Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

5. Kabaḷavaggo

Author: my-tipitaka @ visuddhinanda

၆၁၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်မရောက်မီ ခံတွင်းကို ဖွင့်ဟကုန်၏။ပ။
၁၈၆။ ၄၁- ''ဆွမ်းလုတ်မရောက်မီ ခံတွင်းကို မဖွင့်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဆွမ်းလုတ်မရောက်မီ ခံတွင်းကို မဖွင့်အပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်မရောက်မီ ခံတွင်းကို ဖွင့်ဟအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ်ပြီး၏။
၆၁၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသည်ရှိသော် လက် အားလုံးကို ခံတွင်း 'ပါးစပ်'၌ ထည့်ကုန်၏။ပ။
၁၈၇။ ၄၂- ''ဆွမ်းစားသည်ရှိသော် လက်အားလုံးကို ခံတွင်း၌ မထည့်အံ့ 'ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဆွမ်းစားသော ရဟန်းသည် လက်အားလုံးကို ခံတွင်း၌ မထည့်အပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းစားသည်ရှိသော် လက်အားလုံးကို ခံတွင်း၌ ထည့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ်ပြီး၏။
၆၁၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်နှင့်တကွသော ခံတွင်း ဖြင့် စကားပြောဆိုကုန်၏။ပ။
၁၈၈။ ၄၃- ''ဆွမ်းလုတ်နှင့်တကွသော ခံတွင်းဖြင့် စကားမဆိုအံ့ဟု ကျင့်ကြံ အားထုတ်မူကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဆွမ်းလုတ်နှင့်တကွသော ခံတွင်းဖြင့် စကားမပြောမဆိုအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်နှင့်တကွသော ခံတွင်းဖြင့် စကားပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။
၆၂၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်ကို မြှောက်ကာ မြှောက်ကာ စားကုန်၏။ပ။
၁၈၉။ ၄၄- ''ဆွမ်းလုတ်ကို မြှောက်ကာ မြှောက်ကာ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လောဟု မိန့်တော်မူ၏)။
ဆွမ်းလုတ်ကို မြှောက်ကာ မြှောက်ကာ မစားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်ကို မြှောက်ကာ မြှောက်ကာ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း တို့အား အာပတ် မသင့်၊ ခဲဖွယ် သစ်သီးကြီးငယ်တို့၌လည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။
၆၂၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်ကို ကိုက်ဖြတ်ကာ ကိုက်ဖြတ်ကာ စားကုန်၏။ပ။
၁၉၀။ ၄၅- ''ဆွမ်းလုတ်ကို ကိုက်ဖြတ်ကာ ကိုက်ဖြတ်ကာ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လောဟု မိန့်တော်မူ၏)။
ဆွမ်းလုတ်ကို ကိုက်ဖြတ်ကာ ကိုက်ဖြတ်ကာ မစားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်ကို ကိုက်ဖြတ်ကာ ကိုက်ဖြတ်ကာ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်းး မသိသောရဟန်း၊ နာဖျားသော ရဟန်းတို့အား အာပတ် မသင့်၊ ခဲဖွယ် သစ်သီးကြီးငယ် လက်သုပ်ဟင်းလျာတို့၌လည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။
၆၂၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် (မျောက်ကဲ့သို့) ပါးစောင်၌ ထား၍ စားကုန်၏။ပ။
၁၉၁။ ၄၆- ''(မျောက်ကဲ့သို့) ပါးစောင်၌ ထား၍ မစားအံ့ဟု ကျင့်ကြံအားထုတ်မှု ကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
(မြောက်ကဲ့သို့) ပါးစောင်၌ ထား၍ မစားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ (မြောက်ကဲ့သို့) ပါးစောင်တစ်ဖက်၌ဖြစ်စေ ပါးစောင်နှစ်ဖက်လုံး၌ဖြစ်စေ ထားလျက် စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းတို့အား အာပတ် မသင့်၊ သစ်သီးကြီးငယ်တို့၌လည်း အာပတ်မသင့်။ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။
၆၂၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်ကို ခါလျက် ခါလျက် စားကုန်၏။ပ။
၁၉၂။ ၄၇- ''လက်ကို ခါလျက် ခါလျက် မစားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
လက်ကို ခါလျက် ခါလျက် မစားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လက်ကို ခါလျက် ခါလျက် စားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း တို့အား အာပတ် မသင့်၊ အမှိုက်ကို စွန့်လို၍ လက်ကို ခါအံ့၊ ဘေးရန်တို့ကြောင့် လက်ကို ခါအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။
၆၂၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုံးကို ကြဲကာ ကြဲကာ စားကုန်၏။ပ။
၁၉၃။ ၄၈- ''ဆွမ်းလုံးကို ကြဲကာ ကြဲကာ မစားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဆွမ်းလုံးကို ကြဲကာ ကြဲကာ မစားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းလုံးကို ကြဲကာ ကြဲကာ စားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း တို့အား အာပတ် မသင့်၊ အမှိုက်ကို စွန့်လို၍ ဆွမ်းလုံးကို ကြဲစွန့်မိအံ့၊ အာပတ် မသင့်။ ဘေးရန်တို့ ကြောင့်လည်း အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။
၆၂၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် လျှာကို ထုတ်ကာ ထုတ်ကာ စားကုန်၏။ပ။
၁၉၄။ ၄၉- ''လျှာကို ထုတ်ကာ ထုတ်ကာ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
လျှာကို ထုတ်ကာ ထုတ်ကာ မစားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လျှာကို ထုတ်ကာ ထုတ်ကာ စားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။
၆၂၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပျတ်ပျတ်အသံပြု၍ စားကုန်၏။ပ။
၁၉၅။ ၅၀- ''ပျတ်ပျတ်အသံပြု၍ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ပျတ်ပျတ်အသံကို ပြု၍ မစားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ပျတ်ပျတ်အသံ ပြု၍ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
ပဉ္စမ ကဗဠဝဂ် ပြီး၏။