၇၂၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် သံဃာက ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမအပ်ပြီးသော ဘိက္ခုနီမတို့ကို-
''အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှော၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီး တခြားစီ မနေကုန်လင့်၊ ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်သော အခြား ဘိက္ခုနီမတို့သည်လည်း သံဃာ၌ ရှိကုန်၏၊ ထိုဘိက္ခုနီမတို့ကိုမူကား သံဃာက တစ်စုံတစ်ရာမျှ မပြော မဆိုဘဲ သင်တို့ကိုသာလျှင် မထီမဲ့မြင်ပြုသဖြင့်လည်းကောင်း၊ နှိပ်စက်သဖြင့်လည်းကောင်း၊ သည်းမခံသဖြင့် လည်းကောင်း၊ နိုင်ထက်စီးနင်းပြောဆိုသဖြင့်လည်းကောင်း၊ (အသျှင်မတို့က) အားနည်းသဖြင့်လည်း ကောင်း ညီမအစ်မတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏ဟု ဤသို့ ပြောဆိုသည်''ဟူ၍ ပြောဆို၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် သံဃာက ဉတ် ကမ္မဝါစာဖြင့် ဆိုဆုံးမအပ်ပြီးသော ဘိက္ခုနီမတို့ကို အသျှင်မတို့ သင်တို့သည် လူတို့နှင့်ရောနှောသည် ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ အခြား ဘိက္ခုနီမတို့သည် လည်း သံဃာ၌ ရှိကုန်၏။ပ။ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏ဟု သံဃာက ဆိုသည်ဟူ၍ ပြောဆိုဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် သံဃာက ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမအပ်ပြီးသော ဘိက္ခုနီမ တို့ကို- 'အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည် ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေး ခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်သော အခြား ဘိက္ခုနီမတို့သည်လည်း သံဃာ၌ ရှိကုန်၏၊ ထိုဘိက္ခုနီမတို့ကိုမူကား သံဃာသည် တစ်စုံတစ်ရာမျှ မပြော မဆိုဘဲ သင်တို့ကိုသာလျှင် မထီမဲ့မြင်ပြုသဖြင့်လည်းကောင်း၊ နှိပ်စက်သဖြင့်လည်းကောင်း၊ သည်းမခံသဖြင့် လည်းကောင်း၊ နိုင်ထက်စီးနင်းပြောဆိုသဖြင့်လည်းကောင်း၊ (အသျှင်မတို့က) အားနည်းသဖြင့်လည်း ကောင်း ညီမ အစ်မတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်း ချင်း အပြစ်ကို ဖုံးလွှမ်းကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏'ဟု သံဃာက ဆိုသည်ဟူ၍ ပြောဆိုချက်သည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏။)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် သံဃာက ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမအပ်ပြီးသော ဘိက္ခုနီမတို့ကို ''အသျှင်မတို့ သင်တို့ သည် လူတို့နှင့် ရောနှောသည် ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ အခြားဘိက္ခုနီမတို့သည်လည်း သံဃာ၌ ရှိကုန်၏။ပ။ အသျှင်မတို့ ဆိတ်ငြိမ်စွာ့နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏''ဟု သံဃာက ဆိုသည်ဟူ၍ ပြောဆို ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၂၈။ ''အကြင်ဘိက္ခုနီမသည် 'အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည် ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန် လင့်၊ ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်း တတ်ကုန်သော အခြား ဘိက္ခုနီမတို့သည်လည်း သံဃာ၌ ရှိကုန်၏၊ သံဃာသည် ထိုဘိက္ခုနီမတို့ကို တစ်စုံတစ်ရာမျှ မပြောမဆိုဘဲ သင်တို့ကို သာလျှင် မထီမဲ့မြင်ပြု သဖြင့်လည်းကောင်း၊ နှိပ်စက်သဖြင့်လည်းကောင်း၊ သည်းမခံသဖြင့်လည်းကောင်း၊ နိုင်ထက်စီးနင်းပြောသဖြင့် လည်းကောင်း၊ (အသျှင်မတို့က) အားနည်းသဖြင့် လည်းကောင်း ညီမ အစ်မတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့်ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်ကုန်၏။ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏'ဟု သံဃာက ဆိုသည်ဟူ၍ ပြောငြားအံ့၊
ထိုဘိက္ခုနီမကို အခြားဘိက္ခုနီမတို့က 'အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှော သည်ဖြစ်၍ သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်ကုန်သော အခြားဘိက္ခုနီမတို့သည်လည်း သံဃာ၌ ရှိကုန်၏။ သံဃာသည် ထိုဘိက္ခုနီမတို့ကို တစုံတစ်ရာမျှ မပြောမဆိုဘဲ သင်တို့ကို သာလျှင် မထီမဲ့မြင်ပြုသဖြင့်လည်းကောင်း၊ နှိပ်စက်သဖြင့်လည်းကောင်း၊ သည်းမခံသဖြင့်လည်း ကောင်း၊ နိုင်ထက်စီးနင်းပြောသဖြင့်လည်းကောင်း (အသျှင်မတို့က) အားနည်းသဖြင့် လည်းကောင်း ညီမ အစ်မတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်ကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏'ဟု သံဃာက ဆိုသည်ဟူ၍ မဆိုပါလင့်ဟု ဆိုရာ၏။
ဤသို့လျှင် ထိုဘိက္ခုနီမသည် အခြား ဘိက္ခုနီမတို့က ဆိုဆုံးမအပ်ပါလျက် ရှေးနည်းအတူသာလျှင် ပြုမူငြားအံ့၊ ထိုဘိက္ခုနီမကို ဘိက္ခုနီမတို့သည် သုံးကြိမ် တိုင်အောင် ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်၊
သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါ စာဖြင့် ဆိုဆုံးမအပ်သော် ထိုအယူကို အကယ်၍ စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ မစွန့်ငြားအံ့၊ ဤဘိက္ခုနီမသည်လည်း သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမသည်၏ အဆုံး၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ် စေတတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၇၂၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဤသို့ ပြောဆိုငြားအံ့ဟူသည်
အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည် ဖြစ်၍သာလျှင် နေကုန်လော့၊
သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊
ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီမသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းကုန်သော အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်၏၊
ထိုဘိက္ခုနီမတို့ကို သံဃာသည် တစ်စုံ တစ်ရာမျှ မပြောမဆို။
သင်တို့ကိုသာလျှင် မထီမဲ့မြင်ပြုသဖြင့်ဟူသည် အထင်အမြင်သေးသဖြင့် 'အောက်တန်းစား အနေ ထား၍ သိခြင်းဖြင့်'။
နှိပ်စက်သဖြင့်ဟူသည် နှိပ်စက်သည့် အဖြစ်ဖြင့်။
သည်းမခံသဖြင့်ဟူသည် မျက်မုန်းကျိုးသဖြင့်။
နိုင်ထက်စီးနင်းပြောသဖြင့်ဟူသည် နိုင်ထက်စီးနင်း ပြောသည့် အဖြစ်ဖြင့်။
အားနည်းသဖြင့်ဟူသည် အသင်းအပင်းမရှိသည့် အဖြစ်ဖြင့်။
''ညီမအစ်မတို့သည်သာလျှင် လူတု့ိနှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီမသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းကုန်၏။ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏ဟု သံဃာက ဆိုသည်''ဟူ၍ ပြောဆို၏။
ထိုဘိက္ခုနီမကိုဟူသည် ဤသို့ ပြောဆိုလေ့ ရှိသော ဘိက္ခုနီမကို။
ဘိက္ခုနီမတို့သည်ဟူသည် အခြားဘိက္ခုနီမတို့သည်။
မြင်ကုန် ကြားကုန်သော ဘိက္ခုနီမတို့က ''အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည် ဖြစ်၍ သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ အခြား ဘိက္ခုနီမတို့သည် လည်း သံဃာ၌ ရှိကုန်၏။ပ။ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏ဟု သံဃာက ဆိုသည်''ဟူ၍ မပြောဆိုပါလင့်ဟု ပြောဆိုရ မည်။
နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်။
သုံးကြိမ်မြောက်လည်း ပြောဆိုရမည်၊
အကယ်၍ အယူကို စွန့်အံ့၊ ဤသို့စွန့်ခြင်းသည်ကောင်း၏။
အကယ်၍ အယူကိုမစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကြား၍ မပြောမဆိုကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမကို သံဃာ့အလယ်သို့လည်း ဆွဲငင်၍ ''အသျှင်မ ဤသို့ မဆိုပါလင့်၊ အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည်ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေ ကုန်လင့်၊ သံဃာ၌ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်၏။ပ။ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏ဟု သံဃာက ဆိုသည်ဟူ၍ မပြောဆိုပါလင့်''ဟု ဆိုဆုံးမရမည်။
နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်။
သုံးကြိမ်မြောက်လည်း ပြောဆိုရမည်၊
အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ အယူကို မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမကို ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်။
ရဟန်းတို့ ဤသို့လျှင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၇၃၀။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ဘိက္ခုနီမသည် သံဃာက 'ဉတ်ကမ္မဝါစာဖြင့်' ဆိုဆုံးမအပ်ပြီးသော ဘိက္ခုနီမတို့ကို 'အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည်ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်း တတ်သော အခြားဘိက္ခုနီမတို့သည်လည်း သံဃာ၌ ရှိကုန်၏။ သံဃာသည် ထိုဘိက္ခုနီမတို့ကို တစ်စုံတစ်ရာမျှ မပြောမဆိုဘဲ သင်တို့ကိုသာလျှင် မထီမဲ့မြင်ပြုသဖြင့်လည်းကောင်း၊ နှိပ်စက်သဖြင့် လည်းကောင်း၊ သည်းမခံသဖြင့်လည်းကောင်း၊ နိုင်ထက်စီးနင်းပြောဆိုသဖြင့်လည်းကောင်း၊ (အသျှင်မ တို့က) အားနည်းသဖြင့်လည်းကောင်း ညီမ အစ်မတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်ကုန်၏။ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမအစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏'ဟု သံဃာက ဆိုသည်ဟူ၍ ပြောဆို၏။
ထိုဘိက္ခုနီမသည် ထိုအယူကို မစွန့်၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမ၏။
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
''ဤမည်သော ဘိက္ခုနီမသည် သံဃာက ဆိုဆုံးမအပ်ပြီးသော ဘိက္ခုနီမတို့ကို 'အသျှင်မတို့ သင်တို့သည် လူတို့နှင့် ရောနှောသည် ဖြစ်၍သာလျှင် နေကုန်လော့၊ သင်တို့သည် တသီးတခြားစီ မနေကုန်လင့်၊ ဤသို့သော အကျင့် ဤသို့သော ကျော်စောသံ ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်သော အခြားဘိက္ခုနီမ တို့သည်လည်း သံဃာ၌ ရှိကုန်၏၊ သံဃာသည် ထိုဘိက္ခုနီမတို့ကို တစ်စုံတစ်ရာမျှ မပြောမဆိုဘဲ သင်တို့ကိုသာလျှင် မထီမဲ့မြင်ပြုသဖြင့်လည်းကောင်း၊ နှိပ်စက်သဖြင့်လည်းကောင်း၊ သည်းမခံသဖြင့် လည်းကောင်း၊ နိုင်ထက်စီးနင်းပြောသဖြင့်လည်းကောင်း၊ (အသျှင်မတို့က) အားနည်း သဖြင့်လည်း ကောင်း ညီမ အစ်မတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာ သော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီး လျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းတတ်ကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာသည် ချီးမွမ်း၏'ဟု သံဃာက ဆိုသည်ဟူ၍ ပြောဆို၏။
ထိုဘိက္ခုနီမသည် ထိုအယူကို မစွန့်၊
သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ကောင်းစွာ ဆိုဆုံးမ၏၊
ဤမည်သော ဘိက္ခုနီမအား ထိုအယူကို စွန့်စေခြင်းငှါ ကောင်းစွာ ဆိုဆုံးမသည်ကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မ သည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆို ရာ၏။
နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။
သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ကောင်းစွာ ဆိုဆုံးမ အပ်ပါပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏။ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။
သံဃာဒိသိသ်အာပတ်သို့ ရောက်သော ဘိက္ခုနီမအား ဉတ်၏ အဆုံး၌ သင့်သော ဒုက္ကဋ်၊ ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ သင့်သော ထုလ္လစ္စဉ်း အာပတ်တို့သည် ငြိမ်းကုန်၏။
ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။
သုံးကြိမ်တိုင်အောင်ဟူသည် သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကြောင့် သင့်၏။ ဝတ္ထုကို လွန်ကျူးသည်နှင့်တစ်ပြိုင်နက် သင့်သည် မဟုတ်။
နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။
သံဃာဒိသိသ်ဟူသည် ထိုအာပတ်အတွက် သံဃာသည်သာလျှင် မာနတ်ပေးရ၏၊ အရင်းသို့ ငင်ရ၏၊ အဗ္ဘာန် သွင်းရ၏၊ ဘိက္ခုနီမနှစ်ပါး သုံးပါးသည်လည်းကောင်း၊ တစ်ဦးတစ်ယောက်သည်လည်းကောင်း မာနတ် မပေးရ၊ အရင်းသို့ မငင်ရ၊ အဗ္ဘာန် မသွင်းရ၊
ထို့ကြောင့် ''သံဃာဒိသိသ်''ဟူ၍ ဆိုအပ်၏။
(သံဃာဒိသိသ်ဟူသော အမည်သည်) ထိုအာပတ်အပေါင်း၏ အမည်သာလျှင်တည်း၊ ထို့ကြောင့်လည်း ''သံဃာဒိသိသ်''ဟူ၍ ဆိုအပ်၏။
၇၃၁။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ်သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ်သင့်၏။
၇၃၂။ ဉတ်ကမ္မဝါစာဖြင့် မဆိုမဆုံးမရသေးသော ဘိက္ခုနီမ၊ အယူကို စွန့်သော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တေရသမ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။
အသျှင်မတို့ ရှေးဦးစွာ လွန်ကျူးဆဲသော ခဏ၌ သင့်ကုန်သော အာပတ် ကိုးပါး၊ သုံးကြိမ်တိုင် အောင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမပြီးနောက်၌ သင့်သော အာပတ် ရှစ်ပါးအားဖြင့် ဤတစ်ဆယ့်ခုနစ်ပါးသော သံဃာဒိသိသ်အာပတ်တို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
ဘိက္ခုနီမသည် ယင်းတစ်ဆယ့်ခုနစ်ပါး တို့တွင် တစ်ပါးပါးသို့လည်း သင့်ရောက်၍ ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာဟူသော သံဃာနှစ်မျိုး၌ တစ်ဆယ့်ငါးရက်တို့ပတ်လုံး ကျင့်ခြင်း 'ပက္ခ္ခမာနတ်' ကို ကျင့်ရမည်။
ထိုပက္ခ္ခမာနတ် ကျင့်ပြီးသော ဘိက္ခုနီမကို ဘိက္ခုနီသံဃာ နှစ်ကျိပ်အရေအတွက်ရှိသော သိမ်၌ အဗ္ဘာန်သွင်းရမည်၊
ဘိက္ခုနီသံဃာသည် တစ်ပါးယုတ်သော နှစ်ကျိပ်ဖြင့်သော်လည်း ထိုဘိက္ခုနီမကို အဗ္ဘာန် သွင်းငြားအံ့၊
ထိုဘိက္ခုနီမသည်လည်း အဗ္ဘာန်သွင်းအပ်သည် မမည်၊ (အဗ္ဘာန်သွင်းပေးသော) ထိုဘိက္ခုနီမ တို့ကိုလည်း ကဲ့ရဲ့အပ်ကုန်၏။ ဤသည်ကား ထို (သံဃာဒိသိသ်အာပတ်သင့်ရာ) ၌ လိုက်နာရမည့် အကျင့် တည်း။
ထိုသံဃာဒိသိသ်အာပတ်တို့၌ အသျှင်မတို့ကို မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
နှစ်ကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
သုံးကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
အသျှင်မတို့သည် ဤ (တစ်ဆယ့်ခုနစ်ပါးသော သံဃာဒိသိသ် အာပတ်) တို့၌ အာပတ်မှ စင်ကြယ်ကြပါ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည့် အဖြစ်ကို သိမှတ်ရပါသည်။
သတ္တရသကဏ် 'တစ်ဆယ့်ခုနစ်ခု' အခန်း ပြီး၏။
ဘိက္ခုနီဝိဘင်း သံဃာဒိသိသ်အခန်း ပြီး၏။
ပဌမ ဒုတိယစသော အစဉ်သည် ဘိက္ခုနီအသာဓာရဏ သိက္ခာပုဒ် အစဉ်များဖြစ်သည်။ သာဓာရဏ အသာဓာရဏ အရောအားဖြင့် ဘိက္ခုနီသံဃာဒိသိသ် ၁ရပါး အစဉ်မှာ- (၁) ပဋ္ဌမ, (၂) ဒုတိယ, (၃) တတိယ, (၄) စတုတ္ထ, (၅) ပဥွ္စမ, (၆) ဆဋ္ဌ, (၇) သဉ္စရိတ္တ Ä, (၈) ပဌမ ဒုဋ္ဌဒေါသ Ä, (၉) ဒုတိယ ဒုဋ္ဌဒေါသ Ä, (၁၀) ဒသမ, (၁၁) ဧကာဒသမ, (၁၂) ဒွါဒသမ, (၁၃) တေရသမ (၁၄) သံဃဘေဒÄ, (၁၅) ဘေဒါနုဝတ္တိကÄ, (၁၆) ဒုဗ္ဗစÄ, (၁၇) ကုလဒူသိကÄ, တို့ဖြစ်သည်။ သာဓာရဏသိက္ခာပုဒ်များကို ခယားပွင့် ပြထားသည်။