Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

5. Pācittiyakaṇḍaṃ

Author: my-tipitaka @ visuddhinanda

၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သာကီဝင်မင်းသား ဟတ္ထကရဟန်းသည် အနိုင်ယူ၍ ပြောဆိုတတ်၏။
ထိုဟတ္ထကရဟန်းသည် တိတ္ထိတို့နှင့် အတူတကွ စကားပြောဆိုသောအခါ ပယ်ပြီးမှ ဝန်ခံ၏၊ ဝန်ခံပြီးမှ ပယ်၏၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆို၏၊ သိလျက် မဟုတ်မမှန်ကို ပြောဆို၏၊ ချိန်းဆိုပြီးမှ ပျက်ကွက်၏။
တိတ္ထိတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဟတ္ထကရဟန်းသည် ငါတို့နှင့်အတူ စကားပြောဆိုသောအခါ ပယ်ပြီးမှ ဝန်ခံဘိသနည်း၊ ဝန်ခံပြီးမှ ပယ်ဘိသနည်း၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆိုဘိသနည်း၊ သိလျက် မဟုတ်မမှန်ကို ပြောဆိုဘိသနည်း၊ ချိန်းဆိုပြီးမှ ပျက်ကွက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ထိုတိတ္ထိတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော စကားကို ကြားကြသည်သာတည်း။
ထိုအခါ ထိုရဟန်းတို့သည် သာကီဝင်မင်းသား ဟတ္ထကရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင်
သာကီဝင်မင်းသား ဟတ္ထကရဟန်းအား ''ငါ့သျှင်ဟတ္ထက သင်သည် တိတ္ထိတို့နှင့်အတူ စကားပြောဆိုသောအခါ ပယ်ပြီးမှ ဝန်ခံ၏၊ ဝန်ခံပြီးမှ ပယ်၏၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆို၏၊ သိလျက် မဟုတ်မမှန်ကို ပြောဆို၏၊ ချိန်းဆိုပြီးမှ ပျက်ကွက်၏ဟူသည် မှန်သလော''ဟု မေးမြန်းကုန်၏။
ငါ့သျှင်တို့ ထိုတိတ္ထိတို့ကို မည်သည့်နည်းနှင့်မဆို အနိုင်ယူအပ်ကုန်၏။
ထိုတိတ္ထိတို့အား အောင်မြင်မှုကို မပေးသင့်ချေဟု (ဆို၏)။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဟတ္ထကရဟန်းသည် တိတ္ထိတို့နှင့် အတူ စကားပြောဆိုသောအခါ ပယ်ပြီးမှ ဝန်ခံဘိသနည်း၊ ဝန်ခံပြီးမှ ပယ်ဘိသနည်း၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆိုဘိသနည်း၊ သိလျက် မဟုတ်မမှန်ကို ပြောဆိုဘိသနည်း၊ ချိန်းဆိုပြီးမှ ပျက်ကွက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် သာကီဝင်မင်းသား ဟတ္ထကကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် သာကီဝင်မင်းသား ဟတ္ထကရဟန်းကို- ''ဟတ္ထက သင်သည် တိတ္ထိတို့နှင့်အတူ စကားပြောဆိုသောအခါ ပယ်ပြီးမှ ဝန်ခံ၏၊ ဝန်ခံပြီးမှ ပယ်၏၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆို၏၊ သိလျက် မဟုတ်မမှန်ကို ပြောဆို၏၊ ချိန်းဆိုပြီးမှ ပျက်ကွက်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား အဘယ့်ကြောင့် သင်သည် တိတ္ထိတို့နှင့်အတူ စကားပြောဆိုသောအခါ ပယ်ပြီးမှ ဝန်ခံဘိသနည်း၊ ဝန်ခံပြီးမှ ပယ်ဘိသနည်း၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆိုဘိသနည်း၊ သိလျက် မဟုတ်မမှန်ကို ပြောဆိုဘိသနည်း၊ ချိန်းဆိုပြီးမှ ပျက်ကွက်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂။ ''သိလျက် မဟုတ်မမှန်ကို ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ်သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃။ သိလျက် မဟုတ်မမှန်ကို ပြောဆိုခြင်း မည်သည် မမှန်မကန် ပြောဆိုခြင်းကို ရှေးရှုသော ရဟန်း၏စကားအသံ၊ စကားအကြောင်း၊ နှုတ်မြွက်မှု၊ နှုတ်၌ ဖြစ်သော သိစေမှုတည်း။ မမြင်သည်ကို ငါမြင်၏ဟူ၍၊ မကြားသည်ကို ငါကြား၏ဟူ၍၊ မတွေ့သည်ကို ငါတွေ့၏ဟူ၍၊ မသိသည်ကို ငါသိ၏ဟူ၍၊ မြင်သည်ကို ငါမမြင်ဟူ၍၊ ကြားသည်ကို ငါမကြားဟူ၍၊ တွေ့သည်ကိုငါမတွေ့ဟူ၍၊ သိသည်ကို ငါမသိဟူ၍ ပုထုဇဉ်တို့၏ ပြောဆိုမှုသည် ရှစ်ပါးတို့တည်း။
မမြင် မည်သည်ကား မျက်စိဖြင့် မမြင်။
မကြား မည်သည်ကား နားဖြင့် မကြား။
မတွေ့ မည်သည်ကား နှာခေါင်းဖြင့် မနံ၊ လျှာဖြင့် မလျက်၊ ကိုယ်ဖြင့် မတွေ့ထိ။
မသိ မည်သည်ကား စိတ်ဖြင့် မသိ။
မြင် မည်သည်ကား မျက်စိဖြင့် မြင်၏။
ကြား မည်သည်ကား နားဖြင့် ကြား၏။
တွေ့ မည်သည်ကား နှာခေါင်းဖြင့် နမ်း၏၊ လျှာဖြင့် လျက်၏၊ ကိုယ်ဖြင့် တွေ့ထိ၏။
သိ မည်သည်ကား စိတ်ဖြင့် သိ၏။
၄။ မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည် မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီးရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ ဤအကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါမြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။
မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည်မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ မိမိ၏အယူအဆကို ဖုံးထားလျက် ဤအကြောင်းလေးမျိုးတို့ဖြင့် မမြင်သည်ကို ငါမြင်၏ဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည်မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ မိမိ၏အယူအဆကို ဖုံးထားလျက် မိမိ၏ နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် ဤအကြောင်းငါးမျိုးတို့ဖြင့်မမြင်သည်ကို ငါမြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည်မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ မိမိ၏အယူအဆကို ဖုံးထားလျက် မိမိ၏ နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် မိမိ၏ နှစ်သက်ကျေနပ်မှုကိုဖုံးထားလျက် ဤအကြောင်းခြောက်မျိုးတို့ဖြင့် မမြင်သည်ကို ငါမြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆို့သော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည်မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ မိမိ၏အယူအဆကို ဖုံးထားလျက် မိမိ၏ နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် မိမိ၏ နှစ်သက်ကျေနပ်မှုကိုဖုံးထားလျက် မိမိ၏ ရည်မှန်းချက်ကို ဖုံးထားလျက် ဤအကြောင်းခုနစ်မျိုးတို့ဖြင့် မမြင်သည်ကို ငါမြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
၅။ မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည်မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါမဟုတ်မမှန် ပြောမိပြီဟု သိ၏၊ ဤအကြောင်းသုံးမျိုးတို့ဖြင့် မကြားအပ်သည်ကို ငါကြား၏ဟု။ပ။ နှာခေါင်း လျှာ ကိုယ်တို့ဖြင့် မတွေ့သည်ကို ငါတွေ့၏ဟု။ပ။ မသိသည်ကို ငါ သိ၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။
အကြောင်းလေးမျိုးတို့ဖြင့်။ပ။ အကြောင်းငါးမျိုးတို့ဖြင့်။ပ။ အကြောင်းခြောက်မျိုးတို့ဖြင့်။ပ။ မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည် မဟုတ်မမှန်ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ မိမိ၏ အယူအဆကိုဖုံးထားလျက် မိမိ၏ နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် မိမိ၏ နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက်မိမိ၏ ရည်မှန်းချက်ကို ဖုံးထားလျက် ဤအကြောင်းခုနစ်မျိုးတို့ဖြင့် မသိအပ်သည်ကို ငါ သိ၏ဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
၆။ အကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါသည် မြင်လည်း မြင်၏၊ ကြားလည်း ကြား၏ဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါသည် မြင်လည်း မြင်၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါသည် မြင်လည်း မြင်၏၊ သိလည်း သိ၏ဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါသည် မြင်လည်း မြင်၏၊ ကြားလည်း ကြား၏၊ (နှာခေါင်းလျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါသည် မြင်လည်း မြင်၏၊ ကြားလည်း ကြား၏၊ သိလည်းသိ၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မမြင်သည်ကို ငါသည် မြင်လည်း မြင်၏၊ ကြားလည်း ကြား၏၊ (နှာခေါင်းလျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ သိလည်း သိ၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။
အကြောင်းသုံးမျိုးတို့ဖြင့် မကြားသည်ကို ငါသည် ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မကြားသည်ကို ငါသည် ကြားလည်း ကြား၏ သိလည်း သိ၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မကြားသည်ကို ငါသည် ကြားလည်း ကြား၏၊ မြင်လည်း မြင်၏ဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မကြားသည်ကို ငါသည် ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏၊ သိလည်း သိ၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မကြားသည်ကို ငါသည် ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်)့တွေ့လည်း တွေ့၏၊ မြင်လည်း မြင်၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မကြားသည်ကို ငါသည် ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏၊ သိလည်း သိ၏၊ မြင်လည်း မြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။
အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) မတွေ့သည်ကို ငါသည် တွေ့လည်း တွေ့၏၊ သိလည်း သိ၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) မတွေ့သည်ကို ငါသည် တွေ့လည်း တွေ့၏၊ မြင်လည်း မြင်၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) မတွေ့သည်ကို ငါသည် တွေ့လည်း တွေ့၏၊ ကြားလည်း ကြား၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) မတွေ့သည်ကို ငါသည် တွေ့လည်း တွေ့၏၊ သိလည်း သိ၏၊ မြင်လည်း မြင်၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) မတွေ့သည်ကို ငါသည် တွေ့လည်း တွေ့၏၊ သိလည်း သိ၏၊ ကြားလည်း ကြား၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) မတွေ့သည်ကို ငါသည် တွေ့လည်း တွေ့၏၊ သိလည်း သိ၏၊ မြင်လည်း မြင်၏၊ ကြားလည်း ကြား၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။
အကြောင်းသုံးမျိုးတို့ဖြင့် မသိသည်ကို ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မသိသည်ကို ငါသည် သိလည်း သိ၏၊ ကြားလည်း ကြား၏၊ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မသိသည်ကို ငါသည် သိလည်း သိ၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ အကြောင်းသုံးမျိုးတို့ဖြင့် မသိသည်ကို ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏၊ ကြားလည်းကြား၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မသိသည်ကို ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏၊ (နှာခေါင်း လျှာကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မသိသည်ကို ငါသည် သိလည်းသိ၏၊ မြင်လည်း မြင်၏၊ ကြားလည်းကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။
၇။ အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို ငါသည် မမြင်။ပ။ ကြားသည်ကို ငါသည် မကြား။ပ။ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် မတွေ့။ပ။ သိသည်ကို ငါသည် မသိဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။
၈။ အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို ငါသည် ကြား၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) ငါသည် တွေ့၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို ငါသည် သိ၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအားပါစိတ်အာပတ် သင့်၏။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို ငါသည် ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို ငါသည် ကြားလည်း ကြား၏၊ သိလည်းသိ၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်ကို ငါသည် ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏၊ သိလည်းသိ၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ်သင့်၏။ပ။
အကြောင်းသုံးမျိုးတို့ဖြင့် ကြားသည်ကို (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) ငါသည် တွေ့၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် ကြားသည်ကို ငါသည် သိ၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် ကြားသည်ကို ငါသည် မြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် ကြားသည်ကို (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) ငါသည် တွေ့လည်း တွေ့၏၊ သိလည်း သိ၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် ကြားသည်ကို (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) ငါသည် တွေ့လည်း တွေ့၏၊ မြင်လည်း မြင်၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် ကြားသည်ကို (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) ငါသည် တွေ့လည်း တွေ့၏၊ သိလည်း သိ၏၊ မြင်လည်း မြင်၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ်သင့်၏။ပ။
အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် သိ၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် မြင်၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် ကြား၏၊ သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် သိလည်း သိ၏၊ ကြားလည်း ကြား၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏၊ ကြားလည်း ကြား၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။
အကြောင်းသုံးမျိုးတို့ဖြင့် သိသည်ကို ငါသည် မြင်၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် သိသည်ကို ငါသည် ကြား၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် သိသည်ကို (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) ငါသည် တွေ့၏ဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် သိသည်ကို ငါသည် မြင်လည်း မြင်၏၊ ကြားလည်းကြား၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် သိသည်ကို ငါသည် မြင်လည်း မြင်၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။ အကြောင်းသုံးမျိုးတို့ဖြင့် သိသည်ကို ငါသည် မြင်လည်း မြင်၏၊ ကြားလည်း ကြား၏၊ (နှာခေါင်းလျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ပ။
၉။ အကြောင်းသုံးမျိုးတို့ဖြင့် မြင်သည်၌ ယုံမှားရှိ၏။ မြင်သည်ကို မယုံကြည်။ မြင်သည်ကိုမအောက်မေ့မိ။ မြင်သည်ကို မေ့လျော့၏။ပ။ ကြားသည်၌ ယုံမှားရှိ၏။ ကြားသည်ကို မယုံကြည်။ ကြားသည်ကို မအောက်မေ့မိ။ ကြားသည်ကို မေ့လျော့၏။ပ။ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်၌ ယုံမှားရှိ၏။ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည် ကိုမယုံကြည်။ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို မအောက်မေ့မိ။ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့သည်ကို မေ့လျော့၏။ပ။ သိသည်၌ ယုံမှားရှိ၏။ သိသည်ကို မယုံကြည်။ သိသည်ကို မအောက်မေ့မိ။ သိသည်ကို မေ့လျော့၏။ (သိသည်ကို) ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏။ပ။ သိသည်ကို မေ့လျော့၏၊ (သိသည်ကို) ငါသည် သိလည်း သိ၏၊ ကြားလည်း ကြား၏ဟု။ပ။ သိသည်ကို မေ့လျော့၏၊
(သိသည်ကို) ငါသည်သိလည်း သိ၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။ သိသည်ကို မေ့လျော့၏၊
(သိသည်ကို) ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏၊ ကြားလည်း ကြား၏ဟု။ပ။ သိသည်ကိုမေ့လျော့၏၊
(သိသည်ကို) ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု။ပ။ သိသည်ကို မေ့လျော့၏၊
(သိသည်ကို) ငါသည် သိလည်း သိ၏၊ မြင်လည်းမြင်၏၊ ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
၁၀။ အကြောင်း လေးမျိုးတို့ဖြင့်။ပ။ အကြောင်း ငါးမျိုးတို့ဖြင့်။ပ။ အကြောင်း ခြောက်မျိုးတို့ဖြင့်။ပ။ မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် မဟုတ်မမှန် ပြောမည်ဟု သိ၏၊ ပြောဆဲရဟန်းသည် မဟုတ်မမှန် ပြောသည်ဟု သိ၏၊ ပြောပြီး ရဟန်းသည် ငါ မဟုတ်မမှန် ပြောမိပြီဟု သိ၏၊ မိမိ၏အယူအဆကို ဖုံးထားလျက် မိမိ၏ နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် မိမိ၏ နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် မိမိ၏ ရည်မှန်းချက်ကို ဖုံးထားလျက် ဤအကြောင်းခုနစ်မျိုးတို့ဖြင့် သိသည်ကို မေ့လျော့၏၊ (သိသည်ကို) ငါသည် သိလည်း သိ၏၊ မြင်လည်း မြင်၏၊ ကြားလည်း ကြား၏၊ (နှာခေါင်း လျှာ ကိုယ်တို့ဖြင့်) တွေ့လည်း တွေ့၏ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
၁၁။ အဆောတလျင် ပြောဆိုအံ့၊ ချွတ်ယွင်းပြောဆိုအံ့၊ အာပတ် မသင့်။
အဆောတလျင် ပြောဆိုအံ့ မည်သည် အလျင်အမြန် ပြောဆိုအံ့။
ချွတ်ယွင်းပြောဆိုအံ့ မည်သည် 'အကြောင်းတစ်ခုကို ပြောအံ့ဟု ရည်ရွယ်လျက် အခြားအကြောင်းတစ်ခုကို ပြောဆိုမိအံ့'။
ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမ မုသာဝါဒသိက္ခာပုဒ် ပြီး၏။ ၁။ ကုသိုလ်စိတ်ကို လျှောကျစေတတ်သောကြောင့် ပါစိတ် မည်၏။ ၁-မုသာဝါဒဝဂ်