Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

4. Pahārasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၄၄၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံး မသာသည်ဖြစ်၍ သတ္တရသဝဂ္ဂီရဟန်းတို့အား ပုတ်ခတ်ကုန်၏၊
ထိုရဟန်းတို့သည် ငိုကြွေးကုန်၏။ ရဟန်းတို့သည် ''ငါ့သျှင်တို့ အဘယ့်ကြောင့် သင်တို့သည် ငိုကြွေးကြကုန်ဘိသနည်း''ဟု မေးကုန်၏။
ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ငါတို့အား ပုတ်ခတ်ကုန်၏ဟု (ပြောဆိုကုန်၏)။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ရဟန်းတို့အား ပုတ်ခတ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ရဟန်းတို့အား ပုတ်ခတ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ရဟန်းတို့ အား ပုတ်ခတ်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၅၀။ ''အကြင်ရဟန်းသည် ရဟန်းအား အမျက်ထွက်သည် ဖြစ်၍ နှလုံး မသာသည် ဖြစ်၍ ပုတ်ခတ်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၅၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်းအားဟူသည် အခြားသော ရဟန်းအား။
အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ဟူသည် မမွေ့လျော်သည်ဖြစ်၍ ထိခိုက်သော စိတ်ရှိသည် ဖြစ်၍ ငြောင့်ကဲ့သို့ ဖြစ်သော စိတ်ရှိသည်ဖြစ်၍။
ပုတ်ခတ်ငြားအံ့ဟူသည် ကိုယ်ဖြင့်သော်လည်းကောင်း၊ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့်သော်လည်း ကောင်း၊ လွှတ်အပ်သော ဝတ္ထုဖြင့်သော်လည်းကောင်း အယုတ်သဖြင့် ကြာရွက်ဖြင့်လည်း ပုတ်ခတ်အံ့၊ ပါစိတ်အာပတ် သင့်၏။
၄၅၂။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ပုတ်ခတ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာ သည်ဖြစ်၍ ပုတ်ခတ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အမျက် ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ပုတ်ခတ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူအား အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ပုတ်ခတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်း မဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူ၌ ရဟန်းမဟုတ်ဟု အမှတ် ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၄၅၃။ တစ်စုံတစ်ယောက်သောသူက ညှဉ်းဆဲသောကြောင့် လွတ်စေလိုသောသဘောရှိသည်ဖြစ်၍ ပုတ်ခတ်ငြားအံ့၊ အာပတ်မသင့်။ ရူးသောရဟန်း၊ အစလက်ဦးလွန်ကျူးသောရဟန်းတို့အားလည်း အာပတ်မသင့်။
စတုတ္ထပဟာရသိက္ခာပုဒ် ပြီး၏။