တေန သမယေန၊ အလောင်းအစား လုပ်ရာ ထိုအခါ၌။
ဗောဓိသတ္တော၊ ဘုရားအလောင်း သည်။
နန္ဒီဝိသာလောနာမ၊ နန္ဒီဝိသာလမည်သော နွားလားသည်။
ဟောတိ၊ ဖြစ်၏။
ဝမ္ဘေန္တီတိ
။ ။ဝမ္ဘေန္တီကို ပဓံသေန္တိဟု ဖွင့်၏၊ ထိုပဓံသေန္တိကို အဘိဘ၀န္တိဟု ဋီကာဖွင့်၏၊ “လွှမ်းမိုး” ဟူသည်မှာ ထိုသူ့ကို နိမ့်ကျသွားအောင် နှိမ်ချခြင်းတည်း၊ “ဝဘိ-နိန္ဒာယံ”ဟု
ဓာတ်ကျမ်းရှိသောကြောင့် “ဝမ္ဘေန္တိ-ရှုတ်ချကြကုန်၏” ဟု အနက်ပေးကြသည်၊ “ရှုတ်ချ”ဟူသည်လည်း နိမ့်ကျသွားအောင် နှိမ်၍ စကားပြောခြင်းတည်း။
ဗလီဗဒ္ဒဿ ။ ။သက္ကတ၌ “ဗလီ ဗရ်ဒ” ဟု ရှိ၏၊ “ဗလီ + ဤ ဗရ်ဒ” ဟု ပုဒ်ခွဲ၊ ဗရ်ဒကိုလည်း ဗရ+ ဒဟု ခွဲ၊ ဗရသည် ပါဠိ၌ ဝရ ဖြစ်၏၊ ဤစ-ကြက်သရေလည်း + ဝရောစ-ဆုလာဘ်လည်း၊ ဤဝရာ-တို့၊ ဤဝရေ ဒဒါတီတိ ဤဝရဒေါ-ဟု ဆိုလိုလျက် ဝကို ဗပြု ရပျောက်၍ ဒ ငွေဘော်ရောက်လျက် ဤဗဒ္ဒေါဟု ဖြစ်သည်၊ ဗလံ ယဿ အတ္ထီတိ ဗလီ၊ ဗလီစ + သော + ဤဗဒ္ဒေါစာတိ ဗလီဗဒ္ဒေါ-ခွန်အားပြည့်မတ်, ကြက်သရေ ဆုလာဘ်ကို ပေးတတ်သော နွားလား။
နန္ဒီဝိသာလော ။ ။နန္ဒိတဗ္ဗောတိ နန္ဒော-နှစ်သက်ဖွယ် ကိုယ်အဆင်း ခွန်အား စသည်၊ နန္ဒော ယဿ အတ္ထီတိ နန္ဒီ၊ “ နန္ဒီ " ကား ထိုနွားလား၏ မူလနာမည်တည်း၊ ဝိသာလာနို ယဿာတိ ပိသာလော၊ နန္ဒီစ + သော + ဝိသာလောစာတိ နန္ဒီဝိသာလော၊ နာမည်ဟောသဒ္ဒါ ဖြစ်၍ နန္ဒီ၌ ရဿ မပြုရ၊ ရဿပြုလျှင် နန္ဒီဟူသော နာမည်ရင်း ပျက်သွားလိမ့်မည်။
သကဋ ၊ပေ၊ ပဝဋ္ဋေသီတိ၊ ကား။
ပဋိပါဋိယာ၊ အစဉ်အားဖြင့်။ (စီတန်းလျက်။)
ထပေတွာ၊ ထားပြီး၍။
ဟေဋ္ဌာ၊ လှည်းအိမ်၏ အောက်လှည်းဝင်ရိုး၌။
ရုက္ခေ၊ သစ် သားတို့ကို။
ဒတွာ၊ ပေး၍။
(ရှေ့လှည်း နောက်လှည်း တစ်ဆက်တည်းဖြစ်အောင် သစ်သားတို့ကို လျှိုထား၍။)
ဧကာဗဒ္ဓံ၊ တစ်ဆက်တည်း ဖွဲ့တုပ်အပ်သည်ကို။
ကတွာ၊ ၍။
မုဂ္ဂမာသဝါလုကာဒီဟိ၊ ပဲနောက်, ပဲကြီး, သဲ အစရှိသည်တို့ဖြင့်။
ပုဏ္ဏံ၊ ပြည့်သော။
သကဋသတံ၊ လှည်းပေါင်းတစ်ရာကို။
ပဝဋ္ဋေန္တော၊ လိမ့်စေလတ်သော်။ (လိမ့်အောင် ရုံးလတ်သော်။)
(ပဝဋ္ဋေသိ၌ စပ်။)
ပုဗ္ဗေ၊ မလိမ့်စေမီ ရှေ့အဖို့၌။
ပတိဋ္ဌိတာရပ္ပဒေသံ၊ မြေ၌ တည်သော အကန့်ဒေါက်ဆန်၏ အရပ်ကို။
ပုန၊ တစ်ဖန်။
အရေ၊ အကန့်ဒေါက်ဆန်သည်။
ပတ္တေ၊ ရောက်လတ်သော်။
(“ရှေ့လှည်း အကန့်ဒေါက်ဆန်၏ တည်ရာအရပ်သို့ နောက်လှည်း အကန့်ဒေါက်ဆန် ရောက်လတ် သော်” ဟု ဆိုလိုဟန်တူသည်။)
ဟောတိ
။ ။“အတီတတ္ထေ ဝတ္တမာနဝစနံ"ဟု ဋီကာ ဖွင့်သောကြောင့် "ဖြစ်ခဲ့သည်, ဖြစ်လေသည်”ဟု အတိတ်အနက်ပေး၊ တစ်နည်း- ထိုအချိန်က ဖြစ်ဆဲကြိယာကို ဆိုလိုသော ကြောင့် ဟောတိဟု ပစ္စုပ္ပန်ကြိယာကို သုံးစွဲသည်၊ တံ ကာလာပေက္ခဝတ္တမာန်ဟု ဆိုလိုသည်၊ သဒ္ဒန္တရသန္နိဓာနေနဘူတဘာဝဂမော သိယာ-တေန သမယေနဟူသော သဒ္ဒါ တစ်ပါး၏ အနီး၌ တည်ရှိခြင်းကြောင့် လွန်ပြီးဖြစ်ကြောင်းကိုကား သိနိုင်၏၊ ဤအလို “ဟောတိ- ဖြစ်၏" ဟုသာ ပေး။
အမနာပတော ။ ။အမနာပတော၌ ဘာဝပ္ပဓာန ဘာဝလောပကြံပါ၊ တစ်နည်း-တော ပစ္စည်းကို ပဌမာအနက်၌ သက်၍ ဣတိအကျေကြံ၊ ချဲ့ဦးအံ့- အမနာပတောသည် ပရခုံသန နှင့် အရတူနေ၏၊ အရတူလျှင်လည်း တစ်ဝါကျတည်းဝယ် ဝိဘတ်တူ မြဲဖြစ်၏၊ ဤ၌ကား ဝိဘတ် မတူ၊ ထို့ကြောင့် အမနာပဘာဝတောဟု ဆိုလိုလျက် အမနာပတောဟု ဘာဝပ္ပဓာန ဘာဝလောပကြံရသည်၊ တစ်နည်း- အမနာပတောကို အာကာရပုဒ်ဖြစ်အောင် ဣတိ အကျေ ကြံ၍ တောပစ္စည်းကို ပဌမာအနက်၌ သက်ပါ။ [ပစ္စေသီတိ အမနာပံ ဣဒံတိ အညာသိ၊ ဋီကာ။]
ပဝဋ္ဋိတံ၊ လိမ့်စေအပ်သည် မည်သည်။ (လိမ့်စေ အပ်ရာ ရောက်သည်။) ကိဉ္စာပိ ဟောတိ၊ အကယ်၍ ကား ဖြစ်ပါပေ၏။ ပန၊ ထိုသို့ ပင် ဖြစ်ပါသော်လည်း။ ဗောဓိသတ္တော၊ ဘုရားအလောင်းသည်။ ပုရိမသကဋေန၊ ရှေ့ဆုံးလှည်းသည်။ ပတိဋ္ဌိတဋ္ဌာနေ၊ တည်ရာ အရပ်၌။ ပစ္ဆိမသကဋံ၊ နောက်ဆုံး လှည်းကို။ ပတိဋ္ဌာပေတုံ၊ တည်စေခြင်းငှာ။ (တည်အောင်။) သကဋသတပ္ပမာဏံ၊ လှည်းတစ်ရာ ပမာဏရှိသော။ ပဒေသံ၊ အရပ်တိုင်အောင်။ ပဝဋ္ဋေသိ၊ လိမ့်စေပြီ။**ဟတ္ထမုဒ္ဒါဂဏနာ** ။ ။အင်္ဂုလိသင်္ကာစနေန - လက်ချောင်းတို့ကို တွန့်စေခြင်းအားဖြင့်၊ ဂဏနာ-ရေတွက်ကြောင်းဖြစ်သော ဂဏန်းအတတ်၊ ၁-ဆိုလျှင် လက်တစ်ချောင်း ချိုး၊ ၂ ဆိုလျှင် လက် ၂ ချောင်း ချိုး၊ ဤသို့ စသောအားဖြင့် လက်ချောင်းတို့ကို တွန့်စေ၍၊ ဝါ -ချိုး၍ ရေတွက်ကြောင်း ဂဏန်းအတတ်ကို “မုဒ္ဒါ” ဟု ဆိုသည်၊ ဟတ္ထအရ လက်တစ်ခုလုံး ရသော်လည်း ဧကဒေသျူပစာရအားဖြင့် လက်ချောင်းကို ယူ၊ မုဒ္ဒါသဒ္ဒါ၏ အနက်များစွာတို့တွင် သင်္ကောစနအနက်လည်း ထောမနိမိ၌ ပါ၏။
ရေတွက်ကြောင်းဖြစ်သော ဂဏန်းအတတ်တည်း။ကာဋကောဋ စိကာယဝါတိ (ဧတ္ထ)၊ ၌။
ကာဋန္တိ၊ ကား။
ပုရိသနိမိတ္တံ၊ ယောက်ျားနိမိတ်တည်း။
အစ္ဆိန္နကာဒိ အဝသေသဂဏနာ
။ ။ပါဒသိကမိလက္ခကာဒယော ဝိယ နဝန္တဝသေန ဂဏနာ၊ ပါဒသိက-တောင်ခြေကို မှီ၍နေသော၊ မိလက္ခက-လူရိုင်း၊ တောသူ တောင်သား ဟူလို၊ တောသူ တောင်သားတို့၏ ၁-၂-၃-၄-၅-၆-၇-၈-၉ ဟု ၁ မှစ၍ ၉ အဆုံးတိုင်အောင် အဆက်မပြတ် ရေတွက်ကြောင်းဖြစ်သော ဂဏန်းအတတ်ကို “အစ္ဆိန္နကဂဏနာ” ဟု ဆိုသည်၊ [နဝန္တာဒိဝိဓိနာ ပဝတ္တော ဂဏနဂန္ထော အန္တရာ ဆိန္နာဘာဝေန အစ္ဆိန္နကောတိ ဝုစ္စတိ၊ သာမည ဖလသုတ် ဋီကာသစ်။ ]အာဒိသဒ္ဒေန သင်္ကလန (သံ-ပေါင်း၍+ကလန-ရေတွက်ကြောင်း၊) ဂဏန်းအတတ်, အပေါင်းရေတွက်နည်း၊ ပဋုပ္ပါဒန (သတုပ္ပါဒန) ပေသီး စသော ဇယ်များကို ဖြစ်စေ၍ ချ၍ ရေတွက်ကြောင်းဖြစ်သော ဂဏန်းအတတ်၊ ဝေါက္လန- (ဝိ-အဝ + ကလန) မပေါင်းဘဲ နှုတ်၍ ရေတွက်နည်း၊ ဘာဂဟာရာဒိဝသေန-တစ်စုတစ်ပုံစီ ဆောင်ယူ ရေတွက် ကြောင်းဖြစ်သော ဂဏန်းအတတ် အစရှိသည်တို့၏ အစွမ်းဖြင့်၊ ပဝတ္တာ ပိဏ္ဍနဂဏနာ ဂဟိတာ။. . . ယဿ သာ ပဂုဏာ ဟောတိ-အကြင်သူမှာ ထိုအပေါင်း ရေတွက်ကြောင်း ဂဏန်းအတတ်ကို အဝါးဝစွာ လေ့လာအပ်ပြီး ဖြစ်၏၊ သော ရုက္ခမ္ပိ ဒိသွာ ဧတ္တကာနိ ဧတ္ထ ပဏ္ဏာနီတိ ဇာနာတိ။
ဗြဟ္မဇာလသုတ် ဋီကာသစ် ။ ။ဟတ္ထမုဒ္ဒါတိ ဟတ္ထေန အဓိပ္ပာယဝိညာပနံ၊ တံ ပန အင်္ဂုလိသင်္ကာစနေန ဂဏနာယေဝါတိ အာစရိယဓမ္မပါလတ္ထေရေန ဝုတ္တံ၊ အာစရိယ သာရိပုတ္တတ္ထေရေန ပန ဟတ္ထမုဒ္ဒါဂဏနာတိ အင်္ဂုလိသင်္ကာစနေနေဝ ဂဏနာတိ ဝုတ္တံ၊ တေဟိ စ ဟတ္ထမုဒ္ဒါနာမ အင်္ဂုလိပဗ္ဗေသု သညံ ထပေတွာ ဂဏနာတိ ဒဿိတာ၊ ဂဏနာ ဝုစ္စတိ အစ္ဆိန္နကဂဏနာပါရိသေသညာယေန၊ သာ ပန ပါဒသိကမိလက္ခကာဒယော ဝိယ ဧကံဒွေတိ အာဒိနာ နဝန္တဝိဓိနာ နိရန္တရဂဏနာတိ ဝေဒိတဗ္ဗာ။
ကောဋစိကာတိ၊ ကား။ ဣတ္တိနိမိတ္တံ၊ မိန်းမနိမိတ်တည်း။ ဝါ၊ တစ်နည်း။**မာတမောတပရာယဏော** ။ ။အချို့စာအုပ်များ၌ “မာတမောသိ, မာတမပရာ ယဏော အဟောသိ” ဟု ရှိ၏၊ ၁-တမောတမပရာယဏပုဂ္ဂိုလ်, ၂-တမောဇောဓိပရာယဏ ပုဂ္ဂိုလ်, ၃-ဇောတိတမပရာယဏပုဂ္ဂိုလ်, ၄-ဇောတိဇောတိပရာယဏပုဂ္ဂိုလ်ဟု ကောသလ သံယုတ်ပါဠိတော်၌ ၄ မျိုး ခွဲပြထား၏၊ ထို ၄ မျိုးတွင် တမောတမပရာယဏပုဂ္ဂိုလ်ကို ရည်ရွယ်၍ ဆိုသောကြောင့် “မာ တမောတမပရာယဏော အဟောသိ” ပါဌ်သာ သင့်သည်၊ တမော-ယခုဘဝ၌ မှောင်သည်၊ (ဟုတွာ၊) တမပရာယဏော-အမှောင်လျှင် လည်းလျောင်းရာ ရှိသူသည်၊ မာ အဟောသိ-လင့်။