အသျှင်မတို့ ဤသေခိယသိက္ခာပုဒ်တို့သည်
သရုပ်အားဖြင့် ပြဆိုအပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏။
၁၂၄၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်စည်းစိမ်ကို ခံစားသော လူမိန်းမတို့ ကဲ့သို့ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ရှေ့မှလည်း ကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၂၃၀။ ၁- ''ထက်ဝန်းကျင်မှ အဝန်းညီစွာ သင်းပိုင်ကို ဝတ်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
ချက်အဝန်း ပုဆစ်ဒူးဝန်းတို့ကို ဖုံးလွှမ်း၍ ထက်ဝန်းကျင်မှ အဝန်းညီစွာ ဝတ်အပ်၏။
အကြင်ဘိက္ခုနီမသည် သိက္ခာပုဒ်၌ မရိုသေခြင်းကို စွဲ၍ ရှေ့မှသော်လည်းကောင်း၊ နောက်မှသော် လည်းကောင်း တွဲရရွဲချလျက် ဝတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ဘိက္ခုနီမ၊ သတိမေ့လျော့သော ဘိက္ခုနီမ၊ မသိသော ဘိက္ခုနီမ၊ နာဖျားသော ဘိက္ခုနီမတို့အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။ပ။ (အကျဉ်းချုံးအပ်ပြီ။)
၁၂၄၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ စွန့်ကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်စည်းစိမ်ကို ခံစားသော လူမိန်းမတို့ကဲ့ သို့ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ စွန့်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန် ၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကျင်ကြီးကို လည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ စွန့်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ဘိက္ခုနီမတို့သည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြားကုန်၏၊
ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည်။ပ။ ရဟန်းတို့ကို-
''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကို လည်းကောင်း ရေ၌ စွန့်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ စွန့်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
(က) ''ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌မစွန့်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်''
ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော် မူ၏)။
ထိုအခါ၌ နာဖျားသော ဘိက္ခုနီမတို့သည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ စွန့်ခြင်းငှါ မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိကုန်သည်ဖြစ်၍
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ရဟန်းတို့ နာဖျားသော ဘိက္ခုနီမအားကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ စွန့်ခြင်းငါှ ခွင့်ပြု တော်မူ၏ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၃၀၄။ ၇၅- (ခ) ''ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကို လည်းကောင်း မနာမဖျားဘဲ ရေ၌ မစွန့်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြစေကုန် လော့ဟု မိန့် တော်မူ၏)။
မနာမဖျားဘဲ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ မစွန့်အပ်။
အကြင်ဘိက္ခုနီမသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ မနာမဖျားဘဲ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ စွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ဘိက္ခုနီမ၊ သတိမေ့လျော့သော ဘိက္ခုနီမ၊ မသိသော ဘိက္ခုနီမ၊ နာဖျားသော ဘိက္ခုနီမတို့အား အာပတ် မသင့်၊ ကြည်းကုန်း၌ စွန့်သော ကျင်ကြီး ကျင်ငယ် တံတွေးသည် ရေသို့ သက်ဆင်းအံ့၊ အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ စိတ်ပျံ့ လွင့်သော ဘိက္ခုနီမ၊ ဝေဒနာနှိပ်စက်သော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပန္နရသမသိက္ခာပုဒ် ပြီး၏။
သတ္တမပါဒုကဝဂ် ပြီးပြီ။
အသျှင်မတို့ သေခိယသိက္ခာပုဒ်တို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
ထိုသေခိယသိက္ခာပုဒ်တို့၌ အသျှင်မတို့ကို မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
နှစ်ကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
သုံးကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏ လော၊
အသျှင်မတို့သည် ဤသေခိယသိက္ခာပုဒ်တို့၌ အာပတ်မှ စင်ကြယ်ကြပါကုန်၏။ ထို့ကြောင့် ဆိတ် ဆိတ် နေကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည့်အဖြစ်ကို သိမှတ်ရပါသည်။
သေခိယအခန်း ပြီး၏။