Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Pācittiya-aṭṭhakathā
(SP) Pācittiya-aṭṭhakathā

5. Talasattikasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ပဉ္စမေ၊ ၌။ တလသတ္တိကံ ဥဂ္ဂိရန္တီတိ၊ ကား။ ပဟာရဒါနာကာရံ၊ ပုတ်ခတ်ခြင်းကို ပေးခြင်းဟူသော အခြင်းအရာကို။ ဝါ၊ ပုတ်ခတ်မှုကို ပေးမည့်အခြင်းအရာကို။ ဒဿေတွာ၊ ပြ၍။ ကာယမ္ပိ၊ ကိုယ်ကိုလည်းကောင်း။ ကာယပဋိဗဒ္ဓမ္ပိ၊ ကိုယ်နှင့်စပ်သော လက်နက်ကိုလည်းကောင်း။ ဥစ္စာရေန္တိ၊ မြှောက်ချီကုန်၏။ ဝါ၊ မိုးကုန်၏။
တေ ပဟာရသမုစ္စိတာ ရောဒန္တီတိ၊ ကား။ တေ၊ ထိုသတ္တရသဝဂ္ဂီရဟန်းကလေးတို့သည်။ ပဟာရပရိစိတာ၊ ပုတ်ခတ်ခြင်း၌ လေကျက်အပ်သော အလေ့အကျင့်ရှိကုန်သည်။ (ဟုတွာ၊ ၍။) ပုဗ္ဗေပိ၊ ရှေး၌လည်း။ လဒ္ဓပဟာရတ္တာ၊ ရအပ်ပြီးသော ပုတ်ခတ်ခံရခြင်း ရှိကုန်သည်၏ အဖြစ်ကြောင့်။ (အပုတ်အခတ် ခံရဖန်များကုန်သည်၏ အဖြစ်ကြောင့်။) ဣဒါနိစ၊ ယခုအခါ၌လည်း။ ပဟာရံ၊ ပုတ်ခတ်ခြင်းကို။ ဒဿန္တိ၊ ပေးကြကုန်တော့လတံ့။ (ပေးကြကုန်တော့မှာပါတကား။) ဣတိ၊ ဤသို့။ မညမာနာ၊ မှတ်ထင်ကုန်သည်။ (ပေးကြကုန်တော့မာပါတကား။) ဣတိ၊ ဤသို့။ မညမာနာ၊ မှတ်ထင်ကုန်သည်။ (ဟုတွာ။) ရောဒန္တိ၊ ငိုကြကုန်၏။ ဣတိ အတ္ထော၊ နက်။
ပဟာရဿ မုစ္စိတာတိပိ၊ ဟူ၍လည်း။ သဇ္ဈယန္တိ၊ သရဇ္ဈာယ်ကြကုန်၏။ တတ္ထ၊ ထိုပဟာရဿ မုစ္စိတာဟူသော ပါဌ်၌။ ပဟာရဿ၊ ပုတ်ခတ်ခြင်း၏။ ဝါ၊ မှ။ ဘီတာ၊ ကြောက်ကုန်သည်။ (ဟုတွာ, ရောဒန္တိ၊ ကုန်၏။) ဣတိ အတ္ထော၊

ဥဂ္ဂိရတိ အာပတ္တိ ပါစိတ္တိယဿာတိ ဧတ္ထ၊ ၌။ ဥဂ္ဂိရိတွာ၊ မြှောက်ချီ၍။ ဝါ၊ မိုး၍။ ဝိရဒ္ဓေါ၊ ချွတ်ချော်လျက်။ (လက်လွန်၍။) ပဟာရံ၊ ကို။ သစေ ဒေတိ၊ အကယ်၍ ပေးမိအံ့။ (ဧဝံ သတိ၊ ဤသို့ပေးမိလတ်သော်။) အဝဿံ၊ မချွတ်ဧကန်။ ဓာရေတုံ၊ ဆောင်ထားခြင်းငှာ။ (မပုတ်ခတ်မိအောင် ထိန်းထားခြင်းငှာ။) အသက္ကောန္တဿ၊ မစွမ်းနိုင်သော ရဟန်း၏။ ပဟာရော၊ ပုတ်ခတ်ခြင်းသည်။ သဟသာ၊ အဆောတလျင်။

ပဟာရဿ မုစ္စိတာ။ ။ ယောဇနာ၌ "ပဟာရဿ ဥဗ္ဗိဂါ" ဟု ရှိ၏၊ ဘီတာဟူသောအဖွင့်ကို ထောက်လျှင် ထိုဥဗ္ဗိဂါပါဌ်ကပင် သင့်မည်ထင်သည်၊ ပဟာရဿ၌ ဆဋ္ဌီကား ဘီရုတာယောဂဆဋ္ဌီတည်း။

န ပဟရိတုကာမတာယ ၊ပေ၊ ဒုက္ကဋံ။ ။ ပဟရိတုကာမတာယ ပဟဋေ ပုရိမသိက္ခာပဒေန ပါစိတ္တိယံ။ ဥစ္စာရေတုကာမတာယ ကေဝလံ ဥဂ္ဂိရဏမတ္တေ ကတေ ဣမိနာ ပါစိတ္တိယံ၊ ဣမိနာ ပန ဝိရဇ္ဈိတွာ ပဟာရော ဒိန္နော၊ တသ္မာ ဒုက္ကဋံ၊ (ဤရဟန်းကား မြောက်ရုံတွင်မက ချော်၍ ပုတ်ခတ်မိသောကြောင့် ဒုက္ကဋ် သင့်သည်။)

မေးဖွယ်။ ။ "ဤဒုက္ကဋ်သည် ပုတ်ခတ်မိခြင်းကြောင့် သင့်သလော, သို့မဟုတ် မိုးခြင်းကြောင့် သင့်သလော" ဟု မေးဖွယ်ရှိ၏၊ ဋီကာ၌ ကေစိဆရာတို့ ဖြေပုံကား-ပုတ်ခတ်မိခြင်းကြောင့်သာ ဒုက္ကဋ်သင့်ရသည်၊ ပဌမမိုးခြင်းကြောင့်ကား ပါစိတ်လည်း သင့်ခဲ့ပြီ၊ ထို့ကြောင့် မြောက်ရာမှ ချော်၍ ပုတ်ချမိသော ထိုပုဂ္ဂိုလ်မှာ ဒုက္ကဋ်နှင့်တကွ ပါစိတ်အာပတ် ဖြစ်သင့်၏၊ ဤသို့ ဆိုကြသည်။

ဋီကာဆရာ။ ။ ငါတို့ကား ဤသို့ကြံမိကြကုန်၏၊- လက်ကို မြှောက်မိုးလျက် တည်မနေသောကြောင့် ပါစိတ်အာပတ် မဖြစ်သင့်၊ မစင်ကြယ်သော စိတ်ဖြင့် (ဒေါသစိတ်ဖြင့်) မြောက်မိုးရာမှ ပုတ်ခတ်မိသောကြောင့် လုံးလုံး အာပတ်မသင့်သည်လည်း မဖြစ်နိုင်၊ ထို့ကြောင့် ဒုက္ကဋ်အာပတ်ဟု အဋ္ဌကထာဆိုသည်၊ ဤကား ဋီကာဆရာ အလိုတည်း။

မှတ်ချက်။ ။ ကိုယ်တော်တစ်ပါးသည် ပုတ်ခတ်လိုသော ဆန္ဒမရှိဘဲ ရွယ်ရုံသာ ရွယ်ထားစဉ် ဤတလသတ္တိကသိက္ခာပုဒ်အရ အာပတ်သင့်မှန်း သိသောကြောင့် "မထူးတော့ပါဘူး" ဟု ဆို၍ ပုတ်ခတ်အံ့၊ ထိုကိုယ်တော်ကား ဤသိက္ခာပုဒ်နှင့် ရှေးသိက္ခာပုဒ်အရ ပါစိတ်အာပတ် ၂ ချက် သင့်သည်။

အဆောတလျင်၊ ပကတိ၊ ကျအံ့။ န ပဟရိတုကာမတာယ၊ ပုတ်ခတ်ခြင်းငှာ အလိုမရှိသည်၏ အဖြစ်ဖြင့်။ ဒိန္နတ္တာ၊ ပေးအပ်သည်၏ အဖြစ်ကြောင့်။ ဒုက္ကဋံ (ဟောတိ။)
တေန ပဟာရေန၊ ကြောင့်။ ဟတ္ထာဒီသု၊ လက်အစရှိသော အင်္ဂါတို့တွင်။ ယံကိဉ္စိ၊ အမှတ်မထား, တစ်ပါးပါးသော အင်္ဂါသည်။ ဘိဇ္ဇတိ၊ ကျို့ပဲ့ပျက်စီးအံ့။ ဒုက္ကဋမေဝ၊ ဒုက္ကဋ်အာပတ်ပင်တည်း။
မောက္ခာဓိပ္ပာယော၊ ပေ။ ဥဂ္ဂိရတီတိ ဧတ္ထ၊ ၌။ ပုဗ္ဗေ၊ ရှေးသိက္ခာပုဒ်၌။ ဝုတ္တေသု၊ ဆိုအပ်ပြီးကုန်သော။ ဝတ္ထူသု၊ စောရစသော ဝတ္ထုတို့၌။ ပုရိမနယေနေဝ၊ ဖြင့်သာလျှင်။ တလသတ္တိကံ၊ လှံ၏အလား, လက်ဝါးပြင်ကို။ ဥဂ္ဂိရန္တဿ၊ မြှောက်ချီသော ရဟန်း၏။ ဝါ၊ မိုးသော ရဟန်း၏။ အနာပတ္တိ၊ အနာပတ်တည်း။
ဝိရဇ္ဈိတွာ၊ ချွတ်ချော်၍။ ပဟာရံ၊ ကို။ သစေပိ ဒေတိ၊ အကယ်၍မူလည်း‌ ပေးမိစေဦးတော့။ (ဧဝံသတိပိ၊ ဤသို့ပင်ပေးမိပါသော်လည်း။) အနာပတ္တိယေဝ၊ အနာပတ်ပင်တည်း။
သေသံ၊ ပေ။ သမုဋ္ဌာနာဒီဟိတိ၊
တလသတ္တိကသိက္ခာပဒံ ပဉ္စမ၊ **တလသတ္တိကံ**။ ။ [သတ္တိ-လှံ + က-တူသည်၊ သတ္တိက- လှံနှင့် တူသော + တလ- လက်ဝါးပြင်။] လှံသည် ထိုးဆွစရာဖြစ်သကဲ့သို့ လက်ဝါးအပြင်လည်း ရိုက်ပုတ်စရာ ဖြစ်သည်၊ လက်ဝါးအပြင်ကို ဥပလက္ခဏနည်းဖြင့် ဥပလက္ခဏနည်းဖြင့် မှတ်၍ ဆိုထားသည်၊ လက်ဝါးသာမက, ခြေဖြင့် ကန်ခြင်း, ဒူးဖြင့် တိုက်ခြင်းစသည်၌ ဒူးစသော ကိုယ်အင်္ဂါ အစိတ်များကိုပါ တလသတ္တိကအရ ယူရမည်။