှန်မှာ ထိုသေနမ္ဗမဏ္ဍပ်သည် အပရိစ္ဆန္နသေနာသနပင်တည်း၊ဤသေနမ္ဗမဏ္ဍပ်၏ အပရိစ္ဆိန္န သေနာသနအဖြစ်ကို ထောက်၍ ဇဂတီသည် အကာအရံ မဟုတ်ဟု သိသာသည်-ဟူလို။
မှတ်ချက် ။ ။ပဌမသဟသေယျသိက္ခာပုဒ်၌ “ဘိက္ခုံ ထပေတွာ အဝသေသော”ဟု ဆိုသော်လည်း မာတုဂါမ မပါ၊ ဘာ့ကြောင့်နည်း-ဒုတိယသဟသေယျသိက္ခာပုဒ်၌ မာတုဂါမကို သီးခြားယူလတံ့ဖြစ်သောကြောင့်တည်း၊ ထို့ကြောင့် ပါရိသေသနည်း, ဂေါဗလီဗဒ္ဓနည်း, ပုည ညာဏသမ္ဘာရနည်းအားဖြင့် အထီးဖြစ်သော အနုပသမ္ပန္နများကိုသာ ယူတော့သည်။[ဂဏ္ဌိ ပဒေသု ပန တီသုပိ “ဣမသ္မိံ သိက္ခာပဒေ မာတုဂါမဿ ဝိသုံ ဝုစ္စမာနတ္တာ ပဌမသိက္ခာပဒေ “ဘိက္ခုံ ထပေတွာ အဝသေသော အနုပသမ္ပန္နောနာမာ”တိ ပုရိသသော ဂဟဏံ အနုစ္ဆဝိက" န္တိ ဝုတ္တံ၊-ဋီကာ။]