问题
选择版本
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

8-9-10. Aṭṭhama-navama-dasamasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၁၂၁၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် သိက္ခမာန်ကို ပွတ်လည်း ပွတ်သပ်စေကုန်၏၊ ဆုပ်လည်း ဆုပ်နယ်စေကုန်၏။ပ။ သာမဏေမကို ပွတ်လည်း ပွတ်သပ်စေကုန်၏၊ ဆုပ်လည်း ဆုပ်နယ်စေကုန်၏။ပ။ လူမိန်းမကို ပွတ်လည်း ပွတ်သပ်စေကုန်၏၊ ဆုပ်လည်း ဆုပ်နယ်စေကုန်၏။ပ။
ကျောင်းစဉ် လှည့်လည်သော လူတို့သည် မြင်ကြသဖြင့် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမ ဂုဏ်စည်းစိမ်ကို ခံစားသော လူမိန်းမတို့ကဲ့သို့ လူမိန်းမကို ပွတ်လည်း ပွတ်သပ်စေကုန်ဘိသနည်း၊ ဆုပ်လည်း ဆုပ်နယ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် လူမိန်းမကို ပွတ် လည်း ပွတ်သပ်စေကုန်ဘိသနည်း၊ ဆုပ်လည်း ဆုပ်နယ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် လူမိန်းမကို ပွတ်လည်း ပွတ်သပ်စေကုန်၏၊ ဆုပ်လည်း ဆုပ်နယ် စေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် လူမိန်းမကို ပွတ်လည်း ပွတ်သပ်စေကုန်ဘိသနည်း၊ ဆုပ်လည်း ဆုပ်နယ်စေကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၂၀၁။ ''အကြင် ဘိက္ခုနီမသည် သိက္ခမာန်မကို။ပ။ သာမဏေမကို။ပ။ လူမိန်းမကို ပွတ်လည်း ပွတ်သပ်စေငြားအံ့၊ ဆုပ်လည်း ဆုပ်နယ် စေငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၂၁၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
သိက္ခမာန် မည်သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော မိန်းမတည်း။
သာမဏေမ မည်သည် ဆယ်ပါးသော သိက္ခာရှိသော မိန်းမတည်း။
လူမိန်းမ မည်သည် အိမ်၌ နေသော လူဝတ်ကြောင်မိန်းမကို ဆိုလို၏။
ပွတ်လည်း ပွတ်သပ်စေငြားအံ့ဟူသည် ပွတ်သပ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ဆုပ်လည်း ဆုပ်နယ်စေငြားအံ့ဟူသည် ဆုပ်နယ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၂၁၃။ အနာဟူသော အကြောင်းကြောင့် အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမ နဝမ ဒသမသိက္ခာပုဒ် ပြီး၏။