ပန၊ ဆက်။
တံ ဧတံ ဂဏဘောဇနံ၊ သည်။
နိမန္တနတောဝါ၊ ပင့်ဖိတ်ခြင်းကြောင့်သော်လည်းကောင်း။
ဝိညတ္တိတောဝါ၊ တောင်းခြင်းကြောင့်သော်လည်းကောင်း။
နာနာဝေရဇ္ဇကေ
။ ။ရညော ဣဒံ ရဇ္ဇံ၊ ဝိသဒိသံ ရဇ္ဇံ ဝိရဇ္ဇံ-မတူသော တိုင်းပြည်၊ “နာနာပ္ပကာရံ ဝိရဇ္ဇံ နာနာဝိရဇ္ဇံ-အမျိုးမျိုး မတူကြသော တိုင်းပြည်၊ နာနာဝိရဇ္ဇေဟိ အာဂတာ နာနာဝိရဇ္ဇကာ”ဟု ဝိ၌ ဝုဒ္ဓိ မပြုဘဲ ပြီး၏၊ ဝိ၌ မဇ္ဈိဝုဒ္ဓိပြုလျှင် “နာနာဝေရဇ္ဇကေ”ဟု ဖြစ်၏။ ထို့ကြောင့် နာနာဝိရဇ္ဇကေ, နာနာဝေရဇ္ဇကေဟု ပါဌ် ၂ မျိုးရှိသည်၊ နာနာဝိဓေဟိသည် နာနာ၏ အဖွင့်တည်း၊ အညရဇ္ဇေ၌ အညသည် ဝိ၏ အဖွင့်တည်း၊ အာဂတေကား ဏ ပစ္စည်း၏ အနက်အဖွင့်တည်း။ [“နာနာဝေရဇ္ဇကေ-အထူးထူးအပြားအပြား မတူထူးခြားသော တိုင်းပြည်တို့မှ လာကြကုန်သော” ဟု ပေး]
ဋီကာ ။ ။အညမည ဝိသိဋ္ဌတ္တာ ပိသဒိသံ ရဇ္ဇံ၊ ဝိရဇ္ဇံ၊ တတော အာဂတာ, တတ္ထ ဝါ ဇာတာ, ဘဝါတိဝါ ဝေရဇ္ဇာ၊ (ဏပစ္စည်း၊) တေဧဝ ဝေရဇ္ဇကာ၊ [သွတ္ထ၌ ကပစ္စည်း၊] တေ ပန ယသ္မာ ဂေါတ္တစရဏာဒိဝိဘာဂေန (ကဿပအနွယ်, ဂေါတမအနွယ်စသော ဂေါတ္တစရဏတို့၏ အထူးအပြားအားဖြင့်) နာနာပ္ပကာရာ၊ တသ္မာ ဝုတ္တံ နာနာဝေရဇ္ဇကေတိ၊ အဋ္ဌကထာယံ ပန နာနာ ၊ပေ၊ အာဂတေတိ ရဇ္ဇာနံယေဝ ဝသေန နာနာပ္ပကာရတာ ဝုတ္တာ။ [ဤဋီကာအလို “နာနာ”သည် တိုင်းပြည်၏ ဝိသေသန မဟုတ်, တိုင်းသူပြည်သား၏ ဝိသေသနတည်း။] ဤ ဋီကာစကားကို အဋ္ဌကထာနည်းမှ တစ်နည်းပြဟု မှတ်ပါ။ [ဤဋီကာအလို “နာနာဝေရဇ္ဇကေ အနွယ် အကျင့် စသည် ကွဲပြား၍ မတူထူးခြားသော တိုင်းပြည်တို့မှ လာကြကုန်, တိုင်းပြည်တို့၌ မွေးကြကုန်, တိုင်းပြည်တို့၌ ကြီးပွားကြကုန်သော" ဟု ပေးပါ။]
ဒွီဟိ၊ ကုန်သော။ အာကာရေဟိ၊ အကြောင်း တို့ကြောင့်။ ပသဝတိ၊ ဖြစ်ပွား၏။**လေသကပ္ပိယံ** ။ ။ကပ္ပေါဧဝ ကပ္ပိယံ၊ လေသေန ကပ္ပိယံ လေသကပ္ပိယံ၊ လေသ သဒ္ဒါ အနည်းငယ်အနက်ဟော။ “အနည်းငယ် ခြေကွဲခြင်း စသည်ကြောင့် အပ်သည်”ဟု ယူဆ၍ “ဂိလာနသမယ”ဟု အဓိဋ္ဌာန်ပြု၍ မစားပါနှင့်- ဟူလို၊ ယောဇနာ၌ “လေသေန ကပ္ပန္တိ ပဝတ္တံ စိတ္တံ လေသကပ္ပိယံ” ဟု ကပ္ပိယအရ စိတ်ကိုရအောင် ဖွင့်သွားလေသည်၊ ကပ္ပိယံ ကရောဟိ စသည်၌ ထိုသို့ကြံ၍ မဖြစ်နိုင်၊ ဤပုဒ်သည် “ကပ္ပိယံ ကရောဟိ" ၌ ကပ္ပိယံနှင့် သဘောတူပင် ဖြစ်သည်။ယော စီဝရံ၊ ပေ၊ အနာပတ္တီတိ၊
ဟူ၍။
(ဝုတ္တံ။)
ယော၊ အကြင်ရဟန်း သည်။
စီဝရံ၊ ကို။
ဝိစာရေတိ၊ ပဉ္စခန်း, သတ္တခန်းစသည်ဖြင့် စီစဉ်၏။
ဆိန္ဒတိ၊ ဖြတ်၏။
(စီစဉ်ထားသည့်အတိုင်း ဖြတ်၏။)
မောဃသုတ္တံ၊ အချီးနှီးသော ချည်ကို။
ထပေတိ၊ တင်ထား၏။
[အပြီးချုပ်ခြင်း မဟုတ်ဘဲ သီရုံ သီခြင်းကို ပြု၏။]
အာဂန္တုကပဋ္ဋံ၊ အာဂန္တုကအလွှာကို။
သူစိဝေဓနကောပိ
။ ။သူစိဝေဓနကောပီတိဟု ဂရဟာဇောတကပိကို ရှေ့က နေစေ ရမည်၊ ထိုသူစိဝေဓနကောကို ယောဇနာ၌ ၂ လွှာ ဆက်ပေးသော ရဟန်းဟု ဆိုထား၏၊ [သိူစဝေဓနကောတိ သိဗ္ဗနတ္ထာယ ဒွေ ပိလောတိကခဏ္ဍေ သမ္ဗဇ္ဇိတွာ သူစိယာ ဝိဇ္ဈနကော၊ ယောဇနာ။] ထိုစကားကို စဉ်းစားသင့်သည်၊ ဘာ့ကြောင့်နည်း - ရှေးတုန်းက အပ်များ၌ နဖားပေါက် မပါသေး၊ ထိုနဖားဖောက်ပေးသူကိုသာ သူစိဝေနေကဟု ဆိုသင့်သောကြောင့် လည်းကောင်း, “အာရာတု သူစိဝိဇ္ဈနံ” ဟူသော အဘိဓာန်ဝယ် အပ်နဖားဖောက်ကြောင်းစူးကို သူစိဝိဇ္ဈနဟု ဆိုသောကြောင့်လည်းကောင်းတည်း၊ သင်္ကန်းချုပ်ဆိုးသော ကိစ္စတွင် သူစိဝိဇ္ဈန အမှုသည် အသေးငယ်ဆုံးတည်း၊ ထို့ကြောင့် ဂရဟာဇောတကပိဖြင့် “သူစိဝေဓနကောပိ”ဟု ဆိုသည်။
မောဃဝုတ္တံ ထပေတိ ။ ။နောက်ထပ် လိုက်၍ ချုပ်ဖို့ရန် ရှေးဦးစွာ အပ်ချည်ဖြင့် တဲပေးခြင်း, သီပေးခြင်းကို “မောဃသုတ္တံ ထပေတိ” ဟု ခေါ်သည်၊ ထိုတဲပေးကြောင်း သီပေး ကြောင်း အပ်ချည်သည် အချောချုပ်ပြီးသော အခါ ဖြုတ်ပစ်ရသောကြောင့် သင်္ကန်း၌ အကျိုး မရှိရတော့ကား “မောဃသုတ္တ” မည်၏၊ မောဃသဒ္ဒါသည် အချည်းနှီးဟူသော အနက်ကို ဟော၏၊ ယောဇနာ၌ကား " မုနံ မောဃော "၊ အတ္ထတော ဂဟေတဗ္ဗဆဋ္ဋေတဗ္ဗဋ္ဌာနေ မုယှနစိတ္တံ၊ တဿ ဆိန္ဒနံ သုတ္တံတိ မောဃသုတ္တံ"ဟု ဖွင့်လေသည်။
ဝါ၊ သလင်းထောင်ကို။ ထပေတိ၊ ထား၏။ ပစ္စာဂတံ၊ တစ်ဖန်ပြန်၍။ သိဗ္ဗတိ၊ ချုပ်၏။ အာဂန္တုကပဋ္ဋံ၊ ကို။ ဗန္ဓတိ၊ မူလသင်္ကန်းသားနှင့် ဖွဲ့စပ်၏။ အနုဝါတံ၊ အလျားအနားပတ်ကို။ ဆိန္ဒတိ၊ ဖြတ်၏။ ဃဋ္ဋေတိ၊ အလျား အနားပတ်ကို လက်စသည်ဖြင့် ပုတ်ခတ်၏။ (ပွတ်တိုက်ပေး၏) ။ [“အလျားအနား ပတ် ၂ ခုကို စပ်ပေး၏”ဟု ယောဇနာ၌ ဆို၏။] အာရောပေတိ၊ အပေါ်၌ တင်၏။ (အပေါ်၌ အနားပတ်ကို ထပ်ပေး၏။) တတ္ထ၊ ထိုအပေါ်ထပ်၌။ ပစ္စာဂတံ၊ တစ်ဖန် ပြန်၍။ သိဗ္ဗတိ၊ ချုပ်၏။ သုတ္တံ၊ အပ်ချည်ကို။ ကရောတိ၊ ပြုလုပ်ပေး၏။ (တစ်နည်း) သုတ္တံ ကရောတိ၊ အပ်ချည်ကျစ်ပေး၏။ ဝလေတိ၊ ရစ်ပေး၏။ (ဒုတ်၌သော်လည်း ကောင်း, လက်၌သော်လည်းကောင်း အပ်ချည်ကို ရစ်ပေး၏။) ပိပ္ဖလိကံ၊ ဓားငယ် ကို။ နိသေတိ၊ သွေးပေး၏။ ပရိဝတ္တနံ၊ ချည်ကို ရစ်ကြောင်း ယန္တရားကို။ ကရောတိ၊ ပြုလုပ်ပေး၏။ သဗ္ဗောပိ၊ အလုံးစုံလည်းဖြစ်သော။ (သော၊ ထိုရဟန်းကို။) စီဝရံ ကရောတိယေဝါတိ၊ သင်္ကန်းကို ပြုလုပ်ပေးသူပင်ဟူ၍။ ဝုစ္စတိ၊ ၏။ဧတံ၊ ဤရဟန်းကို။
ထပေတွာ၊ ချန်ထား၍။
သေသာ နံ၊ ကြွင်းသော ရဟန်း တို့၏။
ဂဏဘောဇနေ၊ ဂဏဘောဇဉ်ကို စားခြင်းကြောင့်။
အနာပတ္တိ၊ အနာပတ်တည်း။
အာဂန္တုကပဋ္ဋံ ထပေတိ
။ ။အာဂန္တုကပဋ္ဋန္တိ အစ္ဆိန္ဒိတွာ အနွာဓိံ အာရောပေတွာ ကရဏစီဝရံ သန္ဓာယ ဝုတ္တံ-သင်္ကန်းလျာအဝတ်ကို မဖြတ်ဘဲ မြောင်းနေရာ၌ သလင်းထောင် (အပေါ်ထပ်) တင်၍ ချုပ်အပ်သော သင်္ကန်းကို ရည်ရွယ်၍ ဆိုအပ်၏၊ထပေတီတိ ဧကံ အန္တံ စီဝရေ ဗန္ဓနဝသေန ထပေတိ- အစွန်းတစ်ခုကို သင်္ကန်း၌ ဖွဲ့ချည်သောအားဖြင့် ထား၏။
ပစ္စာဂတံ သိဗ္ဗတိ ။ ။တဿေဝ ဒုတိယအန္တံ ပရိဝတ္တိတွာ အာဟတံ သိဗ္ဗတိ- ထို သလင်းထောင်၏ပင် ဒုတိယအစွန်းကို ပြန်လည်၍ ဆက်စပ်အောင် ချုပ်၏၊ အာဂန္တုကပဋ္ဋံ ဗန္ဓတီတိ စီဝရေန လဂ္ဂံ ကရောန္တော (သလင်းထောင်ကို သင်္ကန်းနှင့် ကပ်ငြိအောင် ပြုလျက်) ပုနပ္ပုနံ တတ္ထ တတ္ထ သုတ္တေန ဗန္ဓတိ၊- ဝိမတိ။
ဃဋ္ဋေတိ, သုတ္တံ ကရောတိ ။ ဃဋ္ဋေတီတိ အနုဝါတံ (အလျားအနားပတ်ကို)ဆိန္ဒိတွာ ဟတ္ထေန ဒဏ္ဍကေနဝါ (ဒုတ်ငယ်ဖြင့်သော်လည်းကောင်း) ယဋ္ဋေတိ- ပွတ်တိုက်ပေး၏၊ သုတ္တံ ကရောတီတိ သုတ္တံ ဝဋ္ဋတိ (ချည်ကျစ်ပေး၏။)- သာရတ္ထ။
ဝလေတိ ။ ။ဝလေတီတိ ဒဏ္ဍကေဝါ ဟတ္ထေဝါ အာဝဋ္ဋေတိ- ဒုတ်တံ၌ဖြစ်စေ၊ လက်၌ဖြစ်စေ ရစ်ပတ်၏၊- သာရတ္ထ၊ ပရိဝတ္တနံ ကရောတီတိ ပရိဝတ္တနဒဏ္ဍကယန္တတံ- ချည်ကို ရစ်ကြောင်းဖြစ်သော ဒုတ်ငယ်ယန္တယားကို၊ ကရောတိ၊- ဝိမတိ။
ဣဓ၊ ဤ လောက၌။
ဧကစ္စော၊ အချို့သော ဥပါသကာသည်။
စတ္တာရော၊ ကုန်သော။
ဘိက္ခူ၊ တို့ကို။
(နိမန္တေတိ၌ စပ်။)
ဘတ္တံ၊ ထမင်းကို။
ဂဏှထ၊ ခံယူပါကုန်။
ဣတိ၊ သို့။
နိမန္တေတိ၊ ဖိတ်မန်အံ့။
သမဏဘတ္တသမယ
။ ။ဤဂဏဘောဇနသိက္ခာပုဒ်ကို အဇာတသတ်မင်း၏ လက် ထက်ရောက်မှ ရှင်ဒေဝဒတ်ကို အကြောင်းပြု၍ ပညတ်တော်မူ၏၊ ပါဠိတော်၌ လာသော အာဇီဝက၏ သံဃဘတ္တကျွေးမှုကား ဗိမ္ဗိသာရမင်း၏ လက်ထက်မှ စ၍ ဖြစ်ခဲ့၏၊ ထိုစဉ်က ရဟန်းတော်များသည် ထိုအာဇီဝက၏ ဘတ်ကို လက်ခံဘုဉ်းပေးခဲ့ကြသော်လည်း ဤသိက္ခာပုဒ် ပညတ်တော်မူပြီးသောအခါ လက်မခံကြသောကြောင့် အာဇီဝကသည် ဘုရားအထံတော် လာ၍ မိမိ၏ ဘတ်ကို လက်ခံဖို့ရန် တောင်းပန်သောကြောင့် “သမဏဘတ္တသမယ”ဟု သီးခြား ခွင့်ပြုတော်မူရပြန်သည်။
အကပ္ပိယနိမန္တနံ ။ ။ရဟန်း ၄ ပါး ၅ ပါး စသူတို့၏ အထံသို့ သွား၍ “ဩဒနေန နိမန္တေတိ- ထမင်းဖြင့် ဖိတ်မန်ပါ၏"ဟု လျှောက်လျှင် မအပ်သော ဖိတ်ခြင်းဖြစ်၏၊ ဤနည်း အတိုင်း ပါဠိဘာသာဖြင့် ဖြစ်စေ, မြန်မာစသော အခြားဘာသာဖြင့် ဖြစ်စေ ဘောဇဉ် ၅ ပါးကို နာမည်တပ်၍ “ထမင်းဘုဉ်းပေး ကြွပါ, ငါးဘုဉ်းပေး ကြွပါ" စသည်ဖြင့် ဖိတ်ခြင်းများ သည် အကပ္ပိယနိမန္တနများတည်း၊ အကပ္ပိနိသဂ္ဂိပစ္စည်းများကဲ့သို့ အကပ္ပိယ မဟုတ်, ဂဏ ဘောဇနအာပတ်ကို ဖြစ်စေတတ်သော အကပ္ပိယတည်း။ [ဂဏဘောဇနာပတ္တိဇနကနိမန္တန ဘာဝတော အကပ္ပိယနိမန္တနန္တိ ဝုတ္တံ။]
အနိမန္တိကစတုက္ကံ ။ ။ယောဇနာ၌ “အနိမန္တိတော စတုတ္ထော ယဿ စတုက္ကဿာတိ အနိမန္တိတစတုက္ကံ” ဟု ဆို၏၊ ထိုအလို “မပင့်ဖိတ်အပ်သော ရဟန်းလျှင် ၄ ပါး မြောက်ရှိသော စတုက္က” ဟု ပေး၊ “အနိမန္တိတစတုတ္ထ”ဟုလည်း ပါဌ်ရှိစေရှေးစာတို့၌ “အနိမန္တိတစတုက္ကံ”ဟု ရှိ၏၊ စတုန္နံ ပူရဏော စတုက္ကံ၊ အနိမန္တိတေန + ဥပလက္ခိတံ + စတုက္ကံ အနိမန္တိတစတုက္ကံ၊ “မပင့်ဖိတ်အပ်သော ရဟန်းဖြင့် မှတ်အပ်သော ၄ ပါးတို့၏ အပေါင်း”ဟု ပေး၊ “စက္ခုဒသကံ" ပုဒ်ကဲ့သို့တည်း။
(ဘတ္တဟူသော, ထမင်းဟူသော စကားဖြင့် ပင့်ဖိတ်အံ့။)