၁၁၃၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သတို့သမီး ပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်၏။
ဘိက္ခုနီမတို့က ''သိက္ခမာန်တို့ လာကုန်လော့၊ ဤဝတ္ထုကို သိကုန်လော့၊ ဤဝတ္ထုကို ပေးကုန် လော့၊ ဤဝတ္ထုကို ဆောင်ခဲ့ကုန်လော့၊ ဤဝတ္ထုကို အလိုရှိ၏၊ ဤဝတ္ထုကို အပ်အောင် ပြုကုန်လော့''ဟု ပြောဆိုကုန်၏။
ထိုဘိက္ခုနီမငယ်တို့က ''အသျှင်မတို့ ငါတို့သည်ကား သိက္ခမာန်များ မဟုတ်ကုန်၊ ငါတို့ သည် ဘိက္ခုနီမတို့တည်း''ဟု ပြောဆို၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်ပြည့်ပြီး သော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာဖြစ်၍ သံဃာက မသမုတ်ရသေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
ရဟန်းတို့ ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ့်ခြောက်ပါးကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်း ငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူပြီး၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို-
''ရဟန်းတို့ အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုရန် သမုတ်ခြင်း 'ဝုဋ္ဌာနသမ္မုတိ' ကို ပေးခြင်းငှါ ခွင့်ပြု တော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့ ပေးရမည်။
အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ထိုသတို့ သမီးပျိုဖြစ်သူ သာမဏေမသည် သံဃာသို့ ချဉ်းကပ်ပြီးလျှင် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဘိက္ခုနီမတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီလျက်-
''အသျှင်မတို့ အကျွန်ုပ်သည် ဤအမည် ရှိပါ၏၊ ဤမည်သော အသျှင်မ၏ အသက် နှစ်ဆယ်ပြည့် ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော သတို့သမီး ပျိုဖြစ်သူ သာမဏေမပါတည်း။ အကျွန်ုပ်သည် သံဃာအား ဝုဋ္ဌာနသမ္မုတိကို တောင်းပါ၏''ဟု လျှောက်ရမည်။
နှစ်ကြိမ်မြောက်လည်း တောင်းရမည်။
သုံးကြိမ်မြောက်လည်း တောင်းရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၁၁၃၁။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ဤမည်သော သတို့သမီးပျိုဖြစ်သူ သာမဏေမသည် သံဃာအား ဝုဋ္ဌာနသမ္မုတိကို တောင်း၏၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် အသက် နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ဤမည်သော သတို့သမီးပျိုဖြစ်သူ သာမဏေမအား ဝုဋ္ဌာနသမ္မုတိကို ပေးရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ဤမည် သော သတို့သမီးပျိုဖြစ်သူ သာမဏေမသည် သံဃာအား ဝုဋ္ဌာနသမ္မုတိကို တောင်း၏၊
သံဃာ သည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ဤ မည်သော သတို့သမီးပျိုဖြစ်သူ သာမဏေမအား ဝုဋ္ဌာနသမ္မုတိကို ပေး၏။
အသက်နှစ်ဆယ် ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ဤမည်သော သတို့ သမီးပျိုဖြစ်သူ သာမဏေမအား ဝုဋ္ဌာနသမ္မုတိပေးခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ်နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။
သံဃာသည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထား ပြီးသော ဤမည်သော သတို့သမီးပျိုဖြစ်သူ သာမဏေမအား ဝုဋ္ဌာနသမ္မုတိကို ပေးအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ထိုအခါ မြတ်စွာဘုရားသည် ထိုဘိက္ခုနီမတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ ပြစ်တင်တော် မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၃၂။ အကြင် ဘိက္ခုနီမသည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးဖြစ်၍ သံဃာက မသမုတ်ရ သေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမ အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၃၃။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အသက်နှစ်ဆယ်ပြည့်ပြီးသော မည်သည် အနှစ်နှစ်ဆယ်သို့ ရောက်သောသူတည်း။
သတို့သမီးပျိုဖြစ်သူ မည်သည် သာမဏေမကို ဆိုလို၏။
နှစ်နှစ်တို့ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြားရှိသော ကာလတို့ပတ်လုံး။
ကျင့်ထားပြီးသော မည်သည် သိက္ခာပုဒ်ခြောက်ပါးတို့၌ ကျင့်ထားပြီးသော။
မသမုတ်ရသေးသော မည်သည် ဉတ္တိဒုတိယကံဖြင့် ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုရန်သမုတ်ခြင်း' ကို မပေးရသေးသော။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ ကမ္မဝါစာဆရာမကိုသော်လည်းကောင်း၊ သပိတ် ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန် ၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့ အားမူကား ဒုက္ကဋ်အာပတ် သင့်ကုန်၏။
၁၁၃၄။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်း ပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၁၃၅။ အသက်နှစ်ဆယ်ပြည့်ပြီးသော, နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော, သံဃာက သမုတ်ထားပြီးသော, သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။
ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးေသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယ သိက္ခာပုဒ် ပြီး၏။