၁၆၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်း မိန်းမတို့ကို ဆုံးမကုန်သော် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏အထောက်အပံ့ ဆေးအသုံး အဆောင်တို့ကို ရကုန်၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို ဆုံးမခြင်းငှါ များစွာ မြတ်နိုးခြင်းကို မပြုကုန်၊
(သင်္ကန်းစသော) အာမိသဟူသော အကြောင်းကြောင့် မထေရ်ကြီး ဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို ဆုံးမကုန်၏''ဟု ဆိုကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို ဆုံးမခြင်းငှါ များစွာ မြတ်နိုးခြင်းကို မပြုကုန်၊ (သင်္ကန်းစသော) အာမိသဟူသော အကြောင်းကြောင့် မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို ဆုံးမကုန်၏ဟု ဆိုကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် 'မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို ဆုံးမ ခြင်းငှါ များစွာ မြတ်နိုးခြင်းကို မပြုကုန်၊ (သင်္ကန်းစသော) အာမိသဟူသော အကြောင်းကြောင့် မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို ဆုံးမကုန်၏'ဟု ဆိုကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ အဘယ့်ကြောင့် သင်တို့သည် ''မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းမိန်းမ တို့ကို ဆုံးမခြင်းငှါ များစွာ မြတ်နိုးခြင်းကို မပြုကုန်၊ (သင်္ကန်းစသော) အာမိသဟူသော အကြောင်း ကြောင့် မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို ဆုံးမကုန်၏''ဟု ပြောဆိုကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည် ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၆၅။ ''အကြင် ရဟန်းသည် (သင်္ကန်းစသော) အာမိသဟူသော အကြောင်းကြောင့် မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို ဆုံးမကုန်၏ဟု ဆိုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၆၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍့အလိုရှိအပ်၏။
အာမိသဟူသော အကြောင်းကြောင့်ဟူသည် သင်္ကန်းဟူသော အကြောင်းကြောင့် ဆွမ်းဟူသော အကြောင်းကြောင့် ကျောင်းအိပ်ရာနေရာဟူသော အကြောင်းကြောင့် သူနာ၏ အထောက်အပံ့ ဆေးအသုံး အဆောင်ဟူသော အကြောင်းကြောင့် အရိုအသေပြုမှုဟူသော အကြောင်းကြောင့် အလေးအမြတ်ပြုမှုဟူသော အကြောင်းကြောင့် မြတ်နိုးမှုဟူသော အကြောင်းကြောင့် ရှိခိုးမှုဟူသော အကြောင်းကြောင့် ပူဇော်မှုဟူသော အကြောင်းကြောင့်။
ဆိုငြားအံ့ဟူသည် သံဃာသည် သမုတ်အပ်သော ရဟန်းမိန်းမတို့ကို ဆုံးမတတ်သော ရဟန်းကို ကျေးဇူးမဲ့ကို ပြုလို၍ အကျော်အစောမဲ့ကို ပြုလို၍ နှလုံးမသာခြင်းကို ပြုလို၍။
''သင်္ကန်းဟူသော အကြောင်းကြောင့် ဆွမ်းဟူသော အကြောင်းကြောင့် ကျောင်းအိပ်ရာနေရာဟူသော အကြောင်းကြောင့် သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဟူသော အကြောင်းကြောင့် အရို အသေပြုမှုဟူသော အကြောင်းကြောင့် အလေးအမြတ်ပြုမှုဟူသော အကြောင်းကြောင့် မြတ်နိုးမှုဟူသော အကြောင်းကြောင့် ရှိခိုးမှုဟူသော အကြောင်းကြောင့် ပူဇော်မှုဟူသော အကြောင်းကြောင့် ဆုံးမ၏''ဟု ဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၆၇။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ဤသို့ ဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ ဤသို့ ဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ဤသို့ ဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
သံဃာသည် မသမုတ်အပ်သော ရဟန်းမိန်းမတို့အား ဆုံးမတတ်သော ရဟန်းကို ကျေးဇူးမဲ့ကို ပြုလို၍ အကျော်အစောမဲ့ကို ပြုလို၍ နှလုံးမသာမှုကို ပြုလို၍ ''သင်္ကန်းဟူသော အကြောင်းကြောင့်။ပ။ ပူဇော်မှုဟူသော အကြောင်းကြောင့် ဆုံးမ၏''ဟု ဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သံဃာသည် သမုတ်အပ်သည်လည်းဖြစ်သော မသမုတ်အပ်သည်လည်းဖြစ်သော ရဟန်းမိန်းမတို့အား ဆုံးမတတ်သော ရဟန်းမဟုတ်သော သူကို ကျေးဇူးမဲ့ကို ပြုလို၍ အကျော်အစောမဲ့ကို ပြုလို၍ နှလုံးမသာမှုကို ပြုလို၍ ''သင်္ကန်းဟူသော အကြောင်းကြောင့် ဆွမ်းဟူသော အကြောင်းကြောင့် ကျောင်း အိပ်ရာနေရာဟူသော အကြောင်းကြောင့် သူနာ၏အထောက်အပံ့ ဆေးအသုံးအဆောင်ဟူသော အကြောင်း ကြောင့် အရိုအသေပြုမှုဟူသော အကြောင်းကြောင့် အလေးအမြတ်ပြုမှုဟူသော အကြောင်းကြောင့် မြတ်နိုး မှုဟူသော အကြောင်းကြောင့် ရှိခိုးမှုဟူသော အကြောင်းကြောင့် ပူဇော်မှုဟူသော အကြောင်းကြောင့် ဆုံးမ၏''ဟု ဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၆၈။ ပကတိသဘောအားဖြင့် သင်္ကန်းဟူသော အကြောင်းကြောင့် ဆွမ်းဟူသော အကြောင်းကြောင့် ကျောင်းအိပ်ရာနေရာဟူသော အကြောင်းကြောင့် သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဟူသော အကြောင်းကြောင့် အရိုအသေပြုမှုဟူသော အကြောင်းကြောင့် အလေးအမြတ်ပြုမှုဟူသော အကြောင်း ကြောင့် မြတ်နိုးမှုဟူသော အကြောင်းကြောင့် ရှိခိုးမှုဟူသော အကြောင်းကြောင့် ပူဇော်မှုဟူသော အကြောင်းကြောင့် ဆုံးမသော ရဟန်းကို ဆိုအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထ အာမိသသိက္ခာပုဒ် ပြီး၏။