Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

2. Omasavādasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်း၁တို့သည် သီလကို ချစ်မြတ်နိုးကုန်သောရဟန်းတို့နှင့်အတူ ငြင်းခုံကြသည်ရှိသော် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ကို နှုတ်လှံထိုးကုန်၏၊ အမျိုးဇာတ်အားဖြင့်လည်းကောင်း၊ အမည်အားဖြင့်လည်းကောင်း၊အနွယ်အားဖြင့်လည်းကောင်း၊ အမှု 'အလုပ်အကိုင်'အားဖြင့်လည်းကောင်း၊အတတ်ပညာအားဖြင့်လည်းကောင်း၊ အနာရောဂါအားဖြင့်လည်းကောင်း၊ အသွင် 'ပုံသဏ္ဌာန်' အားဖြင့်လည်းကောင်း၊ ညစ်ညမ်းမှု ကိလေသာအားဖြင့်လည်းကောင်း၊ အာပတ်အားဖြင့်လည်းကောင်း၊
ယုတ်ညံ့သော ဆဲရေးခြင်းအားဖြင့်လည်းကောင်း ဆဲရေးကြကုန်၏၊ ရှုတ်ချကြကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''ဆဗ္ဗဂ္ဂီရဟန်းတို့သည် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့နှင့်အတူ ငြင်းခုံကြသည်ရှိသော် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ကို အဘယ့်ကြောင့် နှုတ်လှံထိုးကုန်ဘိသနည်း၊ အမျိုးဇာတ်အားဖြင့်လည်းကောင်း၊ အမည်အားဖြင့်လည်းကောင်း၊အနွယ်အားဖြင့်လည်းကောင်း၊ အမှုအားဖြင့်လည်းကောင်း၊အတတ်ပညာအားဖြင့်လည်းကောင်း၊ အနာရောဂါအားဖြင့်လည်း ကောင်း၊ အသွင် 'ပုံသဏ္ဌာန်' အားဖြင့်လည်းကောင်း၊ ညစ်ညမ်းမှုကိလေသာအားဖြင့်လည်းကောင်း၊ အာပတ်အားဖြင့်လည်းကောင်း၊ ယုတ်ညံ့သောဆဲရေးခြင်းအားဖြင့်လည်းကောင်း ဆဲရေးကုန်ဘိသနည်း၊ ရှုတ်ချကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ ပြစ်တင်ကြပြီး လျှင်မြတ်စွာဘုရားအား ဤအကြောင်းကို လျောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် သီလကိုချစ်မြတ်နိုးကုန်သော ရဟန်းတို့နှင့်အတူ ငြင်းခုံကြသည်ရှိသော် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ကို နှုတ်လှံထိုးကုန်၏၊ အမျိုးဇာတ်အားဖြင့်လည်းကောင်း။ပ။ ယုတ်ညံ့သော ဆဲရေးခြင်းအားဖြင့်လည်းကောင်း ဆဲရေးကုန်၏၊ ရှုတ်ချကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားတို့ သင်တို့သည် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့နှင့်အတူ ငြင်းခုံကြသည် ရှိသော်သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ကို အဘယ့်ကြောင့် နှုတ်လှံထိုးကုန်ဘိသနည်း၊ အမျိုးဇာတ်အားဖြင့်လည်းကောင်း။ပ။ ယုတ်ညံ့သော ဆဲရေးခြင်းအားဖြင့်လည်းကောင်း ဆဲရေးကုန်ဘိသနည်း၊ ရှုတ်ချကုန်ဘိသနည်း၊
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့အား မိန့်တော်မူ၏။
၁၃။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား တက္ကသိုလ်မြို့၂၌ ပုဏ္ဏားတစ်ယောက်အား နန္ဒိဝိသာလအမည်ရှိသော နွားလားသည် ရှိ၏။
ထိုအခါ နန္ဒိဝိသာလနွားလားသည် ထိုပုဏ္ဏားအား ''ပုဏ္ဏား အသင်သွားချေ၊ ငါ၏ နွားလားသည် တစ်စပ်တည်း ချည်နှောင်ထားသည့် ဝန်အပြည့်တင်သော လှည်းတစ်ရာကိုလိမ့်စေနိုင်၏''ဟု သူဌေးနှင့်အတူ အသပြာတစ်ထောင် အလောင်းအစား ပြုလေလော့ဟု ဆို၏။
ရဟန်းတို့ ထိုအခါ ထိုပုဏ္ဏားသည် ငါ၏ နွားလားသည် တစ်စပ်တည်း ချည်နှောင်ထားသည့် ဝန်အပြည့်တင်သော လှည်းတစ်ရာကို လိမ့်စေနိုင်၏ဟု သူဌေးနှင့်အတူ အသပြာတစ်ထောင် အလောင်းအစား ပြုလေ၏။
ထို့နောက် ထိုပုဏ္ဏားသည် လှည်းတစ်ရာကို မြဲမြံစွာနှောင်ဖွဲ့၍ နန္ဒိဝိသာလ၃နွားလားကို ကပြီးလျှင် ''စဉ်းလဲ ကောက်ကျစ်သော နွား သွားလော့၊ စဉ်းလဲကောက်ကျစ်သော နွား ရုန်းလော့''ဟု ဆို၏။
ရဟန်းတို့ ထိုအခါ နန္ဒိဝိသာလနွားလားသည် ထိုကသော နေရာ၌ပင် ရပ်တန့်နေလေ၏၊
ထိုပုဏ္ဏားသည်လည်း အသပြာတစ်ထောင် ဆုံးရှုံးသောကြောင့် မှိုင်တွေ၍ နေ၏။
ထိုအခါ နန္ဒိဝိသာလနွားလားသည် ထိုပုဏ္ဏားအား ''ပုဏ္ဏား သင်သည် အဘယ့်ကြောင့် မှိုင်တွေနေသနည်း''ဟု ဆို၏။
နွားလား သင်သည် ငါ့ကို အသပြာတစ်ထောင် ဆုံးရှုံးစေသောကြောင့် မှိုင်တွေနေ၏ဟု (ဆို၏)။
ပုဏ္ဏား သင်သည် မကောက်ကျစ်သော ငါ့ကို ကောက်ကျစ်သော နွားဟု အဘယ့်ကြောင့် ပြောဆိုဘိသနည်း၊
ပုဏ္ဏား သင် သွားချေဦး၊ ''ငါ၏ နွားသည် တစ်စပ်တည်း ချည်နှောင်ထားသည့် ဝန်အပြည့်တင်သော လှည်းတစ်ရာကို လိမ့်စေနိုင်၏''ဟု သူဌေးနှင့်အတူ အသပြာနှစ်ထောင် အလောင်းအစား ပြုလေဦးလော့၊
''မကောက်ကျစ်သော ငါ့ကိုလည်း ကောက်ကျစ်၏''ဟု မဆိုလင့်ဟု ဆို၏။
ရဟန်းတို့ ထိုအခါ ပုဏ္ဏားသည် ''ငါ၏ နွားလားသည် တစ်စပ်တည်း ချည်နှောင်ထားသည့်ဝန်အပြည့်တင်သော လှည်းတစ်ရာကို လိမ့်စေနိုင်၏''ဟု သူဌေးနှင့်အတူ အသပြာနှစ်ထောင် အလောင်းအစား ပြုလေ၏။
ရဟန်းတို့ ထိုအခါ ပုဏ္ဏားသည် ဝန်အပြည့်တင်သော လှည်းတစ်ရာကို ခိုင်မြဲစွာဖွဲ့နှောင်၍ နန္ဒိဝိသာလနွားလားကို ကပြီးလျှင် ''ကောင်းသော နွားလား သွားပါလော့၊ ကောင်းသော နွားလား ရုန်းပါလော့''ဟု ပြောဆို၏။
ရဟန်းတို့ ထိုအခါ နန္ဒိဝိသာလနွားလားသည် ဝန်အပြည့်တင်သော လှည်းပေါင်းတစ်ရာကို လိမ့်စေ၏။
နှစ်သက်ဖွယ်စကားကိုသာ ပြောဆိုရာ၏၊ မနှစ်သက်ဖွယ်စကားကို တစ်ရံတစ်ခါမျှ မပြောဆိုရာ၊
(နန္ဒိဝိသာလနွားလားသည်) နှစ်သက်ဖွယ်ကို ပြောဆိုသော ပုဏ္ဏား၏ လေးလံသော (လှည်းပေါင်းတစ်ရာ) ဝန်ကိုလည်း ရွက်ဆောင်နိုင်၏၊
ထိုပုဏ္ဏားအား ဥစ္စာကိုလည်း ရစေ၏၊ ထို့ကြောင့်လည်းဝမ်းမြောက်လေ၏။
ရဟန်းတို့ နွားတိရစ္ဆာန်ဖြစ်စဉ်အခါ၌ပင် ငါဘုရားသည် ဆဲရေးခြင်း ရှုတ်ချခြင်းကို မနှစ်သက်ခဲ့ပေ၊
ယခုအခါ၌မူကား ဆဲရေးခြင်း ရှုတ်ချခြင်းကို အဘယ်မှာ နှစ်သက်ပါအံ့နည်း။
ရဟန်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၄။ ''ထိခိုက် နာကျင်အောင် ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၅။ ထိခိုက်နာကျင်အောင် ပြောဆိုခြင်း မည်သည် အမျိုးဇာတ်အားဖြင့်လည်းကောင်း၊ အမည်အားဖြင့်လည်းကောင်း၊အနွယ်အားဖြင့်လည်းကောင်း၊ အလုပ်အားဖြင့်လည်းကောင်း၊အတတ်ပညာအားဖြင့်လည်းကောင်း၊ အနာရောဂါအားဖြင့်လည်းကောင်း၊ အသွင် 'ပုံသဏ္ဌာန်'အားဖြင့်လည်းကောင်း၊ ညစ်ညမ်းမှု ကိလေသာအားဖြင့်လည်းကောင်း၊ အာပတ်အားဖြင့်လည်းကောင်း၊ ဆဲရေးခြင်းအားဖြင့်လည်းကောင်းဆယ်ပါးသော အခြင်းအရာတို့ဖြင့် ထိခိုက်နာကျင်အောင် ပြောဆို၏။
အမျိုးဇာတ် မည်သည် ယုတ်သော အမျိုးဇာတ် မြတ်သော အမျိုးဇာတ်ဟူ၍ နှစ်မျိုး ရှိ၏။
ယုတ်သော အမျိုးဇာတ် မည်သည် ဒွန်းစဏ္ဍားအမျိုးဇာတ် ဒေါင်းရွေသမား 'နှီးသမား' အမျိုး ဇာတ်မုဆိုး တံငါအမျိုးဇာတ် သားရေနယ်သမားအမျိုးဇာတ် ပန်းမှိုက်သွန်အမျိုးဇာတ်တည်း၊ ဤကားယုတ်သော အမျိုးဇာတ် မည်၏။
မြတ်သော အမျိုးဇာတ် မည်သည် မင်းမျိုးဇာတ် ပုဏ္ဏားမျိုးဇာတ်တည်း၊ ဤကား မြတ်သောအမျိုးဇာတ် မည်၏။
အမည် နာမ မည်သည် ယုတ်သော အမည် မြတ်သော အမည်ဟူ၍ နှစ်မျိုး ရှိကုန်၏။
ယုတ်သော အမည် မည်သည် ငနားရှည်အမည် ငနားပဲ့အမည် ငနားလုံးအမည် ငနားကျယ်အမည် ငမျိုးပွားအမည်၊ ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ ယုတ်ညံ့သောအားဖြင့် သိအပ်သော အမည် မထီမဲ့မြင်ပြုအပ်သော အမည် စက်ဆုပ်အပ်သော အမည် နှိပ်စက်အပ်သော အမည် အလေးအမြတ်မပြုအပ်သောအမည်တည်း၊ ဤကား ယုတ်သောအမည် မည်၏။
မြတ်သောအမည် မည်သည် ဘုရားနှင့်စပ်သော အမည် တရားနှင့်စပ်သော အမည် သံဃာနှင့် စပ်သော အမည်၊ ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ ယုတ်ညံ့သောအားဖြင့် မသိအပ်သော အမည် မထီမဲ့မြင်မပြုအပ်သော အမည် မစက်ဆုပ်အပ်သော အမည် အလေးအမြတ်ပြုအပ်သော အမည်တည်း၊ ဤကားမြတ်သောအမည် မည်၏။
အနွယ် မည်သည် ယုတ်သောအနွယ် မြတ်သောအနွယ်ဟူ၍ နှစ်မျိုး ရှိ၏။
ယုတ်သောအနွယ် မည်သည် ကောသိယအနွယ် ဘာရဒွါဇအနွယ် ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ယုတ်ညံ့သောအားဖြင့် သိအပ်သောအနွယ် မထီမဲ့မြင်ပြုအပ်သောအနွယ် စက်ဆုပ်အပ်သောအနွယ် နှိပ်စက်အပ်သောအနွယ် အလေးအမြတ်မပြုအပ်သောအနွယ်တည်း၊ ဤကား ယုတ်သောအနွယ် မည်၏။
မြတ်သောအနွယ် မည်သည် ဂေါတမအနွယ် မောဂ္ဂလာနအနွယ် ကစ္စာနအနွယ် ဝါသိဋ္ဌအနွယ်ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ ယုတ်ညံ့သောအားဖြင့် မသိအပ်သောအနွယ် မထီမဲ့မြင်မပြုအပ်သောအနွယ် မစက်ဆုပ်အပ်သောအနွယ် မနှိပ်စက်အပ်သောအနွယ် အလေးအမြတ်ပြုအပ်သောအနွယ်တည်း၊ ဤကား မြတ်သောအနွယ် မည်၏။
အလုပ် မည်သည် ယုတ်သော အလုပ် မြတ်သော အလုပ်ဟူ၍ နှစ်မျိုး ရှိ၏။
ယုတ်သော အလုပ် မည်သည် ကျီစောင့်အလုပ် ပန်းမအလုပ် စက်ဆုပ်အပ်သော အလုပ် နှိပ်စက်အပ်သော အလုပ် အလေးအမြတ်မပြုအပ်သော အလုပ်တည်း၊ ဤကား ယုတ်သော အလုပ်မည်၏။
မြတ်သောအလုပ် မည်သည် လယ်ထွန်ခြင်းအလုပ် ကုန်သွယ်ခြင်းအလုပ် ကျွဲနွားမွေးမြူခြင်းအလုပ်၊ ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ ယုတ်ညံ့သောအားဖြင့် မသိအပ်သော အလုပ် မထီမဲ့မြင်မပြုအပ်သောအလုပ် မစက်ဆုပ်အပ်သော အလုပ် မနှိပ်စက်အပ်သော အလုပ် အလေးအမြတ်ပြုအပ်သော အလုပ်တည်း၊ ဤကား မြတ်သော အလုပ်မည်၏။
အတတ် မည်သည် ယုတ်သောအတတ် မြတ်သောအတတ်ဟူ၍ နှစ်မျိုး ရှိ၏။
ယုတ်သောအတတ် မည်သည် ကျူထရံသည်အတတ် အိုးထိန်းသည်အတတ် ရက်ကန်းသည်အတတ် သားရေနယ်သမားအတတ် ဆတ္တာသည်အတတ်၊ ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ ယုတ်ညံ့သောအားဖြင့်သိအပ်သောအတတ် မထီမဲ့မြင်ပြုအပ်သောအတတ် စက်ဆုပ်အပ်သောအတတ် နှိပ်စက်အပ်သောအတတ် အရိုအသေမပြုအပ်သောအတတ်တည်း။ ဤကား ယုတ်သောအတတ် မည်၏။
မြတ်သောအတတ် မည်သည် လက်ချိုးရေခြင်းအတတ် ဂဏန်းဖြင့် ရေးခြင်းအတတ် စာရေးအတတ်၊ ထိုမှတစ်ပါး ထိုထိုဇနပုဒ်တို့၌ အမြတ်အားဖြင့် သိအပ်သောအတတ် မထီမဲ့မြင်မပြုအပ်သောအတတ်မစက်ဆုပ်အပ်သောအတတ် မနှိပ်စက်အပ်သောအတတ် အရိုအသေပြုအပ်သောအတတ်တည်း၊ ဤကား မြတ်သောအတတ် မည်၏။
အလုံးစုံသော အနာတို့သည် ယုတ်ကုန်၏၊ သို့ရာတွင် ပျားရည်နှင့်တူသော မုတ် (ကျင်ငယ်) ကို ယိုစေတတ်သော အနာ (တူလာ သရောနာ-ဆီးချိုနာ) သည် မြတ်၏။
အသွင် 'ပုံသဏ္ဌာန်' မည်သည် ယုတ်သော အသွင် မြတ်သော အသွင်ဟူ၍ နှစ်မျိုး ရှိ၏။
ယုတ်သော အသွင် 'ပုံသဏ္ဌာန်' မည်သည် အလွန်ရှည်ခြင်း အလွန်တိုခြင်း 'အလွန်ပုခြင်း' အလွန်မည်းခြင်း အလွန်ဖြူခြင်းတည်း၊ ဤကား ယုတ်သော အသွင် 'ပုံသဏ္ဌာန်' မည်၏။
မြတ်သော အသွင် 'ပုံသဏ္ဌာန်' မည်သည် မရှည်လွန်း မတိုလွန်း မမည်းလွန်း မဖြူလွန်းခြင်း တည်း၊ ဤကား မြတ်သော အသွင် 'ပုံသဏ္ဌာန်' မည်၏။
အလုံးစုံသော ညစ်ညမ်းမှုကိလေသာတို့သည် ယုတ်ကုန်၏။
အလုံးစုံသော အာပတ်တို့သည် ယုတ်ကုန်၏၊ သို့ရာတွင် သောတာပတ္တိသမာပတ်သည် မြတ်၏။
ဆဲရေးခြင်း မည်သည် ယုတ်သော ဆဲရေးခြင်း မြတ်သော ဆဲရေးခြင်းဟူ၍ နှစ်မျိုး ရှိ၏။
ယုတ်သော ဆဲရေးခြင်း မည်သည် သင်သည် ကုလားအုပ်ဖြစ်၏၊ သိုးဖြစ်၏၊ နွားဖြစ်၏၊ မြည်းဖြစ်၏၊ တိရစ္ဆာန်ဖြစ်၏၊ ငရဲသူဖြစ်၏၊ သင့်အား ကောင်းသော လားရာဂတိ မရှိ၊ မကောင်းသော လားရာဂတိကိုသာလျှင် သင် အလိုရှိထိုက်၏ဟူ၍လည်းကောင်း၊ ယအက္ခရာ ဘအက္ခရာဖြင့်လည်းကောင်း၊ ယောက်ျားနိမိတ် မိန်းမနိမိတ်ဖြင့်လည်းကောင်း (ဆဲရေးခြင်းတည်း) ဤကား ယုတ်သော ဆဲရေးခြင်းမည်၏။
မြတ်သော ဆဲရေခြင်း မည်သည် သင်သည် ဉာဏ်ပညာရှိသူ ဖြစ်၏၊ လိမ္မာသူ ဖြစ်၏၊ ထက်မြက်သောပညာရှိသူ ဖြစ်၏၊ အကြားအမြင်များသူ ဖြစ်၏၊ တရားဟောပုဂ္ဂိုလ် ဖြစ်၏၊ သင့်အား မကောင်း သောလားရာဂတိ မရှိ၊ ကောင်းသော လားရာဂတိကိုသာလျှင် သင် အလိုရှိထိုက်၏ဟု (ဆဲရေးခြင်းတည်း)၊ ဤကား မြတ်သော ဆဲရေးခြင်း မည်၏။
၁၆။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော ဇာတ်ဖြင့် ယုတ်သော ဇာတ်ရှိသူကို ပြောဆို၏၊ ဒွန်းစဏ္ဍားကို ဒေါင်းရွေသမား 'နှီးသမား'ကို မုဆိုးတံငါကို သားရေနယ်သမားကို ပန်းမှိုက်သွန်ကို
''သင်သည် ဒွန်းစဏ္ဍားမျိုး ဖြစ်၏၊ ဒေါင်းရွေသမားမျိုး ဖြစ်၏၊ မုဆိုးတံငါမျိုး ဖြစ်၏၊ သားရေနယ်သမားမျိုး ဖြစ်၏၊ ပန်းမှိုက်သွန်မျိုး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော ဇာတ်အားဖြင့် မြတ်သောဇာတ်ရှိသူကို ပြောဆို၏၊ ပုဏ္ဏားမျိုးကို မင်းမျိုးကို
''သင်သည် ဒွန်းစဏ္ဍားမျိုး ဖြစ်၏၊ ဒေါင်းရွေသမားမျိုး ဖြစ်၏၊ မုဆိုး တံငါမျိုး ဖြစ်၏၊ သားရေနယ်သမားမျိုး ဖြစ်၏၊ ပန်းမှိုက်သွန်မျိုးဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော ဇာတ်ဖြင့်ယုတ်သော ဇာတ်ရှိသူကို ပြောဆို၏၊ ဒွန်းစဏ္ဍားကို ဒေါင်းရွေသမားကို မုဆိုးတံငါကို သားရေနယ်သမားကို ပန်းမှိုက်သွန်ကို
''သင်သည် မင်းမျိုး ဖြစ်၏၊ ပုဏ္ဏားမျိုး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော ဇာတ်ဖြင့်မြတ်သော ဇာတ်ရှိသူကို ပြောဆို၏၊ မင်းမျိုးကို ပုဏ္ဏားမျိုးကို
''သင်သည် မင်းမျိုး ဖြစ်၏၊ ပုဏ္ဏားမျိုးဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
၁၇။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်ညံ့သောအမည်အားဖြင့် ယုတ်ညံ့သော အမည်ရှိသူကို ပြောဆို၏၊ ငနားရှည်မည်သောသူကို ငနားပဲ့မည်သောသူကိုငနားလုံးမည်သောသူကို ငနားကျယ်မည်သောသူကို ငမျိုးပွားမည်သောသူကို
''သင်သည် ငနားရှည်ဖြစ်၏၊ ငနားပဲ့ ဖြစ်၏၊ ငနားလုံး ဖြစ်၏၊ ငနားကျယ် ဖြစ်၏၊ ငမျိုးပွား ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အမည်အားဖြင့် မြတ်သော အမည်ရှိသူကို ပြောဆို၏၊ ဗုဒ္ဓရက္ခိတမည်သောသူကို ဓမ္မရက္ခိတမည်သောသူကို သံဃရက္ခိတမည်သောသူကို
''သင်သည် ငနားရှည် ဖြစ်၏၊ ငနားပဲ့ ဖြစ်၏၊ ငနားလုံး ဖြစ်၏၊ ငနားကျယ်ဖြစ်၏၊ ငမျိုးပွား ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အမည်အားဖြင့်ယုတ်သော အမည်ရှိသူကို ပြောဆို၏၊ ငနားရှည်မည်သောသူကို ငနားပဲ့မည်သောသူကို ငနားလုံးမည်သောသူကို ငနားကျယ်မည်သောသူကို ငမျိုးပွားမည်သောသူကို
''သင်သည် ဗုဒ္ဓရက္ခိတဖြစ်၏၊ ဓမ္မရက္ခိတ ဖြစ်၏၊ သံဃရက္ခိတ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အမည်အားဖြင့် မြတ်သောအမည်ရှိသူကို ပြောဆို၏၊ ဗုဒ္ဓရက္ခိတမည်သောသူကို ဓမ္မရက္ခိတမည်သောသူကို သံဃရက္ခိတမည်သော သူကို
''သင်သည် ဗုဒ္ဓရက္ခိတ ဖြစ်၏၊ ဓမ္မရက္ခိတ ဖြစ်၏၊ သံဃရက္ခိတ ဖြစ်၏''ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
၁၈။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအနွယ်အားဖြင့် ယုတ်သောအနွယ်ရှိသူကို ပြောဆို၏၊ ကောသိယအနွယ်ရှိသူကို ဘာရဒွါဇအနွယ်ရှိသူကို
''သင်သည် ကောသိယအနွယ် ဖြစ်၏၊ ဘာရဒွါဇအနွယ် ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအနွယ်အားဖြင့် မြတ်သောအနွယ်ရှိသူကို ပြောဆို၏၊ ဂေါတမအနွယ်ရှိသောသူကို မောဂ္ဂလာနအနွယ်ရှိသောသူကို ကစ္စာနအနွယ်ရှိသောသူကို ဝါသိဋ္ဌအနွယ်ရှိသောသူကို
''သင်သည် ကောသိယအနွယ် ဖြစ်၏၊ ဘာရဒွါဇအနွယ် ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သောအနွယ် အားဖြင့်ယုတ်သောအနွယ်ရှိသူကို ပြောဆို၏၊ ကောသိယအနွယ်ရှိသူကို ဘာရဒွါဇအနွယ်ရှိသူကို
''သင်သည်ဂေါတမအနွယ် ဖြစ်၏၊ မောဂ္ဂလာနအနွယ် ဖြစ်၏၊ ကစ္စာနအနွယ် ဖြစ်၏၊ ဝါသိဋ္ဌအနွယ် ဖြစ်၏''ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သောအနွယ် အားဖြင့်မြတ်သောအနွယ်ရှိသူကို ပြောဆို၏၊ ဂေါတမအနွယ်ရှိသူကို မောဂ္ဂလာနအနွယ်ရှိသူကို ကစ္စာနအနွယ်ရှိသူကို ဝါသိဋ္ဌအနွယ်ရှိသူကို
''သင်သည် ဂေါတမအနွယ်ဖြစ်၏၊ မောဂ္ဂလာနအနွယ်ဖြစ်၏၊ ကစ္စာနအနွယ်ဖြစ်၏၊ ဝါသိဋ္ဌအနွယ်ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
၁၉။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အလုပ်ဖြင့်ယုတ်သော အလုပ်ရှိသူကို ပြောဆို၏၊ ကျီစောင့်၄ ကို ပန်းမှိုက်သွန်ကို
''သင်သည် ကျီစောင့် ဖြစ်၏၊ ပန်းမှိုက်သွန် ဖြစ်၏၊''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အလုပ်အားဖြင့် မြတ်သော အလုပ်ရှိသူကို ပြောဆို၏၊ လယ်သမားကို ကုန်သည်ကို နွားမွေးမြူသူကို
''သင်သည်ကျီစောင့်ဖြစ်၏၊ ပန်းမှိုက်သွန်ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အလုပ်ဖြင့်ယုတ်သော အလုပ်ရှိသူကို ပြောဆို၏၊ ကျီစောင့်ကို ပန်းမှိုက်သွန်ကို
''သင်သည် လယ်သမား ဖြစ်၏၊ ကုန်သည် ဖြစ်၏၊ နွားမွေးမြူသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ်သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အလုပ်ဖြင့်မြတ်သော အလုပ်ရှိသူကို ပြောဆို၏၊ လယ်သမားကို ကုန်သည်ကို နွားမွေးမြူသူကို
''သင်သည်လယ်သမား ဖြစ်၏၊ ကုန်သည် ဖြစ်၏၊ နွားမွေးမြူသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
၂၀။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအတတ်အားဖြင့် ယုတ်သောအတတ်ရှိသူကို ပြောဆို၏၊ ကျူထရံသည်ကို အိုးထိန်းသည်ကို ရက်ကန်းသည်ကို သားရေနယ်သမားကို ဆတ္တာသည်ကို
''သင်သည် ကျူထရံသည် ဖြစ်၏၊ အိုးထိန်းသည် ဖြစ်၏၊ ရက်ကန်းသည် ဖြစ်၏၊ သားရေနယ်သမား ဖြစ်၏၊ ဆတ္တာသည် ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအတတ်အားဖြင့် မြတ်သောအတတ်ရှိသူကို ပြောဆို၏၊ လက်ချိုးရေတွက်သူကို ဂဏန်းဖြင့် ရေတွက်သူကိုစာရေးတတ်သူကို
''သင်သည် ကျူထရံသည် ဖြစ်၏၊ အိုးထိန်းသည် ဖြစ်၏၊ ရက်ကန်းသည် ဖြစ်၏၊ သားရေနယ်သမား ဖြစ်၏၊ ဆတ္တာသည် ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သောအတတ်အားဖြင့် ယုတ်သောအတတ်ရှိသူကို ပြောဆို၏၊ ကျူထရံသည်ကို အိုးထိန်းသည်ကို ရက်ကန်းသည်ကို သားရေနယ်သမားကို ဆတ္တာသည်ကို
''သင်သည် လက်ချိုးရေတွက်သူ ဖြစ်၏၊ ဂဏန်းဖြင့် ရေတွက်သူဖြစ်၏၊ စာရေး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သောအတတ်အားဖြင့် မြတ်သောအတတ်ရှိသူကို ပြောဆို၏၊ လက်ချိုးရေတွက်သူကို ဂဏန်းဖြင့် ရေတွက်သူကိုစာရေးကို
''သင်သည် လက်ချိုးရေတွက်သူ ဖြစ်၏၊ ဂဏန်းဖြင့် ရေတွက်သူဖြစ်၏၊ စာရေး ဖြစ်၏''ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
၂၁။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအနာအားဖြင့် ယုတ်သော အနာရှိသူကို ပြောဆို၏၊ နူနာရှိသူကို အိုင်းအမာနာရှိသူကို (ပွေးညှင်းတင်းတိပ်စသော) အရေပြားနာရှိသူကို ချောင်းဆိုးနာရှိသူကို ဝက်ရူးနာရှိသူကို
''သင်သည် နူနာရှိသူဖြစ်၏၊ အိုင်းအမာနာရှိသူ ဖြစ်၏၊ (ပွေးညှင်း တင်းတိပ်စသော) အရေပြားနာရှိသူ ဖြစ်၏၊ ချောင်းဆိုးနာရှိသူ ဖြစ်၏၊ ဝက်ရူးနာရှိသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အနာဖြင့်မြတ်သော အနာရှိသူကို ပြောဆို၏၊ ပျားရည်နှင့်တူသော မုတ်ယိုနာ (ဆီးချိုနာ) ရှိသူကို
''သင်သည်နူနာရှိသူ ဖြစ်၏၊ အိုင်းအမာနာရှိသူ ဖြစ်၏၊ (ပွေးညှင်းတင်းတိပ်စသော) အရေပြားနာရှိသူ ဖြစ်၏၊ ချောင်းဆိုးနာရှိသူ ဖြစ်၏၊ ဝက်ရူးနာရှိသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အနာဖြင့်ယုတ်သော အနာရှိသူကို ပြောဆို၏၊ နူနာရှိသူကို အိုင်းအမာနာရှိသူကို (ပွေး ညှင်း တင်းတိပ် စသော) အရေပြားနာရှိသူကို ချောင်းဆိုးနာရှိသူကို ဝက်ရူးနာရှိသူကို
''သင်သည် ပျားရည်နှင့်တူသော မုတ်ယိုနာ (ဆီးချိုနာ) ရှိသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကိုဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အနာဖြင့်မြတ်သော အနာရှိသူကို ပြောဆို၏၊ ပျားရည်နှင့်တူသော မုတ်ယိုနာ (ဆီးချိုနာ) ရှိသူကို
''သင်သည်ပျားရည်နှင့်တူသော မုတ်ယိုနာ (ဆီးချိုနာ) ရှိသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်းပါစိတ်အာပတ် သင့်၏။
၂၂။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အသွင်ဖြင့်ယုတ်သော အသွင်ရှိသူကို ပြောဆို၏၊ အလွန်ရှည်သောသူကို အလွန်တိုသောသူကို အလွန်မည်းသောသူကို အလွန်ဖြူသောသူကို
''သင်သည် ရှည်လွန်းသူ ဖြစ်၏၊ တိုလွန်းသူ ဖြစ်၏၊ မည်းလွန်းသူဖြစ်၏၊ ဖြူလွန်းသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အသွင်ဖြင့်မြတ်သော အသွင်ရှိသူကို ပြောဆို၏၊ မရှည်လွန်းသူကို မတိုလွန်းသူကို မမည်းလွန်းသူကို မဖြူလွန်းသူကို
''သင်သည် ရှည်လွန်းသူ ဖြစ်၏၊ တိုလွန်းသူ ဖြစ်၏၊ မည်းလွန်းသူ ဖြစ်၏၊ ဖြူလွန်းသူ ဖြစ်၏''ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အသွင်ဖြင့်ယုတ်သော အသွင်ရှိသူကို ပြောဆို၏၊ အလွန်ရှည်သူကို အလွန်တိုသူကို အလွန်မည်းသူကို အလွန်ဖြူသူကို
''သင်သည် မရှည်လွန်းသူ ဖြစ်၏၊ မတိုလွန်းသူ ဖြစ်၏၊ မမည်းလွန်းသူ ဖြစ်၏၊ မဖြူလွန်းသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော အသွင်ဖြင့်မြတ်သော အသွင်ရှိသူကို ပြောဆို၏၊ မရှည်လွန်းသူကို မတိုလွန်းသူကို မမည်းလွန်းသူကို မဖြူလွန်းသူကို
''သင်သည် မရှည်လွန်းသူ ဖြစ်၏၊ မတိုလွန်းသူ ဖြစ်၏၊ မမည်းလွန်းသူ ဖြစ်၏၊ မဖြူလွန်းသူ ဖြစ်၏''ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
၂၃။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောရာဂစသည်ဖြင့် ယုတ်သော ရာဂစသည် ရှိသူကို ပြောဆို၏၊ ရာဂထကြွသူကို ဒေါသထကြွသူကို မောဟထကြွသူကို
''သင်သည် ရာဂထကြွသူ ဖြစ်၏၊ ဒေါသထကြွသူ ဖြစ်၏၊ မောဟထကြွသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော ရာဂ စသည်ဖြင့်ကိလေသာ မရှိ၍ မြတ်သောသူကို ပြောဆို၏၊ ရာဂကင်းသူကို ဒေါသကင်းသူကို မောဟကင်း သူကို
''သင်သည် ရာဂထကြွသူ ဖြစ်၏၊ ဒေါသထကြွသူ ဖြစ်၏၊ မောဟထကြွသူ ဖြစ်၏၊''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော စကားဖြင့်ယုတ်သော ရာဂစသည် ရှိသူကို ပြောဆို၏၊ ရာဂထကြွသူကို ဒေါသထကြွသူကို မောဟထကြွသူကို
''သင်သည် ရာဂကင်းသူ ဖြစ်၏၊ ဒေါသကင်းသူ ဖြစ်၏၊ မောဟကင်းသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော စကားဖြင့်ကိလေသာ မရှိ၍ မြတ်သောသူကို ပြောဆို၏၊ ရာဂကင်းသူကို ဒေါသကင်းသူကို မောဟကင်းသူကို
''သင်သည် ရာဂကင်းသူ ဖြစ်၏၊ ဒေါသကင်းသူ ဖြစ်၏၊ မောဟကင်းသူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
၂၄။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအာပတ်ဖြင့် ယုတ်သော အာပတ်သင့်သူကို ပြောဆို၏၊ ပါရာဇိကအာပတ်သင့်သူကို သံဃာဒိသိသ်အာပတ့်သင့်သူကို ထုလ္လစ္စဉ်းအာပတ်သင့်သူကို ပါစိတ်အာပတ်သင့်သူကို ပါဋိဒေသနီအာပတ်သင့်သူကို ဒုက္ကဋ်အာပတ်သင့်သူကို ဒုဗ္ဘာသီအာပတ်သင့်သူကို
''သင်သည် ပါရာဇိကအာပတ် သင့်သူ ဖြစ်၏၊ သံဃာဒိသိသ်အာပတ်သင့်သူ ဖြစ်၏၊ ထုလ္လစ္စဉ်းအာပတ် သင့်သူ ဖြစ်၏၊ ပါစိတ်အာပတ် သင့်သူ ဖြစ်၏၊ ပါဋိဒေသနီအာပတ်သင့်သူ ဖြစ်၏၊ ဒုက္ကဋ်အာပတ် သင့်သူ ဖြစ်၏၊ ဒုဗ္ဘာသီအာပတ် သင့်သူ ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော အာပတ်ဖြင့် (အာပတ် မရှိ၍) မြတ်သူကို ပြောဆို၏၊ သောတာပန်ကို
''သင်သည် ပါရာဇိကအာပတ် သင့်သူဖြစ်၏။ပ။ ဒုဗ္ဘာသီအာပတ် သင့်သူဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ (အာပတ် မရှိ၍) မြတ်သော စကားဖြင့် (အာပတ်သင့်၍) ယုတ်သူကို ပြောဆို၏၊ ပါရာဇိကအာပတ် သင့်သူကို။ပ။ ဒုဗ္ဘာသီအာပတ် သင့်သူကို
''သင်သည် သောတာပန် ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ (အာပတ်မရှိ၍) မြတ်သောစကားဖြင့် (အာပတ်မရှိ၍) မြတ်သူကို ပြောဆို၏၊ သောတာပန်ကို
''သင်သည် သောတာပန် ဖြစ်၏''ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
၂၅။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောဆဲရေးခြင်းဖြင့် ယုတ်သောသူကို ပြောဆို၏၊ ကုလားအုပ်ကို ဆိတ်ကို နွားကို မြည်းကို တိရစ္ဆာန်ကိုငရဲသူကို
''သင်သည် ကုလားအုပ်ဖြစ်၏၊ ဆိတ်ဖြစ်၏၊ နွားဖြစ်၏၊ မြည်းဖြစ်၏၊ တိရစ္ဆာန်ဖြစ်၏၊ ငရဲသူဖြစ်၏၊ သင့်အား ကောင်းသော လားရာဂတိမရှိ၊ မကောင်းသော လားရာဂတိသို့သာလျှင် သင်ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သော ဆဲရေး ခြင်းဖြင့်မြတ်သောသူကို ပြောဆို၏၊ ပညာရှိသူကို လိမ္မာသူကို ထက်မြက်သော ပညာရှိသူကို အကြားအမြင်များသူကို တရားဟောတတ်သူကို
''သင်သည် ကုလားအုပ်ဖြစ်၏၊ ဆိတ်ဖြစ်၏၊ နွားဖြစ်၏၊ မြည်းဖြစ်၏၊ တိရစ္ဆာန်ဖြစ်၏၊ ငရဲသူဖြစ်၏၊
သင့်အား ကောင်းသော လားရာဂတိမရှိ၊ မကောင်းသော လားရာဂတိသို့သာလျှင် သင်ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော ဆဲရေး ခြင်းဖြင့်ယုတ်သောသူကို ပြောဆို၏၊ ကုလားအုပ်ကို ဆိတ်ကို နွားကို မြည်းကို တိရစ္ဆာန်ကို ငရဲသူကို
''သင်သည်ပညာရှိ ဖြစ်၏၊ လိမ္မာသူ ဖြစ်၏၊ ထက်မြက်သော ပညာရှိသူ ဖြစ်၏၊ အကြားအမြင်များသူ ဖြစ်၏၊ တရားဟောတတ်သူ ဖြစ်၏၊ သင့်အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် သင် ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ မြတ်သော ဆဲရေ ခြင်းဖြင့်မြတ်သောသူကို ပြောဆို၏၊ ပညာရှိသူကို လိမ္မာသူကို ထက်မြက်သော ပညာရှိသူကို အကြားအမြင်များသူကို တရားဟောတတ်သူကို
''သင်သည် ပညာရှိ ဖြစ်၏၊ လိမ္မာသူ ဖြစ်၏၊ ထက်မြက်သောပညာရှိသူ ဖြစ်၏၊ အကြားအမြင်များသူ ဖြစ်၏၊ တရားဟောတတ်သူ ဖြစ်၏၊ သင့်အား မကောင်းသောလားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် သင် ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
၂၆။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ''ဤအရပ်၌ အချို့သော ဒွန်းစဏ္ဍား ဒေါင်းရွေသမား မုဆိုး တံငါ သားရေနယ်သမား ပန်းမှိုက်သွန်တို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ''ဤအရပ်၌ အချို့သော မင်းမျိုး ပုဏ္ဏားမျိုးတို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
၂၇။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ''ဤအရပ်၌ အချို့သော ငနားရှည်မည်သောသူ ငနားပဲ့မည်သောသူ ငနားလုံးမည်သောသူ ငနားကျယ်မည်သောသူငမျိုးပွားမည်သောသူတို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ဗုဒ္ဓရက္ခိတမည်သောသူ ဓမ္မရက္ခိတမည်သောသူ သံဃရက္ခိတမည်သောသူတို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ကောသိယအနွယ် ဘာရဒွါဇအနွယ်တို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ဂေါတမအနွယ် မောဂ္ဂလာနအနွယ် ကစ္စာနအနွယ် ဝါသိဋ္ဌအနွယ်တို့သည်ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ကျီစောင့် ပန်းမှိုက်သွန်တို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော လယ်သမား ကုန်သည် နွားမွေးမြူသူတို့သည် ရှိကုန်၏''ဟု ပြော ဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ကျူထရံသည် အိုးထိန်းသည် ရက်ကန်းသည် သားရေနယ်သမား ဆတ္တာသည်တို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော လက်ချိုးရေတွက်တတ်သူ ဂဏန်းဖြင့် ရေတွက်တတ်သူ စာရေးတတ်သူတို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော နူနာရှိသူ အိုင်းအမာနာရှိသူ (ပွေးညှင်းတင်းတိပ်စသော) အရေပြားနာ ရှိသူချောင်းဆိုးနာရှိသူ ဝက်ရူးနာရှိသူတို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ပျားရည်နှင့်တူသော မုတ်ယိုနာ 'ဆီးချိုနာ' ရှိသူတို့သည် ရှိကုန်၏''ဟုပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ရှည်လွန်းသူ တိုလွန်းသူ မည်းလွန်းသူ ဖြူလွန်းသူတို့သည် ရှိကုန်၏''ဟုပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော မရှည်လွန်းသူ မတိုလွန်းသူ မမည်းလွန်းသူ မဖြူလွန်းသူတို့သည် ရှိကုန်၏''ဟုပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ရာဂထကြွသူ ဒေါသထကြွသူ မောဟထကြွသူူတို့သည် ရှိကုန်၏''ဟုပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ရာဂကင်းသူ ဒေါသကင်းသူ မောဟကင်းသူူူတို့သည် ရှိကုန်၏''ဟုပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ပါရာဇိကအာပတ်သင့်သူ။ပ။ ဒုဗ္ဘာသီအာပတ် သင့်သူူူတို့သည် ရှိကုန်၏''ဟုပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော သောတာပန်တို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ကုလားအုပ် ဆိတ် နွား မြည်း တိရစ္ဆာန် ငရဲသားတို့သည် ရှိကုန်၏၊ ထိုသူတို့အား ကောင်းသော လားရာဂတိ မရှိ၊ မကောင်းသော လားရာဂတိကိုသာလျှင် ထိုသူတို့အလိုရှိထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
၂၈။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ''ဤအရပ်၌့အချို့သော ပညာရှိသူ လိမ္မာသူ ထက်မြက်သော ပညာရှိသူ အကြားအမြင်များသူ တရားဟောတတ်သူတို့သည် ရှိကုန်၏၊ ထိုသူတို့အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ထိုသူတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
၂၉။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ဤသို့ ပြောဆို၏၊ ''အကြင်သူတို့သည် ရှိကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေသမား မျိုးမုဆိုးတံငါမျိုး သားရေနယ်သမားမျိုး ပန်းမှိုက်သွန်မျိုးတို့တည်း''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ပ။
ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ဤသို့ ပြောဆို၏၊ ''အကြင်သူတို့သည် ရှိကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ပညာရှိသူ လိမ္မာသူ ထက်မြက်သော ပညာရှိသူ အကြားအမြင်များသူ တရားဟောတတ်သူတို့တည်း''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
၃၀။ ရဟန်းသည် ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ဤသို့ ပြောဆို၏၊ ''ငါတို့ကား ဒွန်းစဏ္ဍားမျိုး မဟုတ်ကုန်၊ ဒေါင်းရွေသမားမျိုး မဟုတ်ကုန်၊ မုဆိုးတံငါမျိုး မဟုတ်ကုန်၊ သားရေနယ်သမားမျိုး မဟုတ်ကုန်၊ ပန်းမှိုက်သွန်မျိုး မဟုတ်ကုန်''ဟု ပြောဆိုအံ့။ပ။
''ငါတို့ကား ပညာရှိ မဟုတ်ကုန်၊ လိမ္မာသူ မဟုတ်ကုန်၊ ထက်မြက်သော ပညာရှိ မဟုတ်ကုန်၊ အကြားအမြင်များသူ မဟုတ်ကုန်၊ တရားဟောတတ်သူ မဟုတ်ကုန်၊ ငါတို့အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ငါတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊
စကားခွန်းတိုင်းခွန်းတိုင်း ဒုက္ကဋ် အာပတ် သင့်၏။
၃၁။ ရဟန်းသည် ရဟန်းမဟုတ်သူကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ယုတ်သောအမည်ဖြင့် ယုတ်သော အမည်ရှိသူကို ပြောဆို၏။ပ။ ယုတ်သော အမည်ဖြင့် မြတ်သော အမည်ရှိသူကိုပြောဆို၏။ပ။ မြတ်သော အမည်ဖြင့် ယုတ်သော အမည်ရှိသူကို ပြောဆို၏။ပ။ မြတ်သော အမည်ဖြင့်မြတ်သော အမည်ရှိသူကို ပြောဆို၏။ပ။ ပညာရှိသူကို လိမ္မာသူကို ထက်မြက်သော ပညာ ရှိသူကိုအကြားအမြင်များသူကို တရားဟောတတ်သူကို
''သင်သည် ပညာရှိဖြစ်၏၊ လိမ္မာသူဖြစ်၏၊ ထက်မြက်သော ပညာရှိသူဖြစ်၏၊ အကြားအမြင်များသူဖြစ်၏၊ တရားဟောတတ်သူဖြစ်၏၊ သင့်အား မကောင်းသော လားရာဂတိ မရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် သင် ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းမဟုတ်သူကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ဤသို့ ပြောဆို၏၊ ''ဤအရပ်၌ အချို့သော ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေသမားမျိုး မုဆိုးတံငါမျိုး သားရေနယ်သမားမျိုး ပန်းမှိုက်သွန်မျိုးတို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ပညာရှိသူ လိမ္မာသူ ထက်မြက်သော ပညာရှိသူ အကြားအမြင်များသူတရားဟောတတ်သူတို့သည် ရှိကုန်၏၊ ထိုသူတို့အား မကောင်းသော လားရာဂတိ မရှိ၊ ကောင်းသောလားရာဂတိသို့သာလျှင် ထိုသူတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းမဟုတ်သူကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ဤသို့ ပြောဆို၏၊ ''အကြင်သူတို့သည် ရှိကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေ သမားမျိုးမုဆိုးတံငါမျိုး၊ သားရေနယ်သမားမျိုး ပန်းမှိုက်သွန်မျိုးတို့တည်း''ဟု ပြောဆိုအံ့။ပ။
''အကြင်သူတို့သည် ရှိကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ပညာရှိသူ လိမ္မာသူ ထက်မြက်သောပညာရှိသူ အကြားအမြင်များသူ တရားဟောတတ်သူတို့တည်း''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်းဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းမဟုတ်သူကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လို၍ ဤသို့ ပြောဆို၏၊ ''ငါတို့ကား ဒွန်းစဏ္ဍားမျိုး မဟုတ်ကုန်၊ ဒေါင်းရွေသမားမျိုး မဟုတ်ကုန်၊ မုဆိုးတံငါမျိုး မဟုတ်ကုန်၊ သားရေနယ်သမားမျိုး မဟုတ်ကုန်၊ ပန်းမှိုက်သွန်မျိုး မဟုတ်ကုန်''ဟု ပြောဆိုအံ့။ ပ
''ငါတို့ကား ပညာရှိ မဟုတ်ကုန်၊ လိမ္မာသူ မဟုတ်ကုန်၊ ထက်မြက်သော ပညာရှိသူ မဟုတ်ကုန်၊ အကြားအမြင်များသူ မဟုတ်ကုန်၊ တရားဟောတတ်သူ မဟုတ်ကုန်၊ ငါတို့အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ငါတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊
စကားခွန်းတိုင်းခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
၃၂။ ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူးလိုသဖြင့် ယုတ်သော အမျိုးဇာတ်အားဖြင့် ယုတ်သော အမျိုးဇာတ် ရှိသူကို ပြောဆို၏၊ ဒွန်းစဏ္ဍားမျိုးကို ဒေါင်းရွေသမားမျိုးကို မုဆိုးတံငါမျိုးကို သားရေနယ်သမားမျိုးကို ပန်းမှိုက်သွန်မျိုးကို
''သင်သည် ဒွန်းစဏ္ဍားမျိုး ဖြစ်၏၊ ဒေါင်းရွေသမားမျိုး ဖြစ်၏၊ မုဆိုးတံငါမျိုး ဖြစ်၏၊ သားရေနယ်သမားမျိုး ဖြစ်၏၊ ပန်းမှိုက်သွန်မျိုး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူးလိုသဖြင့်ယုတ်သော အမျိုးဇာတ်အားဖြင့် မြတ်သော အမျိုးဇာတ်ရှိသူကို ပြောဆို၏၊ မင်းမျိုးကို ပုဏ္ဏားမျိုးကို
''သင်သည် ဒွန်းစဏ္ဍားမျိုး ဖြစ်၏၊ ဒေါင်းရွေသမားမျိုး ဖြစ်၏၊ မုဆိုးတံငါမျိုး ဖြစ်၏၊ သားရေနယ်သမားမျိုး ဖြစ်၏၊ ပန်းမှိုက်သွန်မျိုး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ်သင့်၏။
ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူး လိုသဖြင့်မြတ်သော အမျိုးဇာတ်အားဖြင့် ယုတ်သော အမျိုးဇာတ် ရှိသူကို ပြောဆို၏၊ ဒွန်းစဏ္ဍားမျိုးကို ဒေါင်းရွေသမားမျိုးကို မုဆိုးတံငါမျိုးကို သားရေနယ်သမားမျိုးကို ပန်းမှိုက်သွန်မျိုးကို
''သင်သည် မင်းမျိုးဖြစ်၏၊ ပုဏ္ဏားမျိုး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူးလိုသဖြင့်မြတ်သော အမျိုးဇာတ်အားဖြင့် မြတ်သော အမျိုးဇာတ်ရှိသူကို ပြောဆို၏၊ မင်းမျိုးကို ပုဏ္ဏားမျိုးကို
''သင်သည် မင်းမျိုး ဖြစ်၏၊ ပုဏ္ဏားမျိုး ဖြစ်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူးလိုသဖြင့် အယုတ်ဖြင့် ယုတ်သောသူကို ပြောဆို၏။ပ။ အယုတ်ဖြင့် မြတ်သောသူကို ပြောဆို၏။ပ။ အမြတ်ဖြင့်ယုတ်သောသူကို ပြောဆို၏။ပ။ အမြတ်ဖြင့် မြတ်သောသူကို ပြောဆို၏၊ ပညာရှိသူကို လိမ္မာ သူကိုထက်မြက်သော ပညာရှိသူကို အကြားအမြင်များသူကို တရားဟောတတ်သူကို
''သင်သည် ပညာရှိသူဖြစ်၏၊ လိမ္မာသူ ဖြစ်၏၊ ထက်မြက်သော ပညာရှိသူ ဖြစ်၏၊ အကြားအမြင်များသူ ဖြစ်၏၊ တရားဟောတတ်သူ ဖြစ်၏၊ သင့်အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင်သင် ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
၃၃။ ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူးလိုသဖြင့် ဤသို့ ဆို၏ ''ဤအရပ်၌ အချို့သော ဒွန်းစဏ္ဍား ဒေါင်းရွေသမား မုဆိုးတံငါ သားရေနယ်သမား ပန်းမှိုက်သွန်တို့သည် ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ပညာရှိသူ လိမ္မာသူ ထက်မြက်သော ပညာရှိသူ အကြားအမြင်များသူ တရားဟောတတ်သူတို့သည် ရှိကုန်၏၊ ထိုသူတို့အား မကောင်းသော လားရာဂတိ မရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ထိုသူတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူး လိုသဖြင့်ဤသို့ ဆို၏ ''အကြင်သူတို့သည် ရှိကြကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ဒွန်းစဏ္ဍား ဒေါင်းရွေသမား မုဆိုးတံငါ သားရေနယ်သမား ပန်းမှိုက်သွန်တို့တည်း''ဟု ပြောဆိုအံ့။ပ။
''အကြင်သူတို့သည် ရှိကြကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ပညာရှိသူ လိမ္မာသူ ထက်မြက် သောပညာရှိသူ အကြားအမြင်များသူ တရားဟောတတ်သူတို့တည်း''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းသည် ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲ ရယ်မြူးလိုသဖြင့်ဤသို့ ဆို၏ ''ငါတို့ကား ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေသမားမျိုး မုဆိုးတံငါမျိုး သားရေနယ်သမား မျိုးပန်းမှိုက်သွန်မျိုး မဟုတ်ကုန်''ဟု ပြောဆိုအံ့။ပ။
''ငါတို့ကား ပညာရှိများ လိမ္မာသူများ ထက်မြက်သော ပညာရှိသူများ အကြားအမြင်များသူများတရားဟောတတ်သူများ မဟုတ်ကုန်၊ ငါတို့အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသောလားရာဂတိသို့သာလျှင် ငါတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
၃၄။ ရဟန်းသည် ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲရယ်မြူးလိုသဖြင့် အယုတ်ဖြင့် ယုတ်သောသူကို ပြောဆိုအံ့။ပ။ အယုတ်ဖြင့် မြတ်သောသူကို ပြောဆိုအံ့။ပ။ အမြတ်ဖြင့် ယုတ်သောသူကို ပြောဆိုအံ့။ပ။ အမြတ်ဖြင့်မြတ်သောသူကို ပြောဆိုအံ့၊ ပညာရှိသူကို လိမ္မာသူကို ထက်မြက်သော ပညာရှိသူကို အကြားအမြင်များသူကို တရားဟောတတ်သူကို
''သင်သည် ပညာရှိသူ ဖြစ်၏၊ လိမ္မာသူ ဖြစ်၏၊ ထက်မြက်သောပညာရှိသူ ဖြစ်၏၊ အကြားအမြင်များသူ ဖြစ်၏၊ တရားဟောတတ်သူ ဖြစ်၏၊ သင့်အား မကောင်းသောလားရာဂတိမရှိ၊
ကောင်းသော လားရာဂတိသို့သာလျှင် သင်ရောက်ထိုက်၏''ဟူ၍ ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းသည် ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲရယ်မြူးလိုသဖြင့် ဤသို့ပြောဆို၏၊ ''ဤအရပ်၌ အချို့ကုန်သော ဒွန်းစဏ္ဍားများ ဒေါင်းရွေသမားများမုဆိုးတံငါများ သားရေနယ်သမားများ ပန်းမှိုက်သွန်များ ရှိကုန်၏''ဟု ပြောဆိုအံ့။ပ။
''ဤအရပ်၌ အချို့သော ပညာရှိသူများ လိမ္မာသူများ ထက်မြက်သော ပညာရှိသူများ အကြားအမြင်များသူများ တရားဟောတတ်သူများ ရှိကုန်၏၊ ထိုသူတို့အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ထိုသူတို့ ရောက်ထိုက်ကုန်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းသည် ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲရယ်မြူးလိုသဖြင့် ဤသို့ပြောဆို၏၊ ''အကြင်သူတို့သည် ရှိကြကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ဒွန်းစဏ္ဍားများ ဒေါင်းရွေသမားများ မုဆိုးတံငါများ သားရေနယ်သမားများ ပန်းမှိုက်သွန်များတည်း''ဟုပြောဆိုအံ့။ပ။
ရဟန်းသည် ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲရယ်မြူးလိုသဖြင့် ဤသို့ပြောဆို၏၊ ''အကြင်သူတို့သည် ရှိကြကုန်၏၊ ထိုသူတို့ကား ပညာရှိသူများလိမ္မာသူများ ထက်မြက်သော ပညာရှိသူများ အကြားအမြင်များသူများ တရားဟောတတ်သူများတည်း၊ ထိုသူတို့အား မကောင်းသော လားရာဂတိ မရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ထိုသူတို့ ရောက့်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းသည် ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်လိုဘဲရယ်မြူးလိုသဖြင့် ဤသို့ပြောဆို၏၊ ''ငါတို့ကား ဒွန်းစဏ္ဍားများ ဒေါင်းရွေသမားများ မုဆိုးတံငါများသားရေနယ်သမားများ ပန်းမှိုက်သွန်များ မဟုတ်ကြကုန်''ဟု ပြောဆိုအံ့။ပ။
''ငါတို့ကား ပညာရှိသူများ လိမ္မာသူများ ထက်မြက်သော ပညာရှိသူများ အကြားအမြင်များသူများတရားဟောတတ်သူများ မဟုတ်ကုန်၊ ငါတို့အား မကောင်းသော လားရာဂတိ မရှိ၊ ကောင်းသောလားရာဂတိသို့သာလျှင် ငါတို့ ရောက်ထိုက်၏''ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
၃၅။ အနက်ကို ရှေးရှုသော ရဟန်း၊ ပါဠိကို ရှေးရှုသော ရဟန်း၊ ဆုံးမခြင်းကို ရှေးရှုသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယ ဩမသဝါဒသိက္ခာပုဒ်ပြီး၏။ ၁။ ဆဗ္ဗဂ္ဂီရဟန်းခြောက်ပါး စတင်တည်ထောင်သော အသင်းဝင်ရဟန်းတို့ကို ဆိုသည်။ ၂။ တက္ကသိုလ်= အတတ်ပညာအထူးထူးကို ကြံဆလေ့ ရှိသောသူတို့၏ နေထိုင်ရာမြို့တော်ဖြစ်သည်။ ၃။ နန္ဒိဝိသာလ= နှစ်သက်ဖွယ် ဦးချိုခံ့ညားခြင်းရှိသောနွား ၄။ ကောဋ္ဋကကမ္မံ ရှိလျှင် သစ်ရွှေသမား လက်သမားအလုပ် ကျောက်ဆစ်သမားအလုပ်ဟု ပြန်ဆိုရမည်။ ၁- မုသာဝါဒဝဂ်