၁၁၁၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်မပြည့်သေး သည့် သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်၏။
ထိုသာမဏေမတို့သည် အချမ်း အပူ ဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့တို့ကို သည်းမခံနိုင်ကုန်၊ မကောင်းသဖြင့် ဆိုအပ်, မကောင်းသဖြင့် ရောက်လာ သော စကားတို့ကိုလည်းကောင်း၊
ကိုယ်၌ဖြစ်ဆဲဖြစ်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာ ယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်ခြင်း သဘော မရှိကုန်သည်သာလျှင်တည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ် မပြည့် သေးသည့် သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်မပြည့်သေးသည့် သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အသက်နှစ်ဆယ်မပြည့်သေးသည့် သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့အသက်နှစ်ဆယ် မပြည့်သေးသည့် သတို့သမီးပျိုဖြစ်သူ သာမဏေမသည် အချမ်းအပူကို သည်းမခံနိုင်သေး။ပ။ သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်း သည်းခံနိုင်ခြင်းသဘော မရှိသေး။
ရဟန်းတို့ အသက်နှစ်ဆယ်ပြည့်ပြီးသော သတို့သမီးပျိုဖြစ်သူ သာမဏေမသည်သာ အချမ်းအပူကို သည်းခံနိုင်၏။ပ။ သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်း သည်းခံနိုင်ခြင်းသဘော ရှိ၏။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၂၀။ ''အကြင် ဘိက္ခုနီမသည် အသက်နှစ်ဆယ် မပြည့်သေးသည့် သတို့သမီး ပျိုဖြစ်သူ သာမဏေမအား ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၂၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အသက်နှစ်ဆယ်မပြည့်သေးသော မည်သည် အနှစ်နှစ်ဆယ်သို့ မရောက်သေးသော။
သတို့သမီးပျိုဖြစ်သူ မည်သည် သာမဏေမကို ဆိုလို၏။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ် ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန့်၏။
ကမ္မဝါစာအဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့အားမူ ကား ဒုက္ကဋ်အာပတ် သင့်၏။
၁၁၂၂။ အသက်နှစ်ဆယ် မပြည့်သေးသူ (သာမဏေမ) ၌ အသက်နှစ်ဆယ် မပြည့်သေးဟု အမှတ် ရှိသည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
အသက်နှစ်ဆယ် မပြည့်သေးသူ (သာမဏေမ) ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
အသက်နှစ်ဆယ် မပြည့်သေးသူ (သာမဏေမ) ၌ အသက်နှစ်ဆယ်ပြည့်ပြီးဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။
အသက်နှစ်ဆယ် ပြည့်ပြီးသူ (သာမဏေမ) ၌ အသက်နှစ်ဆယ် မပြည့်သေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
အသက်နှစ်ဆယ်ပြည့်ပြီးသူ (သာမဏေမ) ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အသက်နှစ်ဆယ်ပြည့်ပြီးသူ (သာမဏေမ) ၌ အသက်နှစ်ဆယ်ပြည့်ပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၁၂၃။ အသက်နှစ်ဆယ် မပြည့်သေးသူ (သာမဏေမ) ကို အသက်နှစ်ဆယ်ပြည့်ပြီးဟု အမှတ်ရှိ သည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ အသက်နှစ်ဆယ် ပြည့်ပြီးသူ (သာမဏေမ) ကို အသက်နှစ်ဆယ် ပြည့်ပြီးဟု အမှတ်ရှိသည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။
၁၁၂၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်သာ ပြည့်ပြီး၍ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်၏။
ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊
အပ် မအပ်ကိုလည်း မသိကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့်ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်သာ ပြည့်ပြီး၍ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြု ပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်သာ ပြည့်ပြီး၍ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ် ခြောက်ပါး မကျင့်ရသေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ''အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အသက်နှစ်ဆယ်သာပြည့်ပြီး၍ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော သတို့ သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကား ကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို-
ရဟန်းတို့ တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ရန်ဟူသော သိက္ခာသမ္မုတိပေးခြင်းငှါ ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့ပေးရမည်။
ထိုတစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့သမီးပျိုဖြစ်သူ သာမဏေမသည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဘိက္ခုနီမတို့၏ ခြေတို့ကို ရှိခိုးလျက် ဆောင့်ကြောင့် ထိုင်ကာ လက်အုပ်ချီလျက်-
''အသျှင်မတို့ အကျွန်ုပ်သည် ဤအမည် ရှိပါ၏၊ ဤမည်သော အသျှင်မ၏ တစ်ဆယ့်ရှစ်နှစ်ရှိပြီး သော သတို့သမီးပျိဖြစ်သူ သာမဏေမပါတည်း၊ အကျွန်ုပ်သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို သံဃာအား တောင်းပါ၏''ဟု လျှောက်ရာ၏။
နှစ်ကြိမ်မြောက်လည်း တောင်းရမည်။
သုံးကြိမ်မြောက်လည်း တောင်းရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၁၁၂၅။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ တစ်ဆယ့်ရှစ်နှစ် ရှိပြီးသော သတို့သမီးပျိုဖြစ်သူ ဤမည်သော သာမဏေမသည် သံဃာကို နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို တောင်း၏၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့သမီးပျိုဖြစ်သူ ဤမည်သော သာမဏေမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို ပေးရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့သမီးပျိုဖြစ်သူ ဤမည်သော သာမဏေမသည် သံဃာအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို တောင်း၏၊
သံဃာသည် တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့သမီးပျိုဖြစ်သူ ဤမည်သော သာမဏေမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို ပေး၏၊
တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့ သမီးပျိုဖြစ်သူ ဤမည်သော သာမဏေမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ရန်ဟူသော သိက္ခာသမ္မုတိပေးခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်းမရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။
သံဃာသည် တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့သမီးပျိုဖြစ်သူ ဤမည်သော သာမဏေမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို ပေးအပ်ပြီ၊
သံဃာ အား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက် သည့်အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော ထိုသတို့သမီးပျိုဖြစ်သူ သာမဏေမကို- ''(၁) အသက်သတ် ခြင်းမှ ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ်တို့ပတ်လုံး မလွန်ကျူးအောင် ကျင့်သုံး ဆောက်တည်ပါ၏။ပ။ (၆) နေလွဲညစာစားခြင်းမှ ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ် တို့ပတ်လုံး မလွန်ကျူးအောင် ကျင့်သုံးဆောက်တည်ပါ၏'' ဤသို့ ဆိုလော့ဟု ပြောဆိုရမည်။
ထိုအခါ မြတ်စွာဘုရားသည် ထိုဘိက္ခုနီမတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ ပြစ်တင်တော် မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၂၆။ အကြင်ဘိက္ခုနီမသည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ် တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော သတို့သမီးပျို ဖြစ်သူ သာမဏေမကို ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၂၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အသက်နှစ်ဆယ်ပြည့်ပြီးသော မည်သည် အနှစ်နှစ်ဆယ်သို့ ရောက်ပြီးသော သူတည်း။
သတို့သမီးပျိုဖြစ်သူ မည်သည် သာမဏေမကို ဆိုလို၏။
နှစ်နှစ်တို့ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြားရှိသော ကာလတို့ပတ်လုံး။
မကျင့်ရသေးသော မည်သည် အကျင့်သိက္ခာကိုသော်လည်း မပေးရသေး၊ ပေးထားပြီးဖြစ်သော အကျင့်သိက္ခာသည်သော်လည်း ပျက်စီး၏။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့ အားမူကား ဒုက္ကဋ်အာပတ် သင့်၏။
၁၁၂၈။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၁၂၉။ အသက်နှစ်ဆယ်ပြည့်ပြီးသော, နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။
၁၁၃၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သတို့သမီး ပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်၏။
ဘိက္ခုနီမတို့က ''သိက္ခမာန်တို့ လာကုန်လော့၊ ဤဝတ္ထုကို သိကုန်လော့၊ ဤဝတ္ထုကို ပေးကုန် လော့၊ ဤဝတ္ထုကို ဆောင်ခဲ့ကုန်လော့၊ ဤဝတ္ထုကို အလိုရှိ၏၊ ဤဝတ္ထုကို အပ်အောင် ပြုကုန်လော့''ဟု ပြောဆိုကုန်၏။
ထိုဘိက္ခုနီမငယ်တို့က ''အသျှင်မတို့ ငါတို့သည်ကား သိက္ခမာန်များ မဟုတ်ကုန်၊ ငါတို့ သည် ဘိက္ခုနီမတို့တည်း''ဟု ပြောဆို၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်ပြည့်ပြီး သော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာဖြစ်၍ သံဃာက မသမုတ်ရသေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
ရဟန်းတို့ ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ့်ခြောက်ပါးကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်း ငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူပြီး၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို-
''ရဟန်းတို့ အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုရန် သမုတ်ခြင်း 'ဝုဋ္ဌာနသမ္မုတိ' ကို ပေးခြင်းငှါ ခွင့်ပြု တော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့ ပေးရမည်။
အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ထိုသတို့ သမီးပျိုဖြစ်သူ သာမဏေမသည် သံဃာသို့ ချဉ်းကပ်ပြီးလျှင် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဘိက္ခုနီမတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီလျက်-
''အသျှင်မတို့ အကျွန်ုပ်သည် ဤအမည် ရှိပါ၏၊ ဤမည်သော အသျှင်မ၏ အသက် နှစ်ဆယ်ပြည့် ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော သတို့သမီး ပျိုဖြစ်သူ သာမဏေမပါတည်း။ အကျွန်ုပ်သည် သံဃာအား ဝုဋ္ဌာနသမ္မုတိကို တောင်းပါ၏''ဟု လျှောက်ရမည်။
နှစ်ကြိမ်မြောက်လည်း တောင်းရမည်။
သုံးကြိမ်မြောက်လည်း တောင်းရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၁၁၃၁။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ဤမည်သော သတို့သမီးပျိုဖြစ်သူ သာမဏေမသည် သံဃာအား ဝုဋ္ဌာနသမ္မုတိကို တောင်း၏၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် အသက် နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ဤမည်သော သတို့သမီးပျိုဖြစ်သူ သာမဏေမအား ဝုဋ္ဌာနသမ္မုတိကို ပေးရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ဤမည် သော သတို့သမီးပျိုဖြစ်သူ သာမဏေမသည် သံဃာအား ဝုဋ္ဌာနသမ္မုတိကို တောင်း၏၊
သံဃာ သည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ဤ မည်သော သတို့သမီးပျိုဖြစ်သူ သာမဏေမအား ဝုဋ္ဌာနသမ္မုတိကို ပေး၏။
အသက်နှစ်ဆယ် ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ဤမည်သော သတို့ သမီးပျိုဖြစ်သူ သာမဏေမအား ဝုဋ္ဌာနသမ္မုတိပေးခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ်နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။
သံဃာသည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထား ပြီးသော ဤမည်သော သတို့သမီးပျိုဖြစ်သူ သာမဏေမအား ဝုဋ္ဌာနသမ္မုတိကို ပေးအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ထိုအခါ မြတ်စွာဘုရားသည် ထိုဘိက္ခုနီမတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ ပြစ်တင်တော် မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၃၂။ အကြင် ဘိက္ခုနီမသည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးဖြစ်၍ သံဃာက မသမုတ်ရ သေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမ အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၃၃။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အသက်နှစ်ဆယ်ပြည့်ပြီးသော မည်သည် အနှစ်နှစ်ဆယ်သို့ ရောက်သောသူတည်း။
သတို့သမီးပျိုဖြစ်သူ မည်သည် သာမဏေမကို ဆိုလို၏။
နှစ်နှစ်တို့ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြားရှိသော ကာလတို့ပတ်လုံး။
ကျင့်ထားပြီးသော မည်သည် သိက္ခာပုဒ်ခြောက်ပါးတို့၌ ကျင့်ထားပြီးသော။
မသမုတ်ရသေးသော မည်သည် ဉတ္တိဒုတိယကံဖြင့် ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုရန်သမုတ်ခြင်း' ကို မပေးရသေးသော။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ ကမ္မဝါစာဆရာမကိုသော်လည်းကောင်း၊ သပိတ် ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန် ၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့ အားမူကား ဒုက္ကဋ်အာပတ် သင့်ကုန်၏။
၁၁၃၄။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်း ပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၁၃၅။ အသက်နှစ်ဆယ်ပြည့်ပြီးသော, နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော, သံဃာက သမုတ်ထားပြီးသော, သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။
ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးေသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယ သိက္ခာပုဒ် ပြီး၏။
၁၁၃၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်ဝါ မရဘဲ (ဥပဇ္ဈာယ်ပြု၍) ရဟန်းပြုပေးကုန်၏။
ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊ အပ် မအပ်ကိုလည်း မသိကုန်၊
အတူနေ တပည့်မတို့သည်လည်း မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊ အပ် မအပ်ကိုလည်း မသိကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်ဝါ မရဘဲ ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်ဝါ မရဘဲ ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် တစ်ဆယ့်နှစ်ဝါ မရဘဲ ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၃၇။ ''အကြင် ဘိက္ခုနီမသည် တစ်ဆယ့်နှစ်ဝါ မရဘဲ (ဥပဇ္ဈာယ် ပြု၍) ရဟန်းပြု ပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၃၈။ အကြင်ဟူသည် အကြင်သို့သဘော ရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တစ်ဆယ့်နှစ်ဝါ မရဘဲ မည်သည် တစ်ဆယ့်နှစ်ဝါသို့ မရောက်သေးသူတည်း။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်း ပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ ကမ္မဝါစာ ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့အား မူကား ဒုက္ကဋ်အာပတ် သင့်ကုန်၏။
၁၁၃၉။ တစ်ဆယ့်နှစ်ဝါပြည့်ပြီးမှ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစ လက်ဦး လွန်ကျူးေသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။
၁၁၄၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်ဝါသာ ပြည့်၍ သံဃာက မသမုတ်ရသေးဘဲ (ဥပဇ္ဈာယ်ပြု၍) ရဟန်းပြုပေးကုန်၏။
ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊
အပ် မအပ်ကိုလည်း မသိကုန်၊
အတူနေ တပည့်မတို့သည်လည်း မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊
အပ် မအပ်ကိုလည်း မသိကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်ဝါသာပြည့်၍ သံဃာက မသမုတ်ရသေးဘဲ ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်ဝါသာပြည့်၍ သံဃာက မသမုတ်ရသေးဘဲ ရဟန်းပြု ပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် တစ်ဆယ့်နှစ်ဝါသာပြည့်၍ သံဃာက မသမုတ်ရသေးဘဲ ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို-
''ရဟန်းတို့ တစ်ဆယ့်နှစ်ဝါပြည့်ပြီးသော ဘိက္ခုနီမအား ဝုဋ္ဌာပနသမ္မုတိ၁ကို ပေးခြင်းငှါ ခွင့်ပြု တော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့ ပေးရမည်။
တစ်ဆယ့်နှစ်ဝါပြည့်ပြီးသော ထိုဘိက္ခုနီမသည် သံဃာသို့ ချဉ်းကပ်ပြီးလျှင် လက်ဝဲတစ်ဖက် ပခုံး ထက်၌ ဧကသီကို စံပယ်တင်၍ သီတင်းကြီးကုန်သော ဘိက္ခုနီမတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် ဆောင့် ကြောင့်ထိုင်ကာ လက်အုပ်ချီလျက်-
''အသျှင်မတို့ တစ်ဆယ့်နှစ်ဝါပြည့်ပြီးသော ဤမည်သော အကျွန်ုပ်သည် ဘိက္ခုနီသံဃာအား ဝုဋ္ဌာပနသမ္မုတိကို တောင်းပါ၏''ဟု လျှောက်ရမည်။
နှစ်ကြိမ်မြောက်လည်း တောင်းရမည်။
သုံးကြိမ်မြောက်လည်း တောင်းရမည်။
ထိုဘိက္ခုနီမကို သံဃာက ''ဤဘိက္ခုနီမသည် ကျွမ်းကျင်၏လော လဇ္ဇီမလော''ဟု ပိုင်းခြား (နှိုင်းချိန်) ရမည်။
အကယ်၍ မိုက်လည်း မိုက်မဲအံ့၊ အလဇ္ဇီမလည်း ဖြစ်အံ့၊ မပေးရ။
အကယ်၍ မိုက်မဲ လျှင် လဇ္ဇီမဖြစ်သော်လည်း မပေးရ။
အကယ်၍ ကျွမ်းကျင်သော်လည်း အလဇ္ဇီမ ဖြစ်အံ့၊ မပေးရ။
အကယ်၍ ကျွမ်းကျင်လည်း ကျွမ်းကျင်အံ့၊ လဇ္ဇီမလည်းဖြစ်အံ့၊ ပေးရမည်။
ရဟန်းတို့ ဤသို့ပေးရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေ ရမည်။
၁၁၄၁။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
တစ်ဆယ့် နှစ်ဝါပြည့်ပြီးသော ဤမည်သော ဘိက္ခုနီမသည် သံဃာအား ဝုဋ္ဌာပနသမ္မုတိကို တောင်း၏၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် တစ်ဆယ့်နှစ်ဝါပြည့်ပြီးသော ဤမည်သော ဘိက္ခုနီမအား ဝုဋ္ဌာပနသမ္မုတိကို ပေးရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
တစ်ဆယ့်နှစ်ဝါပြည့် ပြီးသော ဤမည်သော ဘိက္ခုနီမသည် သံဃာအား ဝုဋ္ဌာပနသမ္မုတိကို တောင်း၏၊
သံဃာသည် တစ်ဆယ့်နှစ်ဝါပြည့်ပြီးသော ဤမည်သော ဘိက္ခုနီမအား ဝုဋ္ဌာပနသမ္မုတိကို ပေး၏၊
တစ်ဆယ့် နှစ်ဝါပြည့်ပြီးသော ဤမည်သော ဘိက္ခုနီမအား ဝုဋ္ဌာပနသမ္မုတိ ပေးသည်ကို အကြင် အသျှင်မ အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။
သံဃာသည် တစ်ဆယ့်နှစ်ဝါပြည့်ပြီးသော ဤမည်သော ဘိက္ခုနီမအား ဝုဋ္ဌာပနသမ္မုတိကို ပေးအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ထိုအခါ မြတ်စွာဘုရားသည် ထိုဘိက္ခုနီမတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော် မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၄၂။ ''အကြင်ဘိက္ခုနီမသည် တစ်ဆယ့်နှစ်ဝါသာ ပြည့်၍ သံဃာက မသမုတ်ရသေးဘဲ့ (ဥပဇ္ဈာယ်ပြု၍) ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၄၃။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တစ်ဆယ့်နှစ်ဝါပြည့်ပြီးသော မည်သည် တစ်ဆယ့်နှစ်ဝါသို့ ရောက်ပြီးသော သူတည်း။
မသမုတ်ရသေး မည်သည် ဉတ္တိဒုတိယကံဖြင့် ဝုဋ္ဌာပနသမ္မုတိကို မပေးရသေး။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ် ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏၊
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့ အားမူကား ဒုက္ကဋ်အာပတ် သင့်ကုန်၏။
၁၁၄၄။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည် ဖြစ်၍ ရဟန်းပြု ပေးအံ့၊ ၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၁၄၅။ တစ်ဆယ့်နှစ်ဝါပြည့်၍ သံဃာက သမုတ်ထားသောကြောင့် ရဟန်းပြုပေးအံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။
၁။ တစ်ဆယ့်နှစ်ဝါပြည့်ပြီးသော ဘိက္ခုနီမအား ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးနိုင်ရန် ဉတ္တိဒုတိယ ကမ္မဝါစာဖြင့် သမုတ်ထားခြင်းကိုပင် ဝုဋ္ဌာပနသမ္မုတိဟု ခေါ်သည်။
၁၁၄၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
စဏ္ဍကာဠီဘိက္ခုနီမသည် ဘိက္ခုနီသံဃာသို့ ချဉ်းကပ် ပြီးလျှင် ဝုဋ္ဌာပနသမ္မုတိကို တောင်း၏။
ထိုအခါ ဘိက္ခုနီသံဃာက ပိုင်းခြား (နှိုင်းချိန်) ပြီးနောက်
''အသျှင်မ သင်သည် ဥပဇ္ဈာယ်ပြုလုပ်ရန် မတော်သေး''ဟု (ဆိုလျက်) ထိုစဏ္ဍကာဠီ ဘိက္ခုနီမအား ဝုဋ္ဌာပနသမ္မုတိကို မပေးဘဲ နေ၏။
စဏ္ဍကာဠီဘိက္ခုနီမသည် ''ကောင်းပါပြီ''ဟု ဝန်ခံလေ၏။
ထိုစဉ်အခါ၌ ဘိက္ခုနီသံဃာသည် အခြားဘိက္ခုနီမတို့အား ဝုဋ္ဌာပနသမ္မုတိကို ပေးလေ၏။
စဏ္ဍကာဠီဘိက္ခုနီမသည် ''ငါသာလျှင် မိုက်သလော၊ ငါသာလျှင် အလဇ္ဇီမ, လော၊ သံဃာသည် ငါမှ တစ်ပါး အခြားဘိက္ခုနီမတို့အားမူကား ဝုဋ္ဌာပနသမ္မုတိကို ပေး၏။ ငါ့အားသာလျှင် ဝုဋ္ဌာပနသမ္မုတိကို မပေးဘဲ နေဘိ၏''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မစဏ္ဍကာဠီသည် 'အသျှင်မ သင်သည် ဥပဇ္ဈာယ်ပြုလုပ်ရန် မတော်သေး'ဟု ဆိုသည် ရှိသော် ကောင်းပါပြီဟု ဝန်ခံလျက် နောက်မှ ကဲ့ရဲ့ ရှုတ်ချခြင်းသို့ ရောက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ စဏ္ဍကာဠီဘိက္ခုနီမသည် 'အသျှင်မ သင်သည် ဥပဇ္ဈာယ်ပြုလုပ်ရန် မတော်သေး'ဟု ဆိုအပ်သည် ရှိသော် ကောင်းပါပြီဟု ဝန်ခံပြီးလျှင် နောက်မှ ကဲ့ရဲ့ ရှုတ်ချခြင်းသဘောသို့ ရောက်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် စဏ္ဍကာဠီ ဘိက္ခုနီမသည်
'အသျှင်မ သင်သည် ဥပဇ္ဈာယ်ပြုလုပ်ရန် မတော်သေး'ဟု ဆိုအပ်သည်ရှိသော် ကောင်းပါပြီဟု ဝန်ခံပြီးလျက် နောက်မှ ကဲ့ရဲ့ ရှုတ်ချခြင်းသဘောသို့ ရောက်ဘိသနည်း။
ရဟန်းတို့ ဤ (စဏ္ဍကာဠီဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၄၇။ ''အကြင် ဘိက္ခုနီမသည်
'အသျှင်မ သင်သည် ဥပဇ္ဈာယ် ပြုလုပ်ရန် မသင့်တော်သေး'ဟု ဆိုသည်ရှိသော် ''ကောင်းပါပြီ''ဟု ဝန်ခံပြီးလျက် နောက်မှ ကဲ့ရဲ့ရှုတ်ချခြင်း သဘောသို့ ရောက်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏။'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၄၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အသျှင်မ သင်သည် ဥပဇ္ဈာယ်ပြုလုပ်ရန် မသင့်တော်သေးဟူသည် အသျှင်မ သင်သည် ဥပဇ္ဈာယ် ပြုလုပ်ရန် မသင့်တော်သေး'ဟု ဆိုအပ်သည် ရှိသော်
''ကောင်းပါပြီ''ဟု ဝန်ခံပြီးလျက် နောက်မှ ကဲ့ရဲ့ ရှုတ်ချခြင်းသို့ ရောက်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၁၄၉။ ပင်ကိုယ်အားဖြင့် ချစ်ခြင်း မုန်းခြင်း မသိခြင်း ကြောက်ခြင်းတို့ကြောင့် (ဥပဇ္ဈာယ်လုပ်မှု) ပြုသောသူကို ကဲ့ရဲ့ ရှုတ်ချအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။
၁၁၅၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သိက္ခမာန်တစ်ယောက်သည် ထုလ္လနန္ဒာ ဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် ပဉ္စင်းအဖြစ်ကို တောင်း၏၊
ထုလ္လနန္ဒာဘိက္ခုနီမသည် ထိုသိက္ခမာန်ကို
''အသျှင်မ သင်သည် အကယ်၍ ငါ့အား သင်္ကန်းကို ပေးပါလျှင် သင့်ကို ငါ ရဟန်းပြုပေးအံ့''ဟု ဆိုပြီးနောက် ရဟန်းပြုမပေးချေ၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြမစိုက်ချေ။
ထိုအခါ ထိုသိက္ခမာန်သည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့က ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် သိက္ခမာန်ကို 'အသျှင်မ သင်သည် အကယ်၍ ငါ့အား သင်္ကန်းကို ပေးပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီးနောက် ရဟန်းပြုမပေးဘိသနည်း၊ ရဟန်းပြုပေးခြင်းငှါလည်း လုံ့လမပြုဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် သိက္ခမာန်ကို 'အသျှင်မ သင်သည် အကယ်၍ ငါ့အား သင်္ကန်းကို ပေးပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီးနောက် ရဟန်းပြုမပေး၊ ရဟန်းပြု ပေးခြင်း ငှါလည်း ကြောင့်ကြ မစိုက်ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် သိက္ခမာန်ကို 'အသျှင်မ သင်သည် အကယ်၍ ငါ့အား သင်္ကန်းကို ပေးပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီး၍ ရဟန်းပြုမပေးဘိသနည်း၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြမစိုက်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၅၁။ ''အကြင်ဘိက္ခုနီမသည် သိက္ခမာန်ကို
'အသျှင်မ သင်သည် အကယ်၍ ငါ့အား သင်္ကန်းကို ပေးပါလျှင် သင့်ကို ငါ ရဟန်းပြုပေးအံ့'ဟု ဆိုပြီး နောက် ထိုဘိက္ခုနီမသည် နောက်၌ အန္တရာယ်မရှိဘဲ (ဥပဇ္ဈာယ်ပြု၍) ရဟန်းပြု မပေးငြားအံ့၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြ မစိုက်ငြားအံ့၊ (ထိုဘိက္ခုနီမ အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၅၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
သိက္ခမာန် မည်သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော မိန်းမတည်း။
အသျှင်မ သင်သည် အကယ်၍ ငါ့အား သင်္ကန်းကို ပေးပါလျှင် သင့်ကို ငါရဟန်း ပြုပေးအံ့ဟူသည် ဤသို့ သင်္ကန်းပေးမူ သင့်ကို ငါ ပဉ္စင်းခံပေးအံ့။
ထိုဘိက္ခုနီမသည် နောက်၌ အန္တရာယ်မရှိဘဲဟူသည် အန္တရာယ်မရှိခဲ့သော်။
ရဟန်းပြုမပေးငြားအံ့၊ဟူသည် ကိုယ်တိုင် ရဟန်းပြုမပေးငြားအံ့။
ရဟန်းပြုပေးခြင်းငှါ ကြောင့်ကြမစိုက်ငြားအံ့ဟူသည် သူတစ်ပါးကို မစေခိုင်းငြားအံ့။
''ရဟန်းပြုမပေးတော့အံ့၊ ရဟန်းပြုပေးခြင်းငှါလည်း လုံ့လမပြုတော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၁၅၃။ အန္တရာယ် ရှိအံ့၊ ရှာဖွေမရအံ့၊ အာပတ် မသင့်၊ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။
၁၁၅၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သိက္ခမာန်တစ်ယောက်သည် ထုလ္လနန္ဒာ ဘိက္ခုနီမထံသို့ချဉ်းကပ်၍ ပဉ္စင်းအဖြစ်ကို တောင်း၏၊
ထုလ္လနန္ဒာဘိက္ခုနီမသည် ထိုသိက္ခမာန်ကို ''အသျှင်မ သင်သည် နှစ်နှစ်တို့ပတ်လုံး ငါ့နောက်သို့ လိုက်ခဲ့ပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီးမှ ရဟန်းပြုမပေးချေ၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြမစိုက်ချေ။
ထိုအခါ ထိုသိက္ခမာန်သည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် သိက္ခမာန်ကို 'အသျှင်မ သင်သည် နှစ်နှစ်တို့ ပတ်လုံး ငါ့နောက်သို့ လိုက်ခဲ့ပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီးမှ ရဟန်းပြုမပေးဘိသနည်း၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြမစိုက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြော ဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် သိက္ခမာန်ကို 'အသျှင်မ သင်သည် နှစ်နှစ်တို့ပတ်လုံး ငါ့နောက်သို့ လိုက်ခဲ့ပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့'ဟု ဆိုပြီးမှ ရဟန်းပြုမပေး၊ ရဟန်းပြု ပေးခြင်းငှါလည်း ကြောင့်ကြ မစိုက်ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် သိက္ခမာန်ကို
'အသျှင်မ သင်သည် နှစ်နှစ်တို့ပတ်လုံး ငါ့နောက်သို့ လိုက်ခဲ့ပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီးမှ ရဟန်းပြုမပေးဘိသနည်း၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြ မစိုက်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၅၅။ ''အကြင်ဘိက္ခုနီမသည် သိက္ခမာန်ကို 'အသျှင်မ သင်သည် နှစ်နှစ်တို့ပတ်လုံး ငါ့နောက်သို့ လိုက်ခဲ့ပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီးနောက်
ထိုဘိက္ခုနီမသည် အန္တရာယ်မရှိဘဲ ရဟန်းပြုမပေးငြားအံ့၊ ရဟန်း ပြုပေးခြင်းငှါလည်း ကြောင့်ကြမစိုက်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၅၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
သိက္ခမာန် မည်သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော မိန်းမတည်း။
အသျှင်မ သင်သည် နှစ်နှစ်ပတ်လုံး ငါ့နောက်သို့ လိုက်ခဲ့ပါလျှင် သင့်ကို ငါ ရဟန်းပြုပေးအံ့ဟူသည်
နှစ်နှစ်တို့ပတ်လုံး လုပ်ကျွေးခဲ့ပါလျှင် သင့်ကို ငါပဉ္စင်းခံပေးအံ့။
ထိုဘိက္ခုနီမသည် ဆိုပြီးနောက် အန္တရာယ်မရှိဘဲဟူသည် အန္တရာယ်မရှိခဲ့သော်။
ရဟန်းပြုမပေးငြားအံ့ဟူသည် ကိုယ်တိုင် ရဟန်းပြုမပေးအံ့။
ရဟန်းပြုပေးခြင်းငှါ ကြောင့်ကြမစိုက်ငြားအံ့ဟူသည် သူတစ်ပါးကို မစေခိုင်းငြားအံ့။
''ရဟန်းပြုမပေးတော့အံ့၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြမစိုက်တော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၁၅၇။ အန္တရာယ် ရှိအံ့၊ ရှာဖွေမရအံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။
၁၁၅၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် ယောက်ျားကြီး ယောက်ျား ငယ်တို့နှင့် ရောနှောသော (ယောက်ျားတို့အတွက်)၁ သောကဝင်လျက်ရှိသော ကြမ်းတမ်းသူ စဏ္ဍကာဠီ သိက္ခမာန်ကို ရဟန်းပြုပေး၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ယောက်ျားကြီး ယောက်ျားငယ်တို့နှင့် ရောနှောသော (ယောက်ျားတို့အတွက်) သောကဝင်လျက်ရှိသော ကြမ်းတမ်းသူ စဏ္ဍကာဠီသိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ယောက်ျားကြီး ယောက်ျားငယ်တို့နှင့် ရောနှောသော (ယောက်ျားတို့အတွက်) သောကဝင်လျက်ရှိသော ကြမ်းတမ်းသော စဏ္ဍကာဠီသိက္ခမာန်ကို ရဟန်းပြု ပေး၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ယောက်ျားကြီး ယောက်ျားငယ်တို့နှင့် ရောနှောသော (ယောက်ျားတို့အတွက်) သောကဝင် လျက်ရှိသော ကြမ်းတမ်းသော စဏ္ဍကာဠီသိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြစေကြကုန်လော့။
၁၁၅၉။ ''အကြင် ဘိက္ခုနီမသည် ယောက်ျားကြီး ယောက်ျားငယ်တို့နှင့် ရောနှောသော (ယောက်ျားတို့အတွက်) သောကဝင်လျက်ရှိသော ကြမ်းတမ်းသော သိက္ခမာန်ကို ရဟန်းပြု ပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၆၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ယောက်ျားကြီး မည်သည် အသက်နှစ်ဆယ်သို့ ရောက်ပြီးသူတည်း။
ယောက်ျားငယ် မည်သည် အသက်နှစ်ဆယ်သို့ မရောက်သေးသော သူတည်း။
ရောနှောခြင်း မည်သည် မလျောက်ပတ်သော ကိုယ်အမူအရာ နှုတ်အမူအရာဖြင့် ရောနှော စပ်ယှက်၏။
ကြမ်းတမ်းသော မည်သည် အမျက်ထွက်ခြင်းကို ဆိုလို၏။
သောကဝင်လျက် ရှိသော မည်သည် သူတစ်ပါးတို့အား ဆင်းရဲခြင်းကို ဖြစ်စေ၏၊ သောကသို့ ဝင်၏။
သိက္ခမာန် မည်သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော မိန်းမတည်း။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်း ပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမ တို့အား မူကား ဒုက္ကဋ်အာပတ် သင့်ကုန်၏။
၁၁၆၁။ မသိ၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။
၁။ အထဝါ ဃရံ ဝိယ ဃရသာမိကာ အယမ္ပိ ပုရိသသမာဂမံ အလဘမာနာ သောကံ အာဝိသတိ စသည်ဖြင့် ဖွင့်ပြသော အဋ္ဌကထာ နောက်နည်းနှင့် အညီတည်း။
၁၁၆၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် အမိအဖတို့နှင့် လင် ယောက်ျားတို့က ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေး၏။
အမိအဖတို့နှင့် လင်ယောက်ျားတို့က ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ငါတို့ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော အမိအဖတို့နှင့် လင်ယောက်ျားတို့၏ စကားကို ကြားကြသည်သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မ ထုလ္လနန္ဒာသည် အမိအဖတို့နှင့် လင်ယောက်ျားတို့က ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အမိအဖတို့နှင့် လင်ယောက်ျားတို့က ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေး၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အမိအဖတို့နှင့် လင်ယောက်ျားတို့က ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေ ခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၆၃။ ''အကြင် ဘိက္ခုနီမသည် အမိအဖတို့ကလည်းကောင်း၊ လင် ယောက်ျားကလည်းကောင်း ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေးငြားအံ့၊ (ထို ဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၆၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အမိ အဖ မည်သည် မွေးဖွားသူ (မိရင်းဖရင်း) တို့ကို ဆိုလို၏။
လင်ယောက်ျား မည်သည် သိမ်းပိုက်သော သခင်ကို ဆိုလို၏။
ခွင့်မပြုဘဲဟူသည် မပန်ကြားမူ၍။
သိက္ခမာန် မည်သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော မိန်းမတည်း။
ရဟန်းပြုပေးငြားအံ့၊ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့ အားမူကား ဒုက္ကဋ်အာပတ် သင့်ကုန်၏။
၁၁၆၅။ မသိ၍ ရဟန်းပြုပေးအံ့၊ ပန်ကြား၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
၁၁၆၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည်
''သိက္ခမာန်ကို ရဟန်း ပြုပေးအံ့''ဟု မထေရ်ဖြစ်သော ရဟန်းတို့ကို စည်းဝေးစေပြီးလျှင် များစွာသော ခဲဖွယ်ဘောဇဉ်ကို မြင်၍
''အသျှင်တို့ အကျွန်ုပ်တို့သည် သိက္ခမာန်ကို ရဟန်းပြုပေးမည် မဟုတ်သေးပါ''ဟု (လျှောက်ကာ) မထေရ်ဖြစ်သော ရဟန်းတို့ကို လွှတ်လိုက်ပြီးနောက် ဒေဝဒတ်၊ ကောကာလိက၊ ခဏ္ဍမိဖုရား၏ သားဖြစ် သော ကဋမောဒကတိဿက၊ သမုဒ္ဒဒတ္တတို့ကို စည်းဝေးစေ၍ သိက္ခမာန်ကို ရဟန်းပြုပေး၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ရဟန်းပြု ပေး၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၆၇။ ''အကြင် ဘိက္ခုနီမသည် သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏။'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၆၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့်ဟူသည် ပရိသတ်ထသွားသည် ရှိသော်။
သိက္ခမာန်ဟူသည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော မိန်းမတည်း။
ရဟန်းပြုပေးငြားအံ့၊ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမ တို့အားမူကား ဒုက္ကဋ်အာပတ် သင့်ကုန်၏။
၁၁၆၉။ ပရိသတ် ထမသွားမီ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဧကာဒသမသိက္ခာပုဒ် ပြီး၏။
၁၁၇၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် နှစ်စဉ်ရဟန်းပြုပေးသဖြင့် နေစရာ ကျောင်းသည် မလုံမလောက်ဖြစ်၏။
လူတို့သည် အဘယ့်ကြောင့် ''ဘိက္ခုနီမတို့သည် နှစ်စဉ် ရဟန်းပြုပေးကုန်ဘိသနည်း၊ နေစရာ ကျောင်းသည် မလုံမလောက်ဖြစ်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် နှစ်စဉ် ရဟန်းပြု ပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် နှစ်စဉ် ရဟန်းပြုပေး၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် နှစ်စဉ် ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၇၁။ ''အကြင်ဘိက္ခုနီမသည် နှစ်စဉ် (ဥပဇ္ဈာယ်ပြု၍) ရဟန်း ပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၇၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
နှစ်စဉ်ဟူသည် နှစ်တိုင်းတည်း။
ရဟန်းပြုပေးငြားအံ့၊ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့ အားမူကား ဒုက္ကဋ်အာပတ် သင့်ကုန်၏။
၁၁၇၃။ တစ်နှစ်ခြား၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒွါဒသမသိက္ခာပုဒ် ပြီး၏။
၁၁၇၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် တစ်နှစ်တည်း၌ သိက္ခမာန် နှစ်ယောက်တို့ကို ရဟန်းပြုပေးကုန်၏၊
နေစရာကျောင်းသည် ရှေးနည်းအတူသာလျှင် မလုံမလောက် ဖြစ်၏။
လူတို့သည် အဘယ့်ကြောင့် ''ဘိက္ခုနီမတို့သည် တစ်နှစ်တည်း၌ သိက္ခမာန်နှစ်ယောက်တို့ကို ရဟန်းပြုပေးကုန်ဘိသနည်း၊ နေစရာကျောင်းသည် ရှေးနည်းအတူသာလျှင် မလုံမလောက်ဖြစ်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် တစ်နှစ်တည်း၌ သိက္ခမာန်နှစ်ယောက်တို့ကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် တစ်နှစ်တည်း၌ သိက္ခမာန်နှစ်ယောက်တို့ကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ဘိက္ခုနီမတို့သည် အဘယ့် ကြောင့် တစ်နှစ်တည်း၌ သိက္ခမာန်နှစ်ယောက်တို့ကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၇၅။ ''အကြင် ဘိက္ခုနီမသည် တစ်နှစ်တည်း၌ သိက္ခမာန်နှစ်ယောက် တို့ကို ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏။'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၇၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တစ်နှစ်တည်း၌ဟူသည် တစ်ခုတည်းသော နှစ်၌။
သိက္ခမာန်နှစ်ယောက်တို့ကို ရဟန်းပြုပေးငြားအံ့ဟူသည် သိက္ခမာန်နှစ်ယောက်တို့ကို ပဉ္စင်းခံပေးအံ့။
''သိက္ခမာန်နှစ်ယောက်တို့ကို ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကို သော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကို သော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့အား မူကား ဒုက္ကဋ်အာပတ် သင့်ကုန်၏။
၁၁၇၇။ တစ်နှစ်ခြား၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တေရသမသိက္ခာပုဒ် ပြီး၏။
အဋ္ဌမ ကုမာရီဘူတဝဂ် ပြီး၏။