၂၃၆။
ပဉ္စမသိက္ခာပဒေ၊ ၌။
ဘိက္ခူ ဘုတ္တာဝီ ပဝါရိတာတိ၊ ကား။
ဗြာဟ္မဏေန၊ သည်။
ဘန္တေ၊ တို့။
ယာဝ၊ လောက်။
(ဂဏှိတုံ၊ ငှာ။)
ဣစ္ဆထ၊ အလိုရှိကုန်၏။
တာဝ၊ ထိုအလိုရှိသလောက်။
ဂဏှထ၊ ခံယူပါကုန်။
ဣတိ ဧဝံ၊ သို့။
ယာဝဒတ္ထ ပဝါရဏာယ၊ ယာဝဒတ္ထပဝါရဏာဖြင့်လည်းကောင်း။
ဝဿံ ဝုဋ္ဌပဝါရဏာ
။ ။"အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ဝုတ္ထာနံ တီဟိ ဌာနေဟိ ပဝါရေတုံ”ဟု လာသော ပဝါရဏာသည် ဝဿံဝုတ္ထပဝါရဏာမည်၏၊ ဝါကျွတ်ကုန်သော ရဟန်းတို့၏ (အပြစ်ရှိလျှင် ပြောဆိုဖို့ရန်) အချင်းချင်း ဖိတ်မန်ကြခြင်း၊ ပကာရေဟိ ဒိဋ္ဌာဒီဟိ ဝါရေတိ, သံဃာဒိကေ ဘဇာပေတိ, ဘတ္တေ ကရောတိ ဧတာယာတိ ပဝါရဏာ၊ ဧတာယ အပြစ်ရှိလျှင် ပြောဖို့ရန် မိမိကိုယ်ကို အပ်နှံခြင်း, ပြောဆိုဖို့ရန် ခွင့်ပေးခြင်းဖြင့်၊ ဒိဋ္ဌာဒီဟိ မြင်းခြင်း အစရှိကုန်သော၊ ပကာရေဟိ-အပြားတို့ဖြင့်၊ ဝါရေတိ သံဃာဒိကေ ဘဇာပေတိ- သံဃာ အစရှိသည်တို့သို့ မိမိကိုယ်ကို ဆည်းကပ်စေတတ်၏၊ ဘတ္တေ ကရောတိ-ဆည်းကပ်အပ် သည်တို့ကို ပြုတတ်၏၊ ဣတိ ပဝါရဏာ-မည်၏၊ ဝရဓာတ်၏ အနက်များစွာတို့တွင် ဤနေရာ၌ ဘတ္တိအနက်ဟောတည်း၊ အာပတ္တိဝိသောဓနာယ-အာပတ် ကို သုတ်သင်ခြင်းအကျိုးငှာ၊ အတ္တဝေါသဂ္ဂေါကာသဒါနံ-မိမိကိုယ်ကို စွန့်လွှတ်အပ်နှံခြင်း, ပြောဆိုဖို့ရန် အခွင့်ပေးခြင်း ရ၏၊ ဤစကားအရ ဝါကျွတ်သောအခါ ပဝါရဏာ ပြုကြခြင်းသည် မိမိကိုယ်ကို သံဃာ, ဂိုဏ်းပုဂ္ဂိုလ်အထံ၌ အပ်နှံခြင်း, အပြစ်ရှိသော် ပြောဆိုဖို့ရန် အခွင့်ပေး ခြင်းတည်း-ဟု မှတ်ပါ။ [ဤအဓိပ္ပာယ်နှင့် ညီအောင် “သံဃံ ဘန္တေ ပဝါရေမိ”၌ “ပဝါရေမိ-အပြစ်ရှိသော် ပြောဆိုဖို့ရန် မိမိကိုယ်ကို အပ်နှံပါ၏"ဟု ပေးပါ။]**ဗြာဟ္မဏေန ၊ ပေ၊ ပဝါရိတာ** ။ " ပဝါရဏာ ၄ မျိုးရှိသည်တွင် ဤနေရာ၌ ယာဝ ဒတ္ထပဝါရဏာနှင့် ပဋိက္ခေပပဝါရဏာကို ရထိုက်၏ဟု သိစေလိုသောကြောင့် “ဗြာဟ္မဏေန ၊ပေ၊ ပဝါရိတာ”ဟု မိန့်သည်၊ ပဝါရဏာ ၄ မျိုးကား ဝဿံ ဝုဋ္ဌပဝါရဏာ, ပစ္စယပဝါရဏာ, ပဋိက္ခေပပဝါရဏာ, ယာဝဒတ္ထပဝါရဏာတည်း။[ “ဝဿံဝုတ္ထ”ဟုလည်း ရေးကြ၏။]
ဝါ၊ အလိုရှိတိုင်း ဖိတ်မန်ခြင်းဖြင့်လည်း ကောင်း။
သယံ၊ ရဟန်းဟူသော မိမိတို့ကိုယ်တိုင်။
အာဝုသော၊ ဒါယကာ။
အလံ၊ တော်ပြီ။
ထောကံ ထောကံ၊ နည်းနည်း နည်းနည်းကို။
ဒေဟိ၊ ပေးလော။
ဣတိ ဧဝံ၊ သို့။
ပဋိက္ခေပပဝါရဏာယစ၊ ပဋိက္ခေပပဝါရဏာဖြင့်လည်းကောင်း။
ဝါ၊ ပယ်မြစ် ခြင်းဟူသော ပဝါရဏာဖြင့်လည်းကောင်း။
ပဝါရိတာ၊ အပြားအားဖြင့် အလိုရှိစေအပ်ကုန်သည်။
ပစ္စယပဝါရဏာ ။ ။“ဣစ္ဆာမဟံ ဘန္တေ သံဃံ စတုမာသံ ပဝါရေတုံ"ဟုလည်း ကောင်း, “အညတြ ပုနပဝါရဏာယ, အညတြ နိစ္စပဝါရဏာယ”ဟုလည်းကောင်း လာသော ပဝါရဏာသည် ပစ္စယပဝါရဏာမည်၏၊ ပစ္စည်းဖြင့် အလိုရှိသောအခါ တောင်းခံဖို့ရန် ဖိတ်မန် ထားခြင်း၊ ပဝါရေတိ ပစ္စယေ ဣစ္ဆာပေတိ ဧတာယာတိ ပဝါရဏာ၊ ဧတာယ-ဤဖိတ်မန်ထား ခြင်းဖြင့်၊ ပစ္စယေ-တို့ကို၊ ဣစ္ဆာပေတိ-အလိုရှိစေ၏၊ ဣတိ ပဝါရဏာ၊ ဝရဓာတ်သည် ဤ နေရာ၌ ဣစ္ဆာအနက်ဟောတည်း၊ စီဝရာဒီဟိ-သင်္ကန်းအစရှိသည်တို့ဖြင့်၊ ဥပနိမန္တနာယ ဖိတ်မန်ခြင်း၏၊ ဧတံ အဓိဝစနံ-အမည်တည်း။
ပဋိက္ခေပပဝါရဏာ ။ ။“ပဝါရိတောနာမ အသနံ ပညာယတိ, ဘောဇနံ ပညာယတိ, ဟတ္ထပါသေ ဌိတော, အဘိဟရတိ, ပဋိက္ခေပေါ ပညာယတိ, ဧသော ပဝါရိတောနာမ”ဟု ဤသိက္ခာပုဒ်၌ လာသော ပဝါရဏာသည် ပဋိက္ခေပပဝါရဏာမည်၏၊ “ပယ်မြစ်ခြင်းဟူသော ပဝါရဏာ"ဟူလို၊ ဝိပ္ပကတဘောဇနတာဒိ ပဉ္စင်္ဂသဟိတော-စား၍ မပြီးသေးသော ဘောဇဉ်ရှိ သူ၏ အဖြစ် (စားဆဲဘောဇဉ်) အစရှိသော ငါးပါးသော အင်္ဂါနှင့် တကွဖြစ်သော၊ ဘောဇနပ္ပ ဋိက္ခေပေါယေဝ ဟေတ္ထ ပကာရယုတ္တာ (ဝိပ္ပကတဘောဇဉ် အစရှိသော ၅ ပါးသော အင်္ဂါ အပြားနှင့် ယှဉ်သော)၊ ဝါရဏာ-တားမြစ်ခြင်းတည်း၊ ပဝါရဏာ-ခြင်း၊ ဤနေရာ၌ ဘူဝါဒိ, ဒိဝါဒိဝရဓာတ်သည် အာဝရဏ-တားမြစ်ခြင်း အနက်ဟောတည်း။
ဝါ၊ ပယ်မြစ်စေအပ်ကုန်သည်။ (ဟုတွာ ဘုဉ္ဇိံသုဟု ပါဠိတော်၌ စပ်။)စ၊ ဆက်။
တတ္ထ၊ ထိုဘုတ္တာဝီဟူသော ပါဌ်၌။
ယသ္မာ၊ ကြောင့်။
ယေန၊ အကြင်ရဟန်းသည်။
ဧကမ္ပိ သိတ္ထံ၊ ဆွမ်းလုံး တစ်လုံးသည် သော်လည်း။
ဝါ၊ ကိုသော်လည်း။
သင်္ခါဒိတွာဝါ၊ ကောင်းစွာ ခဲစားပြီး၍သော်လည်း ကောင်း။
အသင်္ခါဒိတွာဝါ၊ ကောင်းစွာ မခဲစားမူ၍သော်လည်းကောင်း။
အဇ္ဈော ဟရိတံ၊ ဝမ်းတွင်းသို့ ရှေးရှုဆောင်အပ်ပြီးသည်။
ဝါ၊ မျိုအပ်ပြီးသည်။
ဟောတိ။
သော၊ ထိုပျိုပြီးသော ရဟန်းသည်။
ဘုတ္တာဝီတိ၊ ဟူ၍။
သင်္ချံ, ဂစ္ဆတိ။
တေန၊ ကြောင့်။
အဿ၊ ထိုဘုတ္တာဝီပုဒ်၏။
ပဒဘာဇနေ၊ ၌။
ဘုတ္တာဝီနာမ ပဉ္စန္နံ ဘောဇနာနံတိ
ယာဝဒတ္ထ ပဝါရဏာ
။ ။"ပဏီတေန ခါဒနီယေန ဘောဇနီယေန သဟတ္ထာ သန္တပ္ပေသိ, သမ္ပဝါရေသိ"ဟု ထိုထိုပါဠိတော်၌ လာသော ပဝါရဏာသည် ယာဝဒတ္ထပဝါရဏာ မည်၏။ ယာဝဒတ္ထံ- အလိုရှိတိုင်း၊ ဘောဇနဿ ပဝါရဏာ- ဘောဇဉ်ကို အပြားအားဖြင့် အလိုရှိ စေခြင်းတည်း၊ ယာဝဒတ္ထပဝါရဏာ- ခြင်း၊ ဝရဓာတ်သည် ဣစ္ဆာအနက်ဟောတည်း။
ပဋိဝိသကေ ။ ။ယောဇနာ၌ “ပဋိမုခံ အတ္တနော ဂေဟံ ဝိသန္တိ ပဝိသန္တီတိ ပဋိဝိသကာ" ဟု ပြု၏၊ မိမိအိမ်သို့ ရှေးရှုဝင်ကြသူတို့ကို “ပဋိဝိသက”ဟု ဆိုလိုဟန်တူသည်၊ မိမိ ကား ဤအိမ်၏ ရှေးရူဖြစ်သော အိမ်သို့ ဝင်ကြသူတို့ကို “ပဋိဝိသက”ဟု ဆိုလို၏၊ ပဋိမုခံ ဤအိမ်၏ ရှေးရှုဖြစ်သော အိမ်သို့၊ ဝိသန္တိ ပဝိသန္တီတိ ပဋိပိသကာ။
ကာကောရဝသဒ္ဒံ ။ ။ယောဇနာ၌ “ဥဒ္ဓင်္ဂမော ရဝေါ ဩရဝေါ" ဟု ပြု၏၊ သန္နိ ပတိတွာ ဝိရဝန္တာနံကို ကြည့်၍ “သန္နိပတိတွာ ရဝေါ သြရဝေါ”ဟု ပြုလျှင် သင့်မည်ထင်သည်၊ ဩရဝေါယေဝ + သဒ္ဒါ ဩရဝသဒ္ဒေါ၊ ကာကာနံ + ဩရဝသဒ္ဒေါ ကာကောရဝသဒ္ဒေါ၊ “ကာကောရဝသဒ္ဒံ- ကျီးတို့၏ စုဝေး၍ မြည်သံကို၊ အဿောသိ- ကြားတော်မူရပြီ”ဟု ပါဠိတော်၌ အနက်ပေး။
အာဒိ၊ အစရှိသော စကားကို။ (ဘဂဝတာ။) ဝုတ္တံ။ပန၊ ထိုသို့ပင် မတွေ့မြင်ရပါသော်လည်း။ ဒိရတ္တ၊ ပေ၊ အာဒီသု၊ ဒိရတ္တတိရတ္တံ, ဆပ္ပဉ္စ ဝါစာဟိ အစရှိသော ပါဠိရပ်တို့၌။ ဒိရတ္တာဒိဝစနံ ဝိယ၊ ဒိရတ္တအစရှိသော သဒ္ဒါကို ကဲ့သို့။ ပဝါရိတပဒဿ၊ ပဝါရိတပုဒ်၏။ ပရိ ဝါရကဘာဝေန၊ အခြံအရံ၏ အဖြစ်ဖြင့် လည်းကောင်း။ ဗျဉ္ဇနသိလိဋ္ဌတာယစ၊ သဒ္ဒါ၏ ညက်ညောသည်၏ အဖြစ်ဖြင့်လည်း ကောင်း။ ဧတံ၊ ဤဘုတ္တာဝီဟူသော စကားကို။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣတိ ဝေဒိတဗ္ဗံ။
ယသ္မာ၊ ပေ၊ ဂစ္ဆတိ
။ ပဝါရိတောအရ အင်္ဂါ ၅ ပါးတွင် “အသနံ ပညာယတိ- စားခြင်းကြိယာ ထင်ရှား၏”ဟု ဆိုသဖြင့် စားဆဲဖြစ်ကြောင်း, စား၍ မပြီးသေးကြောင်း သိ သာ၏၊ ဘုတ္တာဝီအရ၌လည်း တချို့တစ်ဝက် စားပြီးကို ရည်ရွယ်၍ အတိတ်ဟော တာဝီပစ္စည်း ဖြင့် ဆိုထားသည်၊ တချို့တစ်ဝက် စားပြီးဟုဆိုလျှင် တချို့ကို မစားရသေးဟု အဓိပ္ပာယ်ရ၏၊ ဤသို့ဖြစ်လျှင် အသနံ ပညာယတိနှင့် ဘုတ္တာဝီသည် အဓိပ္ပာယ်တူ၏။
တသ္မာ၊ ပေ၊ ဝေဒိတဗ္ဗံ ။ထိုသို့အဓိပ္ပာယ် ထပ်တူကျသောကြောင့် ဘုတ္တာဝီ အတွက် သီးခြား ပြီးစီးနိုင်သော အနက်ကို မတွေ့ရ၊ ထို့ကြောင့် ဒိရတ္တတိရတ္တံ၌ ဒိရတ္တသဒ္ဒါနှင့် ဆပ္ပဉ္စဝါစာဟိ၌ ပဉ္စသဒ္ဒါတို့ကို ပရိဝါရအဖြစ်, ဗျဉ္ဇနသိလိဋ္ဌတာအဖြစ်ဖြင့် ဆိုအပ်သကဲ့သို့ ထို့အတူ ဘုတ္တာဝီသဒ္ဒါကိုလည်း ပဝါရိတပုဒ်၏ ပရိဝါရအဖြစ်, ဗျဉ္စနသိလိဋ္ဌတာအဖြစ်ဖြင့် ဟောတော်မူအပ်သည်ဟု သိထိုက်သည်။
**ကာယေန အဘိဟရတိ** ။ ။“ကာယေန” ဟု ဆိုသောကြောင့် ပေးသူက ရှေးရှု ဆောင်ရာ၌ ကိုယ်ဖြင့် (ကိုယ်၏ အစိတ်အပိုင်းဖြစ်သော လက်စသည်ဖြင့်) ဆွမ်း, ဟင်းစသည် ကို ရှေးရှုဆောင်လာမှ ပဝါရိတ်သင့်၏၊ “ဆွမ်း အလိုရှိပါသလား" စသည်ကို နှုတ်ဖြင့် မေးရာ၌ ပယ်မြစ်သော်လည်း ပဝါရိတ် မသင့်။**ကုမ္မာသ** ။ ။“ယဝါဒယော ပူတိံ ကတွာ ကတတ္တာ (မုယော စသည်တို့ကို အပုတ် စိမ်၍ လုပ်အပ်သောကြောင့်) ကုစ္ဆိတေန မသီယတိ အာမသီယတီတိ ကုမာသော"ဟု ယောဇနာ ဖွင့်၏၊ ဤကျမ်း၏ အယူကို ကင်္ခါဘာသာဋီကာ၌ ရှုပါ။**သြဓိ ပညာယတိ** ။ လက်ရာ, ဇွန်းရာကို ဩဓိ (အရေးအသား အပိုင်းအခြား) ဟု ခေါ်၏၊ ယာဂုအကြဲကို ဇွန်းဖြင့် ခတ်ယူသောအခါ ယူရာ အရပ်၌ (ဇွန်းရာ) မထင်ရှား၊ဤနို့ထမင်းနှင့် ယာဂုအပြစ်ကား ယူရာအရပ်၌ (လက်ရာ ဇွန်းရာ) ထင်ရှား၏၊ ထို့ကြောင့် ယာဂုအပြစ်လည်း ဩဒနအမည်ရသည်-ဟူလို။
ဥသ္မာယ၊ အငွေ့ သည်။
ဝိဂတာယ၊ ကင်းလတ်သော်။
သီတလီဘူတာ၊ ဧသည်ဖြစ်၍ ဖြစ်သည်။
(ဟုတွာ။)
ဃနဘာဝံ၊ တစ်ခဲနက်ပြစ်သည်၏ အဖြစ်သို့။
သစေ ဂစ္ဆတိ၊ အံ့။
ဩဓိံ၊ ကို။
သစေ ဒဿေတိ၊ အံ့။
(ဧဝံသတိ။)
ပုန၊ တစ်ဖန်။
ပဝါရဏံ၊ ကို။
ဇနေတိ၊ ဖြစ်စေပြန်၏။
[ ဩဒနဖြစ်သောကြောင့် ပဝါရိတ်ကို ဖြစ်စေသည်-ဟူလို။]**ပုပ္ဖိအတ္ထာယ ဘတ္တမ္ပိ** ။ ။ပုပ္ဖံ အဿ အတ္တီတိ ပုပ္ဖိ၊ ပန်းပွင့် ပွင့်သလို ပွင့်လာသော ပေါက်ပေါက် ခဲဖွယ်တစ်မျိုးကို မုရွေးပေါက်ပေါက်ဟု ခေါ်ကြ၏၊ ပုပ္ဖိနော + အတ္ထော ပုပ္ဖိ အတ္ထော၊ ပုပ္ဖိအတ္ထာယနှင့် ဘတ္တမ္ပိကိုကား အာဂန္တုကဘတ္တံကဲ့သို့ တဒတ္တသမ္ပဒါန+သမ္ပဒါနီ အဖြစ်ဖြင့် စပ်၊ ယောဇနာ၌ တဒတ္ထာယ ကတံတိဟု ကတံထည့်၍ စပ်လေသည်။
[ဓညမှဖြစ်သော ဆန်ကို မလုပ်အပ်သောကြောင့် ပဝါရိတ်ကို မဖြစ်စေ။]**ဟတ္ထပါသော** ။ ။ဟတ္ထဿ + ပါသော သမီပေါ ဟတ္ထပါသော- လက်၏ အနီး အရပ်၊ ဟတ္ထော ပသတိ ဖုသတိ အသ္မိံ ဌာနေတိဝါ ဟတ္ထပါသော- လက်၏ ထိလောက်ရာ အရပ်၊ ဝါ- လက်လှမ်းမှီရာ အရပ်၊ (ယောဇနာ၊) “ဟတ္ထဿ- လက် ၂ ဘက်၏ + ပါသော- ကွင်းတည်း၊ ဟတ္ထပါသော- လက်၏ကွင်း၊ ထိုလက်အကွင်းကို ဟတ္ထပါသ်ခေါ် သည်”ဟု တစ်နည်း ကြံပါ၊ ဤဟတ္ထပါသ်တိုင်းရာ၌ အကပ်ခံသူ၏ နောက်ဘက်အစွန်းကိုလည်းကောင်း, ကပ်လာ သူ၏ ဆန့်သော လက်မှ တစ်ပါး အနီးဆုံးအင်္ဂါ၏ ဤဘက်အစွန်းကိုလည်းကောင်း တိုင်းရ သည်၊ ဥပမာ- မတ်တတ်ရပ်၍ ဦးခေါင်းညွတ်ပြီးကပ်လျှင် ရဟန်းနှင့် အနီးဆုံးအင်္ဂါသည် ဦးခေါင်းတည်း၊ ထိုဦးခေါင်း၏ ဤဘက်အစွန်းဖြင့် တိုင်းရသည်။
န (ဟောတိ။)
[အထက်နှင့် အောက် ဟတ္ထပါသ် တိုင်းနည်းများလည်း ဒန္တပေါဏ သိက္ခာပုဒ်၌ လာဦးလတံ့။]**အနန္တရ ပေ။ နတ္ထိ** ။ ။တစ်ပါးနှင့် တစ်ပါး ကပ်နေသော်လည်း ဘောဇဉ်ကို လက်ဖြင့် ရှေးရှုမဆောင်ဘဲ နှုတ်ဖြင့်သာ ဖိတ်သောကြောင့် ပယ်မြစ်သော ရဟန်းမှာ ပဝါရိတ် မသင့်၊ ဤစကားကို ထောက်၍ ဆွမ်းအတူစားရာဝယ် ဆွမ်းစသည်ကို လက်ဖြင့် ဆောင်ယူ၍ “ဆွမ်း ယူအုံးမလား" ဟု မဖိတ်ပါလေနှင့်၊ ဖိတ်လိုလျှင် လက်ဖြင့် မဆောင်ဘဲ နှုတ်ဖြင့်သာ ဖိတ်ရ သည်၊ လက်ဖြင့် ဆောင်ယူ၍ ဖိတ်သည်ကို ပယ်လျှင်ကား ပဝါရိတ်သင့်သည်သာ။
ဣတိ၊ ဤသို့မှတ်အပ်၏။**မစ္ဆရသံ** ။ ။ “မစ္ဆဿ + ရသော မစ္ဆရသော"ဟု တပ္ပုရိသ်သမာသ်ပြုလျှင် အရည် သာ ရသောကြောင့် ပဝါရိတ် သင့်နိုင်စရာ မရှိ၊ သို့သော် “မစ္ဆောစ+မစ္ဆရသောစ မစ္ဆရသော”ဟု ဒကသေသ်ပြုလျှင်ကား ငါးလည်း ပါနေသောကြောင့် ပဝါရိတ်သင့်နိုင်သည်၊ မစ္ဆရသံပုဒ်က ငါးကိုလည်းကောင်း, ငါးအရည်ကိုလည်းကောင်း ၂ မျိုးလုံးဟောနိုင်သောကြောင့် ပဝါရိတ် သင့်ရသည်-ဟူလို၊ မံသရသံ၌လည်း နည်းတူ။
ဝိသုံ၊ အရည်မှ သီးခြား။
ကတွာ၊ ၍။
မံသရသံ၊ အသားရည်ကို။
ဂဏှထ။
ဣတိ,ဝဒတိ၊ အံ့။
တတ္ထ၊ ထိုသို့လျှောက်ရာ၌။
(တစ်နည်း)
တတ္ထ၊ ထိုအသားရည်၌။
သာ သပမတ္တမ္ပိ၊ မုန်ညင်းစေ့မျှ ပမာဏရှိသည်လည်း ဖြစ်သော။
မံသခဏ္ဍံ၊ အသားတုံး သည်။
စေ အတ္ထိ၊ အကယ်၍ ရှိသေးအံ့။
(ဧဝံသတိ။)
တံ၊ ထိုအသားရည်ကို။
ပဋိက္ခိ ပတော, ပဝါရဏာ ဟောတိ။ကသ္မာ၊ နည်း။
ကဒမ္ဗက
။ ။“ကဒဓာတ်, အမ္ဗစ်ပစ္စည်း (စ်အနုဗန်ချေ) သွတ္ထ၌ ကပစ္စည်း” ဟု ထောမနိဓိ ဆို၏။ ကဒဓာတ်သည် ဒိဝါဒိဖြစ်မူ ဗျာကုလ-ရှုပ်ပွေခြင်း အနက်ကို ဟော၏၊ “ကဒမ္ဗက” မည်သော ဤအစာလည်း သား, ငါး, အညွန့်, အညှောက်, အသီးအရွက် အမျိုးမျိုး ရော၍ ချက်အပ်ရကား ရှုပ်ပွေနေသကဲ့သို့ ဖြစ်၏၊ ထို့ကြောင့် “ကရမ္ဗကော”ဟု ရှိလျှင် ပါဌ်ပျက်, သို့မဟုတ် ဒကို ရပြု၊ [ကဒမ္ဗကောတိ မိဿကာဒိ ဝစနမေတံ၊ ယံ ဟိ ဗဟူဟိ မိတွာ ကရောတိ၊ သော ကဒမ္ဗကောတိ ဝုစ္စတိ၊-ဟု ဝိမတိ၌ ပါဌ်ရှိပါစေ။]
ယောဇနာ ။ ။ကရောတိ သမူဟံတိ ကရော၊ ကရီယတိ သမူဟေနာတိ ကရော၊ အပေါင်းပြုတတ်သော (အပေါင်းသည် ပြုအပ်သော) အစိတ်အစိတ် ရ၏၊ ကရံ+ဝကတိ အာဒဒါတီတိ ကရမ္ဗကော- အစိတ်အစိတ်ကို ယူတတ်သော အပေါင်းရ၏၊ ဤသို့ယောဇနာ ဝိဂ္ဂဟပြုသည်၊ ထိုအလို ကရမ္ဗကကို ပါဌ်မှန်ဟု ယူစေလို၏၊ အသား, အရွက်, အသီး, အညွန့် အညှောက် စသည်တို့တွင် ရသမျှကို စုပေါင်း၍ ချက်အပ်သော ဟင်းသပြွမ်းပင်တည်း။
ဣဒဉ္စ၊ ဤစကားကိုလည်း။
ကဒမ္ဗကေန၊ ကဒမ္ဗကနှင့်။
န သမာနေတဗ္ဗံ၊ အတူ မပြုထိုက်။
အယ၊ ပေ၊ ပ္ပာယော
။ ။“ယေနာပုစ္ဆိတော တဿ အတ္ထိတာယ” ၌'ကုရုန္ဒီဆရာ၏ အလိုကို ပြလို၍ “အယမေတ္ထ အဓိပ္ပာယော" ဟု မိန့်သည်၊ ထိုအဓိပ္ပာယ်ပြစကားသည် “ယာဂု မန္ဒာ, ဘတ္တံ ဗဟုတရံ, ပဝါရေတိ” တိုင်ရုံသာတည်း။
ဒုဒ္ဒသံ ။ “ယာဂုမိဿက" ဟူသည် ယာဂုနှင့် ရောအပ်သော ဘတ္တပင်တည်း၊ ကဒမ္ပကကဲ့သို့ အမျိုးမျိုးရောအပ်သည် မဟုတ်၊ သို့ပါလျက် “ယာဂုက များလျှင်လည်းကောင်း, သမသမဖြစ်လျှင်လည်းကောင်း ပဝါရိတ် မသင့်၊ ယာဂုက နည်းနေ၍ ဘတ္တက များမှ ပဝါရိတ် သင့်၏၊” ဟူရာ၌ “ဘတ္တ” ပါနေလျှင် ယာဂုအနည်းအများ ခွဲခြားဖွယ် မလိုပါဘဲလျက် ခွဲခြား၍ ဆို၏၊ ထိုသို့ဆိုရာ၌ အကြောင်းရှာ၍ မရပါ၊ ရှေးအဋ္ဌကထာတို့၌ တစ်ညီတစ်ညွတ်တည်း ဆိုအပ်သော အဆုံးအဖြတ် ဖြစ်သောကြောင့် ပယ်လည်း မပယ်နိုင်ပါ-ဟူလို၊ [ဤနေရာဝယ် အကြောင်းရှာ၍ မရသကဲ့သို့ နောက် “မိဿကံ ဂဏှထ၌လည်း အကြောင်းရှာ၍ မရ ဒုဒ္ဒသပင်ဖြစ်သည်။]
**ဝိသုံ ကတွာ ဒေတိ** ။ ။“ရသံ ဂဏှထ”ဟု စကားအားဖြင့် အသားမှ သီးခြား ပြုခြင်း တည်း၊ အသားတခြား အရည်တခြားဖြစ်အောင် လက်ဖြင့် ခွဲခြားခြင်းကို မဆိုလို၊ [ဝါစာယ ဝိသုံ ကတွာ ဒေတီတိ အတ္ထော၊ န ပန ကာယေန ရသာဒိံ ဝိယောဇေတွာ၊ -ဝိမတိ။]
စန္ဒမဏ္ဍလေဝါ၊ လဝန်းဗိမာန်ပေါ်၌သော် လည်းကောင်း။
သူရိယမဏ္ဍလေဝါ၊ နေဝန်းဗိမာန်၌သော်လည်းကောင်း။
နိသီဒိ တွာ၊ ထိုင်၍။
ပဝါရိတေန၊ ပဝါရိတ်သင့်သော ရဟန်းသည်။
ယာဝ၊ အကြင်မျှ လောက်။
မဇ္ဈနှိကံ၊ မွန်းတည့်ချိန်သည်။
(အတ္ထိ။)
တာဝ၊ ထိုမွန်းတည့်ချိန်တိုင်အောင်။
ဂစ္ဆန္တေသုပိ၊ သွားနေသည်လည်း ဖြစ်ကုန်သော။
တေသု၊ ထိုယာဉ် အစရှိသည်တို့၌။
နိသိန္နေနေဝ၊ ထိုင်လျက်သာ။
ဘုဉ္ဇိတဗ္ဗံ၊ စားရာ၏။**အကပ္ပိယကတံ** ။ ။အတိရိတ်ဝိနည်းကံ ပြုမည့် ခဲဖွယ်ဘောဇဉ်တွင် ဝိနည်းထုံးအရကပ္ပိစရာ အသီး, အဥ, အမြစ်စသည် ပါလျှင် ကပို့ရသည်၊ ထိုသို့မကပ္ပိဘဲပြုလျှင် အကပ္ပိယ ကတဖြစ်၍ ဝိနည်းကံမမြောက်၊ သို့ရာတွင် ထိုကပ္ပိစရာ အသီးအဥ စသည်သာ ဝိနည်းကံ မမြောက်၊ ထိုဝိနည်းကံပြုမည့် ခွက်၌ ပါဝင်သော အခြားသော ခဲဖွယ်ဘောဇဉ်ကား ဝိနည်းကံ မြောက်ပါ၏၊ အသားကြီး ၁ဝ ပါး တစ်ပါးပါးဖြစ်၍ အကပ္ပိယမံသဖြစ်လျှင်လည်းကောင်း, ကုလဒူသနစသည်ကြောင့် ရအပ်သော ဘောဇဉ်ဖြစ်၍ အကပ္ပိယခဲဖွယ်ဘောဇဉ်ဖြစ်လျှင် လည်းကောင်း အတိရိတ်ဝိနည်းကံ ပြု၍ မဖြစ်။[ “အကပ္ပိယကတံ- မအပ်ဘဲလျက် ပြုအပ်သော အတိရိတ္တလည်းကောင်း"ဟု ပါဠိတော်၌ အနက်ပေးပါ။]
အာသနာ၊ မှ။
ဝုဋ္ဌိတေန၊ ထပြီးသည်။
(ဟုတွာ။)
ကတံ၊ သည်။
(ဟောတိ၊ ၏။)” ဟု ပါဠိတော်၌ အနက်ပေးပါ။]ပဌမပဝါရဏာ သိက္ခာပဒံ ပဉ္စမံ။
သတိပစ္စယေ
။ ။သတိပစ္စယေကို “ယာမကာလိကံ ၊ပေ၊ အာဗာဓေ သတိ”ဟု ဖွင့်၏၊ ယာမကာလိက (ညဉ့်ယာမ်ကာလ၌ သုံးဆောင်ထိုက်သော) ဖျော်ရည်စသည်အတွက် ပိပါသ (ရေဆာသကဲ့သို့ ဆာလောင်မွတ်သိပ်ခြင်း) သည် ပစ္စယတည်း၊ ထိုသို့ဆာခြင်းဟူသော အကြောင်း ရှိမှ အဆာပြေအောင် သောက်ကောင်းသည်၊ မဆာဘဲ သက်သက် အရသာခံလို၍ ဘိလပ်ရည်စသည်ကို မသောက်ကောင်း၊ သတ္တာဟကာလိက (တစ်ခါ အကပ်ခံထားလျှင် ၇ ရက်ပတ်လုံး သုံးဆောင်ကောင်းသော) သကြား ထန်းလျက် ကြံသကာ စတုမဓု စသည်အတွက် လေနာခြင်း အားနည်းခြင်း စသော ရောဂါရှိမှ ထိုရောဂါပျောက်အောင် သုံးစားကောင်း၏၊ သက်သက်စားလို၍ သို့မဟုတ် ဆာရုံမျှဖြင့် မစားကောင်း။
ယာဝဇီဝိက (တစ်ခါအကပ်ခံထားလျှင် တစ်သက်လုံး သုံးစားနိုင်သော) လျက်ဆား စသည်အတွက်လည်း ရောဂါရှိမှ သုံးစွဲကောင်း၏၊ ဇီးဖြူသီး ဖန်ခါးသီးစသော အသီး, ဆေးရွက် ကွမ်းရွက်စသော အရွက် ဂျင်းနှမ်းကြက်သွန်စသော အတက်အအုံများသည် ယာဝဇီဝိက ဖြစ်ကြ၏၊ ထိုအသီးများ ထိုအရွက်များကိုလည်း သက်ဆိုင်သော ရောဂါရှိမှ ထိုရောဂါပျောက် ကင်းအောင် သက်သာအောင် သုံးစွဲကောင်း၏၊ သက်ဆိုင်သော ရောဂါမရှိဘဲ ကွမ်း ဆေး ဂျင်းသုတ်စသည်ကို နေလွဲအခါ သုံးစွဲလျှင် နောက်ဝိကာလဘောဇနသိက္ခာပုဒ်၏ အာပတ္တိဝါရ အရ အကပ်ခံရုံဖြင့် ဒုက္ကဋ်, စားတိုင်း သောက်တိုင်းလည်း ဒုက္ကဋ်အာပတ်သင့်သည်။
မှတ်ချက် ။ ။“သတိပစ္စယေ-ပစ္စဝေက္ခဏာဆင်ခြင်မှု သတိရှိသော်၊ ပရိဘုဉ္ဇတိ-သုံး ဆောင်အံ့၊ အနာပတ္တိ" ဟု အနက်ပေး၍ “ပစ္စယ” အရ ပိပါသ ဂေလညအကြောင်းကို မယူဘဲ ပစ္စဝေက္ခဏာ ဆင်ခြင်မှုသတိကို ယူ၍ အလွဲအမှား ဆုံးဖြတ်ထားကြ၏၊ ထိုအဆုံး အဖြတ်၏ သင့် မသင့်ကို ဤအဋ္ဌကထာအဖွင့် ကြည့်၍ စဉ်းစားပါ။ [အဘယာရာမဆရာ တော် ဆုံးဖြတ်တော်မူအပ်သော သတိပစ္စယ အဆုံးအဖြတ်ကိုလည်း ရှူပါ။]