Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

7. Adhikaraṇasamathā (bhikkhunīvibhaṅgo)

Author: my-tipitaka @ visuddhinanda

အသျှင်မတို့ အဓိကရုဏ်းတို့ကို ငြိမ်းစေနိုင်သော ဤတရားခုနစ်ပါးတို့သည်
သရုပ်အားဖြင့် ပြဆိုအပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏။
၁၂၄၂။ ဖြစ်တိုင်း ဖြစ်တိုင်းသော (လေးပါးသော) အဓိကရုဏ်းတို့ကို ငြိမ်းစေခြင်းငါှ အထူးသဖြင့် ငြိမ်းစေခြင်းငါှ သမ္မုခါဝိနည်း 'မျက်မှောက်အဓိကရုဏ်းကို ငြိမ်းကြောင်းတရား'ကို ပေးရမည်။ ၃၀၆။ ၂-သတိဝိနည်း 'ရဟန္တာပုဂ္ဂိုလ်အား သတိပေးရသော ဝိနည်း' ကို ပေးရမည်၊ ၃၀၇။ ၃-အမူဠှဝိနည်း 'ရူးသွပ်သော ဘိက္ခုနီမတို့အား သတိရခိုက်ပေးရသော ဝိနည်း' ကို ပေးရမည်။ ၃၀၈။ ၄-ပဋိညာယကာရေတဗ္ဗသမထ 'ဝန်ခံခြင်းဖြင့် ပြုအပ်သော သမထ' ကို ပြုရမည်။ ၃၀၉။ ၅-ယေဘုယျသိကသမထ 'ဓမ္မဝါဒီပုဂ္ဂိုလ်များရာသို့ လိုက်၍ ဆုံးဖြတ်ရသော သမထဓမ္မ' ကို ပြုရမည်။ ၃၁၀။ ၆-တဿပါပိယသိကသမထ 'ယုတ်မာသော ဘိက္ခုနီမအား ပြုရသော ဝိနည်း' ကို ပြုရမည်။ ၃၁၁။ ၇-တိဏဝတ္ထာရကသမထ 'မစင်ကို မျက်ဖြင့် ဖုံးလွှမ်းသကဲ့သို့ အာပတ်ကို ဖုံးဖိထားရသော ဝိနည်းကံ' ကို ပြုရမည်။
အသျှင်မတို့ အဓိကရုဏ်းကို ငြိမ်းစေနိုင်သော တရားခုနစ်ပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
ထိုအဓိကရဏသမထတို့၌ အသျှင်မတို့ကို မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
နှစ်ကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
သုံးကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
အသျှင်မတို့သည် ဤအဓိကရဏသမထတို့၌ အာပတ်မှ စင်ကြယ် ကြပါကုန်၏။ ထို့ကြောင့် ဆိတ်ဆိတ်နေကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည့် အဖြစ်ကို သိမှတ်ရပါသည်။
အဓိကရဏသမထအခန်း ပြီး၏။
အသျှင်မတို့ နိဒါန်းကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
ပါရာဇိကအာပတ် ရှစ်ပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
သံဃာဒိသိသ်အာပတ် တစ်ဆယ့်ခုနစ်ပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီး ပါကုန်ပြီ၊
နိဿဂ္ဂိယ ပါစိတ်အာပတ် သုံးဆယ်တို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
သုဒ္ဓပါစိတ်အာပတ် တစ်ရာ့ခြောက်ဆယ့်ခြောက်ပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
ပါဋိဒေသနီအာပတ် ရှစ်ပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
သေခိယအာပတ်တို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီး ပါကုန်ပြီ၊
အဓိကရုဏ်းငြိမ်းကြောင်းတရား ခုနစ်ပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
ဤမျှ အတိုင်းအရှည်ရှိသော သိက္ခာပုဒ်သည် ထိုမြတ်စွာဘုရား၏ ပါတိမောက်၌ လာ၍ ပါတိမောက်၌ အကျုံးဝင်၏၊ လခွဲတိုင်း လခွဲတိုင်း သရုပ်အားဖြင့် ပြခြင်းသို့ ရောက်၏၊
ထိုသိက္ခာပုဒ်တို့၌ အလုံးစုံသော ဘိက္ခုနီမတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ရှိသည်ဖြစ်၍ ခိုက်ရန် ငြင်းခုံခြင်း မရှိကြကုန်ဘဲ ကျင့်အပ်သတည်း။
ဘိက္ခုနီဝိဘင်း ပြီး၏။
ပါစိတ်ပါဠိတော် မြန်မာပြန် ပြီးပြီ။