Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

8. Bhūtārocanasikkhāpadaṃ

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၆၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောတွင် ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ သီတင်းသုံးနေတော်မူသောအခါ
မြင်ဖူးခါမျှ မိတ်ဆွေ အတူနေ အတူစားမိတ်ဆွေဖြစ်သော များစွာသော ရဟန်းတို့သည် ဝဂ္ဂုမုဒါ မြစ်ကမ်းနား၌ ဝါကပ်နေထိုင်ကြကုန်၏။
ထိုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန်ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုး ရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏။ သပိတ်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။
ထိုအခါ ထိုရဟန်းတို့အား-
''ယခုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန်၁ ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုး ရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏။ သပိတ်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။
ငါတို့သည်အဘယ်နည်းဖြင့် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပါအံ့နည်း၊ ဆွမ်းဖြင့်လည်း မပင်ပန်းဘဲ ရှိပါကုန်အံနည်း''ဟု အကြံဖြစ်၏။
အချို့သော ရဟန်းတို့က-
''ငါ့သျှင်တို့ ယခု ငါတို့သည် လူတို့၏ အမှုကြီးငယ်ကို စီရင်ကြကုန်အံ့၊
ဤသို့ စီရင်လျှင်ထိုလူတို့သည် ငါတို့အား ပေးလှူကြဖို့ရာ အမှတ်ရကြပေလိမ့်မည်၊
ဤသို့ လှူဒါန်းကြလျှင် ငါတို့ သည်အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရပေလိမ့်မည်''ဟု ပြောဆိုကြကုန်၏။
အချို့သော ရဟန်းတို့က-
''ငါ့သျှင်တို့ လူတို့၏ အမှုကြီးငယ်ကို စီရင်ကြခြင်းဖြင့် အကျိုး မရှိကြပါ၊
ငါ့သျှင်တို့ ယခု ငါတို့သည်လူတို့၏ တမန်မှုကို ဆောင်ကုန်အံ့၊
ဤသို့ဆောင်လျှင် လူတို့သည် ငါတို့အား ပေးလှူ ကြဖို့ရာအမှတ်ရကြပေလိမ့်မည်၊
ဤသို့ လှူဒါန်းကြလျှင် ငါတို့သည် အညီအညွတ် ဝမ်းမြောက် ဝမ်းသာမငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲရှိကြရပေလိမ့်မည်''ဟု ပြောဆိုကြကုန်၏။
အချို့သော ရဟန်းတို့က-
''ငါ့သျှင်တို့ မသင့်လျော်ပါ၊
လူတို့၏ အမှုကြီးငယ်ကို စီရင်ကြခြင်းဖြင့် အဘယ်အကျိုး ရှိပါမည်နည်း။
လူတို့၏ တမန်မှုကို ဆောင်ခြင်းဖြင့် အဘယ်အကျိုး ရှိကြပါမည်နည်း၊
ငါ့သျှင်တို့ ယခု ငါတို့သည်လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ် သောဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကုန်အံ့၊
''ဤအမည်ရှိသော ရဟန်းသည် ပဌမဈာန်ကို ရ၏၊ ဤအမည်ရှိသော ရဟန်းသည် ဒုတိယဈာန်ကို ရ၏၊ ဤအမည်ရှိသော ရဟန်း သည် တတိယဈာန်ကိုရ၏။ ဤအမည်ရှိသော ရဟန်းသည် စတုတ္ထဈာန်ကို ရ၏၊ ဤအမည် ရှိသော ရဟန်းသည်သောတာပန်တည်း၊ ဤအမည်ရှိသော ရဟန်းသည် သကဒါဂါမ်တည်း၊ ဤအမည်ရှိသော ရဟန်းသည်အနာဂါမ်တည်း၊ ဤအမည်ရှိသော ရဟန်းသည် ရဟန္တာတည်း၊ ဤအမည်ရှိသော ရဟန်းသည်ဝိဇ္ဇာသုံးပါးကို ရ၏၊ ဤအမည်ရှိသော ရဟန်းသည် အဘိညာဉ် ခြောက်ပါးကို ရ၏''ဟု ပြောဆိုကုန်အံ့၊
ဤသို့ ပြောဆိုကြလျှင် ထိုလူတို့သည် ငါတို့အား ပေးလှူ သင့်သည်ဟု မှတ်ထင်ကြပေလိမ့်မည်။
ဤသို့လှူဒါန်းကြလျှင် ငါတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရပေလိမ့်မည်''ဟု ပြောဆိုကြကုန်၏။
ငါ့သျှင်တို့ လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သောဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို ပြောခြင်းသည်သာလျှင် မြတ်၏ဟု သဘောတူညီကြလေ၏။
ထို့နောက် ထိုရဟန်းတို့သည် လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါး ထက်လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကြကုန်၏။
''ဤအမည်ရှိသော ရဟန်းသည်ပဌမဈာန်ကို ရ၏။ပ။ ဤအမည်ရှိသော ရဟန်းသည် အဘိညာဉ်ခြောက်ပါးကို ရ၏''ဟု ပြောဆိုကြကုန်၏။
ထိုအခါ ထိုလူတို့သည်
''ငါတို့အား အရတော်ကြလေစွတကား၊ ငါတို့သည် ကောင်းစွာ ရကြပေစွတကား၊ အကြင်ငါတို့၏ အထံ၌ ဤကဲ့သို့သော ရဟန်းတော်များသည် ဝါကပ်တော်မူကြပေသည်တကား၊ အကျင့်သီလနှင့် ကောင်းသော တရားဓမ္မ ရှိကုန်သော ဤရဟန်းတို့ကဲ့သို့သော ရဟန်းတို့သည် ဤအခါမှ ရှေးက ငါတို့၏ အထံ၌ ဝါကပ်တော်မမူကြဖူးပေတကား''ဟု
အကြင် ဘောဇဉ် ခဲဖွယ် လျက်ဖွယ်သောက်ဖွယ်မျိုးတို့ကို မိမိတို့ မသုံးဆောင်ကြ မခဲကြ မလျက်ကြ မသောက်ကြကုန်၊ မိဘ သားမယားကျွန်အမှုလုပ် မိတ်ဆွေခင်ပွန်း ဆွေမျိုး သားချင်းတို့အား မပေးကြကုန်၊ ထိုဘောဇဉ် ခဲဖွယ် လျက်ဖွယ်သောက်ဖွယ်တို့ကို ရဟန်းတို့အားသာ ပေးလှူကြကုန်၏။
ထိုအခါ ထိုရဟန်းတို့အား အဆင်းလှခြင်း ဣန္ဒြေပြည့်ဖြိုးခြင်း မျက်နှာအဆင်း ကြည်လင်ခြင်းကိုယ်ရေအဆင်း အထူးကြည်လင်ခြင်း ရှိကြကုန်၏။
၆၈။ ဝါမှထကုန်သော ရဟန်းတို့၏ မြတ်စွာဘုရားကို ဖူးမျှော်ကန်တော့ရန် ချဉ်းကပ်ကြခြင်းသည်အလေ့အထပင် ဖြစ်၏။
ထိုအခါ သုံးလလွန်မြောက်၍ ဝါမှထကုန်သော ထိုရဟန်းတို့သည် ကျောင်းအိပ်ရာနေရာကို သိုမှီးပြီးလျှင်သပိတ်သင်္ကန်းကို ယူ၍ ဝေသာလီပြည်သို့ ချဉ်းကပ်ကုန်၏။
အစဉ်သဖြင့် ဝေသာလီပြည် မဟာဝုန်တောပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင်
မြတ်စွာဘုရားကိုရှိခိုး၍ တစ်ခုသော နေရာ၌ နေကြကုန်၏။
ထိုအခါ အရပ်လေးမျက်နှာတို့၌ ဝါမှထကုန်သော ရဟန်းတို့သည် ပိန်ကြုံကြကုန်၏၊ အသွေး အသားခေါင်းပါးကြကုန်၏။ မလှသော ရုပ်အဆင်း ရှိကြကုန်၏။ (ဖက်ရွက်ရော်ကဲ့သို့) ဖျော့တော့သော အဆင်းရှိကြကုန်၏၊ (ကွန်ရွက်ဖြန့်ခင်းသကဲ့သို့) အကြောပြိုင်းပြိုင်းထသောကိုယ် ရှိကြကုန်၏၊
ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့သည်ကား လှပသော အဆင်း ရှိကြကုန်၏၊ ပြည့်ဖြိုးသော ဣန္ဒြေရှိကြကုန်၏၊ ကြည်လင်သော မျက်နှာအဆင်း ရှိကြကုန်၏၊ အထူးကြည်လင်သော ကိုယ်ရေအဆင်းရှိကြကုန်၏။
အာဂန္တုရဟန်းတို့နှင့် အတူတကွ ဝမ်းမြောက်စွာ နှုတ်ဆက်စကား ပြောကြားတော်မူခြင်းသည်ဘုန်းတော်ကြီးသော မြတ်စွာဘုရားတို့၏ အလေ့အထပင် ဖြစ်၏။
ထိုအခါ မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့အား-
''ရဟန်းတို့ ကျန်းမာကြကုန်၏လော၊ မျှတကြကုန်၏လော၊ အညီအညွတ် ဝမ်းမြောက် ဝမ်းသာမငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရကုန်၏လော၊ ဆွမ်းအတွက်လည်း မပင်မပန်းဘဲ ရှိကြကုန်၏လော''ဟု မေးတော်မူရာ-
ကျန်းမာကြပါသည် မြတ်စွာဘုရား၊ မျှတကြပါသည် မြတ်စွာဘုရား၊
တပည့်တော်တို့သည် အညီ အညွတ်ဝမ်းမြောက်ဝမ်းသာ မငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရပါသည် မြတ်စွာဘုရား၊ ဆွမ်း အတွက်လည်းမပင်မပန်းဘဲ ရှိကြပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုရားသျှင်တို့သည် သိလျက်လည်း မေးတော်မူကုန်၏၊ သိလျက်လည်း မေးတော်မမူကုန်။
အချိန်အခါကို သိ၍ မေးတော်မူကုန်၏၊ အချိန်အခါကို သိ၍ မေးတော်မမူကုန်၊
မြတ်စွာဘုရားတို့သည်အကျိုးနှင့်စပ်သည်ကို မေးတော်မူကုန်၏၊ အကျိုးနှင့်မစပ်သည်ကို မေးတော်မမူကုန်၊
မြတ်စွာဘုရားတို့သည် အကျိုးနှင့်မစပ်သည်တို့ကို မဂ်ဖြင့် ပယ်တော်မူပြီးဖြစ်ကုန်၏။
''တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့်သာဝကတို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့''ဟူသော အကြောင်းနှစ်မျိုးတို့ဖြင့် ဘုန်းတော်ကြီးကုန်သော မြတ်စွာဘုရားတို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။
ထို့နောက်မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့ကို
''ရဟန်းတို့ သင်တို့သည် အဘယ်သို့လျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြကုန်သနည်း၊ ဆွမ်းအတွက်လည်းမပင်ပန်းဘဲ ရှိကြကုန်သနည်း''ဟု မေးတော်မူသောအခါ
ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို ပြန်ကြားလျှောက်ထားကြကုန်၏။
ရဟန်းတို့ သင်တို့အား (ဈာန်မဂ်ဖိုလ်တရား) ထင်ရှား ရှိကြပါ၏လောဟု (မေးတော်မူရာ) -
ထင်ရှားရှိပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ သင်တို့သည် ဝမ်းရေး အတွက်လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို အဘယ့်ကြောင့် ပြောဆိုကြကုန်ဘိသနည်း။
ရဟန်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၆၉။ ''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူအား လူတို့၏ ကုသိုလ် ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ပြောကြားငြား အံ့၊ ပြောတိုင်းဟုတ်မှန်သော် (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။
၇၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍အလိုရှိအပ်၏။
ရဟန်းမဟုတ်သောသူ မည်သည် ရဟန်းယောက်ျား ရဟန်းမိန်းမကို ချန်ထား၍ ကြွင်းသော သူသည်ရဟန်းမဟုတ်သောသူ မည်၏။
လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား မည်သည် ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ်၊ ဉာဏ်အမြင်၊ မဂ်ကို ပွားများခြင်း၊ ဖိုလ်ကို မျက်မှောက်ပြုခြင်း၊ ကိလေသာကို ပယ်ခြင်း၊ စိတ်၏ အပိတ်အပင် 'နီဝရဏ' မှကင်းခြင်း၊ ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌မွေ့လျော်ခြင်းတည်း။
ဈာန်ဟူသည် ပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တည်း။
ဝိမောက္ခဟူသည် ကိလေသာ ဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း 'သုညတဝိမောက္ခ'၊ ကိလေသာအကြောင်းနိမိတ် မရှိ၍ လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ'၊ ကိလေသာ တောင့်တမှုမရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ'တည်း။
သမာဓိဟူသည် ကိလေသာ ဆိတ်သုဉ်း၍ တည်ကြည်ခြင်း 'သုညတသမာဓိ'၊ ကိလေသာအကြောင်းနိမိတ် မရှိ၍ တည်ကြည်ခြင်း 'အနိမိတ္တသမာဓိ'၊ ကိလေသာ တောင့်တမှုမရှိ၍ တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ' တည်း။
သမာပတ်ဟူသည် ကိလေသာ ဆိတ်သုဉ်း၍ ဝင်စားခြင်း 'သုညတသမာပတ်'၊ ကိလေသာအကြောင်းနိမိတ် မရှိ၍ ဝင်စားခြင်း 'အနိမိတ္တသမာပတ်'၊ ကိလေသာ တောင့်တမှုမရှိ၍ ဝင်စားခြင်း 'အပ္ပဏိဟိတသမာပတ်' တည်း။
ဉာဏ်အမြင်ဟူသည် ဝိဇ္ဇာသုံးပါးတည်း။
မဂ်ကို ပွါးများခြင်းဟူသည် သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါးဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး မြတ်သော မဂ္ဂင်ရှစ်ပါးတည်း။
ဖိုလ်ကိုမျက်မှောက်ပြုခြင်းဟူသည် သောတာပထ္ထိဖိုလ်ကို မျက်မှောက်ပြုခြင်း၊ သကဒါဂါမိဖိုလ်ကိုမျက်မှောက်ပြုခြင်း၊ ၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်း၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းတည်း။
ကိလေသာကိုပယ်ခြင်းဟူသည် ရာဂကို ပယ်ခြင်း၊ ဒေါသကို ပယ်ခြင်း၊ မောဟကို ပယ်ခြင်းတည်း။
စိတ်၏ အပိတ်အပင် 'နီဝရဏ' မှ ကင်းခြင်းဟူသည် ရာဂမှ စိတ်၏ အပိတ်အပင် 'နီဝရဏ'ကင်းခြင်း၊ ဒေါသမှ စိတ်၏ အပိတ်အပင် 'နီဝရဏ' ကင်းခြင်း၊ မောဟမှ စိတ်၏ အပိတ်အပင် 'နီဝရဏ'ကင်းခြင်းတည်း။
ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်းဟူသည် ပဌမဈာန်ဖြင့် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌မွေ့လျော်ခြင်း၊ ဒုတိယဈာန်ဖြင့် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်း၊ တတိယဈာန်ဖြင့်ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်း၊ စတုတ္ထဈာန်ဖြင့် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်းတည်း။
၇၁။ ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ဝင်စား၏ဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ဝင်စားနေ၏ဟု ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ရ၏ဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို လေ့လာ၏ဟု ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆို သောရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဒုတိယဈာန်ကို။ပ။ တတိယဈာန်ကို။ စတုတ္ထ ဈာန်ကိုဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ စတုတ္ထဈာန်ကို ရ၏၊ လေ့လာ၏၊ စတုတ္ထဈာန်ကိုငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ကိလေသာ ဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း 'သုညတဝိမောက္ခ'ကို။ပ။ ကိလေသာ အကြောင်းနိမိတ် မရှိ၍ လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ'ကို။ ကိလေသာ တောင့်တမှု မရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ'ကို။ ကိလေသာဆိတ်သုဉ်း၍တည်ကြည်ခြင်း 'သုညတသမာဓိ'ကို။ ကိလေသာ အကြောင်းနိမိတ် မရှိ၍ တည်ကြည်ခြင်း 'အနိမိတ္တသမာဓိ'ကို။ ကိလေသာ တောင့်တခြင်း မရှိ၍ တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ'ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ 'အပ္ပဏိဟိတသမာဓိ'ကို ရ၏၊ လေ့လာ၏၊ အပ္ပဏိဟိတသမာဓိကိုငါမျက်မှောက် ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ကိလေသာ ဆိတ်သုဉ်း၍ ဝင်စားခြင်း 'သုညတသမာပတ်' ကို။ပ။ ကိလေသာ အကြောင်းနိမိတ် မရှိ၍ ဝင်စားခြင်း 'အနိမိတ္တသမာပတ်'ကို။ ကိလေသာ တောင့်တခြင်း မရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတသမာပတ်'ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ 'အပ္ပဏိဟိတသမာပတ်'ကို ရ၏၊ လေ့လာ၏၊ အပ္ပဏိဟိတသမာပတ်ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဝိဇ္ဇာသုံးပါးတို့ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဝိဇ္ဇာသုံးပါးကို ရ၏၊ လေ့လာ၏၊ ဝိဇ္ဇာသုံးပါးတို့ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား သတိပဋ္ဌာန်လေးပါးတို့ကို။ပ။ သမ္မပ္ပဓာန်လေးပါးတို့ကို။ ဣဒ္ဓိပါဒ်လေးပါးတို့ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဣဒ္ဓိပါဒ်လေးပါးတို့ကိုရ၏၊ လေ့လာ၏၊ ဣဒ္ဓိပါဒ်လေးပါးတို့ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဣန္ဒြေငါးပါးတို့ကို။ပ။ ဗိုလ်ငါးပါးတို့ကို ဝင်စား ခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဗိုလ်ငါးပါးတို့ကို ရ၏၊ လေ့လာ၏၊ ဗိုလ်ငါးပါးတို့ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ရ၏၊ လေ့လာ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား မြတ်သော မဂ္ဂင်ရှစ်ပါးကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ မြတ်သော မဂ္ဂင်ရှစ်ပါးကို ရ၏၊ လေ့လာ၏၊ မြတ်သော မဂ္ဂင်ရှစ်ပါးကို ငါ မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား သောတာပတ္တိဖိုလ်ကို။ပ။ သကဒါဂါမိဖိုလ်ကို။ အနာဂါမိဖိုလ်ကို။ အရဟတ္တဖိုလ်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ အရဟတ္တဖိုလ်ကို ရ၏၊ လေ့လာ၏၊ အရဟတ္တဖိုလ်ကို ငါမျက်မှောက် ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ်သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ငါသည် ရာဂကို စွန့်ပြီ။ပ။ ငါသည် ဒေါသကို စွန့်ပြီ၊ ငါသည် မောဟကို စွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာထိတ်လန့်စေပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ငါ၏ စိတ်သည် ရာဂမှ အပိတ်အပင်ကင်း၏။ပ။ ငါ၏စိတ်သည် ဒေါသမှ အပိတ်အပင်ကင်း၏၊ ငါ၏ စိတ်သည် မောဟမှ အပိတ်အပင်ကင်း၏ဟု ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဆိတ်ငြိမ်ရာ၌ ပဌမဈာန်ကို။ပ။ ဒုတိယဈာန်ကို။ တတိယဈာန်ကို။ စတုတ္ထဈာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကိုရ၏၊ လေ့လာ၏၊ ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။
၇၂။ ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း၊ မျက်မှောက်ပြု အပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ပဌမဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း။ပ။ ပဌမဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ပဌမဈာန်ကိုလည်းကောင်း၊ သုညတဝိမောက္ခကိုလည်းကောင်း။ပ။ အနိမိတ္တဝိမောက္ခကိုလည်းကောင်း။ အပ္ပဏိဟိတဝိမောက္ခကိုလည်းကောင်း။ သုညတသမာဓိကိုလည်းကောင်း။ အနိမိတ္တသမာဓိကိုလည်းကောင်း။ အပ္ပဏိဟိတသမာဓိကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ အပ္ပဏိဟိတသမာဓိကိုလည်းကောင်း ရ၏၊ လေ့လာ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ အပ္ပဏိဟိတသမာဓိကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟုပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ပဌမဈာန်ကိုလည်းကောင်း၊ သုညတသမာပတ်ကိုလည်းကောင်း။ပ။ အနိမိတ္တသမာပတ်ကိုလည်းကောင်း။ အပ္ပဏိဟိတသမာပတ်ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ အပ္ပဏိဟိတသမာပတ်ကိုလည်းကောင်းရ၏၊ လေ့လာ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ အပ္ပဏိဟိတသမာပတ်ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ပဌမဈာန်ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ပဌမဈာန်ကိုလည်းကောင်း၊ သတိပဋ္ဌာန်လေးပါးတို့ကိုလည်းကောင်း။ပ။ သမ္မပ္ပဓာန်လေးပါးတို့ကိုလည်းကောင်း။ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်းကောင်းဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်းကောင်းရ၏၊ လေ့လာ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ပဌမဈာန်ကိုလည်းကောင်း၊ ဣန္ဒြေငါးပါးတို့ကိုလည်းကောင်း။ပ။ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ပဌမဈာန်ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်းငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ပဌမဈာန်ကိုလည်းကောင်း၊ မြတ်သော မဂ္ဂင်ရှစ်ပါးကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ မြတ်သောမဂ္ဂင်ရှစ်ပါးကိုလည်းကောင်း ရ၏၊ လေ့လာ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ မြတ်သော မဂ္ဂင်ရှစ်ပါးကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ပဌမဈာန်ကိုလည်းကောင်း၊ သောတာပတ္တိဖိုလ်ကိုလည်းကောင်း။ပ။ သကဒါဂါမိဖိုလ်ကိုလည်းကောင်း။ အနာဂါမိဖိုလ်ကိုလည်းကောင်း။ အရဟတ္တဖိုလ်ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊
ပဌမဈာန်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်းငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ပဌမဈာန်ကိုလည်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။ပ။ ရာဂကိုလည်း ငါစွန့်ပြီ၊ ဒေါသကိုလည်း ငါစွန့်ပြီ၊ မောဟကိုလည်း ငါစွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာထိတ်လန့်စေပြီဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ပဌမဈာန်ကိုလည်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။ပ။ ငါ၏ စိတ်သည် ရာဂမှလည်း အပိတ်အပင်ကင်းပြီ၊ ငါ၏ စိတ်သည် ဒေါသမှလည်းအပိတ်အပင်ကင်းပြီ၊ ငါ၏ စိတ်သည် မောဟမှလည်း အပိတ်အပင်ကင်းပြီဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။
၇၃။ ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ဒုတိယဈာန်ကိုလည်းကောင်း၊ ၊ တတိယဈာန်ကိုလည်းကောင်း။ပ။ ဒုတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ဒုတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ရ၏၊ လေ့လာ၏၊
ဒုတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်း အား ပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ဒုတိယဈာန်ကိုလည်းကောင်း၊ သုညတဝိမောက္ခကိုလည်းကောင်း။ပ။ ငါ၏ စိတ်သည် မောဟမှလည်း အပိတ်အပင်ကင်းပြီဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ဒုတိယဈာန်ကိုလည်းကောင်း၊ ပဌမဈာန်ကိုလည်းကောင်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ဒုတိယဈာန်ကိုလည်းကောင်း၊ ပဌမဈာန်ကိုလည်းကောင်းရ၏၊ လေ့လာ၏၊
ဒုတိယဈာန်ကိုလည်းကောင်း၊ ပဌမဈာန်ကိုလည်းကောင်း ငါမျက်မှောက်ပြုအပ်ပြီဟုပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။
[မူကို အကျဉ်းချုံးအပ်ပြီ]။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ငါ၏ စိတ်သည် မောဟမှလည်း အပိတ်အပင်ကင်း၏။ ပဌမဈာန်ကိုလည်း ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ငါ၏ စိတ်သည် မောဟမှလည်းအပိတ်အပင်ကင်း၏။ ပဌမဈာန်ကိုလည်း ရ၏၊ လေ့လာ၏၊
ငါ၏ စိတ်သည် မောဟမှလည်း အပိတ်အပင်ကင်း၏။ ပဌမဈာန်ကိုလည်း ငါမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ်သင့်၏။ပ။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ငါ၏ စိတ်သည် မောဟမှလည်း အပိတ်အပင်ကင်း၏။ ငါ၏ စိတ်သည် ဒေါသမှလည်း အပိတ်အပင်ကင်း၏ဟု ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။ပ။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း၊ သုညတဝိမောက္ခကိုလည်းကောင်း။ပ။ အနိမိတ္တဝိမောက္ခကိုလည်းကောင်း၊ အပ္ပဏိဟိတဝိမောက္ခကိုလည်းကောင်း၊ သုညတသမာဓိကိုလည်းကောင်း၊ အနိမိတ္တသမာဓိကိုလည်းကောင်း၊ အပ္ပဏိဟိတသမာဓိကိုလည်းကောင်း၊ သုညတသမာပတ်ကိုလည်းကောင်း၊ အနိမိတ္တသမာပတ်ကိုလည်းကောင်း၊ အပ္ပဏိဟိတသမာပတ်ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း၊ သတိပဋ္ဌာန်လေးပါးတို့ကိုလည်းကောင်း၊ သမ္မပ္ပဓာန်လေးပါးတို့ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်းကောင်း၊ ဣန္ဒြေငါးပါးတို့ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း၊ မြတ်သောမဂ္ဂင်ရှစ်ပါးကိုလည်းကောင်း၊ သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်းဝင်စားခဲ့ပြီ၊ ဝင်စားသည်။ပ။ ရာဂကိုလည်း ငါစွန့်ပြီ၊ ဒေါသကိုလည်း ငါစွန့်ပြီ၊ မောဟကိုလည်း ငါစွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီ၊ ငါ၏ စိတ်သည်ရာဂမှလည်း အပိတ်အပင်ကင်းပြီ၊ ငါ၏ စိတ်သည် ဒေါသမှလည်း အပိတ်အပင် ကင်းပြီ ငါ၏ စိတ်သည်မောဟမှလည်း အပိတ်အပင် ကင်းပြီဟု ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
၇၄။ ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုလိုလျက်ဒုတိယဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါစိတ်အာပတ်သင့်၏။ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုလိုလျက်တတိယဈာန်ကို။ပ။ စတုတ္ထဈာန်ကို သုညတဝိမောက္ခကို အနိမိတ္တဝိမောက္ခကို အပ္ပဏိဟိတဝိမောက္ခကိုသုညတသမာဓိကို အနိမိတ္တသမာဓိကို အပ္ပဏိဟိတသမာဓိကို သုညတသမာပတ်ကို အနိမိတ္တသမာပတ်ကိုအပ္ပဏိဟိတသမာပတ်ကို ဝိဇ္ဇာသုံးပါးတို့ကို သတိပဋ္ဌာန်လေးပါးတို့ကို သမ္မပ္ပဓာန်လေးပါးတို့ကို ဣဒ္ဓိပါဒ့်လေးပါးတို့ကို ဣန္ဒြေငါးပါးတို့ကို ဗိုလ်ငါးပါးတို့ကို ဗောဇ္ဈင်ခုနစ်ပါးတို့ကို မြတ်သော မဂ္ဂင်ရှစ်ပါးကိုသောတာပတ္တိဖိုလ်ကို သကဒါဂါမိဖိုလ်ကို အနာဂါမိဖိုလ်ကို အရဟတ္တဖိုလ်ကို ဝင်စားခဲ့ပြီ။ပ။ ရာဂကိုငါစွန့်ပြီ၊ ဒေါသကို ငါစွန့်ပြီ၊ မောဟကို ငါစွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီ၊ ငါ၏ စိတ်သည် ရာဂမှ အပိတ်အပင် ကင်းပြီ၊ ငါ၏ စိတ်သည် ဒေါသမှအပိတ်အပင် ကင်းပြီ၊ ငါ၏ စိတ်သည် မောဟမှ အပိတ်အပင် ကင်းပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါစိတ်အာပတ် သင့်၏။ (နားထောင်သူ) မသိနားမလည်သော်ဒုက္ကဋ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဒုတိယဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုလိုလျက်။ပ။ ငါ၏ စိတ်သည် မောဟမှ အပိတ်အပင် ကင်းပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါစိတ်အာပတ် သင့်၏။ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဒုတိယဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုလိုလျက်ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါစိတ်အာပတ်သင့်၏။ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏။ပ။
[မူကို အကျဉ်းချုံးအပ်ပြီ]။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ငါ၏ စိတ်သည် မောဟမှ အပိတ်အပင် ကင်းပြီဟုပြောဆိုလိုလျက် ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော်ပါစိတ်အာပတ် သင့်၏။ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ငါ၏ စိတ်သည် မောဟမှ အပိတ်အပင် ကင်းပြီဟုပြောဆိုလိုလျက် ငါ၏ စိတ်သည် ဒေါသမှ အပိတ်အပင် ကင်းပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါစိတ်အာပတ် သင့်၏။ (နားထောင်သူ) မသိနားမလည်သော်ဒုက္ကဋ်အာပတ် သင့်၏။ပ။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း။ပ။ ငါ၏ စိတ်သည် ဒေါသမှအပိတ်အပင်ကင်းပြီဟု ပြောဆိုလိုလျက် ငါ၏ စိတ်သည် မောဟမှ အပိတ်အပင် ကင်းပြီဟုပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါစိတ်အာပတ် သင့်၏။ (နားထောင်သူ) မသိ နားမလည် သော် ဒုက္ကဋ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား ဒုတိယဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း။ပ။ ငါ၏ စိတ်သည် မောဟမှ အပိတ်အပင် ကင်းပြီဟုပြောဆိုလိုလျက် ပဌမဈာန်ကို ဝင်စားပြီဟု ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော်ပါစိတ်အာပတ် သင့်၏။ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏။
၇၅။ ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
သင်၏ ကျောင်း၌ နေသော ရဟန်းသည်ပဌမဈာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။
ထိုရဟန်းသည် ပဌမဈာန်ကို ရ၏။ လေ့လာ၏။
ထိုရဟန်းသည် ပဌမဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
သင်၏ ကျောင်း၌ နေသော ရဟန်းသည်ဒုတိယဈာန်ကို။ပ။ တတိယဈာန်ကို။ စတုတ္ထဈာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။
ထိုရဟန်းသည် စတုတ္ထဈာန်ကို ရ၏။ လေ့လာ၏။
ထိုရဟန်းသည် စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
သင်၏ ကျောင်း၌ နေသော ရဟန်းသည်သုညတဝိမောက္ခကို။ပ။ အနိမိတ္တဝိမောက္ခကို အပ္ပဏိဟိတဝိမောက္ခကို သုညတသမာဓိကို အနိမိတ္တသမာဓိကို အပ္ပဏိဟိတသမာဓိကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။
ထိုရဟန်းသည် အပ္ပဏိဟိတသမာဓိကို ရ၏။ လေ့လာ၏။
ထိုရဟန်းသည် အပ္ပဏိဟိတသမာဓိကို မျက်မှောက်ပြုအပ်ပြီဟုပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
သင်၏ ကျောင်း၌ နေသော ရဟန်းသည်သုညတသမာပတ်ကို။ပ။ အနိမိတ္တသမာပတ်ကို။ အပ္ပဏိဟိတသမာပတ်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
အပ္ပဏိဟိတသမာပတ်ကို ရ၏။ လေ့လာ၏၊
ထိုရဟန်းသည် အပ္ပဏိဟိတသမာပတ်ကိုမျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
သင်၏ ကျောင်း၌ နေသော ရဟန်းသည် ဝိဇ္ဇာသုံးပါးတို့ကို။ပ။ သတိပဋ္ဌာန်လေးပါးတို့ကို။ သမ္မပ္ပဓာန်လေးပါးတို့ကို။ ဣဒ္ဓိပါဒ်လေးပါးတို့ကို။ ဣန္ဒြေငါးပါးတို့ကို။ ဗိုလ်ငါးပါးတို့ကို။ ဗောဇ္ဈင်ခုနစ်ပါးတို့ကို။ မြတ်သော မဂ္ဂင်ရှစ်ပါးကို။ သောတာပတ္တိဖိုလ်ကို။ သကဒါဂါမိဖိုလ်ကို။ အနာဂါမိဖိုလ်ကို။ အရဟတ္တဖိုလ်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။ပ။ ထိုရဟန်းသည် ရာဂကို စွန့်ပြီ၊ ဒေါသကို စွန့်ပြီ၊ မောဟကို စွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီ၊
ထိုရဟန်း၏ စိတ်သည် ရာဂမှ အပိတ်အပင်ကင်းပြီ၊ ဒေါသမှ အပိတ်အပင် ကင်းပြီ၊ မောဟမှ အပိတ်အပင် ကင်းပြီဟု ပြောဆိုသော ရဟန်းအားဒုက္ကဋ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
သင်၏ ကျောင်း၌ နေသော ရဟန်းသည်ဆိတ်ငြိမ်ရာ၌ ပဌမဈာန်ကို။ပ။ ဒုတိယဈာန်ကို။ တတိယဈာန်ကို။ စတုတ္ထဈာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။
ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ရ၏။ လေ့လာ၏။
ထိုရဟန်းသည်ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
သင်၏ သင်္ကန်းကို သုံးဆောင်သော ရဟန်းသည်၊ သင်၏ ဆွမ်းကို သုံးဆောင်သော ရဟန်းသည်၊ သင်၏ ကျောင်းအိပ်ရာနေရာကို သုံးဆောင်သောရဟန်းသည်၊ သင်၏ သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်ကို သုံးဆောင်သော ရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။
ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ရ၏။ လေ့လာ၏။
ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
၇၆။ ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
သင်၏ ကျောင်းကို သုံးဆောင်သော ရဟန်းသည်၊ ။ပ။ သင်၏ သင်္ကန်းကို သုံးဆောင်သော ရဟန်းသည်၊ သင်၏ ဆွမ်းကို သုံးဆောင်သောရဟန်းသည်၊ သင်၏ ကျောင်းအိပ်ရာနေရာကို သုံးဆောင်သော ရဟန်းသည်၊ သင်၏ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို သုံးဆောင်သော ရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ဝင်စားပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏။
ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ရ၏။ လေ့လာ၏။
ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏။
ပြောကြားငြားအံ့ဟူသည် ရဟန်းမဟုတ်သူအား
သင်သည် အကြင်ရဟန်းကို အကြောင်းပြု၍ကျောင်းကို ပေးလှူ၏။ပ။ သင်္ကန်းကို ပေးလှူ၏၊ ဆွမ်းကို ပေးလှူ၏။ ကျောင်းအိပ်ရာနေရာကို ပေးလှူ၏၊ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို ပေးလှူ၏၊ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌စတုတ္ထဈာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊
ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို ရ၏၊ လေ့လာ၏၊
ထိုရဟန်းသည် ဆိတ်ငြိမ်ရာ၌ စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု ပြောဆိုသောရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
၇၇။ ရဟန်းဖြစ်သူအား အမှန်ကို ပြောကြားငြားအံ့၊ အာပတ် မသင့်။ အစလက်ဦး လွန်ကျူးသောရဟန်းအားလည်း အာပတ် မသင့်။
အဋ္ဌမ ဘူတာရောစနသိက္ခာပုဒ် ပြီး၏။ ၁။ ဒွီဟိတိကာ- နေ့သေရအံ့လော၊ ညဉ့်သေရအံ့လောဟု နှလုံးနှစ်ခွ ရှိခြင်း။