Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

2. Aṅgulipatodakasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၃၃၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီဂိုဏ်းသား ရဟန်းကို လက်ချောင်းထိုးသဖြင့် 'ကလိထိုးသဖြင့်' ရယ်ရွှင်စေကုန်၏၊
ထိုရဟန်းသည် ပင်ပန်းသည်ဖြစ်၍ ထွက်သက် ဝင်သက် ပြတ်သောကြောင့် သေလေ၏၊
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းကို လက်ချောင်းထိုးသဖြင့် 'ကလိထိုးသဖြင့်' ရယ်ရွှင်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် ရဟန်းကို လက်ချောင်းထိုးသဖြင့် 'ကလိထိုးသဖြင့်' ရယ်ရွှင်စေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းကို လက်ချောင်းထိုးသဖြင့် 'ကလိထိုးသဖြင့်' ရယ်ရွှင် စေကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၃၁။ ''လက်ချောင်းထိုး 'ကလိထိုး' ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၃၂။ လက်ချောင်းထိုး မည်သည် ရဟန်းသည် ရဟန်းကို ရယ်ရွှင်စေလိုသည် ဖြစ်၍ မိမိကိုယ်ဖြင့် သူတစ်ပါးကိုယ်ကို သုံးသပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ လက် ချောင်းထိုးသဖြင့် ရွှင်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ လက်ချောင်းထိုးသဖြင့် ရွှင်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်း မဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ လက်ချောင်းထိုး သဖြင့် ရွှင်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
စွန့်လွှတ်အပ်သော ဝတ္ထု ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ် အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
၃၃၃။ ရဟန်းမဟုတ်သူကို ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ကိုယ်ဖြင့် ကိုယ်နှင့် စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊
ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ရဟန်းမဟုတ်သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊
၃၃၄။ ရယ်ရွှင်စေလိုသော သဘောမရှိဘဲ သုံးသပ်အံ့၊ အကြောင်း ရှိ၍ သုံးသပ်အံ့၊ အာပတ်မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ်မသင့်။
ဒုတိယ အဂုင်္လိပတောဒကသိက္ခာပုဒ် ပြီး၏။