၁၁၀။
အဝဿိကသင်္ကေတေတိ၊ ကား။
ဝဿိကဝဿာနုမာသာ၊ မိုးအခါ၌ ဖြစ်သော မိုးလတို့။
ဣတိ ဧဝံ၊ သို့။
အပညာတေ၊ မသိအပ်ကုန်သော။
ဝါ၊ မထင် ရှားကုန်သော။
စတ္တာရော၊ ၄ လကုန်သော။
ဟေမန္တိကေ၊ ဆောင်းအခါ၌ ယှဉ်သည် လည်းဖြစ်ကုန်သော။
စတ္တာရော, ဂိမှိကေစ၊ နွေအခါ၌ ယှဉ်သည်လည်း ဖြစ်ကုန် သော။
အဋ္ဌမာသေ၊ ၈ လတို့ပတ်လုံး။
(“နိက္ခိပိတုံ အနုဇာနာမိ” ဟု ပါဠိတော်၌လှမ်းစပ်။)
ဟေမန္တကာလေ
။ ။“ဟိမမေဝ-ဆီးနှင်းသည်ပင်၊ ဟိမန္တော-မည်၏၊ သုတ္တန္တဝနန္တ ကဲ့သို့ အန္တသဒ္ဒါ အနက်သီးခြား မရှိ၊ ဟိမန္တော + ဧတ္ထ အတ္တီတိ ဟေမန္တိကော (ကာလော)” ဟု ပြု၊ ဤကား ပါဠိတော်၌ ဟေမန္တိကောရှိသည့်အတိုင်း ပြုအပ်သော ဝိဂ္ဂဟတည်း၊ ဟေမန္တ ကာလေ၌ကား “ဟိမံ ဧတ္တာတိ ဟေမော၊ ဟေမောယေဝ ဟေမန္တော”ဟု အန္တသဒ္ဒါ တဗ္ဗာဝပြု၊ ဤသို့ ဟေမန္တိကနှင့် ဟေမန္တသည် အရကူသောကြောင့် “ဟေမန္တကာလေ”ဟု ဖွင့်သည်။
ဟိမဝဿေန ။ ။ဟိမမေဝ ဝဿော ဟိမဝဿော-ဆီးနှင်းသာလျှင် ဖြစ်သော မိုး၊ ဆောင်းအခါဖြစ်၍ ဆီးနှင်းသည် မိုးပေါက်ကဲ့သို့ တစ်ဖျောက်ဖျောက် ကျနေသည်၊ ဟိမ ဝဿေနာတိ ဟိမမေဝ ဝုတ္တံ၊-(ဋီကာ၊) ယောဇနာ၌ “ဟိမဝဿေနာတိ ဟိမေနစ ဝဿေနစ" ဟု ဒွန်သမာသ် ကြံလေသည်ကား ဋီကာနှင့် မညီ။
အဝဿိကသင်္ကေတေ ။ ။ဝဿေ+ နိယုတ္တာ ဝဿိကာ၊ ဝဿိကာ ဣတိ + သင်္ကေတာ ဝဿိကသင်္ကေတာ၊ န + ဝဿိကသင်္ကေတာ အဝဿိကသင်္ကေတာဟု ပြုစေလို၍ “ဝဿိကဝဿာနမာသာတိ ဧဝံ အပညာတေ” ဟု ဖွင့်သည်၊ အပညာတေကား အသင်္ကေတ၏ အဖွင့်။ [အပညာတေတိ အပ္ပတီတေ-မသိအပ်ကုန်သော၊ အပ္ပသိဒ္ဓေ-မထင်ရှားကုန်သော၊ ဣတိ အတ္ထော။-(ဋီကာ)။]
ဣတိ အတ္ထော။**ဋီကာ** ။ ။အဝဿိကသင်္ကေတေတိ ဣမိနာ အနုညာတေပိ အဋ္ဌမာသေ ယတ္ထ ဟေမန္တေ ဒေဝေါ ဝဿတိ၊ တတ္ထ အပရေပိ စတ္တာရော မာသာ ပဋိက္ခိတ္တာတိ အာဟ “အဝဿိကသင်္ကေတေတိ ဝစနတော" တိ အာဒိ ဣမိနာ ဣမံ ဒီပေတိ၊“ယသ္မိံ ဒေသေ ဟေမန္တေ ဒေဝေါ ဝဿတိ၊ တတ္ထ အဋ္ဌမာသေ ပဋိက္ခိပိတွာ စတ္တာရော မာသာ အနုညာတာ၊ ယတ္ထ ပန ဝဿာနေယေဝ ဝဿတိ၊ တတ္ထ စတ္တာရော မာသေ ပဋိက္ခိပိတွာ အဋ္ဌမာသာ အနုညာတာတိ၊ ဣမိနာဝ နယေန မဇ္ဈိမပဒေသေ ယတ္ထ ဟေမန္တေ ဟိမဝဿံ ဝဿတိ၊ တတ္ထာပိ အဋ္ဌဝ မာသာ ပဋိက္ခိတ္တာတိ ဝေဒိတဗ္ဗာ၊ တသ္မာ ဝဿာနကာလေ ပကတိ အဇ္ဈောကာသေ ဩဝဿကမဏ္ဍပေ ရုက္ခမူလေစ သန္တရိတုံ န ဝဋ္ဋတိ၊ ဟေမန္တကာလေ ပကတိ အဇ္ဈောကာသေ ဩဝဿကမဏ္ဍပါဒီသုပိ ဝဋ္ဋတိ၊ တဉ္စ ခေါ ယတ္ထ ဟိမဝသေန သေနာသနံ န တေမေတိ၊ ဂိမှကာလေပိ ပကတိ အဇ္ဈောကာသာဒီသု ဝဋ္ဋတိယေဝ၊ တဉ္စ ခေါ အကာလ မေဃာဒဿနေန၊ ကာကာဒီနံ နိဗဒ္ဓဝါသရုက္ခမူလေ ပန ကဒါစိပိ န ဝဋ္ဋတီတိ ဧ၀မေတ္ထ ဝိနိစ္ဆယော ဝေဒိတဗ္ဗော။
စတ္တာရော မာသေ၊ မိုးလေးလတို့ပတ်လုံး။
နိက္ခိပိတုံ န ဝဋ္ဋတိယေဝ။အရညေ၊ ၌။
ပဏ္ဏကုဋီသု၊ သစ်ရွက်ကျောင်းတို့၌။
ဝသန္တာနံ၊ နေကုန်သော ရဟန်းတို့အား။
သီလသမ္ပဒါယ၊ သီလ၏ ပြည့်စုံခြင်း၌။
ပသန္နစိတ္တာ၊ ကြည်ညိုသော စိတ်ရှိကုန်သော။
မနုဿာ၊ တို့သည်။
သံဃိကပရိဘောဂေန၊ သံဃိကပစ္စည်းကို သုံးဆောင်နည်းဖြင့်။
ပရိဘုဉ္ဇထ၊ သုံးစွဲကြပါကုန်။
ဣတိ၊ ဤသို့လျှောက်၍။
နဝံ၊ အသစ်ဖြစ်သော။
မဉ္စပီဌံ၊ ကို။
ဒေန္တိ၊ လှူတတ်ကြကုန်၏။
ဝသိတွာ၊ နေပြီး၍။
သတ္တာဟ ဝဋ္ဋလိကာဒီနိ
။ ။ဝဋ္ဋန္တိ ဝလာဟကာ အာဝဋ္ဋန္တိ အသ္မိံ သမယေတိဝဋ္ဋလော၊ (ဝဋ္ဋဓာတ်, ဥလပစ္စည်း၊) သောဧဝ ဝဋ္ဋလိကော၊ (သွတ္ထအနက် ဏိကပစ္စည်းသက်၊) သတ္တာဟံ ဝဋ္ဋလိကော, သတ္တာဟောဝါ ဝဋ္ဋလိကော သတ္တာဟဝဋ္ဋလိကော၊ သော အာဒိ ယေသံ တာနီတိ သတ္တာဟဝဋ္ဋလိကာဒီနိ။-(ယောဇနာ)။
ကာယာနုဂတိကတ္တာ ။ ။ကာယံ-ရဟန်း၏ ကိုယ်သို့ + အနုဂစ္ဆတိ-အစဉ်လိုက် တတ်၏၊ ဣတိ ကာယာနုဂတိကံ၊ (မဉ္စပီဌံ၊) ညောင်စောင်း အင်းပျဉ်က ရဟန်း၏ ကိုယ်နှင့် မကွဲမကွာ ဖြစ်သောကြောင့် ရဟန်း၏ ကိုယ်ကို မိုးစွပ်သောအခါ မဉ္စပီဌလည်း မိုးစွပ်မည် ဖြစ်ရကား ထိုမိုးစွပ်ခြင်းကြောင့် အပြစ်မရှိပါ-ဟူလို၊ ဤစကားကိုလည်း ရဟန်းက စီဝရကုဋိ၌ နေခိုက်အခါကို ရည်ရွယ်သည်၊ ဆွမ်းခံသွားဖို့ရန် အစရှိသည်ဖြင့် စီဝရကုဋိမှ ထွက်သွားသော အခါ၌ကား ညောင်စောင်း အင်းပျဉ်ကို စီဝရကုဋိအတွင်း၌ ထားခဲ့ခြင်းငှာ မအပ်-ဟု သာရတ္ထ ဋီကာ ဆိုသည်။
မဉ္စပီဌံ ဒေန္တိ ။ ။ဒါယကာတို့က အဖိုးတစ်ထောင်ထိုက်သော ကမ္ဗလာကိုပင် “ခြေ သုတ်ပုဝါလုပ်၍ သုံးပါဘုရား” ဟု လျှောက်၍ သံဃိကအဖြစ်ဖြင့် လှူစေဦးတော့၊ ထိုလျှောက် သည့်အတိုင်း ခြေသုတ်လုပ်၍ သုံးကောင်းသည်၊ ထို့ကြောင့်. ဒါယကာတို့က ညောင်စောင်း အင်းပျဉ်ကို ချမ်းသာသလို သုံးစွဲကြပါဟု လျှောက်၍ လှူလျှင် လွင်တီးခေါင်၌လည်း ထား၍ သုံးစွဲကောင်း၏-ဟု ဋီကာ၌ ဝဒန္တိဝါဒလာ၏။ .
မှတ်ချက် ။ ။ထိုဝဒန္တိဝါဒကို လိုက်၍လည်းကောင်း, “ယထာ ဒါယကာ ဝဒန္တိ၊ တထာ ပဋိပဇ္ဇိတဗ္ဗံ” ဟူသော အဋ္ဌကထာစကားကို ယူ၍လည်းကောင်း, ယခုခေတ် သံဃိက ကျောင်း ရေစက်ချရာ၌ “ချမ်းသာသလို အသုံးပြုကြပါ” ဟု ထည့်၍ ချကြ၏၊ သို့သော် ဟု ပစ္စလက်ခတ်ကား သုံးကောင်းလိမ့်မည် မဟုတ်၊ မိမိပိုင်ပစ္စည်းသော်မှ မရိုမသေ သုံးစွဲလျှင် ဒုပ္ပရိဘောဂ ဒုက္ကဋ်အာပတ် သင့်သေး၏၊ သံဃိကပစ္စည်းကို မရိုမသေ သုံးစွဲလျှင်ကား ဘာဆိုဖွယ်ရာ' ရှိတော့အံ့နည်း။ [ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို ဓားခွဲခံရခြင်း၏ အကြောင်း၌ သံဃိကသင်ဖြူးပေါ်ဝယ် ခြေမဆေးဘဲ နင်းခဲ့ဖူးကြောင်းကိုလည်း သာမညဖလသုတ် အဋ္ဌ ကထာ၌ ဆိုသည်။
ဂစ္ဆန္တေဟိ၊ သွားလိုကုန်လတ်သော်။ သာမန္တဝိဟာရေ၊ အနီးဖြစ်သော ကျောင်း၌။ သဘာဂဘိက္ခူနံ၊ သဘာဂဖြစ်သော ရဟန်းတို့၏ (အထံသို့)။ ပေသေတွာ၊ ပို့၍။ ဂန္တဗ္ဗံ၊ သွားရာ၏။ သဘာဂါနံ၊ သဘောတူသော ရဟန်းတို့၏။ အဘာဝေ၊ မရှိခြင်း သည်။ (သတိ၊ ဖြစ်လတ်သော်။) အနောဝဿကေ၊ မိုးမစွပ်အပ်သော အရပ်၌။ နိက္ခိပိတွာ, ဂန္ထဗ္ဗံ။ အနောဝဿကေ၊ သည်။ အသတိ၊ မရှိလတ်သော်။ ရုက္ခေ၊ ၌။ လဂ္ဂေတွာ၊ ချိပ်၍။ ဂန္တဗ္ဗံ၊ သွားရာ၏။ [သစ်ပင်၌ ချိပ်ထားလျှင် တော်တော်ကြာ အောင် ခြ မတက်နိုင်သောကြောင့်လည်းကောင်း မိုးစိုပြန်လျှင်လည်း ခြောက် လွယ်သောကြောင့်လည်းကောင်း “လဂ္ဂေတွာ ဂန္တဗ္ဗံ” ဟု ဆိုသည်။]**စေတိယင်္ဂဏေ ၊ပေ၊ ထပေတဗ္ဗော** ။ ။မူလက စေတီယင်ပြင် လှည်းဖို့ရာ တံမြက် စည်းကို ယူသွား၍ လှည်းပြီးလျှင် ဘောဇနသာလင်္ဂဏ စသည်ကို ဆက်၍ လှည်းပြီးနောက် ထိုဘောဇနသာလင်္ဂဏ စသည်၌ ထား မပစ်ခဲ့ရ၊ မူလနေရာဖြစ်သော တံမြက်စည်းစင်သို့ ရောက်အောင် ထားပါ-ဟူလို၊ “သမ္မဇ္ဇိတွာ, ဓောဝိတွာ” ဟု ဆိုသောကြောင့် မြေကြီးပေါ်၌ တံမြက်လှည်းပြီးလျှင် ထိုတံမြက်စည်းကို ဆေးရမည်ဟု သတိပြုပါ၊ ဖုံများများ မလူးလျှင် အသင့်အတင့် ခါလျှင်လည်း သင့်လျော်စရာရှိ၏၊ ထို့ကြောင့် ယောဇနာ၌ ဓောဝိတွာကို “သမ္ဗဇ္ဇနိံ သုဒ္ဓံ ကတွာ” ဟု ဖွင့်သည်။
တေန၊ ထိုရဟန်းသည်။
သမ္မဇ္ဇိတွာ၊ တံမြက် လှည်းပြီး ၍။
အန္တရာမဂ္ဂေ၊ ခရီးအကြား၌။
သာလာ၊ စရပ်သည်။တတြ၊ ထို “ဝတ္တံ ဇာနိတဗ္ဗံ" ဟူသော စကားရပ်၌။
ဣဒံ၊ ဤဆိုအပ်လတံ့ကား။
ဝတ္တံ၊ ကျင့်ဝတ်တည်း။
၀လာဟကာနံ အနုဋ္ဌိတဘာဝံ သလ္လက္ခေတွာ
။ ။ဤပါဌ်ကို ထောက်၍ “နွေအခါ၌ပင် ဖြစ်သော်လည်း မိုးတက်လာလျှင် မဉ္စပီဌ စသော သေနာသနအသုံးအဆောင်ကို လွင်တီးခေါင်၌ ထားခြင်းငှာ မအပ်" ဟူသော အဓိပ္ပာယ်ကို သိထိုက်သည်။ [၀လာဟကာနံ အနုဋ္ဌိတဘာဝံ သလ္လက္ခေတွာတိ ဣမိနာစ ဂိမှာနေပိ မေဃေ ဥဋိဟေ မဉ္စပီဌာဒိံ ယံကိဉ္စိ သေနာသနံ အဇ္ဈောကာသေ နိက္ခိပိတုံ န ဝဋ္ဋတီတိ ဒီပိတံတိ ဝေဒိတဗ္ဗံ။ (-ဋီကာ)၊]
အာသနသာလံ ။ ။ယောဇနာ၌ အသ၊(ဘက္ခဏေ) ဓာတ်, ယုပစ္စည်းကြံ၍ “အသနသာလံ” ဟု ပါဌ်တွေ့ရ၏၊ အဘိဓာန် (၂၁၈) ၌ “အာသနသာလာနှင့် ပဋိက္ကမန” ကိုပရိယာယ်ဟု ဆို၏၊ ထို့ကြောင့် ရွာတွင်းရှိ စရပ်သည်.ဆွမ်းစားရုံသာ မက ခေတ္တခဏ ကပ်ဝင်နားနေရာလည်းဖြစ်, တရား နှလုံးသွင်းရာလည်း ဖြစ်၏၊ ထို့ကြောင့် “အာသနသာလံ” ဟုသာ ရှိသင့်သည်။ [သီဟဠဒီပေယေဝ တေသု တေသု ဂါမေသု အာသနသာလာယံ န တံ အာသန မတ္ထိ, ယတ္ထ ယာဂုံ ပိဝိတွာ အရဟတ္တပ္ပတ္တာ ဘိက္ခူ နတ္ထီတိ၊- သီလက္ခန်ဋ္ဌ, သာမညဖလ, သမ္ပဇညအခန်း။]
မဇ္ဈတော၊ အလယ်မှ။ ပဋ္ဌာယ၊ ၍။ ပါဒဋ္ဌာနာဘိမုခါ၊ ခြေ၏ တည်ရာ အရပ်သို့ ရှေ့ရှူနေကုန်သော။ ဝါလိကာ၊ သဲတို့ကို။ ဟရိတဗ္ဗာ၊ ဖယ်ရှားထိုက်ကုန်၏။ဝါပန၊ သည်သာ မက သေး။
ယောကောစိ၊ အမှတ်မထား, တစ်ပါးပါးသော။
ဝင်္ကပါဒကော၊ ကောက်သော အခြေရှိသော ညောင်စောင်းသည်။
(အတ္ထိ။)
အယံ၊ ဤကောက်သော အခြေရှိသောညောင်စောင်းကို။
မဇ္ဈတော ၊ပေ၊ ဆဋ္ဋေတဗ္ဗံ
။ ။အာသနသာလာကို တံမြက်လှည်းသူအတွက် အထူးဝတ္တရားရှိ၏။ ထိုဝတ္တရားဟူသည် အလယ်မှ စ၍ ခြေချရာဘက်သို့ ရှေ့ရှုနေသော သဲများကို ဖယ်ရခြင်း, (ထိုသို့ မဖယ်လျှင် ထိုသဲတို့က ဝင်သူ ထွက်သူ၏ ခြေကို လူးဖွယ်, ကပ်ပါနေဖွယ် ရှိသည်၊) အမှိုက်တို့ကိုလည်း လက်တို့ဖြင့် ယူ၍ စွန့်ပစ်ရခြင်းတည်း၊ တောင်းစသည်ဖြင့်ကျုံးလျှင် သဲတွေပါသွားမည်စိုး၍ “ဟတ္ထေဟိ ဂဟေတွာ” ဟု ဆိုသည်။
** မှတ်ချက်** ။ ။ဤအာသနသာလာ၌ တံမြက်စည်းလှည်းပုံ ကျင့်ဝတ်သည် ရှေးရှေးကပင် ပျောက်ကွယ်နေဟန် တူ၏၊ ထို့ကြောင့် ဋီကာတို့၌ ဝါဒအမျိုးမျိုး ပြလျက် ရှိသည် ဤ၌လည်း မိမိအထင်မျှကိုသာ ရေးရပါသည်။ [ယောဇနာ၌ မဇ္ဈဓာတ်၏ သုဒ္ဓိအနက်ကို ယူ၍ မဇ္ဈတောကို “ပဝိတ္တတော (စင်ကြယ်သော အရပ်မှ၊)" ဟု ဖွင့်၏၊ စဉ်းစားပါ။]
မသာရကော ။ ။ပါဒေ မသိတွာ (ဝိဇ္ဈိတွာ) တတ္ထ အဋ္ဋနိယော ပဝေသေတဗ္ဗာ ဧတ္ထာတိ မသာရကော၊-ယောဇနာ၊ မသဓာတ်, အာရပစ္စည်း, က-လာဟု ကြံ၊ “မသာရကောထွင်းအပ်သော အခြေရှိသော ညောင်စောင်း" ဟု ပေးပါ။
ဗုန္ဒိကာဗဒ္ဓေါ ။ ။ဗုန္ဒော ဧဝ ဗုဒ္ဒိကော (ပါဒေါ)၊ တသ္မိံ အာဗဒ္ဓါ (ဗဇ္ဇိတာ) အဋ္ဋနီ ယဿာတိ ဗုန္ဒိကာဗဒ္ဓေါ၊-ယောဇနာ၊ “ဗုန္ဒိကာဗဒ္ဓေါ-အခြေ၌ ဖွဲ့စပ်ညှပ်ထားအပ်သော အပေါင်ရှိသော ညောင်စောင်း" ဟု ပေါးပါ။
ကုဠီရပါဒကောတိ၊ ကဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ဟိ၊ မှန်။
သေနာသနံ၊ သံဃိကမဉ္စပီဌစသော အိပ်ရာနေရာသည်။
သောဝဏ္ဏ မယမ္ပိ၊ ရွှေဖြင့် ပြုအပ်သော အိပ်ရာနေရာသော်မှလည်း။
ဝဋ္ဋတိ။
တသ္မာ၊ ကြောင့်။
တံ၊ ထိုခတ်အခင်းသည်။
မဟဂ္ဃံ၊ များသော အဖိုးရှိသည်။
ဝါ၊ အဖိုးများစွာ ထိုက်တန်သည်။
ကုဠီရပါဒေါ
။ ။ကုဠီရဿ (ပုဇွန်၏) + ပါဒေါ ဝိယ ပါဒါ ယဿာတိ ကုဠီရ ပါဒေါ၊ ပုဇွန်၏ ခြေသည် ကောက်သကဲ့သို့ ကောက်သော ခြေရှိသော ညောင်စောင်းအားလုံးကို “ကုဠီရပါဒ” ဟု ခေါ်ပါ၊ ထို့ကြောင့် "အဿမေဏ္ဍကာဒီနံ ပါဒသဒိသေဟိ" ဟု ဆိုသည်၊ “ကုဠီရပါဒေါ-ပုဇွန်ခြင်းခြေ, ယွင်းမသွေသည့်, အခြေရှိသော ညောင်စောင်း” ဟု ပေးပါ။ [ဤညောင်စောင်း၌ အပေါင်အခြေတို့ကို သွင်းခြင်း မသွင်းခြင်းမှာ ပဓာန မဟုတ်, အခြေ၏ကောက်ခြင်းသာ ပဓာနတည်း။]
အာဟစ္စပါဒကော ။ ။“အာဟစ္စ (အင်္ကံ ဝိဇ္ဈိတွာ) တတ္ထ ပဝေသိတော ပါဒေါ ယဿာတိ အာဟစ္စပါဒကော” ဟု ယောဇနာ ပြု၏၊ “အာဟစ္စပါဒကော-အပေါင်ထွင်း၍ သွင်းအပ်သော အခြေရှိသော ညောင်စောင်း" ဟု ပေးပါ။
ကောစ္ဆံ ။ ။“အထက်အောက် ၂ ဖက်က စ၍ အတွင်းဘက်သို့ ရစ်ပတ်ဖွဲ့ချီလာသောအခါ တိုး၍ တိုး၍ ကျဉ်းသွားအောင် ရစ်ပတ်အပ်သောကြောင့် အလယ်ခေါင်၌ ကျုံ့လျက် အထက်အောက် ၂ ဖက်၌ ကျယ်ပြန့်နေသည်၊ ဆင်းတုတော် တင်ပလ္လင်ခွေအောက်၌ တည် သော ပလ္လင်နှင့် ပုံသဏ္ဌာန် တူ၏၊ တချို့ ပလ္လင်တော်မှာ အလွန်မြင့်သော်လည်း တချို့ပလ္လင် တော်ကား တစ်ထွာလောက်သာ ရှိသည်၊ ထိုသို့ တစ်ထွာလောက်သာ ရှိသော်လည်း အလယ်မှာ ကျုံ့လျက်ပင်။
ဟောတိ၊ ၏။**အညတ္ထ ဂစ္ဆတိ၊ ပါဒုဒ္ဓါရေန** ။ ။ညောင်စောင်းအင်းပျဉ် ခင်းထားရာ အရပ်သို့ သွားကြောင်းလမ်းမှ အခြားသော လမ်းသို့ သွားခြင်းကို “အညတ္ထ ဂစ္ဆတိ” ဟု ဆိုသည်၊ ခင်း ထားသော နေရာနှင့် ယခုသွားသော နေရာမှာ ခဲတစ်ကျကို လွန်ပြီးဖြစ်သောကြောင့် လေဍ္ဍူ ပါတအတိက္ကမဖြင့် မဆုံးဖြတ်ဘဲ အခြားလမ်းဘက်သို့ ပဋ္ဌမခြေလှမ်း ကြွလျှင် ဒုက္ကဋ်, ဒုတိယ ခြေလှမ်း ကြွလျှင် ပါစိတ်ဟု ဆုံးဖြတ်ပါ။
ပုရိမနယေနေဝ၊ ရှေ့နည်းဖြင့်သာလျှင်။
အဿ၊ ထိုရဟန်း၏။
လေဍ္ဍူပါတာတိက္ကမေဝ၊ ခဲတစ်ကျကို လွန်ရာအခါ၌လည်း။
အာပတ္တိ ဟောတိ၊ ၏။
[ဒဟရကို စေခိုင်းပုံမှ တစ်ပါး သာမဏေကို စေခိုင်းပုံကို ပြလို၍ “သစေ ပန” စသည် မိန့်။]၊ **ဥဿာရကော** ။ ။“သရဘာဏကော-အသံသာသာဖြင့် ပါဠိကိုသာ ရွတ်ဆိုတတ် သော ပုဂ္ဂိုလ်”ဟု ဖွင့်၏၊ ဥဒ္ဓံ ဥဒ္ဓံ-အထက်အထက်၌၊ ပါဠိပါဌံ သာရေတိ ပ၀တ္တေတိ-ပါဠိကို ဖြစ်စေတတ်၏၊ ဣတိ ဥဿာရကောဟု ပြု၊-(ဝိမတိ၊) ပါဠိသက်သက်ကိုသာ မက အနက် အဓိပ္ပာယ်ကိုပါ ဟောပြတတ်သော ပုဂ္ဂိုလ်ကို “ဓမ္မကထိက" ဟု ခေါ်သည်၊ ဓမ္မကထာယံ တရားစကား၌ + နိယုတ္တော ဓမ္မကထိကော" ဟု တဒ္ဓိတ်ပြု။ [“ကထေတီတိ ကထိကော"ဟု မပြုနိုင်၊ ထိုသို့ပြုလျှင်ဏွုပစ္စည်းဖြင့် “ကထကော” ဟုသာ ပြီးလိမ့်မည်။]
နိသိန္နေ၊ လတ်သော်။
တဿ၊ ထိုဥဿာရကပုဂ္ဂိုလ်သို့မဟုတ် ဓမ္မကထိကပုဂ္ဂိုလ်၏။
ပလိဗောဓော၊ တည်း။**သုဓာဒိပရိကမ္မကတာယ** ။ ။ကတံ ပရိကမ္မံ ဧတိဿာတိ ပရိကမ္မကတာ၊ သုဓာ ဒီဟိ + ပရိကမ္မကတာ သုဓာဒိပရိကမ္မကတာ၊ ထက်ဝန်းကျင် အင်္ကတေ စသည်တို့ဖြင့် သုတ် လိမ်းမှုကို “ပရိကမ်”ဟု ခေါ်သည်၊ သုဓာဒိ၌ အာဒိဖြင့် မြေညက်, ဆေးအမျိုးမျိုးတို့ကို ယူပါ၊ထိုကဲ့သို့ အင်္ကတေ မြေညက် ဆေးတို့ဖြင့် သုတ်လိမ်းထားသော မြေပေါ်ဝယ် သင်ဖြူးတို့ကို တိုက်ရိုက်ခင်းလိုက်လျှင် အင်္ကတေရောင်, မြေညက်ရောင်, ဆေးရောင်တို့ ပျက်သွားစရာ ရှိ၏၊ ထိုသို့ မပျက်အောင် “စိမိလိကာ” ခေါ်သော အဝတ်ကြမ်းကို အောက်ကထားပြီးမှ သင်ဖြူးတို့ကို ခင်းကြရသည်။
ဟေဋ္ဌာ၊ အောက်၌။
ဝါ၊ အောက်က။
ပတ္ထရိတွာ၊ ဖြန့်ခင်း၍။
ဥပရိ၊ အထက်၌။
ဝါ၊ အပေါ်က။
ကဋသာရကံ၊ သင်ဖြူးကို။
ပတ္တရန္တိ၊ ဖြန့်ခင်းကြကုန်၏။ပါဒပုဉ္ဆနီနာမ၊ မည်သည်။ ရဇ္ဇုကေဟိဝါ၊ ကြိုးငယ်တို့ဖြင့်သော်လည်းကောင်း။ ပိလောတိကာဟိဝါ၊ အဝတ်ပိုင်း တို့ဖြင့်သော်လည်းကောင်း။ ပါဒပုဉ္ဆနတ္ထံ၊ ခြေကို သုတ်ခြင်းအကျိုးငှာ။ ကတာ၊ ပြုအပ်သော ခြေသုတ်တည်း။ [ကြိုးကလေးတို့ကို ရစ်၍ဝိုင်းပြီး ထားလိုက်လျှင်ခြေသုတ်ကြိုးဝန်း ဖြစ်၏။ သင်္ကန်းစုတ်တို့ကို ကြိုးကျစ်၍ ဝိုင်းတားလိုက်လျှင် ပိလောတိက ခြေသုတ်ဖြစ်၏။ ရှေးက ထိုခြေသုတ်မျိုးသာ ရှိသည်ယခုအခါ ခြေသုတ်ဖုံများကိုကား အတ္ထန္တရဝိကပ္ပနတ္ထဝါသဒ္ဒါဖြင့် ယူပါ။]
**ပရိဟရဏေယေဝ** ။ ။ကိုယ့်ဥစ္စာအနေအားဖြင့် ထိုထိုအရပ်သို့ သွားလေရာ ဆောင် ယူ၍ (ညောင်စောင်း အင်းပျဉ် စသည်တို့၌ ခင်း၍) သုံးဆောင်ခြင်း၌သာ ခြင်္သေ့ရေ စသော သားရေကို ပယ်သည်၊ ကိုယ်ပိုင်မဟုတ်ဘဲ သံဃိကကျောင်း အသုံးအဆောင်အဖြစ်၌ကား မအပ်သော သားရေ မရှိပါ။ [သီဟစမ္မာဒီနံ ပရိဟရဏံယေဝ ပဋိက္ခေပေါ ဝေဒိတဗ္ဗောတိ ဣမိနာ – နဘိက္ခဝေ မဟာစမ္မာနိ ဓာရေတဗ္ဗာနိ၊ သီဟစမ္မံ, ဗျဂ္ဃစမ္မံ, ဒီပိစမ္မံ၊ ယော ဓာရေယျ၊ အာပတ္တိ ဒုက္ကဋဿာ” တိ ဧဝံ ဝုတ္တာယ ခန္ဓကပါဠိယာ အဓိပ္ပာယံ ဝိဘာဝေတိ၊-ဋီကာ။]