问题
选择版本
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

8. Adhikaraṇasamathā

作者: my-tipitaka @ visuddhinanda

အသျှင်တို့ အဓိကရုဏ်းတို့ကို ငြိမ်းစေနိုင်သော ဤတရားခုနစ်ပါးတို့သည်
သရုပ်အားဖြင့် ပြဆိုအပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏။
၆၅၅။ ဖြစ်တိုင်း ဖြစ်တိုင်းသော (လေးပါးသော) အဓိကရုဏ်းတို့ကို ငြိမ်းစေခြင်းငှါ အထူးသဖြင့် ငြိမ်းစေခြင်းငှါ သမ္မုခါဝိနည်း 'မျက်မှောက်အဓိကရုဏ်းငြိမ်းစေကြောင်းတရား' ကို ပေးရ မည်။ ၂၂၂။ ၂-သတိဝိနည်း 'ရဟန္တာပုဂ္ဂိုလ်အား သတိပေးရသော ဝိနည်း' ကို ပေးရမည်။ ၂၂၃။ ၃-အမူဠှဝိနည်း 'ရူးသွပ်သော ရဟန်းတို့အား သတိရခိုက် ပေးရသော ဝိနည်း'ကို ပေးရမည်။ ၂၂၄။ ၄-ပဋိညာယကာရေတဗ္ဗသမထ 'ဝန်ခံသဖြင့် ပြုအပ်သော သမထ' ကို ပြုရမည်။ ၂၂၅။ ၅-ယေဘုယျသိကသမထ 'ဓမ္မဝါဒီ ပုဂ္ဂိုလ်များရာသို့ လိုက်၍ ဆုံးဖြတ်ရသော သမထဓမ္မ'ကို ပြုရမည်။ ၂၂၆။ ၆-တဿပါပိယသိကသမထ 'ယုတ်မာသော ရဟန်းအား ပြုရသော ဝိနည်း'ကို ပြုရမည်။ ၂၂၇။ ၇-တိဏဝတ္ထာရကသမထ 'မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့ အာပတ်ကို ဖုံးဖိထားရသော ဝိနည်း ကံ' ကို ပြုရမည်။
အသျှင်တို့ အဓိကရုဏ်းတို့ကို ငြိမ်းစေနိုင်သော တရားခုနစ်ပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါ ကုန်ပြီ၊
ထိုအဓိကရဏသမထတို့၌ အသျှင်တို့ကို မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
နှစ်ကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
သုံးကြိမ်မြောက်လည်းမေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
အသျှင်တို့သည် အဓိကရဏသမထတို့၌ အာပတ်မှ စင်ကြယ်ကြ ပါကုန်၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည့် အဖြစ်ကို သိမှတ်ရပါသည်။
အဓိကရဏသမထအခန်းပြီး၏။
အသျှင်တို့ နိဒါန်းကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
ပါရာဇိကအာပတ် လေးပါးတို့ကို သရုပ် အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
သံဃာဒိသိသ်အာပတ် တစ်ဆယ့်သုံးပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါ ကုန်ပြီ၊
အနိယတအာပတ် နှစ်ပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
နိဿဂ္ဂိပါစိတ်အာပတ် သုံးဆယ်တို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
သုဒ္ဓပါစိတ်အာပတ် ကိုးဆယ့်နှစ်ပါးတို့ကို သရုပ် အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
ပါဋိဒေသနီအာပတ်လေးပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
သေခိယအာပတ်တို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
အဓိကရုဏ်းငြိမ်းကြောင်း တရားခုနစ်ပါး တို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
ဤမျှအတိုင်းအရှည်ရှိသော သိက္ခာပုဒ်သည် ထိုမြတ်စွာဘုရား ၏ ပါတိမောက်၌ လာ၍ ပါတိမောက်၌ အကျုံးဝင်၏၊ လခွဲတိုင်း လခွဲတိုင်း သရုပ်အားဖြင့် ပြခြင်းသို့ ရောက်၏၊
ထိုနှစ်ရာ့နှစ်ဆယ်ခုနစ်သွယ်သော သိက္ခာပုဒ်တို့၌ အလုံးစုံသော ရဟန်းတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ခိုက်ရန်ငြင်းခုံခြင်း မရှိကြကုန်ဘဲ ကျင့်အပ်သတည်း။
မဟာဝိဘင်းပြီး၏။
ဘိက္ခုဝိဘင်းပါဠိတော် မြန်မာပြန် ပြီးပြီ။