Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

2. Ujjagghikavaggo

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၅၈၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ သွားကုန်၏။ပ။
၁၅၆။ ၁၁ ''ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံ အားထုတ် မှုကို ပြုရ မည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ မသွားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ ပြင်းစွာ ရယ်မောဖွယ် အကြောင်းရှိခဲ့သော် ပြုံးရုံမျှ ပြုံးအံ့၊ အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။
၅၈၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ နေထိုင်ကုန်၏။ပ။
၁၅၇။ ၁၂- ''ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ မနေထိုင်အပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ပြင်းစွာ ရယ်မောဖွယ် အကြောင်းရှိခဲ့သော် ပြုံးရုံမျှပြုံးအံ့၊ အာပတ် မသင့်၊ ဘေးရန် တို့ကြောင့် အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ်ပြီး၏။
၅၈၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စူးရှကျယ်လောင်သော အသံကို ပြုလျက် ရွာတွင်း၌ သွားကုန်၏။ပ။
၁၅၈။ ၁၃- ''ငယ်သော 'ဖြည်းညှင်းသော' အသံ ရှိသည် ဖြစ်၍ ရွာတွင်း၌ သွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ငယ်သော 'ဖြည်းညှင်းသော' အသံ ရှိသည်ဖြစ်၍ ရွာတွင်း၌ သွားအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ စူးရှကျယ်လောင်သော အသံကိုပြုလျက် ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ်ပြီး၏။
၅၈၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စူးရှကျယ်လောင်သော အသံကို ပြုလျက် ရွာတွင်း၌ နေထိုင်ကုန်၏။ပ။
၁၅၉။ ၁၄- ''ငယ်သော 'ဖြည်းညှင်းသော' အသံ ရှိသည်ဖြစ်၍ ရွာတွင်း၌ နေထိုင်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ငယ်သော 'ဖြည်းညှင်းသော' အသံရှိသည်ဖြစ်၍ ရွာတွင်း၌ နေထိုင်အပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ စူးရှကျယ်လောင်သော အသံကိုပြုလျက် ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ်ပြီး၏။
၅၉၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကိုယ်ကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ သွားကုန်၏။ပ။
၁၆၀။ ၁၅- ''ကိုယ်ကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ကိုယ်ကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မသွားအပ်။
ကိုယ်ကို ထိန်းသိမ်း၍ 'ဖြောင့်စွာထား၍' သွားအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ကိုယ်ကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။
၅၉၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကိုယ်ကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ နေထိုင်ကုန်၏။ပ။
၁၆၁။ ၁၆- ''ကိုယ်ကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ကိုယ်ကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မနေထိုင်အပ်။
ကိုယ်ကို ထိန်းသိမ်း၍ 'ဖြောင့်စွာထား၍' နေထိုင်အပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ကိုယ်ကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါ ချဉ်းကပ်သော ရဟန်း 'ရွာတွင်း၌ ခေတ္တတည်းခိုနေသောရဟန်း' အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ်ပြီး၏။
၅၉၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်မောင်းကို ဝှေ့ယမ်းကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ သွားကုန်၏။ပ။
၁၆၂။ ၁၇- ''လက်မောင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
လက်မောင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မသွားအပ်၊
လက်မောင်းကို ထိန်းသိမ်း၍ 'မလှုပ် မရှက်ထား၍' သွားအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လက်မောင်းကို ဝှေ့ယမ်းကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ်ပြီး၏။
၅၉၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်မောင်းကို ဝှေ့ယမ်းကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ နေထိုင်ကုန်၏။ပ။
၁၆၃။ ၁၈- ''လက်မောင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
လက်မောင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မနေထိုင်အပ်၊
လက်မောင်းကို ထိန်းသိမ်း၍ 'မလှုပ် မရှက်ထား၍' နေထိုင်အပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လက်မောင်းကို ဝှေ့ယမ်းကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါ ချဉ်းကပ်သော ရဟန်း 'ရွာတွင်း၌ ခေတ္တတည်းခိုနေသောရဟန်း'အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ်ပြီး၏။
၅၉၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဦးခေါင်းကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ သွားကုန်၏။ပ။
၁၆၄။ ၁၉- ''ဦးခေါင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဦးခေါင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မသွားအပ်၊
ဦးခေါင်းကို ထိန်းသိမ်း၍ 'မလှုပ်မရှက် ဖြောင့်စွာထား၍' သွားအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဦးခေါင်းကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ်ပြီး၏။
၅၉၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဦးခေါင်းကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ နေထိုင်ကုန်၏။ပ။
၁၆၅။ ၂၀- ''ဦးခေါင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဦးခေါင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မနေထိုင်အပ်၊
ဦးခေါင်းကို ထိန်းသိမ်း၍ 'မလှုပ်မရှက် ဖြောင့်စွာထား၍' နေထိုင်အပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဦးခေါင်းကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍့ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသောရဟန်း၊ နေခြင်းငှါ ချဉ်းကပ်သော ရဟန်း 'ရွာတွင်း၌ ခေတ္တတည်းခိုနေသော ရဟန်း' အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ်ပြီး၏။
ဒုတိယ ဥဇ္ဇ ဂ္ဃိကဝဂ်ပြီး၏။