Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

7. Pādukavaggo

Author: my-tipitaka @ visuddhinanda

၆၃၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခြေနင်းစီးထားသော သူအား တရားဟောကုန်၏။ပ။
၂၀၆။ ၆၁ - ''ခြေနင်းစီးထားသော မနာမဖျားသူအား တရားကို မဟောအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ခြေနင်းစီးထားသော မနာမဖျားသူအား တရားမဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ နင်းသောသူအားဖြစ်စေ စွပ်သောသူအား ဖြစ်စေ (ဖနှောင့်ပိုင်းမျှ) ချွတ်သောသူအားဖြစ်စေ မနာမဖျားသူအား တရားကို ဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ်ပြီး၏။
၆၃၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဖိနပ်စီးထားသောသူအား တရားဟောကုန်၏။ပ။
၂၀၇။ ၆၂ - ''ဖိနပ်စီးထားသော မနာမဖျားသူအား တရားမဟောအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဖိနပ်စီးထားသော မနာမဖျားသူအား တရားမဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ နင်းသောသူအားဖြစ်စေ စွပ်သောသူအား ဖြစ်စေ (ဖနှောင့်ပိုင်းမျှ) ချွတ်သောသူအားဖြစ်စေ မနာမဖျားသူအား တရားကို ဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ်ပြီး၏။
၆၄၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ယာဉ်စီးသောသူအား တရား ဟောကုန်၏။ပ။
၂၀၈။ ၆၃ - ''ယာဉ်စီးသော မနာမဖျားသူအား တရားမဟောအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ယာဉ် မည်သည် ပေါင်းချုပ် ရထား လှည်း သံလျင်း ထမ်းစင် ပုဆိုးသံလျင်းတည်း။
ယာဉ်စီးသော မနာမဖျားသူအား တရားမဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ယာဉ်စီးသော မနာမဖျားသူအား တရားကို ဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ်ပြီး၏။
၆၄၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် အိပ်ယာ၌အိပ်နေသော သူအား တရားဟောကုန်၏။ပ။
၂၀၉။ ၆၄- ''အိပ်ယာ၌အိပ်နေသော မနာမဖျားသူအား တရားမဟောအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
အိပ်ယာ၌ အိပ်နေသော မနာမဖျားသူအား တရားမဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ အယုတ်သဖြင့် မြေ၌သော်လည်း အိပ်နေသော မနာမဖျားသူအား တရားဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ်ပြီး၏။
၆၄၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်အာယောဂပတ် ပုဆိုး အာယောဂပတ်ဖွဲ့လျက် ထိုင်နေသောသူအား တရားဟောကုန်၏။ပ။
၂၁၀။ ၆၅- ''အာယောဂပတ်ဖွဲ့လျက် ထိုင်နေသော မနာမဖျားသူအား တရား မဟောအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
အာယောဂပတ်ဖွဲ့လျက် ထိုင်နေသော မနာမဖျားသူအား တရားမဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လက်အာယောဂပတ်ဖွဲ့လျက်လည်းကောင်း၊ ပုဆိုးအာယောဂပတ်ဖွဲ့လျက်လည်းကောင်း ထိုင်နေသော မနာမဖျားသူအား တရားဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ်ပြီး၏။
၆၄၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဦးရစ်ပေါင်းသော သူအား တရားဟောကုန်၏။ပ။
၂၁၁။ ၆၆ - ''ဦးရစ်ပေါင်းသော မနာမဖျားသူအား တရားမဟောအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဦးရစ်ပေါင်းသူ မည်သည် ဆံစကို မမြင်စေမူ၍ (ဦးခေါင်းကို) ရစ်ပတ်ထားသူတည်း။
ဦးရစ်ပေါင်းသော မနာမဖျားသူအား တရားမဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဦးရစ်ပေါင်းသော မနာမဖျားသူအား တရား ဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း တို့အား အာပတ် မသင့်၊ ဆံစကို ဖော်စေ၍ ဟောအံ့၊ အာပတ် မသင့်။ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ်ပြီး၏။
၆၄၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဦးခေါင်းခြုံထားသော သူအား တရားဟောကုန်၏။ပ။
၂၁၂။ ၆ရ - ''ဦးခေါင်းခြုံထားသော မနာမဖျားသူအား တရားမဟောအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဦးခေါင်းခြုံထားသူ မည်သည် ခေါင်းနှင့်တကွ ခြုံထားသူကို ဆို၏။
ဦးခေါင်းခြုံထားသော မနာ မဖျားသူအား တရားမဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဦးခေါင်းခြုံထားသော မနာမဖျားသူအား တရားကို ဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း တို့အား အာပတ် မသင့်၊ ဦးခေါင်းကို ဖော်စေ၍ ဟောအံ့၊ အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။
၆၄၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြေ၌ ထိုင်နေ၍ နေရာ၌ ထိုင်နေသူအား တရားဟောကုန်၏။ပ။
၂၁၃။ ၆၈ - ''မြေ၌ ထိုင်နေ၍ နေရာ၌ ထိုင်နေသော မနာမဖျားသူအား တရားကို မဟောအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
မြေ၌ ထိုင်နေ၍ နေရာ၌ ထိုင်နေသော မနာမဖျားသူအား တရားမဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ မြေ၌ ထိုင်နေ၍ နေရာ၌ ထိုင်နေသော မနာ မဖျားသူအား တရားဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။
၆၄၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် နိမ့်သော နေရာ၌ ထိုင်နေ၍ မြင့်သော နေရာ၌ ထိုင်နေသူအား တရားဟောကုန်၏။ပ။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် နိမ့်သော နေရာ၌ ထိုင်နေ၍ မြင့်သော နေရာ၌ ထိုင်နေသူအား တရားဟောကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် နိမ့်သော နေရာ၌ ထိုင်နေ၍ မြင့်သော နေရာ၌ ထိုင်နေသော သူအား တရားဟောကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် နိမ့်သော နေရာ၌ ထိုင်နေ၍ မြင့်သော နေရာ၌ ထိုင်နေသူ အား တရားဟောကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။
၆၄၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုင်နေသော သူအား ရပ်လျက် တရားဟောကုန်၏။ပ။
၂၁၅။ ၇၀- ''ထိုင်နေသော မနာမဖျားသူအား ရပ်လျက် တရားကို မဟောအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ထိုင်နေသော မနာမဖျားသူအား ရပ်လျက် တရားကို မဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ထိုင်နေသော မနာမဖျားသူအား ရပ်လျက် တရားကို ဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ်ပြီး၏။
၆၄၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှေ့ကသွားသောသူအား နောက်ကလိုက်လျက် တရားကို ဟောကုန်၏။ပ။
၂၁၆။ ၇၁ - ''ရှေ့ကသွားသော မနာမဖျားသူအား နောက်ကလိုက်လျက် တရားကို မဟောအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ရှေ့ကသွားသော မနာမဖျားသူအား နောက်ကလိုက်၍ တရားမဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ရှေ့ကသွားသော မနာမဖျားသူအား နောက်ကလိုက်လျက် တရားဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဧကာဒသမသိက္ခာပုဒ်ပြီး၏။
၆၅၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခရီးလမ်းအတိုင်း သွားသော သူအား ခရီးလမ်း မဟုတ်ဘဲ သွားလျက် တရားကို ဟောကုန်၏။ပ။
၂၁၇။ ၇၂ - ''ခရီးလမ်းအတိုင်း သွားသော မနာမဖျားသူအား ခရီးလမ်းမဟုတ်ဘဲ သွားလျက် တရား မဟောအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ခရီးလမ်းဖြင့် သွားသော မနာမဖျားသူအား ခရီးလမ်းမဟုတ်ဘဲ သွားလျက် တရားမဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ခရီးလမ်းဖြင့် သွားသော မနာမဖျားသူအား ခရီးလမ်း မဟုတ်ဘဲ သွားလျက် တရားဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒွါဒသမသိက္ခာပုဒ်ပြီး၏။
၆၅၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း ရပ်လျက် စွန့်ကုန်၏။ပ။
၂၁၈။ ၇၃ - ''ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း မနာမဖျားဘဲ ရပ်လျက် မစွန့်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ကျင်ကြီးကိုလည်းကောင်း ကျင်ငယ်ကိုလည်းကောင်း မနာမဖျားဘဲ ရပ်လျက် မစွန့်အပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကို လည်းကောင်း မနာမဖျားဘဲ ရပ်လျက် စွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
တေရသမသိက္ခာပုဒ်ပြီး၏။
၆၅၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် စိမ်းသော မြက်သစ်ပင်ရှိရာ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း စွန့်ကုန်၏။ပ။
၂၁၉။ ၇၄- ''စိမ်းသော မြက်သစ်ပင် ရှိရာ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကို လည်းကောင်း၊ တံတွေးကိုလည်းကောင်း မနာမဖျားဘဲ မစွန့်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
စိမ်းသော မြက်သစ်ပင် ရှိရာ၌ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေး ကိုလည်းကောင်း မနာမဖျားဘဲ မစွန့်အပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ စိမ်းသော မြက်သစ်ပင်ရှိရာ၌ ကျင်ကြီးကို လည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း မနာမဖျားဘဲ စွန့်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း တို့အား အာပတ် မသင့်။ စိမ်းသော မြက်သစ်ပင် မရှိရာ၌ စွန့်သော ကျင်ကြီး ကျင်ငယ် တံတွေးသည် စိမ်းသော မြက် သစ်ပင်ရှိရာသို့ လွှမ်းမိုးသွားအံ့၊ အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စုဒ္ဒသမသိက္ခာပုဒ်ပြီး၏။
၆၅၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ စွန့်ကုန်၏။
လူတို့သည် ''အဘယ့်ကြောင့်သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ကာမ စည်းစိမ်ကို ခံစားသော သူတို့ကဲ့သို့ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေး ကိုလည်းကောင်း ရေ၌ စွန့်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကျင်ကြီးကိုလည်း ကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ စွန့်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်း ကောင်း ရေ၌ စွန့်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ စွန့်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကို လည်းကောင်း ရေ၌ မစွန့်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၆၅၄။ ထိုစဉ်အခါ၌ နာဖျားသော ရဟန်းတို့သည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်း ကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ စွန့်ခြင်းငှါ မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည် ဖြစ်၍
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤ အကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို
''ရဟန်းတို့ နာဖျားသော ရဟန်းသည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ စွန့်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟုမိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၂၀။ ၇၅- (ခ) ''ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကို လည်းကောင်း မနာမဖျားဘဲ ရေ၌ မစွန့်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန် လော့ဟု မိန့်တော်မူ၏)။
မနာမဖျားဘဲ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ မစွန့်အပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ မနာမဖျားဘဲ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ရေ၌ စွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းတို့အား အာပတ် မသင့်၊ ကြည်းကုန်း၌ စွန့်သော ကျင်ကြီး ကျင်ငယ် တံတွေးသည် ရေသို့ သက်ဆင်းအံ့၊ အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ရဟန်း၊ စိတ်ပျံ့လွင့်သော ရဟန်း၊ ဝေဒနာနှိပ်စက်သော ရဟန်း၊ အလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပန္နရသမသိက္ခာပုဒ် ပြီး၏။
သတ္တမပါဒုကဝဂ် ပြီး၏။
အသျှင်တို့ သေခိယသိက္ခာပုဒ်တို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
ထိုသေခိယသိက္ခာပုဒ်တို့၌ အသျှင်တို့ကို မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
နှစ်ကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
သုံးကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
အသျှင်တို့သည် ဤသေခိယသိက္ခာပုဒ်တို့၌ အာပတ်မှ စင်ကြယ်ကြပါကုန်၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည့် အဖြစ်ကို သိမှတ်ရပါသည်။
သေခိယ
အခန်းပြီး၏။